← Chapters

မန္တန်ခြောက်ခု ပေါင်းစည်းစေ

Vol. 114 Ch. 1584

မန္တန်ခြောက်ခု ပေါင်းစည်းစေ

Vol. 114 Ch. 1584

“ဆဋ္ဌမလောကပါလအသွင် ၊ ငါဟာ အတုမရှိသော အင်မော်တယ်” ကောင်းကင်နတ်ဘုရားဘီလူးကြီး၏ နဖူးပေါ်ရှိ ဆယ်လုံးမြောက်ကြယ်က မန်ဟို့ကို ဒဏ်ရာပြင်းစွာရစေလျက် ပေါက်ကွဲသွားသည်။ သို့သော် ထို့အတွက် ဘီလူးကြီး၏ခန္ဓာကိုယ်လည်း လုံးဝပိန်ချုံးခြောက်ကပ်သွားလေသည်။ လောကပါလနတ်မင်းသည် နတ်ဘုရားအသွင်ကို စွန့်လွှတ်၍ လျင်မြန်စွာ ကျုံ့သွားပြီး တစ်ချိန်တည်းမှာပင် သိပ်သည်းသော အင်မော်တယ်ချီက သူ့ရင်ဘတ်မှ ထွက်‌လာ၏။

အင်မော်တယ်ချီများ စီးဖြာနေစဉ် လက်နှစ်ဖက်က ရုတ်တရက် နတ်ဘီလူးရင်ဘတ်ကို ခွဲ၍ ထိုးထွက်လာရာ အသားစများ၊ သွေးများ အရပ်လေးမျက်နှာသို့ ပြန့်ကြဲသွားတော့သည်။

ဘီလူးကြီး၏ရင်ဘတ်တစ်ခုလုံး အဖွင့်ခံလိုက်ရသဖြင့် အင်မော်တယ်ချီများက ပို၍ပင် စိမ့်ထွက်လာသည်။

စိမ့်ထွက်လာသော အင်‌မော်တယ်ချီတို့သည် ဗလာနတ္ထိမှ တစ်စုံတစ်ခုကို ဖန်ဆင်းလိုက်၏။

ပျက်စီးနေသည့် ကြယ်တာရာကောင်းကင်ထဲတွင် အင်မော်တယ်ကျောက်စိမ်းအမြောက်အမြား ဘွားခနဲ ပေါ်လာသည်။

အင်မော်တယ်ကျောက်စိမ်းများသည် တဖျတ်ဖျတ် လက်နေပြီး တိုက်ပွဲက ပြင်းထန်နေသည့်တိုင် မန်ဟိုမှာ တအံ့တဩမကြည့်မိဘဲ မနေပေ။ ထို့နောက် သူသည် အလိုလိုနှုတ်ခမ်းသပ်မိလိုက်၏။

“ဘယ်လောက်ပြောင်မြောက်တဲ့ ဗျူဟာလဲ” သူက တွေးသည်။ “ထိလည်း ထိရောက်တယ်” မန်ဟို့ခမျာ အင်မော်တယ်ကျောက်စိမ်းများအား သွားရည်ယိုပြီးနောက် မနည်းက္က‌န္ဒြေဆည်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် လူရိပ်တစ်ခုက ဘီလူးကြီး၏ရင်ဘတ်ကို ထိုးဖောက်ထွက်လာသည်။ ၎င်းကား အင်မော်တယ်ချီများ ရစ်သိုင်းလွှမ်းခြုံနေသော သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်၏။ သူ့ခေါင်းတွင်သော်လည်းကောင်း၊ ခန္ဓာကိုယ်တွင်သော်လည်းကောင်း အမွှေးအမျှင်တစ်မျှင်မှ မရှိပေ။ သူ၏အမူအရာမှာမူ တည်ကြည်နေသည်။ ထွက်လာပြီးနောက် သူက လက်အား အ‌နောက်သို့ ဝှေ့ယမ်းလိုက်ကာ ကောင်းကင်နတ်ဘုရားဘီလူးကြီးအား တုန်ရီ၍ ပြိုကွဲသွားစေသည်။ သို့သော် ၎င်းသည် ပြာကျမည့်အစား သားရေခြုံထည်တစ်ထည်အသွင် ပြောင်းသွား၏။

အဆိုပါသားရေသည် ကောင်းကင်နတ်ဘုရား၏အရေပြားဖြစ်ပြီး အင်မော်တယ်ချီနှင့် သက်လတ်ပိုင်းလူ၏ပခုံးအပေါ် ကျသွားသည့်အခါ သူ့အား လုံးလုံးလျားလျား သွေးအေးရက်စက်သည့်ပုံပေါ်လာစေတော့သည်။

“ငါက အတုမရှိသော အင်မော်တယ်ပဲ” ထိုလူက ကြယ်တာရာပမာ လင်းလက်နေသော မျက်လုံးများဖြင့် မန်ဟို့ကို ကြည့်ကာ ပြောသည်။

“လောကပါလနတ်မင်း ငါ့ကိုတောင် ဆင့်ခေါ်ရတယ်ဆိုတော့ မင်းက ‌တော်ရုံပြိုင်ဘက်မဟုတ်ဘူးဖြစ်မယ်...” စကားသံပဲ့တင်ထပ်နေစဉ်မှာပင် သက်လတ်ပိုင်းလူသည် ပျောက်ကွယ်သွားပြီးနောက် မန်ဟို့အနောက်၌ ပြန်ပေါ်လာ၏။ မန်ဟို လှည့်ပင်မလှည့်နိုင်ခင် သက်လတ်ပိုင်းလူက မန်ဟို့ကျောပေါ် လက်တင်ခဲ့ပြီးလေပြီ။

ဘန်းးးးးးးးးးး

မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သို့ထိတိုင် သူ၏မျက်လုံးများသည် စူးရဲခက်ထန်နေပြီး သက်လတ်ပိုင်းလူ၏လက်ကောက်ဝတ်ကို ဘယ်လက်ဖြင့် လှမ်းဆွဲလိုက်၏။

“မင်းက အတုမရှိအင်မော်တယ်မဟုတ်ဘူး” မန်ဟိုက ဟိန်းဟောက်သည်။ မန်ဟို သူ့ကို ဆောင့်ဆွဲ၍ ကိုင်ပေါက်လိုက်သဖြင့် သက်လတ်ပိုင်းလူမှာ တအံ့တဩမျက်မှောင်ကြုတ်သွားသည်။ တစ်ချိန်တည်းမှာပင် မန်ဟိုက သူ့ဆီ ပျံလာသည်။ မန်ဟို၏ညာလက်က မုဒြာလက်ကွက်တစ်ကွက်ဖော်ပြီး တခဏလေးပင် မရပ်ဘဲ သက်လတ်ပိုင်းလူအပေါ် ဖိချလိုက်သည်။

“ဆဋ္ဌမမန္တန်၊ ရှင်ခြင်း-သေခြင်းမန္တန်။ ဒီမန္တန်က မင်းရဲ့လွတ်လပ်မှုကို မထိခိုက်ဘူး။ မင်းသေမလား၊ ရှင်မလားကိုပဲ ဆုံးဖြတ်ပေးမှာ”

သက်လတ်ပိုင်းလူကို ဝန်းရံနေသည့် အင်မော်တယ်ချီများ ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် တဂျုန်းဂျုန်းမြည်သံများအား ကြားရသည်။ သက်လတ်ပိုင်းလူ ပြန်ပေါ်လာသောအခါ အခြားအရပ်မျက်နှာ၌ ဖြစ်နေချေပြီ။ တစ်ချိန်တည်းမှာပင် မန်ဟို၏ဆဋ္ဌမမန္တန်မှာ ဘာမှမလုပ်လိုက်နိုင်သယောင်ပင်။

“ချုပ်နှောင်ခြင်းမှော်အစွမ်းတစ်ခုတည်းနဲ့ မလုံလောက်ဘူး” သက်လတ်ပိုင်းလူက ပြောသည်။ “ဘာလို့ သတ္တမမန္တန်ကို မသုံးသေးတာလဲ...” သက်လတ်ပိုင်းလူ၏မျက်လုံးများသည် ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပနေ၏။ အခြေအနေကို ခွဲခြမ်းစိတ်ဖြာဖို့ နိမိတ်ဖတ်နေကြောင်း သိသာသည်။ လောကပါလနတ်မင်းသည် မန်ဟို၏ ချုပ်နှောင်ခြင်းမှော်အစွမ်းအားလုံးကို အမှန်တကယ်ပင် ခွဲခြမ်းစိတ်ဖြာကြည့်ချင်‌၏။ သူသည် ၎င်းတို့ကို အရင်တုန်းက မြင်တွေ့ခဲ့ဖူးသော်လည်း ကိုယ်တိုင်တစ်ခါမှ မရင်ဆိုင်ခဲ့ရဖူးပေ။

မန်ဟို၏ချုပ်နှောင်ခြင်းမှော်အစွမ်းများကို နားလည်မှသာ သူ၏ကိုယ်အစစ်အနေဖြင့် တိုက်ပွဲတွင် မန်ဟို့အား အပြီးတိုင်ချေမှုန်းဖို့ ပြင်ဆင်ထားနိုင်လိမ့်မည်။

“တန်ခိုးရှင်အဆင့်တက်သွားတဲ့ ငါ့ရဲ့ချုပ်နှောင်ခြင်းမှော်အစွမ်းတွေက ဘာနဲ့တူလဲ မင်း သိချင်ရင် မင်းရဲ့အသွင်တွေကိုလည်း ငါ့ကို ထပ်ပြပေးရမယ်” မန်ဟို့မျက်လုံးများသည် တောက်ပနေ၏။ အမှန်တွင် သူ ဤသို့တိုက်ခိုက်နေရသည့် အကြောင်းရင်းမှာ လောကပါလနတ်မင်းနှင့်အတူတူပင်။ ‌လောကပါလနတ်မင်း သူ၏ချုပ်နှောင်ခြင်းမှော်ပညာကို လေ့လာချင်သည့်အတိုင်း၊ သူလည်း လောကပါလအသွင်အမျိုးမျိုးကို အကဲခတ်ချင်သည်။

“မင်းရဲ့လောကပါလအသွင်တွေက ဒီလောက်ပဲဆိုတာ ငါ မယုံနိုင်ဘူး” မန်ဟိုက အေးစက်စက် ပြောသည်။ “ဒါက မင်းရဲ့ကိုယ်ပွားလေ ကိုယ်အစစ်မှ မဟုတ်သေးတာ။ ဒီနေရာမှ မင်း အသုံးပြုလို့တောင် မရတဲ့ အဆင့်မြင့်အသွင်တွေ ရှိကောင်းရှိလောက်သေးတယ်”

အင်မော်တယ်ချီဖြင့် သက်လတ်ပိုင်းလူက အေးတိအေးစက် နှာမှုတ်သည်။ သူ့ကို ရစ်သိုင်းနေသော အင်မော်တယ်ချီများသည် ပိုမိုသိပ်သည်းစပြုလာပြီး သူ၏မျက်လုံးများလည်း ပိုမိုစူးရှလာသည်။ “ကောင်းပြီလေ၊ မင်း ကြည့်ချင်သပဆိုလည်း ပြပေးရမှာပေါ့။ အတုမရှိအင်မော်တယ်က ဘာလဲဆိုတာ မင်းကို ပြပေးမယ်”

“အင်မော်တယ်ဟာ လူတစ်ယောက်နဲ့ တောင်တစ်လုံးဖြစ်တယ်” လောကပါလနတ်မင်း၏ ဤအင်မော်တယ်အသွင်သည် လက်နှစ်ဖက်လုံးကို လေပေါ်မြှောက်၍ တောင်ထိပ်နှင့်တူအောင် ကွေးလိုက်၏။ (အင်မော်တယ် (仙) ဟာ လူဆိုတဲ့ (人) စာလုံးနဲ့ တောင်ဆိုတဲ့ (山) စာလုံးနဲ့ ဖွဲ့စည်းထားတာပါ)

“တောင်” သူက ဟိန်းဟောက်သည်။ ချက်ချင်းပင် အာကာပြင်ကျယ်စကြ၀ဠာ၏ အပြင်မှ တန်ခိုးတစ်ရပ် စတင်ဆင်းသက်လာသဖြင့် အာကာပြင်ကျယ်စကြ၀ဠာ၏ ကြယ်တာရာကောင်းကင်မှာ တုန်ရီလာတော့သည်။ အရာအားလုံး တသိမ့်သိမ့် တုန်ခါလာ၏။ ဂြိုဟ်များ၊ မြေထုများနှင့် ကမ္ဘာအားလုံး ဖိအား၏အောက်တွင် ပြိုကွဲလာကြသည်။

မန်ဟိုသည် မရေမတွက်နိုင်သော ကမ္ဘာ‌လောကများ သူ့အပေါ် ဖိနှိပ်နေသကဲ့သို့ ဖိအားလှိုင်းက သူ့ကို တွန်းချနေသည်ကို ခံစားလိုက်ရ၏။

တစ်ချိန်တည်းမှာပင် လောကပါလနတ်မင်းကိုယ်ပွား၏ ခေါင်းအပေါ်တွင် တောင်တစ်လုံး၏ပုံရိပ် ဖြတ်ခနဲ ပေါ်လာသည်။ ၎င်းက ကောက်ကြောင်းများသာ ဖြစ်သော်လည်း လောကပါလနတ်မင်းအား ပြီးပြည့်စုံခြင်းအငွေ့အသက်ကို ချေးငှားပေးနိုင်သော အဆုံးမဲ့ဖိအားတို့ဖြင့် ပြည့်နှက်နေလေသည်။

အတုမရှိအင်‌မော်တယ်က လူတစ်ယောက်နှင့် တောင်တစ်လုံးဖြစ်သည်။

“အင်မော်တယ်မှော်ပညာက နတ်ဘုရားစွမ်းရည်မဟုတ်သလို မှော်အတတ်တစ်ခုလည်း မဟုတ်ဘူး။ အဲ့ဒီအစား အနှစ်သာရက လာတယ်။ အဲ့ဒါက ချေမှုန်းခြင်းဖိအားပဲ

“ရှေးကနေ ဒီနေ့ထက်ထိ အင်မော်တယ်ဟာ အင်မော်တယ်မဟုတ်တဲ့ ဘယ်အရာကိုမဆို ချေမှုန်းနိုင်တဲ့ဖိအားကို ပိုင်ဆိုင်ထားတယ်

“မန်ဟို မင်းက ငါ့အသွင်တွေကို မြင်ချင်တယ်လို့ ပြောခဲ့တယ်။ ကောင်းပြီ မင်းကို ချေမှုန်းရင်း အဲဒီအသွင်တွေကို ပြပေးမယ်” လောကပါလနတ်မင်း၏ ဤအင်မော်တယ်အသွင်က မီး၀င်း၀င်းတောက်နေသော မျက်လုံးများဖြင့် မန်ဟို့ကို ကြည့်သည်။ ထို့နောက် လက်နှစ်ဖက်လုံးကို အရှေ့သို့ တွန်းလိုက်ရာ‌ တောင်သည် ကြောက်ခမန်းလိလိဖိအားကို ထုတ်လွှတ်လျက် မန်ဟို့ထံ့ အမြန်ဆုံး ပျံသန်းလာ၏။

ဖိအားက မည်သည့်အရာကိုမဆို ချေမှုန်းနိုင်သော တန်ခိုးလှိုင်းတစ်လှိုင်းဖြစ်လေသည်။

တောင် မန်ဟို့ဆီ တဝုန်းဝုန်း ကျဆင်းနေစဉ် လောကပါလနတ်မင်း၏ အင်မော်တယ်အသွင်က တောင်ထိပ်၌ ရိပ်ခနဲ ပေါ်လာ၏။

မန်ဟိုက ကျဆင်းလာနေသော တောင်ကို မော့ကြည့်ပြီး ၎င်းထံမှ လာနေ‌သော ကောင်းကင်နတ်ဘုရား၏တန်ခိုးထက် ကျော်လွန်နေသည့် ကြောက်မက်ဖွယ်ဖိအားကို ခံစားလိုက်ရသည်။ ကောင်းကင်နတ်ဘုရားသည် မန်ဟို့ကို ဒဏ်ရာရစေခဲ့ပြီး သူ၏အရိုးများကိုပင် ချိုးနိုင်ခဲ့၏။ သို့‌သော် သူ၏အနက်ရှိုင်းဆုံးအခြေခံကို အန္တရာယ်မပြုနိုင်ခဲ့ပေ။ အခြားတစ်ဖက်တွင် ဤအင်မော်တယ်တောင်မှ သူ့အပေါ် သက်ရောက်နေသော ဖိအားက သူ၏တာအိုအနှစ်သာရကိုပင် တုန်ရီလာစေ၏။

“လူတစ်ယောက်နဲ့တောင်တစ်လုံး အဲ့ဒါက အင်မော်တယ်ဆိုတာပဲ

“ကောင်းပြီလေ။ မင်းက အင်မော်တယ်အသွင်ကို ပြနေမှတော့ ငါလည်း မင်းကို ငါ့ရဲ့ ချုပ်နှောင်ခြင်းမှော်အစွမ်းတွေ ‌ပေါင်းစည်းလိုက်ရင် ဘယ်လိုဖြစ်မလဲဆိုတာ ပြပေးရမယ့် အချိန်ကျလာပြီပေါ့” ခိုင်မာပြတ်သားမှုတို့ မျက်၀န်းများတွင် ပြည့်နှက်နေလျက် မန်ဟိုသည် အင်္ကျီလက်စကို ခါကာ မုဒြာလက်ကွက်တစ်ကွက်ဖော်ရင်း သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ဖော်ထုတ်လိုက်သည်။ ထို့နောက် ချုပ်နှောင်မှော်စွမ်းအားသည် ပေါ်ထွက်လာ၏။

ပထမမန္တန်

ဒုတိယမန္တန်

တတိယမန္တန်

စတုတ္ထမန္တန်

ပဉ္စမမန္တန်

ဆဋ္ဌမမန္တန်

မန္တန်ခြောက်ခုအားလုံး ပေါင်းစည်းသွားလေပြီ။

ချုပ်နှောင်ခြင်းမှော်အစွမ်းများ၏ ပူးပေါင်းစွမ်းအားက မိစ္ဆာချုပ်နှောင်သူအဖွဲ့၏ အင်အား၊ မိုးနှင့်မြေကို ချိတ်ပိတ်နိုင်သော တန်ခိုး၊ တည်ရှိသမျှအရာအားလုံးကို ချုပ်နှောင်နိုင်သည့် စွမ်းအားကို ထုတ်လွှတ်ပေးနိုင်သည်။ ချုပ်နှောင်ခြင်းမန္တန်ခြောက်ခုသည် ဧရာမလက်ကြီးတစ်ဖက်အသွင် ပြောင်းလျက် တစ်ခုတည်းပေါင်းစည်းသွား၏။

ထိုလက်ကြီးတွင် လက်ချောင်းလေးချောင်းသာ ရှိသော်လည်း တစ်ခါမှမကြားဖူးသော တန်ခိုးစွမ်းအားတို့ဖြင့် ပြည့်ဝနေသည်။ လက်ကြီးက တစ်ချက်လေးပင် မရပ်ဘဲ အင်မော်တယ်ကို သတ်ဖို့ လူနှင့်တောင်ဆီ ထိုးတက်သွားတော့သည်။

All Chapters