အပိုင်း(၄၂၀)
Vol. 28 Ch. 420
“ကောင်းကင်နဲ့မြေကြီး အရှင်သခင်လက်သီး ..တစ်ချက်တည်းဖြင့်သတ်ခြင်း”
လူအုပ်၏စောင့်ကြည့်နေသောမျက်လုံး
များအောက်တွင်ပင် ဝမ့်ပိုင်က သူ၏ လွန်စွာ ကြီးစိုးပြီး ပြင်းထန်သော လက်သီးအား ရှစ်ဖုန့်ထံပစ်သွင်းလိုက်သည်။
လူအုပ်အနေဖြင့် ရှစ်ဖုန့်၏လက်သီးမှာ ဝမ့်ပိုင်၏လက်သီးကြောင့်ကွဲကြေသွားမည်ကို မြင်နှင့်ထားပြီးပုံရသည်။ ထို့နောက်တွင် ဝမ့်ပိုင်၏လက်သီးက ရှစ်ဖုန့်၏ ရင်ဝသို့ရောက်ရှိလိမ့်မည်ဖြစ်သည်။
“ဘန်း”
လက်သီးနှစ်ခုက အပြင်းအထန်ပစ်ဆောင့်မိကြပြီး ကျယ်လောင်သောအသံတစ်ခုထွက်
ပေါ်လာသည်။လက်သီးနှစ်ခု ၏ ပစ်ဆောင့်မှပြင်းထန်သော ပေါက်ကွဲမှုတစ်ခုအား ကြားလိုက်ရသည်။ ၎င်းမှာ လက်သီးနှစ်ခုကြားထဲတွင်ရုတ်တရက် မိုးချုန်းသံတစ်ခု ပေါက်ကွဲထွက်ပေါ်လာသကဲ့သို့ပင်ဖြစ်သည်။
ထို့နောက်ချက်ချင်းပဲ သူတို့၏မျက်နှာများထက်တွင်အေး
စက်သောအပြုံးများရှိနေကြသော
ကျင့်ကြံသူများသို့မဟုတ် ဝမ့်ပိုင်၏လက်သီးအောက်တွင် ရှစ်ဖုန့်၏လက်သီးကွဲကြေမည်ကိုကြိုမြင်နေကြသောသူများ အားလုံးတို့၏မျက်နှာများမှာ ရုတ်ခြည်းကြက်သေသေသွားကြသည်။ ဤအချိန်တွင်သူတို့၏မျက်နှာများထက်၌ အချိန်တို့ကရပ်တန့်နေသကဲ့သို့ဖြစ်နေသည်။
“ခရက်”
ကြွပ်ဆပ်သော အရိုးများကျိုးကြေသံမားသူတို့ကြား
လိုက်ရသည်ဖြစ်သည်။
ထို့နောက်တွင် အားလုံး၏မျက်နှာများထက်တွင် အလွန်စိတ်ဝင်စားမှုများဖြစ်လာသည်။
“အား”
ဝက်များအသတ်ခံရကာနီးအော်သံကဲ့သို့ နာကျင်စွာဖြင့်အော်ဟစ်မြည်တမ်းသော အသံက မိုးချုန်းသံများ၏ နောက်မှ ရုတ်ခြည်းထွက်ပေါ်လာသည်။
အစက လူအုပ်မှာထိုအော်ဟစ်မြည်တမ်းသံသည် ကောင်းကင်နှင့်မြေကြီးကြားထဲရှိကျယ်ပြောမှုအားမသိသော ရေတွင်းထဲမှဖားဖြစ်သူတောသား၏ အသံဖြစ်သည်ဟု ထင်ခဲ့ကြသည်။ သို့သော်ထိုအော်ဟစ်မြည်တမ်းသံနှင့် အရိုးများ ကျိုးကြေသောအသံတို့က ဝမ့်ပိုင်၏လက်သီးနှင့်ပါးစပ်တို့မှ
ထွက်ပေါ်လာခြင်းဖြစ်သည်။
ဝမ့်ပိုင်၏လက်သီးချက် ကွဲကြေသွားမှုနောက်မှလိုက်ပါ၍ ရှစ်ဖုန့်၏ လက်သီးက ကျယ်လောင်သောအသံနှင့်အတူ ဝမ့်ပိုင်၏ ရင်ဝထံ ဝင်ရောက်သွားသည်။ ဤလက်သီးချက်၏စွမ်းအားတို့က ဝမ့်ပိုင် ၏ တစ်ကိုယ်လုံးအား ဖြတ်သန်းပျံ့နှံ့သွားသည်။ ရှစ်ဖုန့်၏လက်သီးချက်ကြောင့် ဝမ့်ပိုင်၏တစ်ကိုယ်လုံးမှာနောက်သို့လွင့်ပျံထွက်သွားသည်။
ဝမ့်ပိုင်မှာ လွင့်ပျံနေရင်းသူ၏ခန္ဓာကိုယ်ထံမှ ပဲတောင့်များမီးရှို့ခံရလျှင်ထွက်လာ
သကဲ့သို့သော အက်ကွဲသံများ ကို ဆက်တိုက်ထုတ်လွှတ်နေသည်။ ယင်းမှာရှစ်ဖုန့်၏ငရဲဘုံလက်သီးချက်အောက်တွင် ဝမ့်ပိုင် ၏ အရိုးများ အစိတ်စိတ်အမွှာမွှာကွဲကြေသွားသော အသံတို့ပင်ဖြစ်သည်။
“စီနီယာအကိုပိုင်”
“စီနီယာအကိုပိုင်”
ဝမ့်ပိုင်၏အနားတွင်ရှိနေသောလုံဟူဂိုဏ်း၏ တပည့်နှစ်ဦးမှာ ဝမ့်ပိုင်၏ ကောင်းကင်နှင့်မြေကြီးအရှင်သခင်လက်သီးကကျိုးပျက်သွားသည်ကိုတွေိ့လိုက်ရရုံသာမကဘဲ သူ့လက်သီးအတွင်းရှိအရိုးများကျိုးကြေသံကိုလည်းကြားလိုက်ကြရသည်။သူ၏
ကိုယ်ကနောက်သို့လွင့်ထွက်သွားပြီး ခန္ဓာကိုယ်မှာအရိုးကျိုးသံတို့က ဆက်လက်ထွက်ပေါ်နေသည်။ သူတို့၏မျက်နှာများထက်တွင် တုန်လှုပ်အံ့အားသင့်မှု၊ထိတ်လန့်ကြောက်ရွံ့မှုတို့ဖြင့်ပြည့်နှက်နေသည်။ ပုံရိပ်နှစ်ခုကလှုပ်ရှားလိုက်ပြီးအလျှင်အမြန်ဝမ့်ပိုင်ထံသို့ပျံသန်းသွားလိုက်ကြသည်။
လွင့်ပျံနေသော ဝမ့်ပိုင်၏ကိုယ်မှာ ဝမ့်ပိုင်၏ရုတ်တရက် ပြန်လည်တွန်းကန်အားထုတ်မှုကြောင့် လေထဲ၌အတင်းအကျပ်ရပ်တန့်သွားသည်။
“ဝေါ့”
ဝမ့်ပိုင်၏ ပါးစပ်မှတောက်ပနီရဲသောသွေးတစ်ပွက်ကိုအန်ထုတ်လိုက်သည်။ဝမ့်ပိုင်၏ကိုယ်မှာ လေထဲတွင် ယိမ်းယိုင်နေပြီး တော်တော်လေးကိုမတည်မငြိမ်ဖြစ်နေသည်။ ယင်းမှာအချိန်မရွေးသူအနေဖြင့် မြေပြင်ပေါ်သို့ပြုတ်ကျတော့မည်သကဲ့သို့ပင်ဖြစ်သည်။
“စီနီယာအကိုပိုင်”
“စီနီယာအကိုပိုင်”
လုံဟူဂိုဏ်း၏ တပည့်နှစ်ယောက်မှာ ဝမ့်ပိုင်၏ဘေးသို့အလျှင်အမြန်ရောက်ရှိလာသည်။တစ်ယောက်စီဘေးတစ်ဖက်ဆီ
သို့ဝင်လိုက်ကြပြီး များစွာသောဒဏ်ရာများ ရရှိနေကာ မြေပြင်ထက်သို့ပြုတ်ကျတော့မည် ဝမ့်ပိုင်အားကူညီထိန်းပေးလိုက်ကြသည်။
သို့သော် ဤအချိန်တွင် ရှစ်ဖုန့်၏အကြည့်တို့ကအေးစက်နေပြီး လေထဲတွင်ရှိနေသောလုံဟူဂိုဏ်းသားသုံး
ယောက်အားသွေးအေးစွာကြည့်နေသည်။ သူကသူ့လက်ထဲရှိလခြမ်းကွေးဓားအားလွှဲယမ်းလိုက်သည်။ ရုတ်ခြည်းဆိုသလို လခြမ်းကွေးဓားမှာ ရှစ်ဖုန့်၏လက်ထဲမှ ပျံသန်းထွက်သွားပြီး လုံဟူဂိုဏ်းသားသုံးယောက်ရှိရာလေထဲသို့ ဆက်လက်၍ တဝှီဝှီလည်ပတ်သွားသည်။
ထို့နောက်ရုတ်ခြည်း ရှစ်ဖုန့်က အတွေးတစ်ချက်ဖြင့် လှုပ်ရှားလိုက်သည်။ “ဝုန်း”ဆိုသောအသံနှင့်အတူ အရှိန်အဟုန်ဖြင့် လည်နေသော လခြမ်းကွေးသဏ္ဍန် လပြည့်ဓားမှ ကြမ်းကြုတ်သောမီးခိုးဖြူရောင်မီး
တောက်တို့ပေါက်ကွဲထွက်ပေါ်လာသည်။ လပြည့်ဓားက ဆက်လက်၍ တဝှီဝှီလည်ပတ်သွားသကဲ့သို့ ဓားတစ်ခုလုံးနှင့် ကြမ်းကြုတ်သောမီးခိုးဖြူရောင်မီး
တောက်တို့မှာ ရုတ်တရက် မီးခိုးဖြူရောင်မီးမုန်တိုင်းတစ်ခုအ
သွင်ဖွဲ့စည်းသွားပြီး လုံဟူဂိုဏ်းသားသုံးယောက်ထံသို့
သိမ်းကျုံးဦးတည်သွားသည်။ ဩ
“ဒီ..ဒီစွမ်းအား.. ဘာလို့ဒီလူငယ်လေးဒီစွမ်းအားကိုသုံးတဲအခါမှာ သူဘယ်နယ်ပယ်ရှိလဲဆိုတာကိုငါမမြင်နိုင်တာလဲ…ဒီစွမ်းအားက ငါ့ရဲ့ကျင့်ကြံမှုနယ်ပယ်ကိုလုံးဝ ကျော်လွန်သွားတာများဖြစ်နိုင်မလား….ဒါက …ဒါက ဘယ်နယ်ပယ်မျိုးရဲ့စွမ်းအားလဲ”
လုံဟူဂိုဏ်းသားသုံးယောက်အားဝါး
မျိုသွားသည့် မီးမုန်တိုင်းအားစောင့်ကြည့်ရင်း
တစ်စုံတစ်ယောက်က အလန့်တကြားအော်ပြေလိုက်သည်။
သူမဆိုထားဘိ ရှစ်ဖုန့်ပင် ဖျောင်ရွှယ်ယွဲ့နှင့်ရင်ဆိုင်ရစဉ်အခါက
သူမဤဓားအားအသုံးပြုပြီးတိုက်ခိုက်သောအခါတွင် တိုက်ခိုက်မှု၏နယ်ပယ်အား ဖောက်မြင်နိုင်ခြင်းမရှိခဲ့ပေ။
“ဒီလခြမ်းကွေးပုံစံဓားရဲ့ အဆင့်ကဘာများလဲ…အဲ့လူငယ်လေးက ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်သာရှိနေသေးပေမဲ့.. အခုဒီလိုမျိုးစွမ်းအားကို အသုံးပြုနိုင်စွမ်းရှိတယ်”
ဤအချိန်တွင် လူအများစု၏ အကြည့်များက မီးမုန်တိုင်းပေါ်တွင်စူးစိုက်ထားကြသည်။အားလုံးမှာ သူတို့၏ ကျင့်ကြံမှုနယ်ပယ်များဖြင့်ပင် ၎င်းစွမ်းအား ၏နယ်ပယ်အားမြင်နိုင်ခြင်းမရှိသည်ကိုသဘောပေါက်လိုက်ကြသည်။
အကွာအဝေးတစ်ခုတွင် ထျန်းခွန်းဂိုဏ်းမှ ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်ဖြစ်သော ချင်ယွမ်ရရှန်ကလည်း မီးမုန်တိုင်းကိုစိုက်ကြည့်နေသည်။ သူပင်လျှင် ထိုစွမ်းအား၏နယ်ပယ်အားမြင်နိုင်ခြင်းမရှိပေ။
လုံဟူဂိုဏ်းသားသုံးယောက်မှာ သူတို့ထံသို့သိမ်းကျုံးဦးတည်လာနေသော မီးမုန်တိုင်းအားတွေဝေစွာကြည့်နေမိကြသည်။ရှစ်ဖုန့်၏တိုက်ခိုက်မှုအောက်တွင် ဝမ့်ပိုင်၏ အရိုးအများစုကု ကျိုးကြေသွားခဲ့သည်ဖြစ်သည်။သူ၏ခန္ဓာကိုယ်ကတိုက်ခိုက်နိုင်စွမ်းအား ယာယီဆုံးရှုံးသွားခဲ့သည်။ တိုက်ခိုက်မှုတစ်ခုပြုလုပ်၍ သူကိုယ်တိုင်ခုခံချင်သော်လည်း ရုတ်ခြည်းဆိုသလို လက်ဆက်သောသွေးတစ်ပွက်အားသူ၏ပါးစပ်မှ အန်ထုတ်လိုက်ရသည်။
လုံဟူဂိုဏ်း၏ အခြားတပည့်နှစ်ယောက်မှာ ချက်ချင်းပဲပြိုင်တူအော်လိုက်ကြသည်။
“ကောင်းကင်နဂါးလက်ဖဝါးပုံရိပ်…”
“မြေကမ္ဘာကျားလက်သီးပုံရိပ်”
တစ်ယောက်ကသူ၏ညာလက်ဖြင့်လက်ဖဝါးတစ်ခုပုံဖော်လိုက်ပြီးကျန်တစ်ယောက်က သူ၏ဘယ်လက်ဖြင့်လက်သီးတစ်ခုပုံဖော်လိုက်သည်။ ထို့နောက်သူတို့ထံသို့ ဦးတည်လာနေသော မီးမုန်တိုင်းအား တိုက်ခိုက်လိုက်ကြသည်။
ရုတ်ခြည်းဆိုသလို လုံဟူဂိုဏ်းသားနှစ်ယောက် ဧရာမလက်သီးပုံရိပ်ကြီးနှင့်ဧရာမလက်သီးပုံရိပ်ကြီးအားပစ်လွှတ်လိုက်သည်။
“ဂါး.ဂါး”
လက်ဖဝါးပုံရိပ်အထက်မှ နဂါးတစ်ကောင်၏ဟိန်းဟောက်သံအားကြားရနိုင်သည်ဖြစ်သည်။လက်ဖဝါးပုံရိပ်အတွင်း ဧရာမနဂါးတစ်ကောင်၏ ပုံရိပ်အား ဝိုးတိုးဝါးတားမြင်ရနိုင်သည်ဖြစ်သည်။
လက်သီးပုံရိပ်အတွင်းမှ ကျားတစ်ကောင်၏ ဟိန်းသံကိုလည်း ကြားရနိုင်သည်ဖြစ်သည်။ တူညီစွာပင် လက်သီးပုံရိပ်အတွင်းမှ ဧရာမကျားတစ်ကောင်၏အရိပ်အား
မြင်ရနိုင်သည်ဖြစ်၏။
လက်သီးနှင့်လက်ဖဝါးပုံရိပ်တို့က မီးခိုးဖြူရောင်မီးမုန်တိုင်းနှင့်အပြင်း
အထန်ပစ်ဆောင့်သွားကြသည်။
ထို့နောက်ချက်ချင်းပဲထွက်လာသောရလဒ်က အားလုံး၏ မျှော်မှန်းချက်များအတွင်းရှိနေသည်ဖြစ်သည်။လက်ဖဝါးပုံရိပ်နှင့်လက်သီးပုံရိပ်တို့မှာ အစောပိုင်းကကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်ကျွမ်းကျင်သူ၏ တိုက်ခိုက်မှုကဲ့သို့ပင် မီးမုန်တိုင်းကြောင့်လျှင်မြန်စွာဖျက်ဆီးခံလိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်း မီးခိုးဖြူရောင်မီးမုန်တိုင်းက လုံဟူဂိုဏ်းသားသုံးယောက်ရှေ့သို့ရောက်ရှိသွားသည်။လုံဟူဂိုဏ်းသားသုံးယောက်၏ တုန်လှုပ်သောအကြည့်များ အောက်တွင်ပင် မီးခိုးဖြူရောင်မီးမုန်တိုင်းက သူတို့အား ဝါးမျိုသွားသည်။
“အား..အား.အား..အား.အား..အား.”
“အား..အား.အား..အား.အား..အား.”
“အား..အား.အား..အား.အား..အား.”
မီးခိုးဖြူရောင်မီးမုန်တိုင်းအတွင်း စူးစူးဝါးဝါးနှင့်နာကျင်စွာအော်ဟစ်သော
အသံများက ပဲ့တင်ထပ်နေသည်။ သူတို့အနေဖြင့် မီးမုန်တိုင်းအတွင်းမှအခြေအနေများအား မမြင်တွေ့နိုင်ကြသော်လည်း အားလုံးမှာ ထွက်ပေါ်လာမည့်လုံဟူဂိုဏ်းသားတ
ပည့်သုံးယောက် ၏ ရလဒ်အားသိနှင့်ကြပြီးဖြစ်သည်။
လုံဟူဂိုဏ်း၏ပါရမီရှင်တပည့်သုံး
ယောက်ဖြစ်သော ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်နှင့်ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်ကျွမ်းကျင်သူနှစ်ယောက်တို့မှာ ကြွေလွင့်ခဲ့ပြီဖြစ်သည်။
“ဒါက လုံဟူဂိုဏ်းက ဝမ့်ပိုင်က ဒီလိုနဲ့ပဲသေသွားတယ်”
“ဒီလက်နက်က အရမ်းကိုစွမ်းအားကြီးတယ်…ဒီလူငယ်လေးမှာ ဒီလိုမျိုးစွမ်းအားကြီးတဲ့လက်နက်
တစ်ခုရှိနေတယ်.. သူကထျန်းခွန်းဂိုဏ်းက ချင်ယွမ်ရှန်ကိုတောင်ဂရုမစိုက်တာမအံ့ဩတော့ပါဘူး”
“ဒါပေမဲ့ စောနက တိုက်ခိုက်လိုက်တဲ့မီးမုန်တိုင်း ..အဲ့တာဘယ်လိုစွမ်းအားမျိုးလဲ..
မင်းအဲ့တာကိုမြင်ရလား..”
ကျင့်ကြံသူတစ်ယောက်က သူ့အနီးနားရှိကျင့်ကြံသူအားမေးလိုက်သည်။
ထို့နောက်သူတို့ထဲကတစ်ယောက်က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းခါလိုက်သည်။
“ဒီလက်နက်က ထုတ်လွှတ်တဲ့မြူက သေခြင်းတားမြစ်နယ်မြေထဲက နဲ့အတူတူပဲ..အဲ့တာက သေခြင်းတားမြစ်နယ်မြေထဲကဖြစ်လိမ့်မယ်”
ကျင့်ကြံသူတစ်ယောက်ကပြောလိုက်သည်။
“အင်း”
သူ့ဘေးတွင်ရှိနေသောကျင့်ကြံသူများက သူ့စကားအားကြားလိုက်ရသောအခါတွင် ခေါင်းညိမ့်ထောက်ခံလိုက်ကြသည်။ သူတို့က မီးခိုးရောင်မီးမုန်တိုင်နှင့်ရှစ်ဖုန့်အားကြည့်ရင်းသူတို့၏စိတ်ထဲ၌ မတူညီသောအတွေးများအား
တွေးနေကြသည်။
ဤအချိန်တွင် ရှစ်ဖုန့်က ညာလက်ဖဝါးအားရှေ့သို့ထုတ်လိုက်ပြီး မီးခိုးဖြူရောင်မီးမုန်တိုင်းက ရုတ်ခြည်းသူ့ထံသို့ပြန်လည်ဝင်ရောက်လာသည်။ တစ်ချိန်တည်းမှာပင် နီရဲသောသွေးတန်းတို့က သွေးမြှားများအဖြစ်ပြောင်းသွားပြီး မီးမုန်တိုင်းအတွင်းမှ ပျံသန်းထွက်လာကာ ရှစ်ဖုန့်ထံသို့အရူးအမူးဝင်ရောက်လာသည်။
ဆက်ရန်……..
ဘာသာပြန်သူ-ARISE