← Chapters

ဧည့်သည်တွေ ဒီမှာရှိတယ်။

Vol. 6 Ch. 142

ဧည့်သည်တွေ ဒီမှာရှိတယ်။

Vol. 6 Ch. 142

ခန္ဓာကိုယ်ပေါ် ဂါထာစာရွက်ကပ်လိုက်ချိန်တွင် တုန်ယင်နေသည့် လျန်ယွမ် ချက်ချင်း ရပ်တန့်သွားကာ မျက်ရည်များ ကျလာသည်။

လျန်ပင်နဲ့ အမျိုးသမီး'ချန်'တို့ အံသြသွားကြသည်။

သူတို့ တိတ်ဆိတ်နေတာကိုမြင်တော့ လုရှန်း လျန်ယွမ်ကို အမြန်ချီပြီး ချော့မြူလိုက်တယ်။

"လုရှန်း ဘာဖြစ်သွားတာလဲ?”

အမျိုးသမီး'ချန်' စိတ်ပြန်လည်လာတော့ အငိုရပ်သွားသည့် လျန်ယွမ်ကို အမြန်ချီလိုက်တယ်။

"စိုးရိမ်စရာ မရှိပါဘူး။ မသန့်ရှင်းတဲ့ အရာတစ်ခုကို ထိလိုက်မိလို့။ အခု ကောင်းသွားပါပြီ။”

ကလေးတွေမှာ အားနည်းတဲ့ ဓာတ်တွေရှိတာမို့ ဒီအရာတွေနဲ့ အလွယ်တကူ ရောထွေးသွားကြတာ ဖြစ်တယ်။

လုရှန်းက လျန်ယွမ်ကိုယ်ပေါ်က စာရွက်ကို ဆုတ်ဖြဲပြီး အမျိုးသမီး'ချန်'ကို “ရှောင်ယွမ်ဇီ ဒီနေ့ဘယ်သွားသေးလဲ?”

အစောက ကလေးကို ရစ်ပတ်ထားတာ တစ္ဆေရောင်ဝါသပ်သပ်ပဲ။ တစ္ဆေက သူ့အနောက် လိုက်မလာသေးဘူး။

အမျိုးသမီး'ချန်' ခေါင်းခါယမ်းတယ်။ “ဘယ်မှ မသွားဘူး။ ယွမ်ဇီက သူ နိုးလာကတည်းက သူ့ဘာသာသူ ခြံဝင်းထဲ ကစားနေတာ!”

မြင်းလှည်းထုတ်ပြီး အမြန်ပြန်လာသည့် အ‌ဒေါ်ယုသည် သူ့မြေးက ချွေးမဖြစ်သူ ပခုံးပေါ်မှီလျက် လဲလျောင်းနေတာကို တွေ့ရတော့ အံ့အားသင့်သွား၏။

"ယွမ်ဇီ သက်သာပြီလား?"

လျန်ပင်က လုရှန်းကို တစ်ချက်ကြည့်ပြီး "လုရှန်းပြောတာတော့ ယွမ်ဇီက မသန့်ရှင်းတဲ့ အရာတစ်ခုကို ကိုင်မိလို့တဲ့။ သူ့အပေါ် ဂါထာစာရွက်ကပ်လိုက်တော့ ရုတ်တရက် ကောင်းသွားတာပဲ။”

အဒေါ်ယု အံ့သြသွားတယ်။ လုရှန်းမှာ ဒီလိုစွမ်းရည်တွေ ရှိတယ်ဆိုတာ သူမ ဘာကြောင့်မသိခဲ့တာလဲ?

"လုရှန်း ဘယ်လိုသိတာလဲ?"

လုရှန်း ပြုံးတယ်။ “ဘုန်းကြီးတစ်ပါးက ကျွန်မတို့ အိမ်ကို အရင်က သရဲခြောက်တဲ့အိမ်လို့ ပြောဖူးတယ်လေ။ မကြာသေးခင်က ကျွမ်းကျင်ပညာရှင်တစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီး ညွှန်ပြချက်အချို့ကို တောင်းဆိုခဲ့တာ။”

"ဟုတ်လား!"

အဒေါ်ယု ခေါင်းညိတ်တယ်။

အမျိုးသမီး'ချန်' လုရှန်းရဲ့ မေးခွန်းကို စဉ်းစားပြီး "လုရှန်း၊ မင်း ဒီမနက် ယွမ်ဇီ ဘယ်သွားလဲလို့မေးတယ်လေ။ ပြဿနာရှိလား?"

လုရှန်း ခေါင်းညိတ်တယ်။ “သူ့ဆီမှာ တစ္ဆေရောင်ဝါစွန်းထင်နေပေမဲ့ တစ္ဆေက ဒီမှာမရှိဘူး။“

အဒေါ်ယု မျက်မှောင်ကြုံ့ပြီး "ဒါပေမဲ့ သူ နိုးလာကတည်းက ဘယ်မှမသွားဘူး!"

အမျိုးသမီး'ချန်'နဲ့ လျန်ပင် ခေါင်းညိတ်တယ်။

လုရှန်း ဒီစကားကြားတော့ မျက်မှောင်ကြုံ့ပြီး “အဒေါ်ယု၊ ဒီည စားပွဲသေးသေးတစ်လုံးနဲ့ ပန်းသီးငါးလုံး ပြင်ထားပေးပါ။ နံ့သာပေါင်းအိုးနဲ့ ချက်ထားတဲ့ ကြက်သားကိုပါချက်။ နေဝင်ရင် စားပွဲပေါ်တင်ထား။ ပြီးရင် ကျွန်မကို လှမ်းခေါ်လိုက်။”

နောက်နောင် အဲအရာက ရှောင်ယွမ်ဇီကို မနှောက်အယှက်ဖို့ ဆင့်ခေါ်ချင်သည်။

“ကောင်းပြီ!”

အဒေါ်ယု မှတ်သားပြီး သူ၏သားဖြစ်သူကို လုရှန်းရဲ့ မြင်းလှည့်းဖြင့် ပစ္စည်းတွေဝယ်ဖို့ မြို့ထဲသွားခိုင်းလိုက်သည်။

"ဒုတိယအစ်မ၊ ဧည့်သည်ရောက်နေတယ်။"

လုရှန်း လျန်မိသားစုမှ ပြန်လာတော့ ရင်းနှီးနေကျ မြင်းလှည်း အပြင်ဘက်တွင် ရပ်ထားတာကို တွေ့လိုက်တယ်။

လုဂျန် တံခါးဆီ လျှောက်လာပြီး သူမကို လာခေါ်တာဖြစ်သည်။

“သိပြီ။”

လုဂျန်ရဲ့ခေါင်းကို ပွတ်ပေးရင်း သူ့ကို ခြံဝန်းထဲ ဆွဲသွင်းလိုက်သည်။

လုဂျန် ဝင်သွားတော့ အခန်းထဲ ထိုင်နေသည့် လူသုံးယောက် မတ်တပ်ရပ်ပြီး သူမကို လှည့်ကြည့်တယ်။

“မိန်းကလေး'လု'။”

ရှီရီ ပြုံးတယ်။

"သခင်လေး'ရှီ'နဲ့ သခင်လေး'ယွမ်' ရှင်တို့ ဘာလို့ ဒီကိုရောက်နေတာလဲ?"

လုရှန်း အံ့သြစွာ မေးလိုက်တယ်။

ချုစစ်ဟန်နဲ့ ချုယွမ်ရောက်လာတယ်လို့ သူမ ထင်ခဲ့တာ။ သူတို့ ဖြစ်မယ်လို့ သူမ လုံးဝ မမျှော်လင့်ခဲ့။

"မိန်းကလေး'လု' မင်း အချိန်ကိုက် ရောက်လာတာပဲ။ ကျေးဇူးပြုပြီး ဆုံးဖြတ်ပေးပါ။ ဒီ လူနှစ်ယောက်က ကျွန်တော့်လို ချောချောမောမောကို မြင်းလှည်းမောင်းသူ လုပ်ခိုင်းကြတယ်။”

ရှီရီက ချုစစ်ဟန်နဲ့ ယွမ်တင်းကို မကျေမနပ်ကြည့်ရင်းဆိုတယ်။

သူတို့ နှစ်ယောက်က ရှီရီကို လစ်လျုရူထားတယ်။

လုရှန်းက ခြောက်ကပ်စွာ ရယ်မောလိုက်ပြီး သူတို့သုံးယောက်ကို ထိုင်ဖို့ ဖိတ်ခေါ်လိုက်သည်။

"ကျေးဇူးပြုပြီး အရင်ထိုင်ပါဦး။ ကျွန်မ ရှင်တို့အတွက် လက်ဖက်ရည်ဖျော်ပေးမယ်။"

လုရှန်း လုဂျန်ကို ထင်းတချို့ ယူလာခိုင်းတယ်။ ထို့နောက် လက်ဖက်ရည်အိုးထဲ လက်ကျန်လက်ဖက်ရည်ကို သွန်၊ လက်ဖက်ရည်အိုးကို ရေဆေးပြီး နောက်ထပ် လက်ဖက်ရည် ပြုလုပ်သည်။

လက်ဖက်ရည် ပြုလုပ်ပြီးနောက် သူမ ခွက် ၃ ခွက်ကို စားပွဲပေါ်တင်လိုက်တယ်။

သူမက ပြုံးပြီး “ကျွန်မတို့မှာ လက်ဖက်ရည်ခွက် အစုံမရှိဘူး။ ကျေးဇူးပြုပြီး ဒါနဲ့ပဲ သောက်ပေးပါ။”

All Chapters