အပိုင်း(၄၁၉)
Vol. 28 Ch. 419
အရှေ့ပိုင်းဒေသကြီး၏မြင့်မြတ်
ကုန်းမြေတစ်ခုဖြစ်သော ထျန်းခွန်းဂိုဏ်းမှာ ကြောက်ဖို့ကောင်းသည်ဖြစ်သည်။သို့သော် လူတစ်ယောက်အနေဖြင့် ထျန်းခွန်းဂိုဏ်း၏ အထောက်အပံ့အားရရှိခဲ့လျှင် ၎င်းမှာကြီးမားသော အခွင့်အလမ်းကြီးတစ်ခုပင်ဖြစ်လေသည်။
ကျင့်ကြံသူများ ၏ မျက်လုံးထဲတွင်
ရှစ်ဖုန့်၌ ကြီးမားသော အခွင့်အရေးကြီးတစ်ခုရှိနေသည်ဖြစ်သည်။ ထျန်းခွန်းဂိုဏ်းမှ ချင်ယွမ်ရှန် မှာ ရှစ်ဖုန့်ထံမှ ဓားအား တစ်ချက်ကြည့်ရန်ငှားရမ်းနေသည်။ ချင်ယွမ်ရှန်က သူ့အနေဖြင့် ဓားအား သေချာပေါက်ပြန်ပေးမည်ဟု
ပြောခဲ့သည်ဖြစ်သည်။
ထျန်းခွန်းဂိုဏ်းမှာ အရေးပါသောလူတစ်ယောက်က ဤကဲ့သို့စကားမျိုးအားပြောခဲ့သည်ဆိုလျှင် အထူးသဖြင့်လူများစွာ၏ရှေ့မှောက်၌ ပြောခြင်းဆိုလျှင် သူ့အနေဖြင့် သေချာပေါက်သူ၏ ကတိကိုတည်လိမ့်မည်ဖြစ်သည်။
သို့သော် ရှစ်ဖုန့်၏မျက်နှာထက်၌ ကျင့်ကြံသူများမျှော်လင့်နေကြသော ထျန်းခွန်းဂိုဏ်းမှတပည့်တစ်
ယောက်ဖြင့်သိကကျွမ်းခွင့်ရသောကြောင့် ဘာအရူးအမူးဖြစ်သည့်လက္ခဏာ
ကိုမှပြသခြင်းရှိနေပေ။ ထိုအစားဂရုမစိုက်သောဟန်ပန်ဖြင့်
သူ့ရှေ့တွင်ရှိနေသော သက်လတ်ပိုင်းလူအား မေးလိုက်သည်။
“ဒီသခင်လေးက မင်းကိုမငှားနိုင်ဘူးဆိုရင်ရော”
“ဘာ”
“ဘာ”
“ဘာကြီး”
ရုတ်ခြည်းဆိုသလို အံ့အားသင့်စွာဖြင့် ပင့်သက်ရှိုက်သောအသံများက
ပတ်ဝန်းကျင်မှထွက်ပေါ်လာသည်။ သူတို့အနေဖြင့် ထျန်းခွန်းဂိုဏ်း၏ အမြင်ကောင်းကိုရရှိနိုင်မှုအား ငြင်းပယ်သော ဤကဲ့သို့လူစားမျိုးအားလုံး
ဝမြင်တွေ့ခဲ့ဖူးခြင်းမရှိပေ။
သူတို့၏နှလုံးသားထဲ၌ အကယ်၍များသူတို့သာရှစ်ဖုန့်၏
နေရာ၌ဆိုလျှင် သူတို့အနေဖြင့် တုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲ ဓားအားလွဲပေးပြီး ချင်ယွမ်ရှန်၏ လက်ခံမှုအား ရယူလိမ့်မည်ဖြစ်သည်။ ထိုတင်မကသေးပဲသူတို့အနေဖြင့် သိုင်းပညာရပ်များကိုလည်း အလဲအလှယ်ပြုလုပ်ခွင့်ရှိလိမ့်မည်ဖြစ်သည်။
ထျန်းခွန်းဂိုဏ်း၏ သိုင်းပညာရပ်များမှာ ဧကရာဇ်ထျန်းခွန်းထံမှဆင်းသက်
လာသောအရာများဖြစ်ပြီးသေချာပေါက် အခြားသောသူများ ထက်သာလွန်လိမ့်မည်သာဖြစ်သည်။
ချင်ယွမ်ရှန်နှင့်သိုင်းပညာများအား
အလဲအလှယ်ပြုခြင်းက သေချာပေါက်သူတို့အတွက်ကြီးစွာသော အကျိုးကျေးဇူးအားရရှိစေလိမ့်
မည်သာဖြစ်သည်။
သို့သော်ဤအရူးကတော့ ဤကဲ့သို့ ကောင်းမွန်သောအခွင့်အလမ်းအား ဘာမဟုတ်သည်အတွက်နှင့် ပစ်ပယ်ခဲ့လေသည်။
“ဒီလူကဘယ်သူလဲ..ဘယ်လိုဖြစ်ပြီးတော့ အရမ်းရူးမိုက်ရတာလဲ…ငါ့တော့သူက တောစွန်ကနဖုတ်က သိုင်းသမားလေးတစ်ယောက်လို့ယူဆတယ်… သူက ပြင်ပကမ္ဘာကြီးကအစစ်အမှန်စွမ်း
အားဆိုတာဘာမှန်းမသိတဲ့ ရေတွင်းထဲကဖားသူငယ်လိုတောသားပဲကွာ”
“အဲ့လိုပဲမလား..သူက ထျန်းခွန်းဂိုဏ်းရဲ့ ထောက်ခံမှုကို မရခဲ့ရုံသာမက သူ့ရဲ့ အမြင်မကြည်လင်မှုကိုပါရရှိသွားပြီ.. နောက်ပိုင်းငါတို့တွေပွဲကြီးပွဲကောင်းတစ်ခုကို စောင့်ကြည့်နိုင်လိမ့်မယ်လို့ငါယူဆတယ်… ဟမ့်…….သူကကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်လေးတစ်ယောက်ပါကွာ..
ချင်ယွမ်ရှန်ရဲ့ဒေါသနဲ့ ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်
တစ်ယောက်ရဲ့တိုက်ခိုက်မှုတစ်ချက်ကို ဘယ်လိုတောင့်ခံရပ်တည်မလဲဆို
တာကိုကြည့်ကြသေးတာပေါ့”
ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ် လူငယ်တစ်ယောက်ကသူ့ဘေးတွင်ရှိနေသောသူအားပြောလိုက်သည်။ သူကထိုအကြောင်းအားတွေးနေခဲ့သည်။
အကယ်၍ ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်
တစ်ယောက်ကသာသူ့အား ဤအကဲ့သို့ဟန်ပန်မျိုးဖြင့်စကားပြောရဲခဲ့လျှင် သူ့အနေဖြင့်သေချာပေါက်၎င်းအား
သတ်ပစ်လိမ့်မည်ဖြစ်သည်။ သူ့အနေဖြင့်ထိုသူတော်စင်နယ်ပယ်အား ကောင်းကင်ကြီးကမည်မျှမြင့်မားပြီး ကမ္ဘာမြေကြီးကမည်မျှထူထဲသည်
ကိုသိသွားအောင်ပြုလုပ်ပေးလိမ့်မည်ဖြစ်သည်။
“သခင်လေးဖုန့်”
ချီလင်ဘုရင်မှာရှစ်ဖုန့်၏စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်ထံသို့စိုးရိမ်စိတ်တို့ဖြင့်ကြည့်လိုက်သည်။ သူပင်လျှင်ထျန်းခွန်းဂိုဏ်းနှင့် ကြယ်ငါးပွင်သူတော်စင်နယ်ပယ်
တစ်ယောက်အား သေခြင်းတားမြစ်နယ်မြေအတွင်း
သို့မဝင်ရောက်ခင် စော်ကားခြင်းက ဉာဏ်တိမ်သောဖြစ်ရပ်ဟုခံစားရသည်။
ရှစ်ဖုန့်၏စကားတို့အားကြားလိုက်ရသောအခါတွင် ချင်ယွမ်ရှန်မှာ အနည်းငယ်တော့အံ့အားသင့်သွားသည်။ တစ်စုံတစ်ယောက်က သူ၏သရုပ်မှန်အား ဖော်ပြပြီးသည့်နောက်တွင်ပင်သူ့
အားငြင်းဆိုရဲလိမ့်မည်ဟု မထင်ခဲ့ချေ။
ထို့နောက်ချင်ယွမ်ရှန်မှာသူ၏ တည်ငြိမ်အေးဆေးမှုကိုပြန်လည်ထိန်းသိမ်းလိုက်ပြီး ရှစ်ဖုန့်အားကြည့်လိုက်သည်။
ဤအခိုက်အတန့်တွင် ချင်ယွမ်ရှန်၏မျက်နှာထက်ရှိ ခံစားချက်များအားမည်သူကမျှမြင်
တွေ့ရခြင်းမရှိပေ။ ချင်ယွမ်ရှန်တစ်ယောက်ဒေါသပေါက်ကွဲပြီး ရှစ်ဖုန့်အားသတ်ပစ်လိမ့်မည်ဟု
မျှော်လင့်နေကြသောသူများမှာ ချင်ယွမ်ရှန်၏ ခန္ဓာကိုယ်မှာဘာစွမ်းအင်အတက်အကျကိုမှ မြင်တွေ့ရခြင်းမရှိပေ။
“ဒါဆိုလည်းထားလိုက်ပါတော့”
ချင်ယွမ်ရှန်မှာ ဤကဲ့သို့ပြောပြီးနောက် သူ၏ကိုယ်အားလှုပ်ရှားလိုက်ပြီး ကောင်းကင်အားထိုးခွင်းပျံသန်း
၍ထွက်ခွာသွားသည်။
“အမ်.. သူတကယ်ကြီး ဒီလိုမျိုးပဲထွက်သွားတာလား”
စိတ်သဘောထားသေးသိမ်သော ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်
ကျွမ်းကျင်သူမှာ ဘာကြောင့်ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်တစ်ယောက်က ချင်ယွမ်ရှန်အား အရမ်းမလေးမစားပြောဆိုခဲ့ပြီး ချင်ယွမ်ရှန်ကလည်း အဘယ်ကြောင့် ဤအတိုင်းထွက်ခွာသွားရသလဲဆိုသည်အား နားမလည်နိုင်ဖြစ်နေသည်။
“ဒါလည်းကောင်းတာပဲ”
ထို့နောက်ကြယ်နှစ်ပွင့်သူတော်စင်
နယ်ပယ်ကျွမ်းကျင်သူမှာ သူ့ဟာသူတွေးလိုက်သည်။ ချင်ယွမ်ရှန်ကထွက်ခွာသွားပြီး သူက ဘာအနှောက်အယှက်မှမပေးခဲ့ပေ။ အကယ်၍ ထိုကျင့်ကြံသူကသာ ချင်ယွမ်ရှန်အားဓားကိုပြခဲ့ပြီး ချင်ယွမ်ရှန်၏ ထောက်ခံမှုအားရခဲ့လျှင်သူ့အနေဖြင့် ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်ကျင့်ကြံသူအတွက်အနည်းငယ်စိုးရိမ်ရလိမ့်မည်ဖြစ်သည်။
“ဟမ့်”
ချင်ယွမ်ရှန်ထွက်ခွာသွားပြီးသည့်နောက် ရှစ်ဖုန့်၏ဝန်းကျင်တွင်ကျင့်ကြံ
သူများစွာရှိနေသေးသည်ဖြစ်သည်။ထို့နောက်ပုံရိပ်တစ်ခုကရွေ့လျားလာပြီး ရှစ်ဖုန့်၏ ရှေ့သို့ရောက်လာသည်။ထိုသူမှာ ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်
ကျွမ်းကျင်သူပင်ဖြစ်သည်။
ရှစ်ဖုန့်က ဤလူငယ်အား ယခင်ကတည်းက မြင်တွေ့ပြီးဖြစ်သည်။ ထိုအချိန်က သူသည် သူ၏ အဖော်နှစ်ယောက်နှင့်အတူ ရှစ်ဖုန့်ရှိနေသောတောင်အခြေ၌ရှိနေခဲ့သည်။ သူသည်လည်း “သေခြင်းတားမြစ်နယ်မြေသို့ ပြည့်စုံသောလမ်းညွှန်မှု”စာအုပ်အားကိုင်ဆောင်ထားခဲ့သည်ဖြစ်သည်။
ထိုလူငယ်ရှစ်ဖုန့်၏ရှေ့သို့ရောက်
လာပြီးသည့်နောက်တွင် သူ၏အဖော်များဖြစ်သော ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်နှစ်ယောက်ကလည်း နောက်မှနီးကပ်စွာလိုက်ပါလာသည်။
ဆိုးရွားသောရည်ရွယ်ချက်များနှင့်အခြားသောကျင့်ကြံသူများလည်းရှိနေသေးသည်ဖြစ်သည်။ တစ်စုံတစ်ယောက်ထွက်လာသည်အားသူတို့တွေ့လိုက်ရသောအခါတွင် သူတို့ကချက်ချင်းရပ်လိုက်ကြပြီး အေးစက်စွာဖြင့် ဆက်လက်စောင့်ကြည့်နေကြသည်။
ချင်ယွမ်ရှန်ထွက်သွားပြီးသည့်နောက်တွင် ထွက်ခွာသွားလိုက်ကြသော ကျင့်ကြံသူအချို့လည်းရှိသည်ဖြစ်သည်။ကြည့်စရာပွဲကောင်းတစ်ခုရှိနေသည်ကိုတွေ့လိုက်ရသောအခါတွင်သူတို့ကဆက်လက်
စောင့်ကြည့်ရန်ဆုံးဖြတ်ခဲ့သည်။
“အဲ့တာငါ့ကိုပေးစမ်း”
ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်ကျွမ်းကျင်သူက ရှစ်ဖုန့်၏ရှေ့တွင်ရပ်လိုက်ပြီး ရှစ်ဖုန့်အားအထင်သေးစွာဖြင့်ကြည့်လိုက်သည်။ သူကစကားပြောရင်း သူ၏ညာလက်ဖဝါးအားဖြန့်ကာ ရှစ်ဖုန့်ထံသို့ ဆန့်ထုတ်လိုက်သည်။
ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်က ထွက်ခွာသွားသည်ကိုတွေ့ရပြီး နောက်ဆက်တွဲအနေဖြင့် မောက်မာသော ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်
တစ်ယောက်နှင့်ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်နှစ်ယောက်ထပ်ရောက်လာသည်ကိုတွေ့ရသောအခါတွင် ရှစ်ဖုန့်၏ နှုတ်ခမ်းတို့က တွန့်ကွေးသွားပြီး အေးစက်သောအပြုံးတစ်ခုပြုံးလိုက်သည်။သူကအေးစက်စွာမေးလိုက်သည်။
“မင်းကငါ့ကိုနိုင်မယ်လို့ထင်နေတာလား”
“ဟမ့် ..ရေတွင်းထဲကဖားလိုတောသား ..မင်းကကောင်းကင်နဲ့မြေကြီးကြားက ကျယ်ပြောမှုကိုတကယ်မသိတဲ့တောသားပဲ… “
ရှစ်ဖုန့်၏စကားတို့အားကြားပြီး
သည့်နောက်တွင် လူငယ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက်ဖြန့်ထားသောညာလက်ဖဝါးအား လက်သီးအဖြစ်ဆုပ်လိုက်သည်။
ထို့နောက်သူက အသံတိုးတိုးဖြင့်အော်ပြောလိုက်သည်။
“ကောင်းကင်နဲ့မြေကြီးအရှင်သခင်လက်သီး”
သူကအော်လိုက်သကဲ့သို့ လက်သီးတစ်လုံးအား ရှစ်ဖုန့်ထံပစ်သွင်းလိုက်သည်။ ဤမှာသာမန်လက်သီးတစ်လုံး
ကဲ့သို့ဖြစ်သော်လည်း ၎င်း၌တော်တော်လေးစွမ်းအားကြီးပြီး ကြီးစိုးသောစွမ်းအင်တစ်ခုပါရှိသည်ဖြစ်သည်။
လက်သီးအားပစ်လွှတ်လိုက်သကဲ့သို့ ပတ်ဝန်းကျင်ရှိလေထုမှာလည်း ပြင်းထန်စွာမတည်မငြိိမ်ဖြစ်လာသည်။ ယင်းမှာ လက်သီးချက်ကြောင့်အာကာသဓာတ်တို့ အစိတ်စိတ်အမွှာမွှာကွဲကြောတော့
မည့်နှယ်ပင်ဖြစ်သည်။
“ကောင်းလိုက်တာ..စွမ်းအားကြီးမားလိုက်တဲ့ စွမ်းအင်တွေ…သူကကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်အဆင့်ပဲရှိသေးပေမဲ့.. သူ့လက်သီးချက်ဆီကနေ ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်
တစ်ယောက်ရဲ့ခွန်အားမျိုးကိုငါခံစားနိုင်တယ်.
.ဒါကဘယ်လိုသိုင်းပညာအမျိုးအစားလဲ”
“ကောင်းကင်နဲ့မြေပြီး အရှင်သခင်လက်သီး ..ဒါက ထျန်းလန်အင်ပါယာက
လုံဟူဂိုဏ်းရဲ့ အန္တိမ ပညာရပ်တွေထဲကတစ်ခုပဲး.
ဒီလူကတကယ်ကို လုံဟူဂိုဏ်းကပဲ”
“လုံဟူဂိုဏ်း..ဒီလိုမျိုးစွမ်းအား
ကြီးတဲ့သိုင်းပညာရပ်နဲ့ ဒီလိုခွန်အားမျိုးချပြနိုင်စွမ်းရှိတာကို မအံ့ဩတော့ပါဘူး.. သူ့ရဲ့ခွန်အားက ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်
နားကိုကပ်နေပြီး သူကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်ကိုသတ်ပစ်နိုင်စွမ်းရှိတယ်..ဒီလူငယ်အတွက်
တော့ဆိုးရွားတဲ့ပုံပဲ..ဒီလက်သီးနဲ့သာဆိုရင် ဒီလူငယ်သေချာပေါက်သေလိမ့်မယ်”
“ဒီပုဂ္ဂိုလ်ကသူပဲ.ဒီလူငယ်က လုံဟူဂိုဏ်းခေါင်းဆောင် ဝမ့်ကျုံးရဲ့သား ပဲ..သူက လုံဟူဂိုဏ်းရဲ့သခင်လေး ဝမ့်ပိုင်ပဲ”
“ဟမ့်”
ရှစ်ဖုန့်ကဝမ့်ပိုင် ၏ ရုတ်တရက်လက်သီးထိုးချက်အားတွေ့ရသောအခါတွင် အေးစက်စွာနှာခေါင်းရှုံလိုက်သည်။ထို့နောက်ချက်ချင်းသူ၏ဘယ်လက်အားလက်သီး
အဖြစ်ဆုပ်လိုက်သည်။ သာမန်ဆန်သောလက်သီးတစ်လုံးက
ရုတ်ခြည်း ဝမ့်ပိုင်၏ လက်သီးထံသို့ ပေါက်ကွဲဝင်ရောက်သွားသည်။
ရှစ်ဖုန့်၏လက်သီးချက်အားငရဲဘုံလက်သီးဟုသိကြသည်ဖြစ်သည်။
“ဒါက..ဒီလူငယ်သေချင်နေတာလား...
ဘယ်လိုဖြစ်ပြီးဝမ့်ပိုင်ရဲ့ ကောင်းကင်နဲ့မြေကြီးအရှင်သခင်
လက်သီးကို ပြန်ပြီး လက်သီးနဲ့ တုံ့ပြန်ရဲတာလဲ…”
“ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်
တစ်ယောက်က ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်
တစ်ယောက်ရဲ့တိုက်ခိုက်မှုကိုသူ့ရဲ့လက်သီးနဲ့တိုက်ရိုက်တုံ့န်ပြန်ရဲတယ်..အဲ့တာထက် ပိုတာက သူက ဝမ့်ပိုင်ရဲ့ ကောင်းကင်နဲ့မြေကြီးအရှင်သခင်
လက်သီးကိုရင်ဆိုင်တာပဲ.ထိတာနဲ့
သူသေချာပေါက်သေလိမ့်မယ်”
ဆက်ရန်……
ဘာသာပြန်သူ-ARISE