လိမ္မာတဲ့ကလေး။
Vol. 6 Ch. 137
လုရှန်း ထိုနှစ်ယောက်ကို လစ်လျုရူကာ မိုးရွာသွန်းနေသော အပြင်ဘက်ကို ကြည့်နေ၏။
သူမက နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး အချိန်ကို ဂရုမစိုက်ခဲ့ဘူး။
လုကျန့်နဲ့ နှစ်အတော်ကြာ တောင်ပေါ်တွင် နေထိုင်ပြီးနောက် သူမ အသက်ငါးနှစ်ကစပြီး သူ့ကိုယ်သူ ဂရုစိုက်တတ်လာခဲ့တယ်။
တစ်ခါတစ်လေ လုကျန့် ရက်အနည်းငယ်ကြာအောင် ပျောက်သွားတတ်တယ်။ သူပြန်လာတိုင်း သူမ အတွက် ပစ္စည်းအမြောက်အများ ယူလာပေးတယ်။
အစကတော့ တစ်ယောက်တည်းနေရတာ နည်းနည်းကြောက်သော်လည်း အချိန်ကြာလာတော့ သူမ ကျင့်သားရသွား၏။
သူ့ဆရာက ထွက်သွားတိုင်း နယ်နိမိတ် သတ်မှတ်ပေးတယ်။ ထိုနယ်နိမိတ်က မထွက်သရွေ့ အဆင်ပြေတယ်။
အရွယ်ရောက်တော့ သူမ ရဲရင့်လာတယ်။ တစ်ခါတစ်လေ သူမ ဆရာ့နောက်ကွယ်တွင် တောင်ပေါ်မှ တိတ်တဆိတ် ဆင်းသွားတတ်သည်။ ဟုတ်တယ်။ ရလဒ်တွေကတော့ ကျေနပ်စရာမရှိဘူး။
သူမရဲ့ အရင်ဘဝတုန်းက သူမ အသက်နှစ်ဆယ်ကျော်မှာ ဓာတ်ငွေ့အဆိပ်သင့်သေဆုံးခဲ့တယ်။ အဲဒါကို ပြောရရင် သူမရဲ့ အစွမ်းထက်တဲ့ ဆရာကို ကျေးဇူးတင်ရမယ်။
မဟုတ်ရင် သူမ အသက် ၇ နှစ် ဒါမှမဟုတ် ၈ နှစ်လောက်တည်းက တောင်ပေါ်က တွင်းနက်ထဲ ငတ်သေတာကြာပြီ။
အခု သူမရဲ့ကျင့်ကြံခြင်း အောင်မြင်လာသည့်အတွက် သူမကိုယ်တိုင်သာမက တခြားသူတွေကိုပါ ကောင်းကောင်း ဂရုစိုက်နိုင်ခဲ့တယ်။
“ဆရာ။ တစ်ခုလောက် ကူညီပေးလို့ ရမလား?”
သူမ လုပ်ငန်းမပြီးသေးတာကို သတိရမိတော့ လုရှန်း လုကျန့်ကို အလျင်အမြန် စိုက်ကြည့်တယ်။
လုကျန့် မျက်ခုံးပင့်ပြီး တီးတိုးဆိုတယ်။ “ထပ်ပြီး ပြသာနာပေးဉီးမလို့လား?”
"မဟုတ်ပါဘူး။"
လုရှန်းက သူမခေါင်းကို ကုတ်လိုက်ပြီး သဘောကျစွာ ပြုံးတယ်။ "ဟုတ်တယ်။ ကျွန်မ သူ့ကို ကတိတစ်ခု ပေးထားတယ်။ ကိုယ်တိုင်လုပ်နိုင်ပေမယ့် နည်းနည်းတော့ ခက်တယ်။ ဆရာဆိုရင်တော့ လွယ်လွယ်လေးပါ။"
လုကျန့် မျက်လုံးတွေကို မှိတ်ထားပြီး။ “ပြော!”
လုရှန်း တာ့နူပါတဲ့ ဂါထာစာရွက်ကို ထုတ်လိုက်ပြီး အခြေအနေကို လုကျန့်ကို ရှင်းပြတယ်။
“ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ မင်းက နှစ်အတော်ကြာအောင် စာသင်နေပြီး ဒါလေးကိုတောင် ပြီးမြောက်အောင် မလုပ်နိုင်ဘူးလား?”
အမှန်တရားကို ကြားပြီးနောက် လုကျန့်က မကျေမနပ် ဖြစ်လာ၏။
လုရှန်းက ခေါင်းကို ကုတ်ရင်း တုံးအစွာ ပြုံးတယ်။ “ဆရာလုပ်တာ ပိုလွယ်တယ်လေ။”
လုကျန့် အေးစက်စက် နှာခေါင်းရူံ့တယ်။ “ပျင်းတာ... ပျင်းတာ... ဒီလို ဂုဏ်သိက္ခာရှိတဲ့ အကြောင်းပြချက်ကို မင်းဘယ်က ရှာတွေ့လာတာလဲ?”
လုရှန်းက နားမကြားဟန်ဆောင်ပြီး သူမရဲ့ နှာခေါင်းကို ထိရုံသာ တတ်နိုင်ခဲ့တယ်။
လုကျန့် တာ့နူကို လွှတ်ပြီး လက်ကွက်အနည်းငယ် ပြုလုပ်လိုက်၏။ တာ့နူပေါ်က သရဲတစ္ဆေအငွေ့အသက် ချက်ချင်းပျောက်ကွယ်သွားပြီး သူရဲ့ မူလမျက်နှာ ပိုကြည်လင်လာတယ်။
တာ့နူက သူ့လက်တွေကို ကြည့်ပြီး ပတ်ပတ်လည်ကို ကြည့်သည်။ သူ လုကျန့်ကို စိတ်ရှုပ်ထွေးစွာ ကြည့်တယ်။
လုရှန်းက သူ့ကို အမြန်ရှင်းပြတယ်။ "မင်းရဲ့မိန်းမမှာ တားဆီးဂါထာစာရွက်ရှိတယ်လို့ မင်းပြောခဲ့တယ်။ အခု ငါ့ဆရာက မင်းရဲ့ခန္ဓာကိုယ်က တစ္ဆေရောင်ဝါကို ဖယ်ရှားပေးလိုက်လို့ အဲဒီဂါထာစာရွက် အသုံးမဝင်တော့ဘူး။”
တာ့နူ ဉာဏ်အလင်းရပြီး သူတို့နှစ်ယောက်ကို အလျင်စလို ကျေးဇူးတင်နေမိတယ်။
"ဆက်လုပ်...”
လုကျန့် သူ့လက်ကို ဝှေ့ယမ်းပြီး “မင်း အလိုရှိတဲ့အတိုင်း လက်စားချေ။ လက်စားချေပြီးရင် ပြန်လာခဲ့။"
အကြောင်းပြချက်မရှိဘဲ သတ်ခဲ့တဲ့သူတွေကို သူ ဘယ်တုန်းကမှ ကရုဏာမရှိခဲ့ပါ။
တာ့နူ ခေါင်းညိတ်ပြီး ပျောက်သွားတယ်။
သူတို့ဘေးက လူတွေက တာနူ့ကို မမြင်ရပေမဲ့ ဆရာနဲ့ တပည့်ပြောနေသည့် အကြောင်းကို သူတို့သိတယ်။
သို့သော်လည်း လုကျန့်ရဲ့ လုပ်ရပ်ကို မြင်တော့ အနည်းငယ် ထိတ်လန့်သွားခဲ့၏။
လက်ဖက်ရည်ဆိုင်ရှိလူတိုင်း လက်ဖက်ရည်သောက်ပြီး စကားစမြည်ပြောနေကြသည်ကို သူတို့ လှည့်ကြည့်မိကြတယ်။ သူတို့ လုံးဝ ဂရုမစိုက်ကြပါ။
ရှီရီ သူ့နဖူးကို ကုတ်လိုက်ပြီး သူ့မျက်နှာမှာ ရှုပ်ထွေးမှုတွေ ပြည့်နှက်နေ၏။
လုရှန်းက "ဆရာက နယ်နိမိတ်သတ်မှတ်ထားလို့ ကျွန်မတို့ကလွဲပြီး ဘယ်သူမှ မကြားနိုင်ဘူး။"
ဒီစကားကို ကြားလိုက်တော့ ရှီရီ ချက်ချင်းအံ့သြသွား၏။
“တတိယမင်းသားမှာ ဒီလို အံ့သြစရာကောင်းတဲ့ အရည်အချင်းရှိမယ်လို့ မမျှော်လင့်ထားဘူး။ တကယ်သဘောကျတယ်!”
ယွမ်တင်း ရိုးရိုးသားသားပြောတယ်။