← Chapters

လျန်ယွမ်သည် မကောင်းတဲ့နေရာသို့ ပြေးဝင်သွား၏။

Vol. 6 Ch. 141

လျန်ယွမ်သည် မကောင်းတဲ့နေရာသို့ ပြေးဝင်သွား၏။

Vol. 6 Ch. 141

လုရှန်း မိုးကာအင်္ကျီနဲ့ ဝါးဦးထုပ်ကိုဝတ်ပြီး အပြင်ကို ထွက်လာသည်။ ထို့နောက် အိမ်လုပ်ပိုက်ကွန်နဲ့ အစာအချို့ကို အိမ်နောက်ဖေးကို ယူသွား၏။

“ချစ်တပည့်၊ မီးယူသွားဦး။”

လုကျန့် ကြင်နာစွာ မီးအိမ်ကို လှမ်းပေး၏။

လုရှန်း နက်မှောင်သောအမူအရာနဲ့ လက်ခံလိုက်ပြီးနောက် အိမ်နောက်ဖေးကို တိတ်တဆိတ်လျှောက်လာခဲ့တယ်။

လုကျန့် မျက်ခုံးပင့်ပြီး လက်ဖက်ရည်သောက်ဖို့ အခန်းသို့ ပြန်လာခဲ့သည်။

လုဂျန်နဲ့ လုရှင်း အိပ်ပျော်နေတာ ကြာပြီ။ ဘေးအိမ်က လျန်မိသားစုသည်လည်း မီးရောင်ပျောက်နေတာကြာပြီ။ ဒီအချိန် လုရှန်းရဲ့အိမ်အပြင်ဘက်မှာ မှောင်မဲနေသည်။

လုရှန်း အစာကို ပိုက်ကွန်ထဲထည့်ပြီး ရေကန်ထဲ ပစ်လိုက်သည်။ သူမ အခန်းသို့ ပြန်ပြီး မစောင့်ခင် ပိုက်ကွန်ပေါ် ဖိဖို့ အုတ်ခဲကို အသုံးပြုခဲ့သည်။

ငါးမိနစ်ကြာပြီးနောက် သူမက ပိုက်ကိုယူဖို့ အိမ်နောက်ဖေးသို့ ထွက်သွားသည်။

ပိုက်ထဲတွင် ၅ ပေါင်၊ ၆ ပေါင်လောက်ရှိသော ကျောက်ပုစွန်ရှိနေ၏။ လုရှန်း ငါးအသေးလေးတွေကို ရေကန်ထဲကို ပြန်လွှတ်ပြီး အကြီးတွေကို သစ်သားပုံးထဲထည့်တယ်။ သူမ လုကျန့်အတွက် ချဉ်စပ်ချက်ပေးသည်။

လုကျန့် တစ်ယောက်တည်း အခန်းထဲ ထိုင်နေကာ ဖယောင်းတိုင်မီးအောက် ကျောက်ပုစွန်ချက်ပြီးချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

ဆေးကြောပြီးနောက် လုရှန်း အိပ်စက်ဖို့ အခန်းထဲ တိတ်တိတ်လေးဝင်တယ်။ စားသောက်ပြီးနောက် လုကျန့် ကိုယ့်ဟာကိုယ် သန့်ရှင်းချေ။

နောက်တနေ့ လုရှန်း နိုးလာတော့ စားပွဲပေါ်တွင် ငွေလတ်မှတ် ၃၀၀ နဲ့ စာတစောင်ကို တွေ့လိုက်ရတယ်။

စာထဲတွင် စာကြောင်းအနည်းငယ်ပဲရှိတယ်။ “ဒီငွေ ၃၀၀ ကို ဟွားရှန်းရွာက အားတိုင်လို့ခေါ်တဲ့ကောင်လေးကို သွားပေး ပေး။ ငါ အခု မြို့တော်ကို ပြန်ရောက်နေပြီ။ ငါ့ကို သတိရမနေနဲ့။"

အားတိုင်က တာ့နူရဲ့သား ဖြစ်လောက်သည်။

လုရှန်း နှုတ်ခမ်းဖိကိုက်ရင်း စာကို နေရာလွတ်လက်ကောက်ထဲကို ပစ်ထည့်လိုက်သည်။

သူမ တစ်ခုခုကို တွေးမိပြီး သေတ္တာတစ်လုံး ထုတ်လိုက်သည်။ လင်းဂျန်အိမ်တော်မှ ပြန်ချိန် ချုစစ်ဟန်ပေးခဲ့တာ။ သူမ အကြာကြီးသိမ်းခဲ့ပြီး ကြည့်ဖို့ မေ့နေခဲ့သည်။ စပ်စပ်စုစုဖွင့်ကြည့်တော့ သစ်သားသေတ္တာလေးထဲ ကျောက်စိမ်းဆံထိုးတစ်ခု တွေ့လိုက်ရသည်။

ကျောက်စိမ်းဆံထိုးက သူမ ဝတ်ထားသည့် ကျောက်စိမ်းလက်ကောက်နဲ့ အတူတူပင်။

သူမ ပစ္စည်းနှစ်ခုကို အတူထားလိုက်တယ်။ ရုတ်တရက် အဖြူရောင်အလင်းတန်းတစ်ခု ထွက်လာ၏။

သူမ ကျောက်စိမ်းဆံထိုးကို စမ်းကြည့်တော့ ကျောက်စိမ်းဆံထိုးလည်း သိုလှောင်သည့် နေရာလွတ်လက်ကောက်တစ်ခုဖြစ်သည်ကို သိလိုက်ရသည်။

သို့သော် သူမရဲ့ နေရာလွတ်လက်ကောက်အကျယ်အဝန်းထက် ထက်ဝက်သေးငယ်သည်။

ချုစစ်ဟန်မှာ ဘာလို့ ဒါရှိနေတာလား? သူမကို ဘာလို့ ပေးတာလဲ? ဒါက နေရာလွတ်ဆိုတာ သူသိနေတာလား?

လုရှန်း မျက်မှောင်ကြုံ့ပြီး ပစ္စည်းတွေကို အမြန်သိမ်းလိုက်တယ်။ သူမ မြို့ထဲသွားပြီး ချုစစ်ဟန်ကို ထပ်မေးချင်တယ်။

"ဒုတိယအစ်မ၊ ဒီဂဏန်းငံပြာရည်က ပေါင်းထားတဲ့ပေါင်မုန့်လိုပဲ အရသာရှိတယ်!"

လုဂျန်က သူမ ထွက်လာတာမြင်တော့ ပြုံးပြီး ခပ်မြန်မြန်ဆိုတယ်။

“အရသာရှိရင် များများစား။ ရှင်းရှင်း မင်း အရပ်ရှည်အောင် များများစားရမယ်။”

“ဟုတ်ကဲ့!”

သူမနဲ့ ကလေးနှစ်ယောက် အတူရှိတာ အတော်ကြာပြီ။ ကလေးတွေ အလွန်ထွားလာတယ်။

လုရှန်း ပြုံးပြီး သစ်သားဇလုံကို ကောက်ယူလိုက်ကာ မနေ့က ဝတ်ထားသည့် အဝတ်အစားကို သစ်သားဇလုံထဲထည့်ပြီး လျှော်ဖို့ပြင်တယ်။

သို့သော် ရေတွင်းနား ရောက်ချိန်  တံခါးခေါက်သံကို ကြားလိုက်ရတယ်။

လုရှန်း တံခါးဖွင့်လိုက်တော့ အဒေါ်'ယု' ငိုနေတာကို တန်းတွေ့၏။ "လုရှန်း၊ သမီးရဲ့ မြင်းလှည်းကို သုံးပြီး ယွမ်ဇီလေးကို ဆေးဘက်ဆိုင်ရာခန်းမကို ပို့ပေးနိုင်မလား?"

လုရှန်း မျက်မှောင်ကြုံ့ပြီး “ရှောင်ယွမ်ဇီ ဘာဖြစ်လို့လဲ?”

"အဒေါ် မသိဘူး!" အဒေါ်'ယု' မျက်ရည်သုတ်ပြီး “စောစောက ကောင်းတယ်။ ရုတ်တရက် သူ မနားတမ်းထငိုနေတာ။ အခု တွန့်လိမ်နေပြီ။”

“မြင်းလှည်း ထုတ်ခဲ့နော်။ ကျွန်မ တချက်သွားကြည့်လိုက်ဉီးမယ်!”

လုရှန်း အနောက်တံခါးဆီကို အမြန်ထွက်လာခဲ့တယ်။

လျန်ပင်က လျန်ယွမ်နဲ့ ငိုနေသည့် အမျိုးသမီး'ချန်'ကို ဖက်ထား၏။

လုရှန်း ကလေးဆီက အနက်ရောင်ရောင်ဝါကို မြင်တော့ သူမရဲ့ မျက်နှာက မည်းမှောင်သွားသည်။

သူမ လျန်ပင်ကို “အစ်ကို'လျန်' ရှောင်ယွမ်ဇီကို အရင်ချထားလိုက်။”

လျန်ပင် သံသယရှိပေမဲ့ ကလေးကို အပြင်ဘက် သစ်သားကုတင်ပေါ်မှာ ထားထားဆဲ။

သူမ ဂါထာစာရွက်အမြန်ထုတ်ပြီး မျက်လုံးမှိတ်ကာ စကားလုံးတချို့ ရွတ်ဆိုလိုက်တယ်။ ထို့နောက် တွန့်လိမ်နေသည့် လျန်ယွမ်အပေါ်သို့ ဂါထာစာရွက်ကပ်လိုက်သည်။

All Chapters