အခန်း(၄၆၈) - ထရပ်ကားကြီး
Vol. 34 Ch. 368
အခန်း(၄၆၈) - ထရပ်ကားကြီး
ကုန်ခြောက်ဆိုင်အား အပြည့်အဝ အလှဆင်ထားပြီးပါပြီ။ သို့သော် ကုန်ခြောက်များကတော့ မရောက်သေးပေ။
ဆိုင်အပြင်အဆင်ပြီးနောက် ၅ ရက်အကြာတွင် လင်းချင်းဟယ်က အချိန်ယူကာ ကျိုးချင်းပိုင်နှင့်အတူ ခရီးတစ်ခု ထွက်ခဲ့ပြီး မိသားစုပိုင် ထရပ်ကားကြီးကို ထုတ်ယူခဲ့သည်။
ထရပ်ကားကြီး တစ်စီးလုံး အပြည့် ကုန်ခြောက်များကို ကျိုးချင်းပိုင်က ကုန်ခြောက်ဆိုင်သို့ ပို့ပေးခဲ့သည်။
လင်းချင်းဟယ်က သူနဲ့လိုက်လာပြီး ပစ္စည်းများကို စီစဥ်နေရာချခဲ့သည်။ ဒီတစ်ခေါက်တော့ ကုန်ပစ္စည်းများစွာ မရှိသေးပါ။ ငါးကြီးဆီများ၊ ပင်လယ်မျှော့များ၊ ပင်လယ်ခရုများ၊ ကင်းမွန်ခြောက်များ၊ ငါးဆားနယ်ခြောက်များ အစရှိသည်တို့သာရှိပါသေးသည်။ တစ်ခုချင်းစီ၏ ပမာဏက အလွန်များပြားပါသည်။
ထရပ်ကားပေါ်မှ ပစ္စည်းများ ချပြီးနောက် အစက ကွက်လပ်ဖြစ်နေခဲ့သော ဆိုင်မှာ ယခုတော့ အလွန် ပြည့်နှက်နေပါပြီ။
လင်းချင်းဟယ်က ပစ္စည်းများ၏ စျေးနှုန်းကို သတ်မှတ်ပြီးသားဖြစ်သည်။ အားလုံး၏ စျေးနှုန်းကို မှတ်သားထားသည့် စာရင်းတစ်ခု ရှိပါသည်။ အမြတ်ငွေကို အခြေခံအားဖြင့် တစ်ဝက်နှုန်းဟု သတ်မှတ်ထားသည်။
ထို့အပြင် ပစ္စည်းအမျိုးအစားကလည်း သိပ်မများသဖြင့် ကျွမ်းကျင်ဖို့ လွယ်ကူသည်။ ထို့ကြောင့် သူတို့ကို စတင်ရောင်းချခိုင်းလိုက်ပါတော့သည်။
သို့သော်လည်း ပစ္စည်းများက စျေးမပေါဘဲ လင်မယားနှစ်ယောက်ကလည်း စီးပွားရေးလုပ်ဖို့ လဝက်လောက်သာ သင်ယူရသေးသဖြင့် လင်းချင်းဟယ်က ဟူကျစ်ကို လာရောက် ကူညီခိုင်းဆဲဖြစ်သည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ဖက်ထုပ်ဆိုင်သို့ ကားမောင်းလာခဲ့ကြသည်။
ဖက်ထုပ်ဆိုင်တွင် အလုပ်များနေကြသည့် ကျိုးကွေ့လိုင်နှင့် ကျိုးရွှမ်တို့က ထရပ်ကားကြီးအား မြင်တော့ အံ့အားသင့်သွားကြသည်။
"အဖေနဲ့ အမေ ဒါ ကျွန်တော်တို့ရဲ့ ထရပ်ကားကြီးလား။" အမြဲတမ်း တည်ငြိမ်အေးဆေးနေတတ်သည့် ကျိုးရွှမ်တောင် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။
သူတို့က ဝမ်ယွမ်၏ ကားကို သဘောကျနေကြတာ ကြာပြီဖြစ်သည်။
သို့သော်လည်း ထိုကားက စျေးကြီးလွန်းသည်။ ယွမ် သောင်းနှင့်ချီပြီး တန်ကြေးရှိသည်။ ကားဝယ်ဖို့အတွက် ယွမ် သောင်းချီတန်သည့် အိမ်တချို့ကို စုစည်းရောင်းချဖို့ လိုပါလိမ့်မည်။ ထို့ကြောင့် သူတို့သည် ကားဝယ်ဖို့ကို မျှော်လင့်မနေတော့ပါ။
မထင်မှတ်ထားစွာဖြင့် သူတို့၏ မိဘများက ထရပ်ကားတစ်စီး ဝယ်လာခဲ့ကြသည်။
"တောင်ပိုင်းစက်ရုံက တစ်ယောက်ယောက်ကို မောင်းလာခိုင်းလိုက်တာလေ။ ခဏခဏ ဖုန်းဆက်ပြီး အမြန်ပို့ဖို့ပြောပေမယ့် အခုမှပဲရောက်လာတာ။" ဟု လင်းချင်းဟယ် ပြောလိုက်သည်။
သူ့သားများက ထိုအကြောင်းကို စိတ်မဝင်စားတာ သိပါသည်။
"အမေ ဒီထရပ်ကားကြီးက ဘယ်လောက် ပေးရလဲ။" ကျိုးကွေ့လိုင်က ဒရိုင်ဘာခုံတွင် ဝင်ထိုင်ရင်း မေးလိုက်၏။
"အသေ စျေးကြီးတာပေါ့။ အိမ်မှာ စုဆောင်းထားတာတွေ အကုန်လုံး သုံးလိုက်ရတယ်။" လင်းချင်းဟယ်က လက်ရမ်းပြလိုက်ပါသည်။
"တန်ပါတယ်ဗျာ။ အဖေ ကျွန်တော့်ကို ကားမောင်းသင်ပေးပါဦး။ နောက်ပိုင်း ပစ္စည်းတွေကို သွားယူဖို့လိုရင် သား ကားမောင်းပြီး သွားယူပေးမယ်လေ။" ဟု ကျိုးကွေ့လိုင်က ချက်ချင်း ပြောလိုက်သည်။
"မရဘူး။ မင်းက ငယ်လွန်းသေးတယ်။" ဟု ကျိုးချင်းပိုင်က တဲ့တိုး ငြင်းလိုက်ပါသည်။
လင်းချင်းဟယ်လည်း ဝင်ပြောသည်။ "ဟုတ်တယ်။ နင့်အသက်က ဘယ်လောက်ရှိသေးလို့လဲ။ နင့်အသက် ၁၈ နှစ်ပြည့်တဲ့အထိ စောင့်လိုက်ဦး။"
"အမေ သားကတော့ သင်လို့ရတယ်မလား။" ဟု ကျိုးရွှမ်က ပြောလိုက်သည်။
"ဟုတ်တယ်။ သားသင်လို့မရပေမယ့် အစ်ကိုလတ်ကတော့ သင်လို့ရတယ်။ သူက အသက် ၁၇ နှစ်ရှိနေပြီ၊ ပြီးတော့ အရပ်လည်း ရှည်တယ်။" ကျိုးကွေ့လိုင်က သူ့အဖေလေသံကို ကြည့်ခြင်းအားဖြင့် သူ့အတွက် ကားမောင်းသင်နိုင်ဖို့ အခွင့်အရေး မရှိသည်ကို သိလိုက်ရသဖြင့် သူ့အစ်ကိုလတ်အတွက်သာ ကူပြောပေးနိုင်တော့သည်။
သူ့အစ်ကိုလတ်သာ ကားမောင်းကျွမ်းကျင်သွားပါက နောက်ပိုင်း အပြင်ထွက်ဖို့ အများကြီး ပိုလွယ်ကူသွားပါလိမ့်မည်။
သူတို့ ရေပူစမ်းသို့ ထပ်သွားနိုင်ပါလိမ့်မည်။ ကားက ယောက်ဖလောင်း ဝမ်ယွမ်၏ ကားဖြစ်သဖြင့် သူတို့ ရေပူစမ်းသို့ တစ်ချိန်လုံး မသွားနိုင်ပါ။ သို့သော်လည်း သူတို့မှာ ကားတစ်စီး ပိုင်ထားပါက အချိန်မရွေးသွားနိုင်ပြီမဟုတ်လား။
"ဟုတ်ပါပြီ။ သားလတ် နင်ကတော့ သင်လို့ရတယ်။" လင်းချင်းဟယ် ခေါင်းငြိမ့်လိုက်သည်။
သူ့ဇနီးသည်က ထိုသို့ပြောလိုက်သည်နှင့် ကျိုးချင်းပိုင်ကလည်း ဘာမှ အထွန့်မတက်ဘဲ ပြောလိုက်သည်။ "မင်း ကားမောင်းသင်ရမယ့်နေရာကို ရှာလိုက်။ ကားမောင်းလိုင်စင်ရရင် ကားကို ထိလို့ရပြီ။”
ကျိုးရွှမ်က ချက်ချင်း သဘောတူလိုက်ပါသည်။
ကျိုးချင်းပိုင်က အလုပ်လုပ်ဖို့ ဆိုင်ထဲသို့ ဝင်သွား၏။ လင်းချင်းဟယ်က သူ့သားနှစ်ယောက်ကို ခေါ်လိုက်သည်။ "ကားထဲဝင်၊ အမေ မင်းတို့ ကားပတ်စီးဖို့ ခေါ်သွားပေးမယ်။”
"အမေက ကားမောင်းတတ်တယ်လား။" ကျိုးရွှမ်က မင်သက်စွာ ပြောလိုက်သည်။
"နင့်အမေက တောင်ပိုင်းမှာ ကားမောင်းလိုင်စင် ရထားပြီးသား။ အဲ့တာကြောင့် နင်တို့အမေကို အထင်မသေးနဲ့။" လင်းချင်းဟယ်က မျက်ခုံးပင့်လိုက်သည်။
သူတို့အမေ တကယ် ကားမောင်းနိုင်သည်ကို မြင်သောအခါ နှစ်ယောက်စလုံး ကြက်သေသေသွားကြသည်။
"ငါတို့အမေ ဒီကမ္ဘာပေါ်မှာ မလုပ်တတ်တာ မရှိဘူးလို့တောင် ထင်လာပြီ။" ဟု ကျိုးကွေ့လိုင်က ဖားယားသလို ပြောလိုက်သည်။
"နင်တို့ ဘယ်သွားချင်လဲ။” ဟု လင်းချင်းဟယ်က မေးလိုက်သည်။
"အမေ မောင်းချင်တဲ့နေရာသာ မောင်းပါ။" ဟု ကျိုးရွှမ်က ပြန်ဖြေ၏။
"အမေ အချိန်ယူပြီး ရေပူစမ်းကို သွားကြရအောင်လား။ အရင်တစ်ခေါက် သွားတုန်းက အချိန်ကို သတိရတယ်။ အဲ့ကို မရောက်ဖြစ်တာ တော်တော်တောင် ကြာနေပြီလို့ထင်တယ်" ဟု ကျိုးကွေ့လိုင်က ရွှင်ပျစွာ ပြောလိုက်သည်။
"အင်း ရေပူစမ်းစိမ်ဖို့ အချိန်ယူလို့ ရမှာပါ" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။
အချိန်တန်လျှင် သူမ အမေဝိန်ကို သွားခေါ်ပြီး အတူတူသွားမည်ဖြစ်သည်။ ကျိုးရှောင်မိန်လည်း ပါသည်။ အမေကျိုးကိုတော့ ခေါ်သွားဖို့ အစီအစဥ်မရှိပါ။ အရင်တစ်ခေါက်တုန်းက တစ်လမ်းလုံး ပွစိပွစိလုပ်ခဲ့သည် မဟုတ်လား။
လူကြီးများက ကပ်စေးနဲတတ်ကြောင်း သူမသိသော်လည်း အမေကျိုး၏ စကားလုံးများကိုတော့ ခံနိုင်ရည်မရှိပေ။
"လာမယ့် တနင်္ဂနွေနေ့ဆိုရင်ကော" ကျိုးကွေ့လိုင်က အမြန်မေးလိုက်သည်။
"စောင့်ကြည့်တာပေါ့။ အချိန်ရရင် သွားကြမယ်" လင်းချင်းဟယ် ကားမောင်းနေသည်။ သူမ၏ ကားမောင်းစကေးများက အတော်လေး တည်ငြိမ်၏။ ထို့ကြောင့် ဝမ်ယွမ်၏ အထည်စက်ရုံအထိ လာခဲ့သည်။
ဝမ်ယွမ်က အပြင်ဘက်တွင် မတ်တပ်ရပ်နေပြီး သူတို့ကို မြင်သွားသည်။ ထို့အပြင် စတုတ္ထဒေါ်လေး ကားမောင်းနေသည်ကို မြင်သွားသည်။
ဒီနှစ်ထဲ ရေပူစမ်းသွားခဲ့တုန်းက ကျိုးချင်းပိုင် ပြောစကားကို ကြားဖူးသည်။ သို့သော်လည်း ဒီလို ထရပ်ကားကြီးအား လင်းချင်းဟယ် မောင်းနိုင်သည်ကို ဝမ်ယွမ် မြင်ကာမှ တကယ်လေးစားသွားခြင်းဖြစ်သည်။
"စတုတ္ထ ဒေါ်လေး တော်လိုက်တာဗျာ" ကားထဲက ထွက်လာကြသောအခါ ဝမ်ယွမ်က သူတို့ကို နှုတ်ဆက်လိုက်ပြီး ချိးမွမ်းလိုက်ပါသည်။
"ကားမောင်းတာပဲကို ဘာတွေအံ့သြစရာ ရှိလို့တုန်း" လင်းချင်းဟယ်က လက်ရမ်းပြလိုက်သည်။
ဝမ်ယွမ်က ပြုံးလိုက်၏။ "အဲ့လိုဆိုပေမယ့် ကားမောင်းတတ်တဲ့ မိန်းကလေး သိပ်များများ စားစား မရှိဘူးလေ" သူအရင်က မမြင်ဖူးပါ။
လင်ချငသ်းဟယ်က ပင်လယ်စာခြောက် တချို့နှင့် ငါးကြီးဆီများ၊ ပင်လယ်ခရုများ၊ ပင်လယ်မျှော့များကို ကားပေါ်မှ ချပေးလိုက်ပြီး ပြောလိုက်၏။ "ဒါတွေကို နင့်အတွက် ယူလာပေးတာ။ အစကတော့ အာ့နီကို ပေးခိုင်းမလို့ပဲ။ ဒါပေမယ့် အခုလောလောဆယ် အာ့နီ အလုပ်များနေတော့ ငါပဲ ယူလာပေးလိုက်တာ။ ညနေကျရင် အိမ်မှာ ပင်လယ်ကဏန်းကြီးတွေ ချက်ကြမယ်။ ငါတို့နဲ့ အတူတူ လာစားကြပါလား။"
"ဟုတ်ကဲ့" ဝမ်ယွမ်က အားမနာပေ။ သူက အပြုံးဖြင့် သဘောတူလိုက်သည်။
လင်းချင်းဟယ်က သားနှစ်ယောက်ကို အဖေကျိုးနှင့် အမေကျိုးတို့ ဘက်သို့ ခေါ်လာခဲ့၏။ ကုန်ခြောက်တချို့ကိုလည်း ယူလာပေးသည်။ ထို့အပြင် ပုံးထဲမှာ ခွဲထားသည့် ကဏန်းကြီးတချို့လည်း ယူလာပေး၏။
အမေကျိုးတို့ဘက်တွင် လူများသဖြင့် တချို့ကို ဒီဘက်တွင် ပေးထားမည်ဖြစ်သည်။
သို့သော်လည်း ကုန်ခြောက်များနှင့် ပင်လယ်ကဏန်းများထက် ထရပ်ကားကြီးကို အဖေကျိုးနှင့် အမေကျိုးတို့က ပိုအံ့အားသင့်နေပါသည်။
"ဒါက... သမီးတို့ နှစ်ယောက် ဝယ်ထားတာလား။" အဖေကျိုးက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ဘယ်လောက်တော့ ကုန်သွားလဲ။" အမေကျိုးက မနေနိုင်ဘဲ မျက်နှာနီနီရဲရဲကြီးဖြင့် မေးလိုက်သည်။
"အိမ်က ပိုက်ဆံတွေ အကုန်ပြောင်သွားတာပဲလို့ အမေပြောတယ်။" ကျိုးကွေ့လိုင်က ဖြေလိုက်သည်။
"အကုန်ကုန်သွားလည်း ကိစ္စမရှိပါဘူး။ ဆိုင်က ငွေတွေ ပြန်ဝင်မှာပေါ့။ ကားက အနာဂတ်ကျရင် အသုံးဝင်လာလိမ့်မယ်။ ကုန်ပစ္စည်းတွေ သွားယူဖို့ ဘာဖို့ပေါ့။ သေချာပေါက် ပိုက်ဆံက ပြန်ရမှာပါ။" အဖေကျိုးက ရှင်းရှင်းလင်းလင်း ပြောလိုက်ပါသည်။
သူ့သားက ကားတစ်စီး ဝယ်ခဲ့သည်။ သူ့သားက ကားပိုင်သည့် လူတစ်ယောက် ဖြစ်လာပြီ။
"ချင်းပိုင် ပါမလာဘူးလား။" အမေကျိုးက ဘေးပတ်လည်ကို ကြည့်လိုက်ပြီး ကြက်သေသေကာ မေးလိုက်သည်။ "ဒါဆို အခု ဘယ်သူ မောင်းလာတာလဲ။"
"သမီး မောင်းလာတာပါ။" လင်းချင်းဟယ်က ဖြေလိုက်သည်။
ထိုသို့ပြောပြီးနောက် သူမ ယောက္ခမ၏ မျက်လုံးထဲက အကြည့်တွေက အလွန်ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။
တကယ်ပဲ အမေကျိုး၏ အကြည့်များ ပြောင်းလဲသွားပါသည်။ စတုတ္ထချွေးမ မလုပ်နိုင်တာ ဘာမှရှာမရတော့ပါ။
အခုလည်း ကြည့်ပါဦး။ ဒီလိုကားကြီးမျိုးကိုတောင် မောင်းနိုင်တယ်တဲ့လား။
"အဖေနဲ့အမေ ဒီပင်လယ်ကဏန်းကြီးတွေကို ရေနွေးငွေ့နဲ့ပေါင်းပြီး ချက်စားလို့ရတယ်။ သမီးတို့ အလုပ်လုပ်ဖို့ ပြန်နှင့်ဦးမယ်နော်။"
လင်းချင်းဟယ်က သူမ ယောက္ခမ၏ အကြည့်ကို ခံနိုင်ရည်မရှိဘဲ ပြောလိုက်သည်။
"နေပါဦး စတုတ္ထချွေးမ။ အာဟာရဖြစ်အောင် ကြက်တစ်ကောင်လောက် ယူသွားပါဦး။ ငါ ကြက်ဥတွေလည်း အများကြီး စုထားတယ်။ နည်းနည်းလောက် ယူသွားပြီး ကြက်ဥစွပ်ပြုတ် ပြုတ်သောက်ပါလား။" ဟု အမေကျိုးက အမြန်ပြောလိုက်သည်။