အပိုင်း(၄၂၁)
Vol. 29 Ch. 421
သွေးမြှားများက ရှစ်ဖုန့်ထံသို့ပစ်ဝင်လာပြီး လျှင်မြန်စွာရှစ်ဖုန့်ခန္ဓာကိုယ်အတွင်း
သို့စုပ်ယူခြင်းခံလိုက်ရသည်။ ရှစ်ဖုန့်က သူတော်စင်နယ်ပယ်သုံးဦး၏ သေခြင်းစွမ်းအင်၊ဝိညာဉ်စွမ်းအင်နှင့်
သွေးအားလုံးတို့အား စုပ်ယူဝါးမျိုပြီးသည့််နောက်တွင် မီးခိုးဖြူရောင်တို့မှာ စတင်၍ မှေးမှိန်ပျောက်ကွယ်လာသည်။ ထို့နောက်တွင်၎င်းက လပြည့်ဓား အဖြစ်ပြန်ပြောင်းသွားပြီး ရှစ်ဖုန့်၏ လက်အတွင်းသို့ပြန်လည်၍ ပျံသန်းလာ၏။
လုံဟူဂိုဏ်း၏ သူတော်စင်နယ်ပယ်သုံးဦးမှာမူ ခြစ်ခြစ်တောက်ပူသော မီးမုန်တိုင်းအောက်၌ လုံးဝဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။
လပြည့်ဓားအား ပြန်လည်၍ ရယူပြီးနောက် ရှစ်ဖုန့်၏အေးစက်သောအကြည့်တို့က ပတ်ဝန်းကျင်အားသိမ်းကျုံးကြည့်လိုက်ပြီး စောင့်ကြည့်နေကြသောကျင့်ကြံသူများ သို့မဟုတ် အကြံဆိုးများရှိနေသော ကျင့်ကြံသူများ အားလုံးတို့ပေါ်သို့ကျရောက်သွားသည်။
“အဟမ်း..ငါတော့သွားတော့မယ်”
“နှုတ်ဆက်ပါတယ်”
ရှစ်ဖုန့်၏အေးစက်သော အကြည့်အောက်နှင့် ရှစ်ဖုန့် ၏ လပြည့်ဓားစွမ်းအားအားမျက်မြင်ကြုံ
တွေ့ပြီးသည့်နောက်တွင် ကျင့်ကြံသူများမှာလလျှင်မြန်စွာဖြင့် ယုတ်လျော့သွားသော ဒီရေကဲ့သို့ဆုတ်ခွာသွားကြသည်။
မကြာခင်တွင်ချီလင်ဘုရင်နှင့်ရှစ်ဖုန့်တို့သာလျှင် တောင်ပေါ်နှင့်ထိုဧရိယာတွင်ကျန်ရစ်နေခဲ့သည်။
“သခင်လေးဖုန့် ခုဏတုံးက လပြည့်ဓားကို မြင်သာအောင်ပြလိုက်တာက အမျှော်အမြင်ရှိတာမဟုတ်ဖူးနော်”
ချီလင်ဘုရင်က ရှစ်ဖုန့်အား လိမ္မာပါးနပ်စွာပြောလိုက်သည်။
ရှစ်ဖုန့်က ဤဓားအားမြင်သာအောင်ထုတ်ဖော်ခဲ့ပြီး ၎င်းအားအသုံးပြု၍ တိုက်ခိုက်မှုတစ်ခုအားထုတ်ပြခဲ့သည်။ ၎င်းက ထိုကျင့်ကြံသူများ၏အပေါ်၌ ခြိမ်းခြောက်သော သက်ရောက်မှုအား ဖန်တီးခဲ့သော်လည်း ၎င်းက ထိုလူများ၏ စိတ်အာရုံကိုလည်းစွဲဆောင်စေသည်ဖြစ်သည်။ အကယ်၍ သူတို့သာပြင်ပါ၌ဆိုလျှင် ဤလပြည့်ဓားအကြောင်းအား သို့လောသို့လောဖြစ်အောင်ပြုလုပ်ကြ
လိမ့်မည်ဖြစ်သည်။
သို့သော် သူတို့သေခြင်းတားမြစ်နယ်မြေအတွင်း
သို့တစ်ကြိမ် ဝင်ရောက်သည်နှင့် အကယ်၍ များ အန္တရာယ်ရှိသောတစ်စုံတစ်ခုဖြစ်ပျက်
လာခဲ့သော် ထိုလူများကသေချာပေါက်နာကျည်း
စွာဖြင့်သေချာပေါက် ဆဲဆိုကြလိမ့်မည်ဖြစ်သည်။
“ဟမ့်”
ချီလင်ဘုရင်၏စကားတို့အားကြားပြီးသည့်နောက်ရှစ်ဖုန့်က အေးစက်စွာနှာခေါင်းရှုံလိုက်သည်။ ထိုကျင့်ကြံသူများ က ကြိတ်ကြံစည်ခြင်းကိုပြုလုပ်နေကြသည်ကို ပင်ကိုယ်အားဖြင့် ရှစ်ဖုန့်သိသည်ဖြစ်သည်။ သူကအထင်သေးစွာပြောလိုက်သည်။
“အကယ်၍ သေချင်တဲ့သူရှိလာတယ်ဆိုမှတော့လည်း ဒီသခင်လေးက သူတို့ကို သူတို့သွားရမဲ့လမ်းဆီပို့ပေးရတာပေါ့”
ချီလင်ဘုရင်မှာ ရှစ်ဖုန့်၏ စကားတို့အားကြားရသောအခါတွင် ခါးသက်စွာပြုံးလိုက်ပြီး ဘာမှထပ်မံပြောကြားခြင်းမရှိတော့ပေ။ ဤနတ်ဆိုး၏ သရုပ်မှာ မာနကြီး ဘဝင်မြင့်ပြီး ဘာကိုမှသူ့မျက်လုံးထဲတွင်ထည့်သည်မဟုတ်ချေ။ ၎င်းအား စကားများပြောနေခြင်းက အသုံးမဝင်သည်ကိုသူသိသည်ဖြစ်သည်။
ဤနတ်ဆိုးမှာ ထျန်းခွန်းဂိုဏ်းမှ ချင်ယွမ်ရှန်ကိုပင် စာရင်းထဲမထည့်ချေ။
အကယ်၍ ချင်ယွမ်ရှန်သာ စိတ်ထားသေးသိမ်သောသူဖြစ်နေခဲ့လျှင် သူ့အနေဖြင့် ထျန်းခွန်းဂိုဏ်းနှင့်တိုက်ခိုက်ရ
လိမ့်မည်ဖြစ်သည်။ သို့သော် ဤနတ်ဆိုး၏သရုပ်အရ ၎င်းက ထျန်းခွန်းဂိုဏ်းမကလို့ ဘာဂိုဏ်းပဲဖြစ်နေပါစေ ၎င်းတို့ကသူအားစော်ကားသည်နှင့် သူက ၎င်းတို့အား သတ်လိမ့်မည်သာဖြစ်သည်။
ချီလင်ဘုရင်၏အမြင်တွင် ဤနတ်ဆိုးမှာ ပါရမီရှင်တစ်ယောက်ဖြစ်သည်။ အကယ်၍သူသာဆက်လက်တိုးတက်လာလျှင် သူ၏အနာဂတ်အောင်မြင်မှုများက အကန့်သတ်မဲ့ပင်ဖြစ်သည်။သို့သော် သူ၏ ဝင့်ကြွားလွန်းခြင်း၊ဥပဒေမဲ့ခြင်း၊မသမာခြင်းနှင့် ထိန်းမရခြင်းစသော စရိုက်တို့အရ ကြီးထွားရာလမ်းကြောင်းတွင် အချိန်မတန်သေးဘဲနှင့် သေဆုံးရဖို့ လွယ်ကူသည်ဖြစ်သည်။
“သွားစို့ တို့တွေသွားသင့်နေပြီ”
ရှစ်ဖုန့်က သူ့ခေါင်းအားလှည့်လုက်ပြီး သူ့ဘေးရှိချီလင်ဘုရင်အား ပြောလိုက်သည်။
“အင်း”
ချီလင်ဘုရင်၏မျက်နှာမှာရုတ်တရက် ပြတ်သားခိုင်မှာမှုတို့ဖြစ်လာပြီး ခေါင်းငြိမ့်၍ ပြန်တုံ့ပြန်လိုက်သည်။
သူတို့က သေခြင်းတားမြစ်နယ်မြေအတွင်း
သို့ဝင်ရောက်တော့မည်ဖြစ်သည်။ အကယ်၍ သူတို့သာ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ခဲ့လျှင် သူတို့အနေဖြင့် စိတ်ကူးကြည့်၍မရနိုင်သော အခွင့်အလမ်းများစွာကိုရရှိလိမ့်မည်ဖြစ်သည်။သို့သော် သေဆုံးဖို့အတွက်ဖြစ်နိုင်ချေမှာလည်း မြင့်မားသည်ဖြစ်၏။
ထို့နောက်ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့ကလှုပ်ရှားလိုက်ပြီး သေခြင်းတားမြစ်နယ်မြေဝင်
ပေါက်စီသို့ထိုးဆင်းလိုက်သည်။ သေခြင်းတားမြစ်နယ်မြေသို့သူတို့နီးကပ်လာသကဲ့သို့ သူတို့၏ဝန်းကျင်တွင်ရှိသော နေရာလွတ်အားလုံးမှာ မှောင်သည်ထက်မှောင်လာသည်ကို ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့သဘော
ပေါက်လိုက်ကြသည်။ ဖြည်းဖြည်းချင်း မီးခိုးဖြူရောင်တိမ်တိုက်များက သူတို့၏ဝန်းကျင်တွင်ပေါ်လာသည်။
“ဘန်း..ဘန်း”
မြေပြင်အားထိတွေ့သောအသံနှစ်သံနှင့်အတူ ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့မှာ သေခြင်းတားမြစ်နယ်မြေ၏ ဝင်ပေါက်တွင် ဆင်းသက်လိုက်ကြသည်။ ဤနေရာ၌ သိပ်သည်းသော မီးခိုးဖြူရောင်
တိမ်တိုက်များက ဝန်းရံထားပြီးဖြစ်သည်။ ၎င်းမှာ တိတ်ဆိတ်နေကာ မှောင်မှိုင်းမှုန်ရီနေသည်။ဤဝင်ပေါက်မှာ ပြင်ပကမ္ဘာမှလုံးဝသီးခြားခွဲထွက်နေပုံရသည်။၎င်းတွင်ဘာအသံမှဖြစ်ပေါ်နေခြင်း
မရှိနေသာကြောင့် လူတစ်ယောက်အနေဖြင့်သူ၏ နှလုံးခုန်သံနှင့်အသက်ရှူသံတို့ကိုပင် ကြားနိုင်သည်ဖြစ်သည်။
“သေခြင်းတားမြစ်နယ်မြေ”
ဤကမ္ဘာအားမြင်တွေ့ရန်အတွက်
ချီလင်ဘုရင်မှာတွေးထားခဲ့ပြီး သူကယခု သူတော်စင်နယ်ပယ်တစ်ယောက်
ပင်ဖြစ်နေခဲ့သော်လည်း သေခြင်းတားမြစ်နယ်မြေနှင့်နီးကပ်လာရသောအခါတွင် သူ၏နှလုံးခုန်နှုန်းမှာ မလွဲဧကန်လျှင်မြန်လာခဲ့သည်။
သူ၏ခေါင်းအားလှည့်လိုက်သောအခါတွင်သူ၏နောက်တွင်ရှိနေသောကမ္ဘာက လုံးဝကို မီးခိုးဖြူရောင်တိမ်တိုက်များဖြင့် ကာဆီးထားသည်ကိုတွေ့လိုက်ရသည်။ သူ့အနေဖြင့် ၎င်းအားထပ်ပြီး မမြင်တွေ့နိုင်တော့ပေ။သေခြင်း
တားမြစ်နယ်မြေမှာသီးခြားကမ္ဘာငယ်လေးတစ်ခုကဲ့သို့ပင်ဖြစ်သည်။
“သွားစို့”
ရှစ်ဖုန့်မှာချီလင်ဘုရင်၏ နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုတို့ကို အာရုံခံနိုင်သည်ဖြစ်သည်။သူက ဖြည်းညှင်းစွာပြောလိုက်သည်။
“မှတ်ထား ပါ သေခြင်းတားမြစ်နယ်မြေထဲကို ဝင်တာနဲ့ တို့တွေဟာငွေကျောက်တုံးကိုအ
ရင်ရအောင်ရှာရမယ်..ဒီသခင်လေးက နောက်ပိုင်းဖျောင်ရွှယ်ယွဲ့ရဲ့ဝိညာဉ်
ကိုထုတ်ပြီးတော့ သူ့ကို ဒီသခင်လေးတို့အတွက်လမ်းပြခိုင်းမယ်”
“အင်း..နားလည်ပြီ”
ချီလင်ဘုရင်က အနည်းငယ်ခေါင်းညိမ့်ပြီးတုံ့ပြန်လိုက်သည်။ သူကသူ၏ စိုးရိမ်ပူပန်မှုနှင့် စိတ်လှုပ်ရှားမှုတို့အား တည်ညိမ်စေရန်ကြိုးစားလိုက်သည်။
ထို့နောက် ရှစ်ဖုန့်နှင့်အတူတကွ သေခြင်းတားမြစ်နယ်မြေအတွင်းသို့ဝင်ရောက်သွားသည်။
“ဖတ်..ဖတ်..ဖတ်..”
ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့ကသေခြင်း
တားမြစ်နယ်မြေအတွင်းသို့ ဖြည်းညှင်းစွာဝင်ရောက်လိုက်သည်။ ဆိတ်ငြိမ်မှုန်မှိုင်းနေသောနေရာထဲတွင် သူတို့၏ခြေသံများကိုသာ ကြားရနိုင်သည်ဖြစ်သည်။ မီးခိုးဖြူရောင်တိမ်တိုက်တို့၏ ဖုံးလွှမ်းထားမှုအောက်တွင်သူတို့အနေဖြင့် သူတို့၏ အရှေ့မီတာဝက်လောက်ကိုသာ မြင်နိုင်သည်ဖြစ်သည်။
“ဖတ်..ဖတ်..ဖတ်..”
သူတို့ဆက်လက်၍ အတွင်းပိုင်းထဲသို့သွားလိုက်ကြသည်။
ထို့နောက် ကျောက်စရစ်ခဲအပိုင်းအစများက သူတို့၏ခြေဖဝါးအောက်တွင်ပေါ်လာသည်။ ထို့နောက်တွင် ကျောက်စကျောက်နများ ကပို၍ပို၍ များပြားလာပြီး
ကျောက်တုံးများက ပို၍ပို၍ကြီးမားလာသည်။ သူတို့နှစ်ယောက်အနေဖြင့် စွန့်ပစ်ထားသောအပျက်အစီး
နေရာတစ်ခုသို့ ရောက်လာခဲ့ပုံရသည်။
“သခင်လေးဖုန့်”
ဤအချိန်တွင်ချီလင်ဘုရင်က ရုတ်တရက်ခေါ်လိုက်သည်။
“ဘာဖြစ်လို့လဲ”
ချီလင်ဘုရင်၏ အသံအားကြားလိုက်ရသောအခါတွင်
ရှစ်ဖုန့်က သူ၏လမ်းကြောင်းမှရပ်တန့်လိုက်
သည်။သူကမျက်မှောင်ကြုတ်ပြီး၎င်း
ထံသို့လှည့်ကြည့်လိုက်သည်။
“ဒါက အရင်တုံးက သီးခြားခွဲထွက်သွားခဲ့တဲ့ အရှေ့ပိုင်းမြို့ဖြစ်လိမ့်မယ်.. ကျုပ်တို့နှစ်ယောက် တကယ်ပဲ သေခြင်းတားမြစ်နယ်မြေထဲကိုရောက်လာခဲ့တာဖြစ်မယ်”
ချီလင်ဘုရင်ကပြောလိုက်သည်။
“အင်း”
ချီလင်ဘုရင်၏စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။ ထို့နောက် အတွေးတစ်ချက်ဖြင့် သွေးနီရောင်အလင်းတစ်ခုကသူ၏
ညာလက်တွင်းလင်းလက်လာပြီး ဖျောင်ရွှယ်ယွဲ့၏ အကြည်ရောင်ဝိညာဉ်က ရှစ်ဖုန့်၏လက်အတွင်းပေါ်လာသည်။
“ဒါ..ဒါက..သေခြင်းတားမြစ်နယ်မြေ..နင်တို့တွေတကယ်ပဲ သေခြင်းတားမြစ်နယ်မြေထဲကို
ဝင်လာခဲ့တာပဲ.. “
ဖျောင်ရွှယ်ယွဲ့၏ ဝိညာဉ်မှာပေါ်ပေါ်လာခြင်းအလန့်
တကြားအော်ပြောလိုက်သည်။ ထို့နောက်ရှစ်ဖုန့် ညာလက်ကအပြင်းအထန်လှုပ်ခါနေသည်။ ဖျောင်ရွှယ်ယွဲ့၏ ဝိညာဉ်က အပြင်းအထန်ရုန်းကန်နေပြီး ရှစ်ဖုန့်၏လက်အတွင်းမှချိုးဖျက်
ထွက်ပြေးရန်ကြိုးစားနေသည်။
သို့သော် ဖျောင်ရွှယ်ယွဲ့၏ ဝိညာဉ်မှာရှစ်ဖုန့်၏ ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး သူမ၏ ရုန်းကန်မှုအားလုံးက အချည်းနှီးပင်ဖြစ်သည်။
ရှစ်ဖုန့်က အပြင်းအထန်ရုန်းကန်နေသော ဖျောင်ရွှယ်ယွဲ့၏ ဝိညာဉ်အားကြည့်လိုက်ပြီးအေး
စက်စွာပြောလိုက်သည်။
“နင့်ရဲ့ဝိညာဉ်ကို မီးတောက်တွေနဲ့ထပ်ပြီး လောင်ကျွမ်းခံရတဲ့ အတွေ့အကြုံးမျိုး မခံစားချင်ရင် နင်ဒီသခင်လေးအပေါ်ကိုနာခံမှုရှိတာက ပိုကောင်းလိမ့်မယ်.. နင်နဲ့ယွဲ့ဝူရှန့်တို့ ငွေကျောက်တုံးကိုရဖို့အတွက်သေခြင်းတားမြစ်နယ်မြေထဲက ဘယ်နေရာကိုသွားခဲ့တာလဲ”
ရှစ်ဖုန့်၏အေးစက်သောအသံအားကြားရပြီး သူမဝိညာဉ်အား ရှစ်ဖုန့်လက်၏တင်းကျပ်စွာ
ဆုပ်ကိုင်ထားမှုကိုခံစားလိုက်ရသောအခါတွင် သူမ၏ရုန်းကန်မှုအားလုံးက အချည်းနှီးဖြစ်သည်ဟုခံစားရသောကြောင့် ဖျောင်ရွှယ်ယွဲ့မှာ ရုန်းကန်မှုအားလက်လျော့လိုက်သည်။ ယခုအချိန်ထိတိုင် သူမအနေဖြင့် သူမဝိညာဉ်များ မီးတောက်များလောင်ကျွမ်း
သည့်နာကျင်မှုဝေဒနာကို မှတ်မိနေဆဲဖြစ်သည်။ ၎င်းမှာသေသည်ထက်ဆိုးရွားသောနာကျင်မှုတစ်ခုပင်ဖြစ်သည်။ ထိုအချိန်ကသူမမှာ သေခြင်းကပင် ဇိမ်ရှိသော အရာတစ်ခု စိတ်သက်သာရာရသောအရာ
တစ်ခုဖြစ်သည်ဟုခံစားမိခဲ့သည်။
“အဲ့နေရာကငွေကျောက်တုံးတွေက မရှိလောက်တော့ဘူး..”
ဖျောင်ရွှယ်ယွဲ့ကပြန်ဖြေလိုက်ပြီး
နောက်ဆက်၍ပြောလိုက်သည်။
“အဲ့အချိန်တုံးက အဲ့မှာ ယွဲ့ဝူရှန့်နဲ့ငါ နဲ့ပဲရခဲ့တဲ့ ငွေကျောက်တုံး နှစ်တုံးပဲရှိခဲ့တာ…အချို့လူတွေ
ဆန်းကြယ်စွာသေဆုံးပြီးတဲ့နောက်ပိုင်း လူတွေပိုပိုသေလာကြတယ် “
“နောက်ဆုံးလူအားလုံးသေသွားတဲ့အချိန်မှာ ငါတို့ရှင်ကျန်ရစ်ခဲ့နိုင်တာက ငါတို့ရဲ့ခန္ဓာကိုယ်ပေါ်ရှိနေတဲ့ငွေကျောက်တုံးတွေကြောင့်ဖြစ်တယ်ဆိုတာကို ယွဲ့ဝူရှန့်နဲ့ငါ ဖြည်းဖြည်းချင်းသဘောပေါက်လာခဲ့တယ်”
“အဲ့အချိန်တုံးက ငွေကျောက်တုံးတွေရှာတွေခဲ့တဲ့နေရာ
ကိုပြန်သွားပြီးတော့ ငါတို့ရှာဖွေခဲ့ပေမဲ့နောက်ဆုံးငါတို့နေရာ
တစ်ခုလုံးကို ပတ်စိတိုက်ရှာတာတောင် တတိယမြောက်ငွေကျောက်တုံးကို လုံးဝမတွေ့ခဲ့ရဘူး”
ဆက်ရန်……..
ဘာသာပြန်သူ-ARISE