← Chapters

သူသည် အနာဂတ်တွင် သူမကို လက်ထပ်မည်။

Vol. 6 Ch. 146

သူသည် အနာဂတ်တွင် သူမကို လက်ထပ်မည်။

Vol. 6 Ch. 146

အမျိုးသမီး'မား' တစ်ခုခုပြောချင်ပေမဲ့လည်း ချုစစ်ဟန်ရဲ့ မျက်လုံးကို မြင်တော့ သူမရဲ့ အမူအရာက အေးခဲသွား၏။

တင်းမာအေးစက်တဲ့ အမူအရာက သူ့အသက်အရွယ်နဲ့ မလိုက်ဖက်ပါ။

သူ သာမန်လူမဟုတ်တာ သူရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်တာနဲ့ သိနိုင်သည်။ သူမ အစပိုင်းမှာ သူ့ကို အသုံးမဝင်တဲ့ ‘မိန်းမပွေသူ’ တစ်ယောက်လို့ ထင်ခဲ့တာ။ သို့သော်လည်း သူရဲ့ တင်းကျပ်သော ကိုယ်ရည်ကိုယ်သွေးက 'မိန်းမပွေသူ' ဟူသော စကားလုံးနဲ့ အပ်ဆက်ပုံမပေါ်ချေ။

ထိုအချိန် မြင်းလှည်း ရွာအဝင်တွင် ရပ်တန့်သွား၏။

လုရန် ကန့်လန့်ကာကို ရုတ်ပြီး မြင်းလှည်းပေါ်မှ ဆင်းလာသည်။ လုရှန်းနဲ့ ချုစစ်ဟန်တို့ကို ချက်ချင်းသတိမထားမိဘဲ မြင်းလှည်းမောင်းသူကို “ကျေးဇူးတင်ပါတယ်၊ ညီအစ်ကို'မု'‘ ဟု ပြောလိုက်သည်။

မြင်းလှည်းမောင်းသူက ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်ကာ ထွက်သွားသည်။

"လုရန်၊ မင်းညီမကို ကြည့်အုန်း။ မင်းအိမ်မှာမရှိတုန်း ယောကျာ်းတစ်ယောက်ကို အိမ်ခေါ်လာတယ်။”

လုရန် ရုန်းရင်းဆန်ခတ်ကို ကြားပြီး လှည့်ကြည့်လိုက်သည်။ လုရှန်းနဲ့ ချုစစ်ဟန်က အမျိုးသမီး'မား'ရှေ့ ရပ်နေတာကို တွေ့လိုက်ရသည်။

သူတို့ နှစ်ယောက်စလုံးက သူ့ကို ကြည့်နေကြသည်။ တစ်ယောက်က ပြုံးပြီး နောက်တစ်ယောက်က သူ့ကို အေးအေးဆေးဆေး ကြည့်နေတယ်။

"အကိုကြီး၊ ဘာလို့ ပြန်လာတာလဲ?"

လုရှန်း ပထမဆုံး စကား စပြောသူ ဖြစ်သည်။

“ငါ ခရီးရှည် ထွက်မလို့။ သန်ဘက်ခါမှ ပြန်လာမှာ။ အခု အိမ်ကို ခဏလာကြည့်တာ။”

လုရန် လုရှန်းကို စကားပြောပြီးနောက် အမျိုးသမီး'မား'က “လုရန်၊ ဒါကို မစီမံတော့ဘူးလား? မင်းက  ကျောင်းသားကောင်းတစ်ယောက်ဖြစ်ပြီး ခရိုင်အဆင့် စာမေးပွဲမအောင်ခင် အချိန်တစ်ခုပဲလိုတော့တယ်လို့ အားကျန်းဆီက ကြားတယ်။ မင်းရဲ့ အနာဂတ်က တကယ်ပဲ ဖြစ်လာနိုင်တယ်။ ဒီလို ညီအစ်မတစ်ယောက်ရှိနေတာ ရှက်စရာပဲ။”

လုရန် အမျိုးသမီး'မား'ကို ပေါ့ပေါ့ပါးပါး စိုက်ကြည့်ပြီး လျစ်လျူရှုထား၏။

လုရန် ချုစစ်ဟန်ကို ဦးညွှတ်ပြီး "လုရန် သခင်'ချု'ကို နှုတ်ဆက်ပါတယ်။"

"အစ်ကိုကြီး၊ ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။"

ချုစစ်ဟန်က ဒီ‘ယောက်ဖ'ကို ဘယ်လို ကိုင်တွယ်ရမယ် မသိဖြစ်နေ၏။ အတန်ကြာစဉ်းစားပြီးနောက်တော့ လုရန်ကို အစ်ကို'လု'လို့ ခေါ်ဖို့ ဆုံးဖြတ်လိုက်သည်။

ပတ်ဝန်းကျင် ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။ ရှိုးပွဲ ကြည့်သူတိုင်းက ချုစစ်ဟန်ကို ထိတ်လန့်စွာ ကြည့်နေကြ၏။

"သခင်... သခင်...?"

အမျိုးသမီး'မား'ရဲ့လျှာ ထုံသွားပြီး နှုတ်ခမ်းများ တုန်ရင်နေ၏။

"သခင်'ချူ'?"

အခုမှ ရောက်လာတဲ့ လီကျန်း(ရွာသူကြီး) လုရန်ရဲ့ စကားကို ကြားလိုက်ရတော့ ချက်ချင်းပင် ချုစစ်ဟန်  ကို ထိတ်လန့်စွာကြည့်နေ၏။

သူက ချုစစ်ဟန်ကို အရမ်းအထင်ကြီးသည်။ အဓိက ကတော့ သူ့ကို စတွေ့တုန်းက သူ့ရဲ့ ခမ်းနားတဲ့ အသွင်အပြင်ကြောင့်ပင်။ ဂုဏ်သိက္ခာရှိတဲ့ အသွင်အပြင်ကြောင့် မမှတ်မိဖို့ရာ ခက်တယ်။

‘ဖြတ်သွားဖြတ်လာ’ သည် ဒဏ္ဍာရီလာ သခင်'ချူ' ဖြစ်လိမ့်မယ်လို့ မထင်ထားပေ။

"ဦးလေး၊ သူက သခင်'ချူ'ဆိုတာ မသိဘူးလား။" လုရန် 'ကြင်နာစွာ' ရှင်းပြတယ်။ "အဲဒီတုန်းက အားရှန်းကို လက်ထပ်ချင်တဲ့သူက သခင်'ချု' ပါ။ ဒါပေမယ့် အားရှန်းရဲ့ ပျောက်ဆုံးမှုကြောင့် ခဏနှောင့်နှေးခဲ့ တာ။”

သူက သူမကို လက်မထပ်ချင်လို့မဟုတ်ပဲ ယာယီရွေ့ဆိုင်းချင်ခဲ့တာ။

တစ်နည်းပြောရရင် သူက အနာဂတ်မှာ သူမနဲ့ လက်ထပ်မှာ။

ချုစစ်ဟန်က ဒီစကားကိုကြားတော့ ချက်ချင်းပင် စိတ်အေးလက်အေး ခံစားလိုက်ရတယ်။

လုရှန်း မျက်ခုံးပင့်ပြီး ဘာမှ မပြောပေ။

သူမ၏အစ်ကိုက သူမကို ကာကွယ်ဖို့ ကြိုးစားနေမှန်း သိတာကြောင့် ဒီအကြောင်း အတင်းအဖျင်းပြောတဲ့လူတွေကို တမင်တကာ ပြောပြခဲ့တာ။

ချုစစ်ဟန် ပြန်မတုန့်ပြန်တဲ့အတွက် သူမ ဘာမှရှင်းပြစရာမရှိဘူး။

လီကျန်း(ရွာသူကြီး) လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်၏။ "မင်္ဂလာပါ သခင်'ချူ'။ ငါ မင်းကို မမှတ်မိခဲ့ဘူး။ အရင်တုန်းက မျက်စိကန်းနေခဲ့တယ်။ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပါ!"

ချုစစ်ဟန် ခေါင်းညိတ်ပြီး ပေါ့ပေါ့ပါးပါးဆို၏။ "ခွင့်လွှတ်ပါတယ်။”

တခြားသူများကို မြင်တော့ သူတို့လည်း ဉီးညွတ်ကြသည်။ အမျိုးသမီး'မား' တစ်ယောက်တည်း ကြောင်တောင်တောင် ရပ်နေ၏။

အမျိုးသမီး'မား' ခုနက ပြောခဲ့တဲ့စကားကို တွေးမိပြီး ကျောရိုးတွေ အေးစက်သွား၏။

သူ့စကားကြောင့် သူ့သား အသက်မွေးဝမ်းကြောင်း ဆုံးရှုံးသွားခဲ့ရင် သူမဟာ တရားခံဖြစ်သွားမှာ မဟုတ်လား?

ဒါကို တွေးမိပြီး မြေပြင်ပေါ် ချက်ချင်းဒူးထောက်ကာ အကြိမ်အနည်းငယ် ဉီးတိုက်တောင်းပန်လေသည်။

“သခင်… သခင်...၊ ကျွန်မ မသိနားမလည်ဘဲ ပေါ့ပေါ့ဆဆ ပြောဆိုမိခဲ့ပါတယ်။ သခင်၊ ကျွန်မကို ခွင့်လွှတ်ပါ!”

သူမက ရွာသူလေးတစ်ယောက်ဖြစ်ပေမဲ့ ဖခင်နဲ့အစ်ကိုတို့က ကျောင်းသားများဖြစ်ခဲ့သောကြောင့် စာဖတ်တတ်သည်။

ဒါကလည်း လျိုယွဲ့ရွာက တခြားသူတွေထက် အမြဲတမ်း သာလွန်တယ်လို့ ခံစားရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုလည်း ဖြစ်သည်။

All Chapters