Chapters

ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ။

Vol. 6 Ch. 139

ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ။

Vol. 6 Ch. 139

"အားတိုင် တစ်ယောက်ယောက်ကိုသွားခေါ်။"

အားတိုင် ဒီလေသံကိုကြားတော့ ဒီလေသံက ဘယ်ကလာသည့်လေသံလဲဆိုတာ ဂရုမစိုက်ဘူး။ ဒီလေသံက သူ့ကို နားမလည်နိုင်သည့် ရင်းနှီးမှုတွေ ပေးတယ်။

သူ့သစ်သားဂေါ်ပြားကို ဘေးသို့ ပစ်ချပြီး ထွက်သွားတော့သည်။

"ကူညီကြပါ! ကျွန်တော့်အမေ သေပြီ!"

သူ ပြေးရင်း အော်ပြောတယ်။

မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း သူ့အသံက အနီးအနားက မိသားစုတွေ ရှင်းရှင်းလင်းလင်းကြားရ၏။ လူအနည်းငယ်က ထွက်လာပြီး ဖြစ်ပျက်ခဲ့တာကို မေးမြန်းဖို့ သူ့ကို တားကြသည်။

သူက ငိုပြီး ခေါင်းခါတယ်။ "ကျွန်တော် မသိဘူး။ မီးဖိုချောင်ထဲမှာ နေနေတာ။ အသံကြားလို့ ထွက်လာတော့ အမေက သေနေပြီ။”

တကယ်တော့ သူက သူ့အမေနဲ့ မရင်းနှီးဘူး။

သူ့အဖေဆုံးပြီးကတည်းက သူ့အပေါ်ထားတဲ့ သူ့အမေရဲ့ သဘောထားက ပြောင်းလဲသွားတယ်။

ခဏအကြာတော့ သူမက ဘယ်ကမှန်းမသိသည့် လူကို အိမ်ပေါ်ခေါ်လာတယ်။

များသောအားဖြင့် ထိုလူက မကျွေးမွေးဘူး။ သူ့ကို ကန်တယ်၊ ရိုက်တယ်။ သို့သော် သူ့အမေက ဘေးမှ အေးစက်စက် ကြည့်နေတတ်သည်။ သူ့ကို တားဖို့ ဘယ်တုန်းကမှ မပြောဖူးဘူး။

သူက မြန်မြန်သေရင်ကောင်းမည်ဟု မျှော်လင့်ပြီး ညဘက်မှာ သူတို့ကို တိတ်တဆိတ် ကျိန်ဆဲခဲ့တယ်။

သို့သော် နှစ်များစွာကြာပြီးနောက် ဒီလူက ကောင်းကောင်း အသက်ရှင်နေသေးသည်။ ဒါ့အပြင် နေ့စဉ်နှင့်အမျှ ပိုပြီး ပြင်းထန်စွာ နှိပ်စက်ခံရသည်။

"မင်းအမေ သေပြီလား?"

လူတိုင်း အံ့သြသွားကြတယ်။ “လိမ္မာတဲ့ကောင်လေး ငါတို့ကို ကြည့်ဖို့ ခေါ်သွားပေး။”

အဘိုးအိုက ခေါင်းညိတ်ပြီး ပြောတယ်။

အားတိုင် ခေါင်းညိတ်ပြီး အမြန်လမ်းလျှောက်ခေါ်သွားသည်။ သူတို့ ထီးယူမနေတော့ပဲ ပြေးလိုက်ကြတယ်။ ပြောရရင် ရွာထဲ တစ်ယောက်ယောက်သေတာ အသေးအမွှား ကိစ္စတော့မဟုတ်။

လူတွေအားလုံး ဝင်လာတော့ သူတို့ရှေ့က မြင်ကွင်းကြောင့် ထိတ်လန့်သွား၏။

ထိုယောကျာ်းက ချွန်ထက်သည့် ဓားဖြင့် ထိုမိန်းမကို ထိုးနေသည်။

ထိုမိန်းမကို မှတ်မိစရာမရှိတော့။ မျက်လုံးပွင့်နေပြီး မကျေမနပ် သေဆုံးသွားခဲ့တယ်။

“ဝေါ့ …”

မိန်းမတစ်ယောက် မထိန်းနိုင်ပဲ အန်ချတယ်။

စောစောကပြောသည့် အဖိုးအိုသည် အားတိုင်ရဲ့မျက်လုံးကို အမြန်ဖုံးကွယ်ကာ အနောက်မှာ နေဖို့တိုးတိုးလေး စည်းရုံးတယ်။

ရွာကနှစ်ယောက် သတိပြန်လည်လာပြီး ဆွဲဖို့ ပြေးလာကြတယ်။

“ခွေးမ... ခွေးမ… ခွေးမ... မင်းကို သတ်မယ်!"

ထိုယောကျာ်းရဲ့ဆံပင် ရူပ်ပွနေပြီး သွေးယိုမတတ်ဖြစ်နေသည့် မျက်ဝန်းများက ထိုမိန်းမကို အပိုင်းပိုင်းလှီးချင်နေသည့်အလား စိုက်ကြည့်နေတယ်။ တခဏကြာတော့ ရွာသားတွေ ပြေးလာကြတယ်။

ထိုမိန်းမမျက်နှာကို မြင်ချိန်တွင် ထိုမိန်းမ၏မျက်နှာက အနည်းငယ်ကြောက်ဖို့ကောင်းနေပြီ။

သိပ်မဝေးသည့်တနေရာက တာ့နူသည် အားတိုင်ကို ကြည့်နေခဲ့သည်။ သူ့မျက်ဝန်း ရဲတက်လာပြီး မျက်ရည်များ စီးကျလာတယ်။ သူ မထွက်သွားခင် အားတိုင် အနားတွင် တခဏနေခဲ့သေးသည်။

နောက်တနေ့ ရွာသားများအကူအညီဖြင့် ထိုမိန်းမကို သင်္ဂြိုဟ်ခဲ့သည်။

ထိုယောကျာ်းကတော့ လူသတ်မှုနဲ့ သေဒဏ် ချမှတ်ခံရပြီး အမြန်သေဒဏ် ပေးခံရမည်ဖြစ်သည်။

သေချာပေါက် ဒီကိစ္စသည် မြန်မြန်ဆန်ဆန် အားလုံးပြီးသွားမည့် ကိစ္စများဖြစ်သည်။

တာ့နူ ရွာကပြန်လာပြီး လက်ဖက်ရည်ဆိုင်သို့ တန်းတန်းမတ်မတ် သွားခဲ့တယ်။ လုကျန့် သူ့ကို ခေါ်သွားတယ်။

လုကျန့်ကို နှုတ်ဆက်ပြီးနောက် လုရှန်းတို့ မြို့တောင်ဘက်ကို ပြန်ခဲ့ကြသည်။ သူတို့သည် မြို့တောင်ဘက်၌ လမ်းခွဲခဲ့ကြသည်။

လုရှန်း ရွာမပြန်ခင် အထူးတလည် စျေးဝယ်ထွက်ခဲ့သည်။ ဆိုင်သည် ပြုပြင်မွမ်းမံမှု ပြီးလုနီးပါး ဖြစ်နေပြီဆိုတာ သူမ နားလည်လိုက်တယ်။ မီးဖို လုပ်ပြီးပေမဲ့ စိုစွတ် နေသေးသည်။

ဒီနေ့ပဲ ပြီးမယ်ထင်တယ်။

သို့သော် မြေပြင်က အလွန်သန့်ရှင်း၏။ အထူးသန့်စင်ထားပုံရတယ်။

လုရှန်း အရမ်းကျေနပ်သွားတယ်။ အမှန်တော့၊ ဆရာရဲ့ အကူအညီသည် ယုံကြည်စိတ်ချရရုံသာမက  အလွန်ထိရောက်သည်။

ဆိုင်ကို စစ်ဆေးပြီးနောက် လုရှန်း မြို့ပြင် ထွက်လာခဲ့သည်။

သူမ ထွက်သွားပြီး သိပ်မကြာခင် ရှန်းကွမ်လင်းအာသည် တစ်ဖက်မှ ရုတ်တရက် ထွက်လာခဲ့သည်။ သူမ လုရှန်း ထွက်သွားသည့်လမ်းကြောင်းကို အေးစက်စက်စိုက်ကြည့်နေပြီး အတော်ကြာ စကားမပြောပေ။

“ညီမလင်းအာ မင်း ငါ့အနောက်လိုက်ရင် မင်းအတွက် ငါ သူ့ကို ဖယ်ရှားပေးမယ်။”

ဘယ်နေရာက ထွက်လာမှန်းမသိသည့် ချုစစ်လင်းသည် ရှန်းကွမ်လင်းအာကို နတ်ဆိုးဆန်သည့်အပြုံးဖြင့် ပြုံးပြလိုက်သည်။