← Chapters

အပိုင်း(၄၁၈)

Vol. 28 Ch. 418

အပိုင်း(၄၁၈)

Vol. 28 Ch. 418

ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့မှာနောက်ဆုံးသေခြင်းတားမြစ်နယ်မြေသို့သူတို့မရောင်ခင်အချိန်အထိ မိနစ်သုံးဆယ်ခန့်ပျံသန်းခဲ့ရသည်။ သူတို့က တောင်တစ်လုံးပေါ်ရှီ သစ်ပင်တစ်ပင် ထိပ်ဖျားတွင်ဆင်းသက်လိုက်သည်။

လူများ အားနမည်ကိုရေရွတ်ရုံဖြင့် ကြောက်လန့်တုန်ယင်သွားစေသော သေခြင်းတားမြစ်နယ်မြေမှာ တောင်၏အောက်ဘက်မီတာတစ်ထောင်အကွာတွင်တည်ရှိသည်ဖြစ်သည်။

ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့မှာ သေခြင်းတားမြစ်နယ်မြေအား

ငုံ့ကြည့်လိုက်ကြသည်။၎င်းအား  ထူးဆန်းသောမီးခိုးဖြူရောင်မြူတို့က ဝန်းရံထားသည်။ အထဲ၌ဘာရှိနေသည်ဆိုသည်အား သူတို့မြင်တွေ့နိုင်ခြင်းမရှိပေ။ သေခြင်းတားမြစ်နယ်မြေအားဝန်းရံထားသော မီးခိုးရောင်မြူတို့မှာ လခြမ်းကွေးဓားဖြင့် ဖျောင်ရွှယ်ယွဲ့ဖန်တီးခဲ့သည့် မီးခိုးရောင်မြူတို့ဖြင့်တစ်ထေရာ

တည်းတူညီသည်ဖြစ်သည်။

“သခင်လေးဖုန့် ကြည့်လိုက်”

ချီလင်ဘုရင် က အနီးအနားရှိတောင်ကုန်းအားထိုးညွှန်ပြပြီး ရှစ်ဖုန့်ကို ပြောလိုက်သည်။

သေခြင်းတားမြစ်နယ်မြေဆီမှသူ၏အကြည့်တို့အား ပြန်ရုတ်သိမ်းလိုက်ပြီး  ချီလင်ဘုရင်၏  ညွှန်ပြမှုနောက်သို့လိုက်ကာ   အနီးအနားတွင်ရှိနေသောတောင်အား ကြည့်လိုက်သည်။တောင်ထိပ်ပေါ်တွင် အစိမ်းရောင်ဝတ်ရုံအားဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ရှိနေပြီး ထိုသူက   အကွွာအဝေးတစ်ခုတွင် ရှိနေသော သေခြင်းတားမြစ်နယ်မြေအား ငုံ့ကြည့်နေသည်။ သူ၏ကျင့်ကြံမှုအဆင့်မှာ ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့ကဲ့သို့ပင်ဖြစ်ပြီး ကြယ်တစ်ပွင့်သူတောင်စင်နယ်ပယ်တစ်ယောက်ဖြစ်သည်။

ထိုလူသည်လည်း  သစ်လွင်သောအပြာရောင်စာအုပ်တစ်အုပ်အားကိုင်ဆောင်ထားသည်။ ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့မှာ စာအုပ်မျက်နှာ

ဖုံးမှ “သေခြင်းတားမြစ်နယ်မြေသို့ ပြည့်စုံသောလမ်းညွှန်မှု”ဟူသည့်ခေါင်းစဉ်

အားမြင်တွေ့ကြရသည်ဖြစ်သည်။

အဘိုးအိုကသူတို့ကိုသာ ဤလမ်းညွှန်စာအုပ်အား ရောင်းခဲ့ပုံမရချေ။

“ဟိုမှာလည်းလူတွေရှိနေတယ်”

ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့မှာတောင်

ခြေ၌ရပ်နေကြသော ကျင့်ကြံသူများအားမြင်တွေ့လိုက်ကြရသည်။ အလယ်တွင်ရှိနေသောလူငယ်မှာ ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်

တစ်ယောက်ဖြစ်ပြီး ကျန်သူများမှာကြယ်တစ်ပွင့်သူ

တော်စင်နယ်ပယ်များဖြစ်ကြသည်။ အလယ်တွင်ရှိနေသော လူငယ်သည်လည်း  အပြာရောင်မျက်နှာဖုံးနှင့်စာအုပ်

တစ်အုပ်အားကိုင်ဆောင်ထားသည်။

၎င်း၏ခေါင်းစဉ်မှာ “သေခြင်းတားမြစ်နယ်မြေသို့ ပြည့်စုံသောလမ်းညွှန်မှု”ဟု ရေးထားသည်ဖြစ်သည်။

ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့မှာ ကျင့်ကြံသူများအားပို၍ မြင်တွေ့လာကြရသည်။  ၎င်းတို့မှာ ယောက်ျား ရောမိန်းမများပါဖြစ်ကြပြီး အသက်ကြီးသူရောငယ်သူများ

ပါပါသည်ဖြစ်သည်။ သူတို့ထဲမှအများစု က “သေခြင်းတားမြစ်နယ်မြေသို့ ပြည့်စုံသောလမ်းညွှန်မှု”ခေါင်းစဉ်နှင့်

စာအုပ်အားကိုင်ဆောင်ထားကြသည်။ ကြည့်ရသည်မှာ အဘိုးအိုအနေဖြင့် တော်တော်လေးစီးပွားဖြစ်ခဲ့ပုံရသည်။ အဘိုးအိုက သေခြင်းတားမြစ်နယ်မြေအတွင်း ကမ္ဘာဦးကျောက်တုံးများရရှိအောင်

စွမ်းဆောင်ခဲ့သည်။

ကျင့်ကြံသူများကြားထဲတွင်  အဆင့်အမြင့်ဆုံးသောကျင့်ကြံသူမှာ  အနက်ရောင်ဝတ်ရုံနှင့်သက်

လတ်ပိုင်းအရွယ်လူပင်ဖြစ်သည်။

သူ့တွင်ကျယ်ပြန့်သောနဖူးပြင်နှင့် ရဲစွမ်းသတ္တိရှိသောမျက်နှာမျိုး

ကိုပိုင်ဆိုင်ထားသည်။သူ၏မျက်ခုံးတို့က ဓားကဲ့သို့ တူညီပြီး မျက်လုံးများကြားကြယ်ပွင့်များ

ကဲ့သို့စူးရှသည်။သူက လက်တို့ကိုနောက်တွင်ပစ်ထားပြီ ကောင်းကင်ထဲ၌ဝင့်ကြွားစွာရပ်နေသည်။ သူ၏ကျင့်ကြံမှုအဆင့်က ကြယ်ငါးပွင့်သူတော်စင်နယ်

ပယ်ဖြစ်သည်ကို ရှစ်ဖုန့်ပြောနိုင်သည်ဖြစ်သည်။

ကျင့်ကြံမှုနယ်ပယ်အနိမ့်ဆုံးသူမှာ  အဖြူရောင်နှင့်အေးစက်သောအသွင်ရှိ

သောလူငယ်ဖြစ်သည်။သို့သော်သူက အင်ပါယာနယ်ပယ်သာရှိသေး၏။ သူကရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့မြင်သမျှထဲတွင်တစ်ဦးတည်းသော အင်ပါယာနယ်ပယ်ဖြစ်သည်။ အခြားသူများမှာ အောက်ထစ်ကြယ်ခြောက်ပွင့်သူတော်

စင်နယ်ပယ်အဆင့်တွင်ရှိကြသည်ဖြစ်သည်။ ကြယ်တစ်ပွင့်၊နှစ်ပွင့်၊သုံးပွင့်နှင့် လေးပွင့် သူတော်စင်နယ်ပယ်များက များစွာရှိသည်ဖြစ်သည်။

ဤသည်မှာချီလင်ဘုရင်အတွက်

သူ၏ဘဝတွင်သူတော်စင်နယ်ပယ်များကို များစွာမြင်တွေ့ရသောနေရာဖြစ်

လိမ့်မည်ဖြစ်သည်။ထို့အပြင် ဤနေရာသို့တစ်ယောက်ပြီးတစ်

ယောက်ပျံသန်းလာနေကြသော ကျွမ်းကျင်သူများစွာလည်းရှိနေ

သေးသည်ဖြစ်သည်။

ချီလင်ဘုရင်ကထိုလူများအား

ခဏမျှကြည့်လိုက်ပြီးနောက် ရှစ်ဖုန့်ကိုပြောလိုက်သည်။

“သေခြင်းတားမြစ်နယ်မြေက အန္တရာယ်များတယ်ဆိုပေမဲ့ အဲ့တာက အခြားဒေသကြီးတွေက ကျင့်ကြံသူတွေနဲ့ ပါရမီရှင်များစွာကို နှစ်ရာပေါင်းများစွာအတွင်းမှာ စွဲဆောင်နေတုံးပဲ..ကျုပ်တို့မြင်တွေ့

နေရတဲ့ကျင်ကြံသူတွေက အခြားဒေသကြီးတွေက ဒါမှမဟုတ် ထျန်းမြောင်အင်ပါယာလိုမျိုးအင်ပါယာကြီးတွေကဖြစ်လိမ့်မယ်”

“ကျင့်ကြံသူတွေနဲ့ပါရမီရှင်တွေအများကြီး ဝင်ရောက်ကြတာ အရမ်းကိုနှမြောဖို့ကောင်းတယ်…သူတို့ထဲက ဘယ်လောက်များဒီကနေပြန်ထွက်လာနိုင်မလဲဆိုတာကို ကျုပ်သိချင်မိတယ်…သခင်လေးနဲ့ကျုပ်တောင် ဒီနေရာမှာသေတာဖြစ်ကောင်းဖြစ်နိုင်တယ်”

“အင်း”

ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်သည်။ ထို့နောက်သူကသူ၏ညာလက်အား ဖျက်ခနဲလှုပ်ရှားလိုက်ပြီး  သူ၏လက်အတွင်းလခြမ်းကွေးဓား

ကပေါ်လာသည်။ ဤလခြမ်းကွေးဓားမှာဖျောင်ရွှယ်ယွဲ့

ဆီမှဖြစ်သည်။

ဤလခြမ်းကွေးဓားမှာသေခြင်းတားမြစ်နယ်မြေအတွင်းမှလာခြင်းဖြစ်သည်။ ထိုအချိန်က ဖျောင်ရွှယ်မှာ သူမ၏မူလစွမ်းအင်တို့ဖြင့်အသက်သွင်းခဲ့သည်။ အင်ပါယာမြို့တော်၏ကောင်းကင်ထက်တွင်သေခြင်းတားမြစ်နယ်မြေမှ တူညီသော မီးခိုးဖြူရောင်မြူများ  ဖုံးလွှမ်းသွားခဲ့သည်။ ရှစ်ဖုန့်က သေခြင်းတားမြစ်နယ်မြေနှင့်ယခုကဲ့သို့နီးကပ်လာသောအခါတွင်၎င်း၌ထူးခြားသော အထူးသက်ရောက်မှုများရှိနေမည်

လားဆိုသည်ကိုထုတ်ကြည့်ခြင်းဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်က ငရဲဘုံကိုးခု စွမ်းအင်ကို လခြမ်းကွေးဓားအတွင်းထည့်သွင်းလိုက်သည်။ ရုတ်တရက် သိပ်သည်းသော မီးခိုးရောင်မြူများက  လခြမ်းကွေးဓားထံမှထွက်ပေါ်လာပြီးကောင်းကင်ထဲသို့ထိုးတက်သွားသည်။ ၎င်းက ကောင်းကင်ထဲတွင်သိပ်သည်းသောမီးခိုးဖြူရောင်မြူများအဖြစ်ဖွဲ့စည်းပြီး  ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့ရှိရာတောင်အားဝန်းရံထားသည်။

လခြမ်းကွေးဓားအားကိုင်ဆောင်ထား

သောရှစ်ဖုန့်မှာ  သူ့လက်အတွင်းရှိဓားအားထိန်းချုပ်ရင်း ဝန်းရံထားသော မီးခိုးဖြူရောင်မြူတို့ထံမှဆန်းကြယ်သော စွမ်းအင်ကို အာရုံခံမိနိုင်သည်ဖြစ်သည်။

“အမ်”

“အမ်”

“အမ်”

“အမ်”

ရုတ်တရက် အာမေဋိတ်သံများ အစီအရီထွက်ပေါ်လာသည်ကိုကြား

လိုက်ရသည်။  ရှစ်ဖုန့်၏လှုပ်ရှားမှုတို့ကအရမ်းကို

ကျယ်လွန်းနေသည်။ ထိုထက်ပိုသည်းကားသူသည် သေခြင်းတားမြစ်နယ်မြေအားဝန်းရံနေသော တူညီသည့်မီးခိုးရောင်မြူတို့အား

ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထို့နောက်

ပုံရိပ်များက ကောင်းကင်အားထိုးခွင်းပျံသန်းလာ၍သူတို့ထံသို့ဦးတည်လာကြသည်။

“အိုးမဟုတ်သေးဘူး..သခင်လေးဖုန့်”

ချီလင်ဘုရင်မှာ သူ့ပတ်ဝန်းကျင်မှ လှုပ်ရှားမှုများ အားအာရုံခံမိပြီး  ရှစ်ဖုန့်ကိုအလျှင်အမြန်ပြောလိုက်သည်။

“ဖျောင်ရွှယ်ယွဲ့ရဲ့ လခြမ်းကွေးဓားက သေခြင်းတားမြစ်နယ်မြေကလိုမျိုးတူညီတဲ့ မီးခိုးရောင်မြူတွေကိုဖန်တီးနိုင်တယ်..

သေခြင်းတားမြစ်နယ်မြေကိုလာခဲ့တဲ့ ဒီကျင့်ကြံသူတွေက  သေချာပေါက်ဒီလခြမ်းကွေးဓားအား

သေချာပေါက်ငမ်းငမ်းတက်လိုချင်ကြလိမ့်မယ်”

ရှစ်ဖုန့်အနေဖြင့်ချီလင်ဘုရင်၏ သတိပေးမှုကို လိုအပ်ခဲ့ချေ။ပုံရိပ်များက ကောင်းကင်အားထိုးခွင်းလာပြီးသူ့ထံသို့ ပျံသန်းလာနေသည်ကိုသူသတိပြုမိပြီးဖြစ်သည်။သူ၏မျက်လုံးတို့က ၎င်းတို့အား အေးစက်စွာစိုက်ကြည့်နေသည်။

ပထမဆုံးရောက်ရှိလာသောကျင့်ကြံသူမှာ  ရှစ်ဖုန့်အစောပိုင်းကမြင်တွေ့ခဲ့သော အနက်ရောင်ဝတ်ရုံနှင့်သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူဖြစ်သည်။ သူ၏ရှစ်ဖုန့်၏ရှေ့တွင်ရပ်လိုက်ပြီး

ရှစ်ဖုန့်အားပြောလိုက်သည်။

“ငါက ထျန်းခွန်းဂိုဏ်းက ချင်ယွမ်ရှန်ပဲ…ငါဒီလခြမ်းကွေး

ဓားကိုတစ်ချက်ကြည့်လို့ရမလား ..ငါမင်းကိုပြီးရင်ပြန်ပေးမှာပါ”

ချင်ယွမ်ရှန်ရောက်ရှိလာပြီးနောက်  အခြာသောကျင့်ကြံသူများကလည်း

သူ့၏နောက်ဘက်၌နီးကပ်စွာရောက်ရှိ

လာကြသည်။ သို့သော်  ချင်ယွမ်ရှန်အရင်ဆုံးရောက်အရင်

ဆုံးရောက်ရှိလာပြီး ရှစ်ဖုန့်ရှေ့၌ရပ်လိုက်သည်ကိုတွေ့လိုက်ရသောအခါတွင်  သူတို့အားလုံးချက်ချင်းပဲရပ်တန့်

လိုက်ကြသည်။သူတို့က သူ့အားဝန်းရံထားပြီး ဘာလှုပ်ရှားမှုမှမရှိဘဲ စောင့်ကြည့်နေခဲ့သည်။

“ထျန်းခွန်းဂိုဏ်း”

“ထျန်းခွန်းဂိုဏ်း”

“ထျန်းခွန်းဂိုဏ်း”

“ထျန်းခွန်းဂိုဏ်း”ဟူသောစကားလုံးသုံးလုံးအားကြားလိုက်ရသောအခါတွင်  သူတို့အားလုံးပင့်သက်ရှိုက်လိုက်ကြသည်။ ထျန်းခွန်းဂိုဏ်းမှာ အရှေ့ပိုင်းဒေသကြီးအတွင်းသေချာပေါက်ကြီးကျယ်ထင်ရှားသောဂိုဏ်းတစ်ခုဖြစ်သည်။ ၎င်းမှာ အရှေ့ပိုင်းဒေသကြီး၏ မြင့်မြတ်ကုန်းမြေသုံးခုအနက်မှတစ်ခုဖြစ်သည်။

ပြောကြသည်မှာလွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာအကြာတုံးက ထျန်းခွန်းဂိုဏ်းမှာရှိမနေခဲ့သေးပေ။နောက်ပိုင်းတွင်ထျန်းခွန်းအမည်ဖြင့် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးက ထျန်းဟန်တိုက်ကြီးအတွင်းပေါ်လာခဲ့သည်။ နောက်ဆုံးတွင်သူသည် ကြီးမြတ်သောဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာခဲ့ပြီး သူ့အား ဧကရာဇ်ထျန်းခွန်း ဟုလေးလေးစားစားခေါ်ခဲ့ကြသည်။ သူက အရှေ့ပိုင်းဒေသကြီးအတွင်းဂိုဏ်းတစ်ဂိုဏ်းထူထောင်ခဲ့ပြီး ၎င်း၏အမည်မှာထျန်းခွန်းဂိုဏ်းဖြစ်သည်။

“ထျန်းခွန်းဂိုဏ်း”

ချီလင်ဘုရင်ပင်လျှင်  ဤစကားလုံးသုံးလုံးအားကြား

လိုက်ရသောအခါ၌ တိတ်တဆိတ်ပင့်သက်ရှိုက်လိုက်မိသည်။

ထျန်းခွန်းဂိုဏ်း၏ စွမ်းအားက အရှေ့ပိုင်းဒေသကြီးရှိလူများ၏

နှလုံးသားအတွင်းတွင်နက်ရှိုင်းစွာ ရေးထိုးထားသကဲ့သို့တည်ရှိသည်ဖြစ်သည်။

ထျန်းခွန်းဂိုဏ်းမှာ အရှေ့ပိုင်းဒေသကြီးအတွင်းမည်သူကမျှ စော်ကားရဲခြင်းမရှိသောတည်ရှိမှုဖြစ်သည်ဟု ပြောလို့ရနိုင်သည်ဖြစ်သည်။ထိုထက် ဧကရာဇ်ထျန်းခွန်း၏ ထျန်းခွန်းဂိုဏ်းက အခြားသော ဧကရာဇ်သုံးပါးကိုမွေးထုတ်ခဲ့သည်ဖြစ်သည်။ ၎င်း၏ အခြေခံအုပ်မြစ်က စိတ်ကူး၍မရနိုင်လောက်အောင်ကို

ပင်အားကောင်းသည်ဖြစ်သည်။ လက်ရှိထျန်းခွန်းဂိုဏ်း၏ခေါင်းဆောင်ဖြစ်သူ ခွန်းရှန်က ဧကရာဇ်နယ်ပယ်တစ်ယောက်မ

ဟုတ်သော်လည်း မဟာသူတော်စင်နယ်ပယ်ဖြစ်

သည်ဟုပြောကြသည်။

ထျန်းဟန်တိုက်ကြီးအတွင်းတွင် မဟာသူတော်စင်နယ်ပယ်အဆင့်အောက်ရှိိလူတစ်ယောက်အား ပုရွက်ဆိတ်တစ်ကောင်ဟုပြော၍ရနိုင်သည်ဖြစ်သည်။ ကျင့်ကြံသူတစ်ယောက်အနေဖြင့် မဟာသူတော်စင်နယ်ပယ်သို့မရောက်ရှိခဲ့လျှင်  သိုင်းပညာရပ်များအားလုံးနှင့်စွမ်းအားများအားလုံးက မဟာသူတော်စင်တစ်ပါး၏ ရှေ့၌ ပုရွက်ဆိတ်တစ်ကောင်လောက်

သာရှိသည်ဟုပြော၍ရသည်ဖြစ်သည်။

“ထျန်းခွန်းဂိုဏ်း..ဒီလူက တကယ့်ကိုထျန်းခွန်းဂိုဏ်းကနေလာခဲ့တာပဲ.. ဒီလူငယ်လေးတကယ်ကိုကံကောင်းတာပဲ..သူက ဓားကိုသာရခဲ့ရုံမကဘူး..ထျန်းခွန်းဂိုဏ်းကလက်ရွေးစင်ကိုလဲအဲ့တာကိုပြခွင့်ရတယ်.. အဲ့အပြင် ထျန်းခွန်းဂိုဏ်းလက်ရွေးစင်ရဲ့ ထောက်ပံ့မှုကိုလည်းရအုံးမယ်..”

ဘိုးဘေးနယ်ပယ်လက်ရွေးစင်

တစ်ဦးကသူ့ဘေးရှိလူအားပြောလိုက်သည်။ သူ့တွင် မနာလိုမှုများဖြင့်် ပြည့်နှက်နေသည်။

ကြီးကျယ်ထင်ရှားသောထျန်းခွန်းဂိုဏ်းအတွက်  သူတို့အား ခင်မင်ရင်းနှီးလိုကြသည့် တပည့်ပေါင်းများစွာသေချာပေါက်ရှိနေလိမ့်မည်ဖြစ်သည်။တစ်ခါကအရှေ့ပိုင်းဒေသကြီးအတွင်း လူများစွာသတ်ပစ်ခဲ့သော ကျင့်ကြံသူတစ်ဦးရှိခဲ့သည်။ အဆုံးသတ်တွင် သူသည် စွမ်းအားကြီးရန်သူများစွာအားရရှိခဲ့၏။

သို့သော်  ထိုသူမှာ ထျန်းခွန်းဂိုဏ်းမှ  ပါရမီရှင်တပည့်တစ်ဦးနှင့်တစ်ကြိမ်သိကျွမ်းခဲ့ဖူးသောကြောင့် ထိုပါရမီရှင်တပည့်ကနောက်ပိုင်းတွင် ထိုပုဂ္ဂိုလ်အားသူ၏မိတ်ဆွေဖြစ်သည်

ဟုကြေငြာခဲ့သည်။ ထိုမှစ၍  ထိုလူ၏ရန်သူများမှာ ထျန်းခွန်းဂိုဏ်းမှ ပါရမီရှင်တပည့်၏ ဟန့်တားခြင်းကိုခံရသောကြောင့် ကူကယ်ရာမဲ့စွာဖြင့် ထိုလူအား အမဲလိုက်ခြင်းမှရပ်တန့်ခဲ့ကြရသည်။

အကယ်၍ထျန်းခွန်းဂိုဏ်းသာ ဒေါသထွက်သွားခဲ့လျှင် ထိတ်လန့်ဖို့ကောင်းသည်ကို သူတို့အားလုံးနားလည်ကြသည်ဖြစ်သည်။

ဆက်ရန်………..

ဘာသာပြန်သူ-ARISE

All Chapters