← Chapters

တာ့နူ၏ လက်စားချေခြင်း။

Vol. 6 Ch. 138

တာ့နူ၏ လက်စားချေခြင်း။

Vol. 6 Ch. 138

မြို့နဲ့မဝေးသည့် ဟွားရှန်းရွာတွင်။

ခြင်းတောင်းကို ကိုင်ဆောင်ထားသည့် ဝတ်ကောင်းစားလှဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် ထီးတလက် ဆောင်းရင်း ခြံဝင်းထဲ ဝင်လာသည်။

ခြံဝင်းထဲ အုတ်အိမ် ၁ အိမ်ရှိသည်။ မိသားစုနောက်ခံက တော်တော်ကောင်းပုံပင်။

"ပစ္စည်းတစ်ချို့သွားဝယ်တာကို ဘာလို့ကြာနေတာလဲ?”

အိမ်ခေါင်မိုးအောက်မှာ ထိုင်နေတဲ့ အမျိုးသားတစ်ယောက်က မကျေမနပ် ညည်းညူတယ်။

“ဘာလို့ ကြာသလဲ မမြင်ဘူးလား? မိုး ဒီလောက်သည်းနေတာ။ လမ်းတောင် ရှင်းရှင်းလင်းလင်း မမြင်ရဘူး။”

ရုတ်တရက် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာ၏။ မကျေမနပ်ဖြစ်နေတဲ့ မိန်းမ ကြောက်လန့်ပြီး သူမရဲ့ အခန်းထဲကို အမြန်ဝင်ပုန်းတယ်။

“ရာသီဥတုက မှန်းလို့ကို မရဘူး။ မိုးတိတ်ဖို့ အရိပ်အယောင် လုံးဝမရှိဘူး။”

သူမ ထီးကို ဘေးမှာ ချထားလိုက်၏။ သူမ လှမ်းကြည့်လိုက်တော့ ခြံအပြင်ဘက်မှာ ရပ်နေတဲ့ လူတစ်ယောက်ကို မှုန်ဝါးဝါး တွေ့လိုက်ရတယ်။

"ဘယ်သူလဲ?" ထိုမိန်းမ မျက်မှောင်ကြုံ့ပြီး မေးလိုက်တယ်။

ထိုယောကျာ်းလည်း အပြင်ဘက်ကို ကြည့်ပြီး မျက်မှောင်ကြုံ့တယ်။ “ဘယ်သူလဲ?”

“စောစောက လူတစ်ယောက် မဟုတ်လား?” ထိုမိန်းမ အပြင်ဘက်ကို ညွန်ပြတယ်။ “အဲဒီဘက်မှာလေ။”

ထိုလူ အပြင်ကို လှမ်းကြည့်ပေမဲ့ ဘာမှမတွေ့ပေ။

“ဘယ်သူ့ကို ပြောနေတာလဲ? ဘယ်မှာလဲ?”

ယောက်ျားရဲ့ စကားကို ကြားတော့ ထိုမိန်းမက ထိတ်လန့်သွား၏။

“အဲဒါ… တစ္ဆေ မဟုတ်လား? ဒါပေမယ့် ဘုန်းကြီးပေးခဲ့တဲ့ ဂါထာစာရွက်ရှိနေတာပဲလေ။ သရဲတစ္ဆေတွေနဲ့ ဘယ်လိုလုပ် တွေ့မှာလဲ?”

ထိုမိန်းမသည် မျက်လုံးများ ပွတ်သပ်ကာ ထပ်ကြည့်သည်။ သို့သော် အနက်ရောင်အရိပ် ပျောက်ကွယ်သွားပြီ။

“ငါ ဘာလို့ မြင်မိတာလဲ?”

"အဲ့ဒီကောင်ကို ပစ္စည်းတွေသွားပေးပြီး မြန်မြန်ချက်ခိုင်းလိုက်။"

ယောက်ျား ခြင်းတောင်းထဲက ဝက်သားကို ကြည့်ပြီး အမျိုးသမီးကို ပြောလိုက်သည်။

ထိုမိန်းမ ဒီစကားကိုကြားတော့ မီးဖိုချောင်အတွင်းက ပစ္စည်းများကို အလျင်အမြန်ချထားပြီး သူ့ဘေးနားက အိမ်ငယ်လေးဆီ လျှောက်သွားတယ်။

အိမ်ငယ်လေးမှာ ရွှံ့သက်ကယ်တဲလေးတစ်လုံး။ အထဲမှာ မှောင်နေပေမယ့် အရမ်းသန့်၏။

ဆယ့်နှစ်နှစ်အရွယ် ကောင်လေးတစ်ယောက် သစ်သားကုတင်ပေါ်မှာ ထိုင်နေသည်။

ထိုမိန်းမက သစ်သားတံခါးကိုခေါက်ပြီး စိတ်မရှည်စွာပြောတယ်။ “အားတိုင် ဟင်းချက်ချိန်ရောက်ပြီ။“

ထိုကောင်လေး ဖြေးဖြေးချင်းခေါင်းမော့ပြီး တံခါးဖွင့်ဖို့ လှမ်းလာသည်။

ထိုမိန်းမသည် နှာခေါင်းအုပ်လိုက်တယ်။ “အသားကို မီးဖိုချောင်ထဲမှာ တိတ်တိတ်လေး မစားနဲ့။ နားလည်လား?”

ထိုကောင်လေး ခေါင်းညိတ်ပြပြီး ထိုမိန်းမအနောက် တိတ်တဆိတ်လိုက်လာခဲ့တယ်။

အမှောင်ထဲက တာ့နူ ဒေါသတကြီး အံ့ကြိတ်မိသည်။

ဒီခွေးမက သူ့ကို သတ်ရုံတင်မကဘဲ ဟိုယောက်ျားကိုလည်း သူ့အိမ်ကို ခေါ် လာတယ်။

ဒါတွေအားလုံးကို လစ်လျုရူရင်တောင် သူ့သားကို ရွံ့အိမ်ထဲအိပ်ခိုင်းပြီး ထမင်းချက်ခိုင်းသေးသည်။

ဘယ်လိုတောင် စိတ်ပျက်စရာလဲ...

“မင်းအတွက် ငါ့မှာ အချိန် သိပ်မကျန်တော့ဘူး။ ငါးမိနစ်ပဲ ကျန်တော့တယ်။ အဲဒါပြီးရင် မင်းပြန်မလာဘူးဆိုရင် မင်း မြေအောက်ကမ္ဘာကို ဘယ်တော့မှ ဝင်နိုင်မှာမဟုတ်ဘူး။"

လုကျန့်ရဲ့ ပြင်းထန်တဲ့ အသံကို ရုတ်တရက် ကြားလိုက်ရတယ်။ တာ့နူရဲ့အမူအရာ ပြောင်းသွားပြီး သူ့ရှေ့က အမျိုးသမီးကို ဒေါသတကြီး စိုက်ကြည့်နေ၏။

လေပြင်းတိုက်ခတ်မှုနဲ့အတူ အားတိုင် မီးဖိုချောင်ထဲ ဝင်လာခဲ့တယ်။

အိမ်ခေါင်မိုးပေါ်မှ ချွန်ထက်သော အုတ်ကြွပ်ပြားများ ပြုတ်ကျပြီး အိမ်ထဲသို့ ဝင်တော့မည့် အမျိုးသမီးရဲ့ ဦးခေါင်းကို ထိုးဖောက်သွားတော့သည်။

ထိုမိန်းမရဲ့မျက်လုံး ပြူးကျယ်သွားပြီး ခေါင်းပေါ်မှလည်း သွေးများ စီးကျလာသည်။

ထိုမိန်းမ မြေပြင်ပေါ်သို့ လဲကျသွား၏။

အိမ်ခေါင်မိုးအောက်က လူလည်း အံသြသွားသည်။ ဆူဆူပူပူအသံကို ကြားပြီးနောက် ပြေးထွက်လာသော အားတိုင်လည်း အံ့အားသင့်သွားသည်။

ခေါင်းမော့ကြည့်လိုက်တော့ အားတိုင်ရဲ့ အနောက်တွင်ရပ်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ နောက်မှ ထိုမျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ အံ့အားသင့်သွား၏။

သူ နောက်ပြန်ဆုတ်ကာ ခေါင်းကို ခါယမ်းတယ်။ "ဒါက ဘယ်လိုဖြစ်ရတာလဲ? မဖြစ်နိုင်ဘူး!"

ဘုန်းကြီးက ဂါထာစာရွက်ကို ပြာအိုးမှာ တင်ခိုင်းရုံသာမက အတားအဆီးဂါထာစာရွက်ကိုလည်း သူတို့ကို ပေးခဲ့တယ်။ ကျောင်းတာနူ့က ဘာလို့ ဒီမှာရှိနေတာလဲ?

အားတိုင်က သူ့အဖေ တာ့နူကို မမြင်ရတာမို့ ထိုမိန်းမရဲ့ ရုတ်တရက် သေဆုံးမှုကို ကြည့်ရင်းထိတ်လန့်နေ၏။ သူ အံ့အားသင့်နေပြီး ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ ထို့ကြောင့် ဒီလူရဲ့ ထူးဆန်းနေသည့်အကြည့်ကို သတိမထားမိဘူး။

တာ့နူ လွင့်ပျံလာတော့ ထိုလူ ကြောက်လန့်တကြား ပြန်ဆုတ်သွားခဲ့တယ်။ သူထပြီး ထွက်ပြေးချင်ပေမဲ့ ခြေထောက်တွေက အားနည်းပြီး မပြေးနိုင်တော့။

All Chapters