← Chapters

စစ်သူကြီး‘ဂျီ’။

Vol. 6 Ch. 143

စစ်သူကြီး‘ဂျီ’။

Vol. 6 Ch. 143

ချုစစ်ဟန် သူမဆီက လက်ဖက်ရည်ခွက်ကို ယူပြီး ထိုင်ဖို့ လက်ဟန်ဖြင့် ခေါ်တယ်။

လုရှန်း ထိုင်ခုံတစ်လုံးဆွဲပြီး ထိုင်ကာ လုဂျန်ကို လုရှင်းနဲ့အတူ သွားဆော့ဖို့ သွားရှာခိုင်းတယ်။

သူမက ချုစစ်ဟန်ကို ပြုံးပြီး "ရှင်တို့သုံးယောက် ဒီနေ့ ဘာလို့လာတာလဲ?”

ယွမ်တင်းက “ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ မိန်းကလေး'လု'ကို အကြောင်းတစ်ခုလောက် မေးချင်လို့။"

လုရှန်း ခေါင်းညိတ်တယ်။ "မေးလေ၊ သခင်လေး'ယွမ်'။”

ယွမ်တင်း ခေါင်းညိတ်တယ်။ “လွန်ခဲ့တဲ့ငါးနှစ်က လျိုယွဲ့ရွာနားက ချင်းရူမြစ်နား စစ်သူကြီးတစ်ယောက် အသတ်ခံရတယ်။ ရန်သူတိုင်းပြည်ရဲ့ လူတစ်ယောက် သတ်တာခံရတယ်လို့ လူအများက ပြောကြတယ်။ ဒါပေမယ့် အဲ့စစ်သူကြီးက သူ့အဖေရဲ့ အိမ်မက်ထဲလာလည်ပြီး တစ်စုံတစ်ယောက် သတ်လိုက်တာလို့ အိမ်မက်လာပေးတယ်။”

ယွမ်တင်းက ဆက်ပြောတယ်။ “ဟုတ်တယ်၊ အဲ့စစ်သူကြီးက ကျွန်တော့်ဦးလေးတစ်ယောက်ပါ။ ကျွန်တော့်အဖေနဲ့ ဆက်ဆံရေးကောင်းတယ်။”

လုရှန်း ဒီစကားကိုကြားတော့ မူလပိုင်ရှင်ရဲ့ အတိတ်အမှတ်တရများကို ပြန်သတိရပြီး လွန်ခဲ့သောငါးနှစ်က ကြီးကြီးမားမားတစ်ခုခုဖြစ်ခဲ့တာကို သိလိုက်သည်။

ထိုအချိန်တည်းက ကြီးမားသည့် ပေါက်ကွဲသံများစွာ ရွာအနားကြားရတယ်။ အရာရှိများ၊ အစောင့်များ၊ ရွ ရှိ လူတိုင်း ကြောက်လန့်နေခဲ့ကြသည်။

ထိုအချိန်တုန်းက မူလပိုင်ရှင် အသက် ၁၁ နှစ်ပဲရှိသေးသည်။ သူမက အလွန်ကြောက်လန့်တတ်သည်။ လုဒါဟွားက မိသားစုကို အပြင်မထွက်ဖို့ ပြောလို့ သူမ အပြင်မထွက်ရဲခဲ့ဘူး။

နောက်တော့ ညစာစားချိန် ချင်းရူမြစ်အနီး စစ်သူကြီးတစ်ယောက် သေဆုံးသွားကြောင်း လုဒါဟွားပြောပြခဲ့သည်။ အရာရှိတွေက လူသတ်သမားကိုရှာဖို့ ရောက်လာခဲ့တယ်။

သို့သော် ဒီကိစ္စသည် ရွာသူရွာသားများကို များစွာထိခိုက်စေခြင်းမရှိခဲ့ပါ။ ထို့ကြောင့် တစ်လခွဲအတွင်း လူတိုင်း ဒီကိစ္စကို မေ့ပျောက်သွားကြတယ်။

လုရှန်း ခေါင်းညိတ်တယ်။ “ကျွန်မ မှတ်မိတယ်။”

ချုစစ်ဟန်က “သခင်ကြီး'ယွမ်'က စစ်သူကြီး'ဂျီ'က မကြာခဏ သူ့အိမ်မက်ထဲ လာလည်ပြီး သူ့ဝိညာဉ်က ချင်းရူမြစ်ထဲ ပစ်ချခံရတယ်လို့ ပြောပြတယ်။ သူ့အလောင်းကို ဘိုးဘေးသင်္ချိုင်းမှာ မြုပ်နှံထားပြီးဖြစ်ပေမဲ့ သူ့ ဘိုးဘေးတွေက သူ့ကို မသိကြလို့ လမ်းလွဲတစ္ဆေ ဖြစ်လာခဲ့တဲ့။"

တိုင်းပြည်ရဲ့ စစ်ဗိုလ်ချုပ်ကြီးဟာ တစ္ဆေသရဲ ဖြစ်သွားတယ်တဲ့လား? ဒါက ကြေကွဲစရာကောင်းလွန်းသည်။

လုရှန်း မျက်ခုံးပင့်ပြီး “ဒါက အသေးအမွှားကိစ္စပဲလေ။ ဂျီမိသားကို ချင်းရူမြစ်ထဲက ဝိညာဉ်ကို ပြန်ရှာခိုင်းလိုက်ပေါ့။ ဝိညာဉ်ကို ခေါ်ယူတာနဲ့ အတူတူပဲလေ။”

အရင်တုန်းကတော့ ယွမ်တင်း မယုံဘူး။ ထို့ကြောင့် ဖခင်ဖြစ်သူ ဒီအကြောင်းပြောတော့ အိမ်မက်တစ်ခုပဲလို့ တွေးခဲ့တယ်။ သူ့အဖေကို စောစောအနားယူဖို့နဲ့ လျှောက်မတွေးဖို့ ပြောခဲ့သည်။

တာ့နူရဲ့ ဝိညာဉ်ကို သူ့မျက်လုံးနဲ့ မြင်ပြီး မနေ့က သူ့အဖေဆီက စာတစ်စောင်ကို လက်ခံရရှိတဲ့အချိန် တာ့နူရဲ့ ဝိညာဉ်ကို သူ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်ဖူးတာကို အမှတ်ရမိတယ်။

"ဝိညာဉ်ကို ခေါ်တာ?”

ယွမ်တင်း မေးပွတ်ရင်း ဆိုတယ်။ “ဘယ်လို နည်းလမ်းနဲ့လဲ?”

"အရမ်းရိုးရှင်းတယ်။" လုရှန်း ပြုံးပြီး “သူတို့ကို ဝါးခုတ်ပြီး တစ်မီတာမြင့်တဲ့ တိုင်တစ်လုံးလုပ်ခိုင်း။ ပြီးရင် အနီရောင်စာရွက် တချို့ကပ်လိုက်။”

“အိုး... လမ်းဉီးဆောင်မဲ့ ကြိုးဖြူလည်း ရှိရမယ်။ ဝိညာဉ်ဆင့်ခေါ်တဲ့အခါ ချက်ပြုတ်ထားတဲ့ အစားအသောက်တချို့၊ အသား၊ ခေါက်ဆွဲ စတာတွေကို လမ်းကြောင်းပုံသဏ္ဍာန် နေရာမှာချထား။သေချာပေါက် အချိုတွေလည်း ထားလို့ရတယ်။ လမ်းခုလတ်မှာ ဝိညာဉ်ကို ဆာလောင်စေတာမို့  အစားအသောက်က ဝိညာဉ်အတွက်ပဲ။”

“ကြိုးဖြူကို ဝါးတိုင်တစ်ခုစီမှာ ပတ်ထား၊ ပြတ်တောက်လို့ မရဘူး။ ဝိညာဉ်ဆင့်ခေါ်တဲ့အခါ စစ်သူကြီး'ဂျီ'နဲ့ ပိုနီးစပ်တဲ့ လူကြီးတစ်ယောက်ရှိနေရင် ပိုကောင်းတယ်။”

ချုစစ်ဟန်ပင် ယွမ်တင်းနဲ့ ရှီရီတို့ကို မကြည့်ရက်ဘဲ စိတ်ရှုပ်ထွေးနေပုံပင်။

သူတို့ အရင်က မမြင်ဖူးဘူး။ ထိတွေ့မှု နည်းသည်လေ။

"မိန်းကလေး'လု'၊ မင်းမှာ ပိုအဆင်ပြေတဲ့ တိကျတဲ့နည်းလမ်းရှိလား?" လုရှန်း ပြောနေတာ နားထောင်ရင်း ယွမ်တင်း ခေါင်းကိုက်သွားသည်။

ချင်းရူမြစ်ကနေ မြို့တော်ကို သွားလာဖို့ အချိန်အတော်ကြာတယ်။ ကြိုးနှင့်ဝါး ဘယ်လောက်လိုအပ်တယ်ဆိုတာ ဘယ်သူသိမှာလဲ?

ဒါ့အပြင် လျိုယွဲ့ရွာကနေ မြို့တော်ကို လမ်းလျှောက်ရင် အနည်းဆုံး တစ်လခန့် အချိန်ယူရတယ်။

မြို့တော်ကို မခေါ်ခင် လမ်းတလျှောက် သေဆုံးသွားမှာကို သူ စိုးရိမ်တယ်။

“ရှိတယ်!”

လုရှန်း ခေါင်းညိတ်တယ်။ “ဒီဝိညာဉ်ကို စုဆောင်းဖို့ ကျွန်မ ကူညီပေးနိုင်တယ်။ ဒါပေမယ့် မင်း သူ့ကို မြို့တော်ကို ပြန်ခေါ်လာတဲ့အခါ ယုံကြည်စိတ်ချရတဲ့ အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက်ရှာပြီး တခြားသူရဲ့ဝိညာဉ်ထဲ ပေါင်းစည်းခွင့်ပြုရမယ်။”

All Chapters