← Chapters

အခန်း(၄၆၅) - လူသားစားပန်းပွင့်

Vol. 34 Ch. 465

အခန်း(၄၆၅) - လူသားစားပန်းပွင့်

Vol. 34 Ch. 465

အခန်း(၄၆၅) - လူသားစားပန်းပွင့်

လင်းချင်းဟယ်သည် စာရင်းများကို စစ်ဆေးပြီး ပေါင်းကြည့်လိုက်သည်။ ဗီရိုထဲက ပိုက်ဆံကိုလည်း ပြန်ထုပ်ပြီး ထပ်ရေတွက်ကာ ပြန်ထည့်ထားလိုက်ပါသည်။

ထို့နောက် သူမ ဖက်ထုပ်ဆိုင်သို့ လာခဲ့၏။ ယခင် နှစ်လစလုံး သူ့သားငယ်အတွက် ခက်ခဲခဲ့သဖြင့် သူ့ကို အားမပေးသင့်ဘူးလား။

"သားငယ် အိမ်မှာ ဘာလို့ ရေခဲသေတ္တာ တစ်လုံး အပိုရောက်နေတာလဲ။" ဟု လင်းချင်းဟယ်က မေးလိုက်၏။

အိမ်ထဲတွင် သောက်စရာများနှင့် ရေခဲမုန့်များ ပြည့်နှက်နေသည့် ရေခဲသေတ္တာ အပိုတစ်လုံး ရှိနေပါသည်။ လင်းချင်းဟယ်က ဘာမှ မဝေဖန်သေးပါ။

"သား ဝယ်ထားတာလေ။ သား စုထားတဲ့ မုန့်ဖိုးတွေကို စုပြီး ဝယ်ထားတာ။ စာရင်းထဲ ပေါင်းထည့်မထားဘူးနော်။" ကျိုးကွေ့လိုင်က မေးငေါ့ကာ အနည်းငယ် ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ပြောလိုက်၏။

"ဒါ မိသားစုကို ထောက်ပံ့တာပေါ့လေ။” လင်းချင်းဟယ်က သူ့သားငယ်ကို စနောက်ကျီစယ်လိုက်ပါသည်။

"ဘာမှ မဟုတ်ပါဘူးဗျာ။ ရေခဲသေတ္တာလေးတစ်လုံးပါပဲ။" ကျိုးကွေ့လိုင်က စိတ်ရွှင်နေပြီး စိတ်အေးလက်အေး ပြန်ပြောလိုက်သည်။

ထိုမုန့်ဖိုးများက သူအားထုတ်ထားရသည့် ပိုက်ဆံများဖြစ်သည်။ သူကိုယ်တိုင် စုထားခဲ့ပြီး ဝယ်ခဲ့၏။ ဝယ်ပြီးနောက် အသုံးဝင်မှုကလည်း ကျယ်ပြန့်လှပါသည်။

ညနေဘက် အိမ်ပြန်ရောက်လာတိုင်း ရေခဲချောင်း သို့မဟုတ် အအေးတစ်ဗူး သောက်ရတာ ဘယ်လောက်တောင် လန်းဆန်းလိုက်သလဲ။

"ကြည့်ရတာ နင့်အစ်ကိုလတ်က ပညာရေးလမ်းကို လျှောက်တော့မယ့်ပုံပဲ။ အနာဂတ်ကျရင် ငါတို့စီးပွားရေးကို ထိန်းသိမ်းဖို့ ငါတို့ သားငယ်ကိုပဲ အားကိုးရတော့မှာပဲ။" လင်းချင်းဟယ်က ကျိုးကွေ့လိုက်၏ လက်တစ်ဖက်ကို ကိုင်လိုက်သည်။

"ရပါတယ်ဗျာ။ သား အသားကျနေပါပြီ။" ဟု ကျိုးကွေ့လိုင်က ပြန်ပြောလိုက်၏။

အရမ်းပင်ပန်းရသလိုမျိုး ပြောလိုက်ခြင်းဖြစ်သည်။ လင်းချင်းဟယ် ပြုံးသွား၏။ "နင့်အဖေ ပြန်လာရင် သူ့ကို တစ်နေရာရာ အပန်းဖြေ ခရီးလိုက်ပို့ခိုင်းလိုက်။ နောက်ရက် နည်းနည်းနေရင် ကျောင်းပြန်တက်ရတော့မှာ။ အဲ့ဒီရက်တွေထဲ နင့်အစ်မ စန်းနီနဲ့ တတိယယောက်ဖတို့ကိုပါ ခေါ်သွားလို့ရတယ်။"

"မသွားတော့ပါဘူးဗျာ။ ရာသီဥတုက ပူလွန်းတယ်။ ကျောင်းစတာနဲ့ စစ်လေ့ကျင့်ရေးလည်း လုပ်ရဦးမယ်။ အဲ့အချိန်ကျရင် လိုတာထက်တောင် ပိုပြီး နေပူစာလှုံရမှာ။" ကျိုးကွေ့လိုင်က ဧည့်လမ်းညွှန်လုပ်ဖို့ ငြင်းဆန်လိုက်ပါသည်။ "အမေ အစ်ကိုလတ်ကို လိုက်ပို့ခိုင်းလိုက်ဗျာ။"

"နင့်အစ်ကိုလတ်က ဘယ်မှာတုန်း။" လင်းချင်းဟယ် မေးလိုက်သည်။ ဒီမနက် အစောကြီး ထကတည်းက သူ့ကို မတွေ့ခြင်းဖြစ်၏။

"အမေ့သားလတ်က ပုံဆွဲဘုတ်ပြား ကျောမှာသယ်ပြီး ကောင်းကင်ဘုံ ဘုရားကျောင်းကို သွားတယ်။ နေ့လည်ကျရင် ကျူရှင်ပြဖို့ ရှိတယ်။ ညနေကျမှ အချိန်နည်းနည်း အားလိမ့်မယ်။" ဟု ကျိုးကွေ့လိုင်က မကျေနပ်စွာ ပြောဆိုလိုက်သည်။

လင်းချင်းဟယ် စိတ်ဝင်စားသွား၏။ "နင့်အစ်ကိုလတ်က ဘာလို့ ရုတ်တရက်ကြီး ပန်းချီဆွဲရတာ စိတ်ဝင်စားသွားတာတုန်း။”

"မသိပါဘူးဗျာ။ သူ့ပန်းချီကားတွေကတော့ မဆိုးပါဘူး။ သားတို့အခန်းထဲမှာ သူဆွဲထားတဲ့ ပန်းချီကားတွေ အများကြီး ရှိတယ်။ ပြီးတော့ အဘိုးတို့ အိမ်မှာကောပဲ။ လှတဲ့ ပန်းချီကားတွေကို လက်ဆောင်ပေးတယ်။ အဘွားက တန်ဖိုးထားပြီး အဘိုးကို နံရံပေါ်မှာ ချိတ်ခိုင်းထားတယ်။" ဟု ကျိုးကွေ့လိုင်က ပြောလိုက်သည်။

သူ့အစ်ကိုလတ်က ယခု အနုပညာကို ဝါသနာ ပါလာသည်။ ကျိုးကွေ့လိုင် သတိရသွားပြီး ပြောလိုက်၏။ "အစ်ကိုလတ်က ဂတ်တာ တစ်လုံး ဝယ်ချင်လို့တဲ့။"

"ဟုတ်ပါပြီ။" လင်းချင်းဟယ်က ကန့်ကွက်စရာ မရှိပါ။ ဝါသနာ တစ်ခုထားခြင်းက ကောင်းမွန်ပါသည်။

"ဂစ်တာ ကောင်းကောင်း တစ်လက်ကို ယွမ် ရာကျော်ကုန်တယ်နော်။" ကျိုးကွေ့လိုင်က သူ့အစ်ကိုလတ်အား ဝယ်ပေးဖို့ အနည်းငယ် တွန့်တိုနေပါသည်။

"ဝယ်ပေးလိုက်စမ်းပါဟယ်။ နင့်ကင်မရာက သူ့ဂစ်တာထက်တောင် ပိုစျေးကြီးသေးတယ်။" ဟု လင်းချင်းဟယ် ပြောလိုက်သည်။

ကျိုးကွေ့လိုင်က ပြုံးဖြီးဖြီးလုပ်လိုက်ပါသည်။ သူ့ကင်မရာက တကယ်ပဲ အပြစ်ကင်းလှသည်။ အရည်အသွေးက ထိပ်တန်းဖြစ်ပြီး အပြင်သို့ ယူသွားလျှင်လည်း အလွန်မျက်နှာရပါသည်။

"နင်တို့ ညီအစ်ကိုနှစ်ယောက်ကမှ ပစ္စည်းကောင်းတွေ ဝယ်နိုင်ပါသေးတယ်။ နင့်အစ်ကိုကြီးက ဘာမှ မဝယ်ရဘူး။" ဟု လင်းချင်းဟယ်က မှိုင်တွေကာ ပြောလိုက်သည်။

"အစ်ကိုကြီးက အဲ့မှာ ဘာမှလုပ်လို့မှ မရတာ။ အမေက သူစားဖို့ တစ်ခုခုလုပ်ပြီး ပို့ပေးလိုက်ပေါ့။" ဟု ကျိုးကွေ့လိုင်က ပြောလိုက်သည်။

လင်းချင်းဟယ်လည်း ထိုနည်းလည်းကောင်း တွေးမိပါသည်။ သို့သော်လည်း ပူပြင်းသော ရာသီဥတုဖြင့်ဆို သူဘာတွေ လုပ်ပြီး ပို့ပေးရမည်နည်း။ ဒီလိုအချိန်မျိုးတွင် နောက်ပိုင်းမျိုးဆက်များလောက် ကုန်ပစ္စည်းပို့ဆောင်ရေးက ပရော်ဖက်ရှင်နယ် မဆန်ဘဲ အလွန်နှေးကွေးသည်။ အစားအသောက်များ ပို့ပေးချင်ရင်တောင် ရာသီဥတု အေးလာသည်အထိ စောင့်ပြီးမှ ပို့ပေးနိုင်ပါသည်။

"ရှုရှန့်ချမ်းကော ဘယ်လိုလဲ။ သူ စာကို ကောင်းကောင်း သင်နေလား။" ဟု လင်းချင်းဟယ်က အကြောင်းအရာကို ပြောင်းလဲလိုက်ပါသည်။

"အဲ့အကြောင်း ကန်းကျစ်ဆီက မကြားမိဘူး။ ပြဿနာတော့ မရှိလောက်ပါဘူး။" ကျိုးကွေ့လိုင်က ပြောလိုက်သည်။ ထို့နောက် နှုတ်ခမ်းကို တွန့်ကာ ပြောလိုက်၏။ "အမေ ဟိုဘက်အိမ်က ကျန်းမိသားစု ဘယ်လောက် ရွံစရာကောင်းလဲ မသိဘူးနော်။"

"ဘာဖြစ်လို့တုန်း။" ဟု လင်းချင်းဟယ် မေးလိုက်သည်။

"အဲ့ဒီကျန်းမေ့လျန်ပေါ့။ အမေနဲ့ အဖေတို့ အိမ်မှာမရှိတာ မြင်တော့ အိမ်အထိ တံခါး လာခေါက်ပြီး အစ်ကိုဟူကျစ်ကို လာရှာတယ်လေ။" ဟု ကျိုးကွေ့လိုင်က စိတ်တိုစွာ ပြောလိုက်သည်။

အရင်တစ်ခေါက်က ကျန်းမေ့လျန်အား ဟူကျစ် ငြင်းပြီးသားဖြစ်ပါသည်။ သို့သော်လည်း သူမ လက်မလျှော့သေးပါ။ ထို့ကြောင့် ဒီနှစ် နွေရာသီ အားလပ်ရက်တွင် ပြဿနာရှာဖို့ ကြိုးစားပါသည်။

ဟူကျစ်ကို တမင်တကာ တံခါးလာခေါက်ကာ ရှာခဲ့ခြင်းဖြစ်သည်။

အမှန်ပင်။ အရင်ကလည်း ဟူကျစ်ကို လိုက်ရှာဖူးပါ၏။ သူမကို မြင်သောအခါ ဟူကျစ်က ရှောင်ရှားကာ ကွေ့ပတ်သွားခဲ့ပါသည်။

သူမက အိမ်ရှေ့ထိ ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပါ။

ဒီကျန်းမေ့လျန်ကြောင့် ဟူကျစ် ရွံရှာမိသည်။ ပြောသင့်သည်ကို ပြောခဲ့ပြီးပြီ။ ရှောင်သင့်သည်ကိုလည်း သူရှောင်ခဲ့၏။ သူမ ရပ်တန့်ချင်စိတ် ပေါ်လာအောင် တဲ့တိုးပြောမှ ရတော့မှာလား။

ထို့အပြင် ဟိုတစ်ခေါက် သူပြောခဲ့တာတွေကကော မသိသာဘူးလား။

ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့ အိမ်မှာမရှိလောက်ပါဘူးဟု သူမ ထင်ခဲ့ခြင်း မဖြစ်နိုင်ပါ။ အိမ်တွင် အုပ်ထိန်းသူ ဘယ်သူမှ မရှိဘူးဟု ထင်ခဲ့တာ ဖြစ်နိုင်ပါသည်။

ကျိုးကွေ့လိုင်ကလည်း မယဥ်ကျေးပေ။ စကားတစ်ခွန်းတည်းနှင့် ကျန်းမေ့လျန်ကို မျက်နှာခက်ထန်စွာ လှည့်ပြန်သွားအောင် လုပ်နိုင်ခဲ့ပါသည်။

သူ ပြောခဲ့သည်က "ရပ်ကွက်တစ်ကွက်လုံးလည််း သတင်းတွေပျံ့နေပြီ။ ကျွန်တော်တို့ အကုန်လုံး သိတယ်။ ကျွန်တော့်အစ်ကို ဟူကျစ်ကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတာလား။"

ကျန်းမေ့လျန်က ဒီကောင်လေး သူမကို မျက်နှာသာမပေးဘဲ ဒီလို ပြောရဲလိမ့်မည်ဟု ထင်မထားခဲ့ပါ။

ဟူကျစ် သူမကို လက်ထပ်မှာ မဟုတ်ကြောင်း သေချာပြီး မျက်နှာပျက်ရခြင်းကြောင့်လား မသိ၊ နောက်ထပ် ရက်အနည်းငယ်အတွင်း ကျန်းမေ့လျန်တစ်ယောက် ပြောင်းရွှေ့သွားခဲ့ပါသည်။

ထိုအခါကတည်းက အဘွားကျန်းက သူတို့ကို ကြည့်မရဖြစ်နေခဲ့သည်။

ကျိုးကွေ့လိုင်နှင့် တခြားသူများကလည်း နည်းနည်းလေးတောင် ဂရုမစိုက်ပါ။ သူတို့ ထိုကျန်းမိသားစုကိုလည်း မကြောက်ပါ။ ကျိုးကွေ့လိုင်နှင့် ကျိုးရွှမ်တို့နှစ်ယောက်စလုံးသည် သူတို့၏ မွေးစားအဘိုးမှာ ကျန်းမိသားစု၏ ကျေးဇူးကြောင့် နယ်နှင်ခံခဲ့ရသည်မှာ ကြာပြီဖြစ်ကြောင်းကိုလည်း သိထားသည်။

"တကယ်ပါပဲ အောက်တန်းကျလို့ကို မပြီးတော့ဘူး။" ဒီစကားကို နားထောင်ပြီးသောအခါ လင်းချင်းဟယ် ငေါက်လိုက်ပါသည်။

"အမေ ရှုရှန့်မိန်ကို သတိထားရမယ်နော်။ ကျန်းမေ့လျန်နဲ့ ရှုရှန့်မိန်တို့ စကားပြောနေကြတာကို အဘွားရှု မြင်ခဲ့တယ်လို့ ပြောသံကြားတယ်။" ကျိုးကွေ့လိုင်က ဖက်ထုပ်များ လုပ်နေရင်း ပြောလိုက်သည်။

အဘွားရှုဆိုသည်မှာ အလုပ်ရုံငယ်မှ အဘွားရှု ဖြစ်သည်။ လင်းချင်းဟယ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ရှုရှန့်မိန်က ကျန်းမေ့လျန်နဲ့ ဘာလို့ ပတ်သတ်နေတာလဲ။"

"မသိဘူးလေ။ ဘာမှ စဥ်းစားလို့မရဘူး။" ဟု ကျိုးကွေ့လိုင်က ပြန်ပြောလိုက်သည်။

အစက သူရှုရှန့်မိန်အပေါ် ကောင်းပေးခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူ့မှာ အစ်မ ညီမလည်းမရှိပေ။ ရှုရှန့်မိန်က နူးညံ့ပြီး အားနည်း၏။ ထို့အပြင် သူ့ဝမ်းကွဲအစ်မလည်း ဖြစ်သည်။ သူမကို သူကာကွယ်ပေးရမည်ဖြစ်၏။

သို့သော်လည်း အခုတော့ အကောင်းမြင်စိတ်လေး တစ်ခုတစ်လေတောင် မကျန်တော့ပါ။

သူ့ဝမ်းကွဲအစ်မမှာ လူသားစားပန်းတစ်ပွင့် ဖြစ်သည်ဟု ခံစားရသည်။ သူမဟာ နူးညံ့ပြီး အားနည်းသည့်ပုံပေါ်သော်လည်း ဒါက အပေါ်ယံသာဖြစ်သည်။ သူ့ရဲ့ ပါးစပ်ပေါက်က လူတစ်ကိုယ်လုံးကို ဝါးမြိုပြစ်နိုင်သည်။

ထို့အပြင် သူ့မိသားစုကို ဝမ်းကွဲအစ်မက နောက်ကျောကို ဓားနှင့်ထိုးကာ သစ္စာဖောက်သွားသည်ဟု ကျိုးကွေ့လိုင်က ခံစားခဲ့ရသည်။

သူ့အမေက သူ့ကို မြို့တော်က လူနဲ့ မတွဲဖို့ တားမြစ်ထားလို့လား။ တားမြစ်ထားရင် ဘာလို့ အစ်မအာ့နီကို အစ်ကိုဝမ်ယွမ်နဲ့ သဘောတူတာလဲ။

သူမဖာသာသူမ ရှာချင်ခဲ့ပြီး ကျောက်ကျွင့်နှင့် အတူတူ နေခဲ့တာ သူမအကြံပဲမဟုတ်လား။

ဒီနှစ်နွေရာသီတွင် ရှုရှန့်မိန်က ကျောက်ကျွင့်ကို ခေါ်ကာ ဖက်ထုပ်ဆိုင်သို့ လာလည်၏။ ထို့နောက် ကျောက်ကျွင့်က ဝင်လာပြီး တရားလွန် ပြုမူသည်။ အလွန်မောက်မာသော ပုံစံဖြင့် ပြော၏။ တကယ်ပဲ ကိုယ့်ကိုယ်ကို ကြက်သွန်မြိတ်လို သတ်မှတ်ထားသည်။ သူ့ကိုယ်သူ ဘာကောင်များ ထင်နေတာလဲ။

ကျိုးကွေ့လိုင်က သူတို့ကို အကြာကြီး မနေခိုင်းဘဲ ပြန်လွှတ်လိုက်ပါသည်။

"စကားမစပ် ရှုရှန့်မိန် ကိုယ်ဝန်ထပ်ရနေပြန်ပြီ။" ဟု ကျိုးကွေ့လိုင်က ပြောလိုက်သည်။

ကျိုးချင်းပိုင် ပြန်လာသည်ကို မြင်ကာ လင်းချင်းဟယ် ပြောလိုက်သည်။ "သူ့ကိစ္စ စိတ်မဝင်စားဘူး။"

ထို့နောက် သူမ ညွှန်ကြားလိုက်သည်။ "ဖက်ထုပ်ဆိုင်ကို နင့်အဖေဆီ လွှဲထားလိုက်။ နင်နဲ့ငါနဲ့ စျေးသွားဝယ်ကြမယ်။ ဝမ်ယွမ်ရယ်၊ နင့်အစ်မ စန်းနီရယ်၊ နင့်တတိယယောက်ဖရယ် နေ့လည်ကျရင် လာစားကြလိမ့်မယ်။"

"အဖေ ကျွန်တော် ထားခဲ့မယ်နော်။ ကျွန်တော် အမေနဲ့ စျေးလိုက်သွားလိုက်ဦးမယ်။ အစ်ကိုဝမ်ယွမ်က ဝက်သားနဲ့ ငရုတ်ကောင်းနဲ့ ကြော်တာ ကြိုက်တယ်။ ခဏနေရင် သွားဝယ်ထားလိုက်ပါဦး။” ဟု ကျိုးကွေ့လိုင်က သူ့အဖေကို ပြောလိုက်သည်။

ကျိုးကွေ့လိုင်က ကျောက်ကျွင့်ကို ဘာမှ စိတ်မဝင်စားပါ။ သို့သော် သူ့ယောက်ဖလောင်းဖြစ်သည့် ဝမ်ယွမ်ကို သဘောကျချက်ကတော့ ထိပ်တန်းဖြစ်နေပါသည်။

All Chapters