← Chapters

တစ်ခုတည်းသော။

Vol. 6 Ch. 145

တစ်ခုတည်းသော။

Vol. 6 Ch. 145

“ဒီဆံထိုးက ထူးခြားတယ်။”

ချုစစ်ဟန် တိုးတိုးတိတ်တိတ် မပြောခင် တုံ့ဆိုင်းသွား၏။

“တစ်ခုတည်းရှိတာလား?” လုရှန်း အံ့သြဟန်ဆောင်ပြီး သူ့ကို မော့ကြည့်တယ်။ "ဘယ်က ရလိုက်တာလဲ၊ သခင်လေး?"

သေချာပေါက် ဒီကျောက်စိမ်းဆံထိုး ထူးခြားတာ သူမ သိသည်။ ပြီးတော့၊ နေရာလွတ်သိုလှောင်မှုကိရိယာကို ဖန်တီးရန် အသုံးပြုတဲ့ပစ္စည်းတွေထက် သာလွန်ကောင်းမွန်နေတယ်။ ဒါ့အပြင် နေရာလွတ်သိုလှောင်သည့်ကိရိယာရဲ့ ပုံသဏ္ဍာန်က ထူးခြားတယ်။

ချုစစ်ဟန် လက်နောက်ပစ်ပြီး လမ်းလျှောက်ရင်း ရှင်းပြတယ်။ “ကိုယ့်အဘွားရဲ့ အဘွားပေးတာ။ အစက လက်ကောက်တကွင်းလည်း ရှိသေးတယ်။ ဒါပေမယ့် သူမက အဘိုး အနောက်ကို လိုက်ခဲ့တယ်။ သူတို့ ထွက်ပြေးချိန် သူတို့ လယ်ကွင်းအိမ်ထဲ ပုန်းနေခဲ့ကြတယ်။ သူတို့ကို ကယ်တင်ခဲ့တာ လူငယ်တစ်ယောက်။ အဲ့ဒီတုန်းက သူတို့မှာ ငွေတုံးမရှိတဲ့အတွက် လက်ကောက်ကို ပေးခဲ့တာ။”

လုရှန်းက ဒီစကားကိုကြားတော့ လေးလေးနက်နက် တွေးတောမိသည်။

ဒီကမ္ဘာမှာ သူမလက်ထဲက ကျောက်စိမ်းလက်ကောက်သည် မူလပိုင်ရှင်ရဲ့အဖိုးဖြစ်သူ အမျိုးသမီး'ဟဲ' အတွက် ထားခဲ့သော ခန်းဝင်ပစ္စည်းဖြစ်သည်။ ဟိုတုန်းက လူငယ်က သူမရဲ့ အဖိုးဟဲပိုင် ဖြစ်လောက်တယ်။

“သခင်လေးအဘွားရဲ့ လက်ဆောင်ဆိုကတည်းက အဖိုးမဖြတ်နိုင်တဲ့ ရတနာဖြစ်ရမယ်။ သခင်လေး ဘာလို့ ကျွန်မကို ပေးတာလဲ?”

လုရှန်း ပြောင်ပြောင်တင်းတင်း အရိပ်အမြွက်ဆိုတယ်။

ချုစစ်ဟန် သူမကို ခဏလောက်ကြည့်ရင်း ပေါ့ပေါ့ပါးပါးပြောတယ်။ “ယောက်ျားတစ်ယောက်ဖြစ်တဲ့  ကိုယ့်အတွက် အသုံးမဝင်ဘူး။ မင်းက ကိုယ့်ရဲ့အသက်ကယ်တင်ရှင်။ မင်း ကိုယ့်အသက်ကို ထပ်တလဲလဲကယ်တင်ခဲ့အတွက် မင်းကို ကျေးဇူးဆပ်ချင်လို့။”

ဒီကျောက်စိမ်းဆံထိုးသည် သူ့အဘွားရဲ့ အဘွားမသေခင် အဘွားဖြစ်သူကို ပေးခဲ့တာလို့ သူမပြောရဲပါ။

အဲလိုပြောလိုက်ရင် ဒီမိန်းကလေးက မျက်နှာထူပေမဲ့ ဒီလိုတွေကြားရင် အဆင်မပြေဖြစ်လိမ့်မယ်။

သူမကို အတင်းမတိုက်တွန်းချင်ဘူး။ သူသည် သဘာဝတရားရဲ့ လမ်းစဉ်အတိုင်း ဖြစ်မြောက်လာစေဖို့ စောင့်ဆိုင်းရန်သာ ဆန္ဒရှိတယ်။

လုရှန်းက နှုတ်ခမ်းစူပြီး စကားမပြောတော့။

သူတို့ နှစ်ယောက်စလုံး ရွာအဝင်ဝမှာ ပေါ်လာတော့ အာရုံစူးစိုက်မှု တော်တော်ခံရ၏။

လူပိုများတဲ့နေရာတိုင်း အတင်းအဖျင်းတွေရှိသည်။ သူတို့နှစ်ယောက်ကို တွေ့လိုက်သောအခါ အားလုံးရဲ့ မျက်လုံးများ တောက်ပလာကြသည်။

"ငါ သိနှင့် နေတယ်။ ညည်း ငါ့ကို မယုံခဲ့ဘူး။ လုရှန်းက တစ်စုံတစ်ယောက်ရဲ့ ကိုယ်လုပ်တော်ဖြစ်ဖို့ ပြင်ဆင်နေတာ။"

လေးလံသောအမျိုးသမီးတစ်ဦးက လုရှန်းကို မထီမဲ့မြင်ပြုကာ အကြည့်တစ်ချက်နဲ့ ပုတ်ခတ်ပြောဆို၏။

လုရှန်း တစ်ချက်ကြည့်လိုက်တော့ ရုတ်တရက် လင်းခနဲ ဖြစ်သွားတယ်။

ထိုမိန်းမက သွမ့်ကျန်းရဲ့မိခင် အမျိုးသမီး'မား'။ သွမ့်ကျန်းကျောင်းသားပညာရှိ ဖြစ်လာတည်းက အခြားသူများထက် သူ့ကိုယ်သူ သာလွန်တယ်လို့ ထင်နေသူ။

ရွာထဲမှာတော့ ဒါကို မခံမရပ်ဖြစ်ကြပေမဲ့ ထိုမိန်းမကို ဘယ်သူမှ မဝေဖန်ရဲကြဘူး။

"ဘာကြည့်နေတာလဲ? ငါမှားလား? ငါ့သားက မင်းကို သိပ်အထင်ကြီးနေလို့ မင်းကို မယားငယ်လုပ်စေချင်တာ။ မင်းအတွက် ဘာကောင်းလဲ ဆိုတာ မင်း ဘာလို့မသိတာလဲ?”

လုရှန်းရဲ့ အကြည့်ကိုမြင်တော့ အမျိုးသမီး'မား' ချက်ချင်းဆိုသလို မောက်မောက်မာမာ ကြိမ်းမောင်းတော့သည်။

လုရှန်းရဲ့ အနီရောင်နှုတ်ခမ်းများက လှောင်ပြောင်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ “အဒေါ်၊ မသိတဲ့လူဆိုရင် အဒေါ့်ရဲ့သားဟာ မြင့်မြတ်တဲ့ အရာရှိဖြစ်နေပြီလို့ ထင်ကောင်းထင်လိမ့်မယ်။”

သွမ့်ကျန်းသည် ကျောင်းသားပညာရှိပဲ ရှိသေးပေမဲ့ သူ့အမေက အလွန်မောက်မာနေပြီ။ နောင်အရာရှိအဖြစ် ရွေးချယ်ခံရရင် သူတို့ မိသားစု ဉပဒေမဲ့လာမှာ မဟုတ်လား?

"အနှေးနဲ့ အမြန် ဖြစ်လာမှာ။”

အမျိုးသမီး'မား' ချုစစ်ဟန်ရဲ့ မျက်နှာကိုမြင်တော့ လုရှန်းကို လှောင်ပြောင်တယ်။ “မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ လှတယ်။ အနာဂတ် မင်း အသက်ကြီးလာတဲ့အခါ မင်း ဘယ်ကိုသွားမယ်ဆိုတာ ဘယ်သူမှမသိနိုင်တော့ဘူး။"

ချုစစ်ဟန် ဒီလို အတင်းအဖျင်းပြောတတ်တဲ့ ရွာက အမျိုးသမီးတွေကို အကြောင်းပြချက် မပေးဖူးဘူး။ သို့သော် သူမရဲ့စကားများက အလွန်မုန်းတီးဖို့ကောင်းတယ်။

"သူ့သားက ဘယ်သူလဲ?” ချုစစ်ဟန် တိုးတိုးလေးမေးလိုက်တယ်။

"ငါ မင်းကို ပြောလိုက်ရင် မင်း ကြောက်လန့်ပြီးသေမှာ ငါ စိုးမိတယ်!"

အမျိုးသမီး'မား'သည် မေးမော့ရင်း မောက်မာစွာပြောတယ်။ “ငါ့သားက ပညာရှိကျောင်းသား။ မနှစ်က ရွာစာမေးပွဲမှာ ပထမ နေရာဝင်တယ်။ သူက မိန်းမပွေသူနဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ?”

လုရှန်း ထိုစကားကိုကြားတော့ အလွန်ဝမ်းသာသွား၏။ “အဒေါ်မားကို အကြံတစ်ခုပေးပါရစေ။ အဒေါ့်သားအတွက် နှစ်ပေါင်းများစွာ စာကျက်တာဟာ လွယ်ကူတာမဟုတ်ဘူး။ သူ့အနာဂတ်ကို တွေးမိရင် လျှော့ပြောတာက ပိုကောင်းမယ်။”

သွမ့်ကျန်းသည် ရည်မှန်းချက်ကြီးပြီး ချမ်းသာသူများကို ချစ်မြတ်နိုးသော်လည်း ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံရမည်။

ဒီအကြောင်းကို လူတိုင်းသိတယ်။

All Chapters