← Chapters

အခန်း(၄၆၆) - ကြားလူ

Vol. 34 Ch. 466

အခန်း(၄၆၆) - ကြားလူ

Vol. 34 Ch. 466

အခန်း(၄၆၆) - ကြားလူ

လူသားမျိုးနွယ်တွေ အားလုံးက အချင်းချင်း ပတ်သတ် ဆက်သွယ်နေကြရသည်။

ထို့ကြောင့်လည်း ကျိုးကွေ့လိုင်က သူ့ဒုတိယ ယောက်ဖလောင်းကို ဒီလိုသဘောကျခြင်းဖြစ်သည်။ ၁၀ ကြိမ်လောက် လာလည်ပြီး ငါးကြိမ် လောက်တွင် ဝမ်ယွမ် လက်ဆောင်များ ဝယ်လာတတ်သည်။

ကျောက်ကျွင့်ကတော့ လက်ချည်းဗလာ ရောက်လာပြီး အိမ်က ထမင်းကိုပင် အလကား စားချင်နေသေး၏။

လက်ဆောင်ယူလာခြင်း မယူလာခြင်းက အရေးမကြီးပါ။ သို့သော် အပြုအမူပေါ်တွင်သာ မူတည်သည်။ လူတစ်ယောက်က တခြားလူတွေကို လေးစားတတ်သလား၊ သူတို့ကို ဆွေမျိုးလို ဆက်ဆံသလား၊ မည်သူက မသိဘဲ နေမည်နည်း။

ဝမ်ယွမ်၏ ပုံစံမျိုးနှင့်ဆို လက်ချည်းဗလာ ရောက်လာလျှင်တောင် ကျိုးမိသားစုက နွေးနွေးထွေးထွေး ကြိုဆိုကြမည်ဖြစ်ပါသည်။ သူ့ကို မိသားစုဝင်အဖြစ် သတ်မှတ်ထားပြီးကြပြီ။ သူ ဘာမှ ယူလာစရာမလိုပါ။ အပြင်ဘက်တွင် သွားဝယ်မစားချင်ပါက သူတို့အိမ်မှာ လာစားလည်း အပန်းမကြီးပေ။

သို့သော်လည်း သူကတော့ ယဥ်ကျေးလွန်းပါသည်။ မကြာခဏ လက်ဆောင်များ ဝယ်လာခဲ့သည်။ အဖေကျိုးနှင့် အမေကျိုးတို့ဘက်လည်း အတူတူပဲဖြစ်၏။ မကြာခဏ သွားစားတတ်ပြီး အဖေကျိုးနှင့် အမေကျိုးတို့နှင့် အလွန်ရင်းနှီးလာခဲ့သည်။ သူ့ကို မြေးတစ်ယောက်လိုပင် ဆက်ဆံနေကြပါပြီ။

ဒါက ကမ္ဘာကြီးထဲက လူမှုဆက်ဆံရေး ပြဿနာများဖြစ်ကြသည်။

ကျိုးကွေ့လိုင်နှင့် သူ့အမေတို့ ဟင်းချက်စရာများ ဝယ်ယူရန် စျေးသို့လာခဲ့ကြသည်။ ကြက်တစ်ကောင် ဝယ်လာ၏။ ဝက်သားတော့ ဝယ်စရာမလိုပေ။ ကျိုးချင်းပိုင် ရေခဲသေတ္တာထဲ ထည့်ထားတာ ရှိသည်။ လှီးဖြတ်ချက်ပြုတ်ဖို့သာ လိုပါသည်။

သူတို့ ပြောင်းဖူးပြုတ်များ၊ သခွားသီးများနှင့် တခြားဟင်းသီးဟင်းရွက်များစွာနှင့် ငါးများကို ဝယ်ယူခဲ့ပါသည်။

အခု ဆိုင်က လူအရေအတွက်များ လုံလောက်နေပြီဖြစ်သဖြင့် လင်းချင်းဟယ်က မာချန်းမင်ကို ချက်ပြုတ်ခိုင်းသည်။ အခုချိန်ကစပြီး သူတို့အတွက် လင်းချင်းဟယ်က ညစာပေးတော့မည်မဟုတ်ပေ။

အလုပ်အချိန်များအား လျှော့ချလိုက်ခြင်းကြောင့် အလုပ်သမားများ အားလပ်ချိန် ပိုရလာသည်။ ၎င်းတို့၏ လခကတော့ မပြောင်းလဲပါ။ လစာတော့ တိုးမပေးသေးပေ။

သို့သော် သူမပေးသည့် လစာက အပြင်ဘက်က လစာများနှင့် မယှဥ်နိုင်ပါ။

ဟင်းချက်ပစ္စည်းများနှင့် ပြန်လာပြီးနောက် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ စတင် စီစစ်သည်။ သူတို့ ယူလာခဲ့သည့် မှိုပွင့်များကလည်း စားလို့ရပါသည်။ လင်းချင်းဟယ်အတွက် ကျိုးချင်းပိုင်တစ်ယောက် လီကျားရွာက တောင်ပေါ်တတ်ပြီး ကောက်လာသည့် မှိုများဖြစ်ပါသည်။

သူတို့ ပြန်ယူလာသောအခါ အတူတူ ပြန်ယူလာခဲ့ကြပါသည်။ လင်းချင်းဟယ်က သိမ်းထားပြီး ထုတ်မစားသေးပေ။ ဒါကို ရှင်းပြဖို့ မလွယ်ကူပါဘူး။

အချိန်တစ်ခုရောက်လာမှ နေရောင်ဖြင့် အခြောက်ခံရမည်ဖြစ်သည်။

သို့သော် လတ်ဆတ်သည့် မှိုပွင့်များကိုတော့ မထုတ်နိုင်သေးပါ။ မှိုခြောက်များစွာ ရှိသေးပြီး အားလုံး ကောင်းနေပါသေးသည်။

သိပ်မကြာလိုက်၊ လီအိုက်ကော်နှင့် ကျိုးစန်းနီတို့ ရောက်လာကြသည်။

လင်မယားနှစ်ယောက်သား မနေ့ကတည်းက လမ်းကို မှတ်သားထားပြီးသားဖြစ်သည်။ ဒီနေ့မနက် ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့ကို သွားကူညီခဲ့သဖြင့် အခုတော့ ဒီကိုလာခဲ့ခြင်းဖြစ်ပါသည်။

ကျိုးစန်းနီက လင်းချင်းဟယ်ကို ဝင်ကူပေး၏။

"စတုတ္ထဒေါ်လေး နင့်ကိုနေ့လည်ကျရင် ဆေးရုံခေါ်သွားပေးမယ်။" ဟု လင်းချင်းဟယ် သူမကို ပြောလိုက်သည်။

ကျိုးစန်းနီက အပျော်လွန်သွားပြီး ခေါင်းငြိမ့်လိုက်ပါသည်။ "စတုတ္ထဒေါ်လေးကို ဒုက္ခပေးမိပါပြီ။"

"ဘာဒုက္ခလဲ။ သိပ်လည်း မဝေးပါဘူး။" ဟု လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။ ထို့နောက် သူတို့ ဟင်းချက်ပစ္စည်းများကို စတင်ပြင်ဆင်သည်။ ကျိုးကွေ့လိုင်ကို သူမ အမိန့်ပေးလိုက်၏။ "နင့်အစ်မ စစ်နီကို သွားခေါ်လာခဲ့။ သူ ဖျော်ရည်ဆိုင်မှာ ရှိလိမ့်မယ်။"

"ဟုတ်ကဲ့" ကျိုးကွေ့လိုင် ပြန်ဖြေလိုက်ပြီး စက်ဘီးဖြင့် ဖျော်ရည်ဆိုင်သို့ထွက်လာခဲ့သည်။

လင်းချင်းဟယ်က ပြုံးကာ ကျိုးစန်းနီနှင့် လီအိုက်ကော်တို့အား မေးလိုက်၏။ "မြို့တော်မှာ နေရတာ ဘယ်လိုလဲ။"

"ကောင်းတာပေါ့ဗျာ။" လီအိုက်ကော်က ခေါင်းငြိမ့်လိုက်ပါသည်။

ကျိုးစန်းနီက ပြော၏။ "စတုတ္ထဒေါ်လေး အပြင်လောကက ဒီလောက် ကြီးပြီး ကြွယ်ဝလိမ့်မယ်ဆိုတာ သမီး မသိခဲ့ဘူး။"

လင်းချင်းဟယ်က ပြုံးလိုက်သည်။ "ဆိုင်က မဖွင့်သေးတော့ နင်တို့ လမ်းလျှောက်ကြပြီး လိုက်ကြည့်ကြပေါ့။ သိပ်မကြာခင် ဆိုင်ဖွင့်လိမ့်မယ်။ အဲ့ကျရင် အားမှာ မဟုတ်တော့ဘူး။"

"ရပါတယ်။ သမီးတို့ အရင်ကူညီပေးမယ်။ အလုပ်အတွက် သွေးပူလေ့ကျင့်ခန်း ကြိုလုပ်ထားတာပေါ့။" ဟု ကျိုးစန်းနီက ပြန်ပြောလိုက်သည်။

"ဟုတ်ပါပြီ။ လောတော့ မလောပါဘူး။ ဆိုင်ကို အလှဆင်ဖို့ ဒီနေ့မှ လူတစ်ယောက်တွေ့တာ။ အဲ့ဒီနေရာက လူနည်းနည်း များတယ်။ ဒါပေမယ့် အဆင်ပြေပါတယ်။ နင်တို့အတွက် ငါတို့အကုန်စီစဥ်ပေးမယ်။" ဟု လင်းချင်းဟယ် ပြောလိုက်သည်။

"ဘယ်နေရာမှာလဲဗျ။" ဟု လီအိုက်ကော်က မေးလိုက်သည်။

"ဟုတ်တယ်၊ လီအိုက်ကော်ကိုလည်း ဝင်ကူခိုင်းလို့ရတယ်လေ။" ဟု ကျိုးစန်းနီကလည်း ဝင်ပြောသည်။

လင်းချင်းဟယ်၏ ရည်ရွယ်ချက်ကတော့ သူတို့ကို အရင်လျှောက်လည်စေချင်ခြင်း ဖြစ်ပါသည်။ သို့သော် သူတို့က အလုပ်မရှိလျှင် မလုံခြုံသလို ခံစားရသည့်ပုံပေါက်နေသည်။ အထူးသဖြင့် နေရာသစ်တစ်ခုကို လာပြီး အလုပ်လက်မဲ့ဖြစ်နေသဖြင့် နေရခက်နေသည့် လီအိုက်ကော်အတွက် ဖြစ်ပါသည်၊။

ထို့ကြောင့် လင်းချင်းဟယ်က လီအိုက်ကော်ကို ပြောလိုက်သည်။ "နေ့လည်စာ စားပြီးရင် မာချန်းမင်ကို ခေါ်သွားခိုင်းပေးလိုက်မယ်။ နင်ကြည့်ပေးလိုက်ပေါ့။ စန်းနီနဲ့ စစ်နီတို့ကိုတော့ ငါခေါ်သွားပေးမယ်။"

"ဟုတ်ကဲ့" လီအိုက်ကော်က သဘောတူလိုက်ပါသည်။

ထိုအချိန်တွင် ကားစက်ရပ်သံတစ်ခု ထွက်လာခဲ့၏။ အနီရောင် ဟုန်ချီဘရန်း ကားတစ်စီး လမ်းမအစွန်းတွင် ပါကင်ထိုးလိုက်ကာ ဝမ်ယွမ်က ကားထဲမှ ထွက်လာ၏။

"စတုတ္ထဒေါ်လေးနဲ့ ဦးလေးတို့ ပြန်ရောက်လာကြပြီလား။” ဝမ်ယွမ်က လင်းချင်းဟယ်ကို မြင်သောအခါ ရွှင်ပျစွာ ပြောလိုက်ပါသည်။

"ဟုတ်တယ်လေ။ အဲ့တာကြောင့် အာ့နီကိုလွှတ်ပြီး အလုပ်များနေတဲ့ နင့်ကို နေ့လည်စာ အတူတူလာစားဖို့ ခေါ်ခိုင်းလိုက်တာပေါ့။" ဟု လင်းချင်းဟယ်က ပြုံးလိုက်၏။

"ဘာတွေပြောနေတာလဲ စတုတ္ထဒေါ်လေး။ ကျွန်တော်အစားကြီးတာကိုသာ စိတ်မရှိရင် ကျွန်တော် နေ့တိုင်းလာမှာပါ။" ဟု ဝမ်ယွမ်က ပျော်ရွှင်စွာ ပြန်ပြောလိုက်သည်။

သူတို့စကားပြောရင်း တံခါးထဲသို့ ဝင်လာကြပြီဖြစ်သည်။ သူ့အရှိန်အဝါကလည်း မသေးလှပါ။

ကားတစ်စီးနှင့် ဘော့စ်တစ်ယောက်လို ဝတ်ဆင်ထားသည်။ ဒီနေ့သာ သာမန်ဝတ်စုံဖြင့် လာခဲ့ခြင်းဖြစ်၏။ နှစ်သစ်ကူး သူလာခဲ့စဥ်တုန်းက အလွန်မင်သက်စရာကောင်းအောင် ဝတ်ဆင်လာခဲ့သည်။ အလွန်စတိုင်ကျသည်။ သူ့ကိုယ်သူ ဆင်မြန်းလာရုံတင် မကသေးဘဲ အာ့နီအတွက် အဝတ်အစား နှစ်စုံ ယူလာပေးကာ အရုပ်မလေးတစ်ရုပ်လို ဆင်မြန်းပေးခဲ့ပါသည်။

အာ့နီ၏ ရှေးရိုးဆန်သည့် စိတ်နှင့် ဘူးခံပြီး မငြင်းခဲ့ပါက အာ့နီကို သူ ဆံပင်ကောက်ပေးခဲ့ဦးမည် ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတခေတ်တွင် ခေတ်စားနေသည့် စတိုင်က ဒေါက်မြင့်ဖိနပ်လေးနှင့်၊ ဆံပင်ကောက်ကောက်ကို စုစည်းထားသည့် စတိုင်မျိုးလေးဖြစ်ပါသည်။

ကျိုးအာ့နီ၏ မကျေနပ်ချက်များကို နားထောင်ပြီး လင်းချင်းဟယ်တစ်ယောက် ရယ်မောမိသွားသည်။ ဝမ်ယွမ်က အာ့နီကို သမီးတစ်ယောက်လို ပျိုးထောင်နေခြင်းဖြစ်သည်။

"ဒါက ဝမ်ယွမ်လေ။ ငါတို့ ကျိုးမိသားစုရဲ့ သားမက်လောင်းပေါ့။ နင့်အစ်မအာ့နီရဲ့ ကောင်လေးလေ။" ဟု လင်းချင်းဟယ်က ပြုံးကာ ကျိုးစန်းနီနှင့် လီအိုက်ကော်တို့ကို မိတ်ဆက်ပေးလိုက်ပါသည်။

ထို့နောက် ဝမ်ယွမ့်အား ပြန်မိတ်ဆက်လိုက်သည်။ "ဒါက စန်းနီနဲ့ လီအိုက်ကော်လေ။"

သူတို့ အချင်းချင်း သိသွားကြပါသည်။

ကျိုးစန်းနီနှင့် လီအိုက်ကော်တို့ ကြက်သေသေသွားကြရ၏။ ဒီမြို့တော်က သားမက်က အလွန် အံ့အားသင့်ဖို့ ကောင်းလွန်းလှပါသည်။

ဒီလောက်ထိ ကောင်းမွန်တဲ့ အရှိန်အဝါမျိုးနဲ့ ဆွေမျိုး သူတို့မှာ ရှိနေတာလား။

ကျိုးကွေ့လိုင်သည် စစ်နီနှင့် ပြန်ရောက်လာသောအခါ နောက်တစ်ခေါက် မိတ်ဆက်ပေးလိုက်ရပါသေးသည်။

ကျိုးအာ့နီ၊ ဟူကျစ်နှင့် တခြားသူများ ရောက်လာသောအခါ မိသားစု တစ်စုလုံး နေ့လည်ခင်း နေ့လည်စာ အတူတူ စားသောက်ခဲ့ကြပါသည်။ အလွန် စည်ကားလှ၏။

နေ့လည်စာ စားပြီးနောက်တွင် မိသားစု လက်ဘက်ရည်သောက်ရင်း စကားထိုင်ပြောခဲ့ကြပါသည်။

လင်းချင်းဟယ်က ကျိုးစန်းနီကို ပြောလိုက်၏။ "ကုန်ခြောက်ဆိုင်က နည်းနည်းတော့ ဝေးတယ်။ အဲ့တာကြောင့် နင်နဲ့ အိုင်ကွေ့တို့ နောက်ပိုင်းကျရင် ကိုယ့်မီးဖိုကိုယ် သုံးရလိမ့်မယ်။ ရေနံဆီမီးဖိုအတွက်တော့ စိတ်မပူနဲ့။ နင်တို့သုံးလို့ရအောင် ပို့ပေးလိုက်မယ်။"

ထိုခေတ်က ချက်ပြုတ်ဖို့ ရေနံဆီမီးဖိုကို အသုံးပြုရသည်။

ကျိုးစန်းနီက သဘောတူလိုက်သည်။ ဝမ်ယွမ်က အံ့အားသင့်သွား၏။ "စတုတ္ထဒေါ်လေး ကုန်ခြောက်ဆိုင်ဖွင့်မလို့လား။ ဘာတွေ ရောင်းမှာလဲ။"

"ပင်လယ်စာခြောက်တွေပါ။ ပင်လယ် ခရုတွေ၊ ပင်လယ်မျှော့ခြောက်တွေ၊ ငါးကြီးဆီတွေပေါ့။" ဟု လင်းချင်းဟယ် ပြောလိုက်၏။

"ဝိုး... အဲ့တာတွေက စျေးမပေါဘူးနော်။" ဝမ်ယွမ်က ပြောလိုက်၏။ "အရင်းကတော့ မနည်းလောက်ဘူး။ ဒါပေမယ့် ဘယ်ကနေ ထောက်ပံ့ပေးမှာလဲ။"

"တောင်ပိုင်း ယန်ချန်းနယ်မြေကပါ။ နင် စားချင်လို့လား။ နင်စားချင်ရင် ငါတို့ပစ္စည်းတွေ ရောက်တဲ့အချိန်ထိစောင့်။ အဲ့ကျရင် နင်မြည်းဖို့ တစ်ခုခု ပို့ပေးလိုက်မယ်။" ဟု လင်ချင်းဟယ်က ပြုံးရယ်ကာ ပြောလိုက်၏။

သူမရဲ့ အိမ်တွင် ပင်လယ်ကဏန်းပုံးကြီး တစ်ပုံး ရှိပါသည်။ အကုန်လုံးက မသေးပါ။

"ဒါဆိုရင် ကျွန်တော် အားမနာဘူးနော်။ ကျွန်တော်က ပင်လယ်စာ တကယ်ကြိုက်တာဗျ။ ဒီဆိုင်ဖွင့်ပြီးရင် နောက်ပိုင်း သေချာပေါက် ဖောက်သည်လုပ်ရမှာပေါ့။ ကျွန်တော့်ကို စျေးလျှော့ပေးဦးနော်။" ဟု ဝမ်ယွမ်က ရယ်မောကာ ပြောလိုက်သည်။

"နင့်လိုဘော့စ်မျိုးက လျှော့စျေးလာတောင်းနေတယ်ဟုတ်လား။ နင်ပြောသင့်တာက 'အကုန်လုံးသာထည့်ဗျာ။ သခင်ကြီးဝမ်ဆိုတဲ့ ကျွန်တော် အကုန်ရှင်းမယ်' လို့ ပြောရမှာ မဟုတ်ဘူးလား။" ဟု လင်းချင်းဟယ်က စနောက်လိုက်သည်။

ကျိုးကွေ့လိုင်က ရယ်မောကာ ပြောလိုက်သည်။ "အမေက ကြားလူဖြစ်ချင်လို့လား။"

All Chapters