← Chapters

အခန်း(၄၆၇) - အခုကစပြီး နေမယ့်နေရာ

Vol. 34 Ch. 367

အခန်း(၄၆၇) - အခုကစပြီး နေမယ့်နေရာ

Vol. 34 Ch. 367

အခန်း(၄၆၇) - အခုကစပြီး နေမယ့်နေရာ

တစ်မိသားစုလုံး ရယ်ကောမောကာဖြင့် စကားများပြောခဲ့ကြသည်။ အချိန်တန်သောအခါ အားလုံးက ကိုယ့်အလုပ်ကို ပြန်လုပ်ကြလေ၏။

လင်းချင်းဟယ်က နာရီဝက်လောက် အိပ်စက် အနားယူ၏။ ဒီအသက်အရွယ်ရောက်လာပြီဆို ဒီလိုပဲဖြစ်သည်။ သူမ၏ ကျန်းမာရေးကို ဘယ်လောက်ပဲ ဂရုစိုက်ပါစေ၊ နေ့လည်ခင်းတွင် မအိပ်စက်ရပါက ခန္ဓာကိုယ် အနည်းငယ် ထုံထိုင်းသလို ခံစားရပြီး နေ့လည်ခင်းက အလုပ်ကိစ္စများကို မဆောင်ရွက်နိုင်ပါ။

အိပ်စက်ပြီးနောက် နေလို့ပိုကောင်းသွားပါသည်။

အာ့နီ၏ ဆိုင်ကိုသွားပြီး စန်းနီနှင့် သွားတွေ့သည်။ စန်းနီက ဆိုင်တွင် ကူညီပေးနေသည်။ သူမလည်း စောစောစီးစီး လုပ်ကိုင်နိုင်ကာ လူတွေနှင့်ဘယ်လို ဆက်ဆံရမလဲ သင်ယူချင်ပါသည်။

စန်းနီကို ဆေးရုံသို့ လင်းချင်းဟယ်က ခေါ်သွားပေးခဲ့၏။ အဖေကျိုးနှင့် အမေကျိုးတို့အား စန်းနီ၏ ကိစ္စအကြောင်း ဘာမှမပြောခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ဒါက ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခု ဖြစ်သဖြင့် ဘာမှ ပြောစရာမလိုပေ။

ကုသပြီးပါက အဆင်ပြေသွားပါလိမ့်မည်။ ဘာမှ ပြောနေစရာမလိုပေ။

စန်းနီက ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်အဝ စစ်ဆေးလိုက်သည်။ ထို့နောက် လင်းချင်းဟယ်က ဆရာဝန်နှင့်တွေ့ဖို့ စန်းနီကို ခေါ်သွား၏။

ဆရာဝန်က ဆေးစစ်ချက်အဖြေကို ဖတ်ကာ ဆေးညွှန်းရေးပေးလိုက်သည်။ ပြဿနာ ကြီးကြီးမားမား မဟုတ်ပါ။ သားဖွားရောဂါတစ်မျိုးနှင့် ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်တချို့သာရှိသည်။

"ဒီတစ်ပတ်အတွင်း အတူမနေကြနဲ့ဦး။" ဟု ဆရာဝန်က ဆေးညွှန်းကို စစ်ဆေးပြီးနောက် ညွှန်ကြားလိုက်သည်။

စန်းနီက ရှက်ရွံ့သွား၏။

လင်းချင်းဟယ်က ဘာမှမတွေးဘဲ ပြောလိုက်သည်။ "ဒီဆေးကို အချိန်မှန်မှန်သောက်။ ပြီးရင် ဆေးကို အချိန်မှန် လာစစ်ချေ။ ငါအချိန်ရရင် နင်နဲ့ လိုက်ခဲ့ပေးမယ်။ အတန်းချိန်နဲ့ တိုက်နေရင် အာ့နီကို အတူလိုက်ခိုင်းလိုက်မယ်။ ဖျားနာတဲ့အခါကျရင် ဆရာဝန်ကို တွေ့ဖို့ ပြောပြဖို့ မရှက်နဲ့ကြားလား။”

"ဟုတ်ကဲ့၊ နားလည်ပါပြီ။" ကျိုးစန်းနီက ရှက်ရွံ့စွာ ခေါင်းငြိမ့်လိုက်သည်။

သို့သော်လည်း ဆရာဝန်က ကောင်းကောင်းမွန်မွန် ကုသလိုက်ပါက တခြား ပြဿနာ ကြီးကြီးမားမား မရှိနိုင်ပါဟု ပြောသည်ကို ကြားလိုက်ရသောအခါ သူမ စိတ်အေးသွားသည်ကိုတော့ ငြင်းဆန်လို့မရပေ။

ကိုယ်ဝန်ရဖို့ ပြဿနာ မရှိနိုင်တော့ပါ။ သူမ စိတ်ပူတာလည်း ဒါပဲဖြစ်သည်။

လင်းချင်းဟယ်က သူမကို ပြန်ခေါ်လာပြီး အမျိုးသမီး အထည်ဆိုင်သို့ လာခဲ့သည်။ စစ်နီလည်း ရှိနေ၏။

စစ်နီက သူမအတွက် အထည်များ ရွေးထားပြီးပြီ ဖြစ်သည်။ နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်ကာ ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ "စတုတ္ထဒေါ်လေး၊ ဒါက အရမ်းအကုန်အကျများတယ်မဟုတ်လားဟင်။”

"ဘာကို အကုန်အကျများမှာလဲ။ နင်တို့တစ်ယောက်ကို နှစ်စုံစီရမယ်။ ပိုဝယ်ချင်ရင်တော့ ကိုယ့်ဖာသာကိုယ် ဝယ်ပေါ့။ နင်တို့ကို လျှော့စျေးနဲ့ ရောင်းပေးလို့တော့ရပါတယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

"စန်းနီ၊ ငါဒါကို နင့်အတွက် ရွေးပေးထားတာ။ တော်ရဲ့လား၊ ဝတ်ကြည့်ပါဦး။" ဟု လင်းချင်းဟယ်က နောက်ထပ် အထည်နှစ်စုံကို ယူကာ ပြောလိုက်သည်။

"စတုတ္ထဒေါ်လေး ထားလိုက်ပါတော့။" ဟု ကျိုးစန်းနီက အမြန်ပြောလိုက်သည်။

သူမ၏ ဆေးကုသစရိတ်ကိုလည်း သူမ၏ စတုတ္ထဒေါ်လေးက ပေးခဲ့ခြင်းဖြစ်သည်။

"ဘယ်ဖြစ်မလဲ။ နင့်ညီအစ်မတွေနဲ့ အိုင်ကွေ့တို့က အဝတ်အစား နှစ်စုံစီ ရကြတယ်လေ။ အရင်ဟာတွေက မဆိုးပေမယ့်လည်း စျေးရောင်းတဲ့အခါ လူတွေက တောက်ပြောင်နေမှဖြစ်မှာပေါ့။" ဟု လင်းချင်းဟယ်က ပြောလိုက်၏။

သူမ၏ ဆိုင်တွင် မိတ်ကပ်များ ထူထူထပ်ထပ် လိမ်းခြယ်ပြီး အလှပြင်ထားဖို့ မလိုအပ်ပေ။ သန့်သန့် ရှင်းရှင်းမျက်နှာနှင့် တက်တက်ကြွကြွ စိတ်ဓာတ်ရှိလျှင် လုံလောက်ပါပြီ။

သူမ ဒီလိုပြောသဖြင့် ကျိုးစန်းနီက ကျိုးနွံစွာ အထည်များကို ယူပြီး ဝတ်ကြည့်လိုက်သည်။

ကျိုးအာ့နီ၏ အမြင်ကို လေ့ကျင့်ပေးထားခဲ့သဖြင့် ကျိုးအာ့နီ၏ အမြင်ကလည်း အလွန်ကောင်းမွန်ပါသည်။ အထည်နှစ်စုံလုံးက ကျိုးစန်းနီနှင့် လိုက်ဖက်ပါသည်။

"ဒါဆိုလည်း ဒီနှစ်စုံပေါ့။" ဟု လင်းချင်းဟယ်က ကျေနပ်စွာ ပြောလိုက်ပါသည်။

ကျိုးစစ်နီ၏ အထည်နှစ်စုံကလည်း အလွန်ကြည့်ကောင်းလှပါသည်။ ကျိုးအာ့နီက သူမအတွက် လျှော့စျေးနှင့် နောက်တစ်စုံ ဝယ်ပေးခဲ့သည်။

ကျိုးစန်းနီကတော့ မဝယ်တော့ပါ။ ဒီခေတ်က လူများက အလွန်ချွေတာတတ်သည်။ အဝတ်အစား နှစ်စုံလောက်ဆို လုံလောက်ပြီ မဟုတ်လား။ အရင် အဝတ်အစားအဟောင်းများလည်း ရှိသေးသည်။ ထို့ကြောင့် ၎င်းတို့ကို မကြာခဏ ထုတ်ဝတ်နိုင်သည်။

လင်းချင်းဟယ်ကလည်း ထူးဆန်းသည်ဟု မမြင်ပေ။ သူမ မြို့တော်သို့ ပထမဆုံး ရောက်လာစဥ်က အာ့နီလောက် မတည်ငြိမ်ခဲ့ပေ။ အခု အာ့နီကို သူမ လေ့ကျင့်ပေးထားသဖြင့် လွတ်လပ်စွာ ရပ်တည်နေနိုင်ပြီ။

"စန်းနီ၊ နင့်အစ်မ အာ့နီနဲ့အတူတူနေပြီး သူ့ဆီက သင်ယူလေ့လာပါ။ ပြီးတော့ အိုင်ကွေ့တို့ဘက်မှာလည်း ဒီနေ့ ဆိုင်ကိုသွားတဲ့လမ်းကို မှတ်ထားတာ ပိုကောင်းမယ်။ မနက်ဖြန်ကစပြီး သူ အထည်ဆိုင်ကိုသွားပြီး စီးပွားရေးလုပ်ဖို့ သင်ယူရမယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

"ဟုတ်ကဲ့၊ သူပြန်လာရင် ပြောလိုက်ပါ့မယ်။" ဟု ကျိုးစန်းနီက ပြန်ဖြေသည်။

"အာ့နီ အထည်နှစ်စုံလောက် နင့်တတိယခဲအိုအတွက် ကူရွေးပေးလိုက်ဦး။" ဟု လင်းချင်းဟယ်က ညွှန်ကြားလိုက်သည်။

"ဟိုဘက်ဆိုင်မှာ ဟူကျစ်ကူရွေးထားပြီးပါပြီ။" ဟု ကျိုးအာ့နီက ပြန်ပြောလိုက်သည်။

လင်းချင်းဟယ်က ခေါင်းငြိမ့်ကာ ဆိုင်ကို သူတို့လက်ထဲ အပ်ခဲ့သည်။ ဖက်ထုပ်ဆိုင်ကို တစ်ယောက်တည်း ပြန်လာခဲ့ပြီး ချင်းပိုင်နှင့် တွေ့ခဲ့၏။

ကျိုးချင်းပိုင်က အသားများကို နုပ်နုပ်စဥ်းနေသည်။ သူမ ပြန်လာသည်ကို မြင်သောအခါ မေးလိုက်၏။ "ပင်ပန်းနေပြီလား။"

"ရပါသေးတယ်။" လင်းချင်းဟယ်က လက်ရမ်းပြလိုက်သည်။

ထို့ကြောင့် နွေရာသီအားလပ်ရက်မှ ကျိုးရွှမ် ပြန်ရောက်လာသောအခါ ကျိုးချင်းပိုင်က သူ့ကို တာဝန်တစ်ခု ပေးလိုက်သည်။ "မင်း အစ်မ စန်းနီနဲ့ စစ်နီတို့ကို မြို့ထဲ လိုက်ပြပေးလိုက်ဦး။"

ကျိုးရွှမ်း ကြောင်အသွား၏။ "ကျွန်တော် အချိန်သိပ်မအားဘူး။ အငယ်ကောင်ကို ခိုင်းလိုက်ပါလား။"

ကျိုးကွေ့လိုင်က သူ့အစ်ကိုလတ်၏ ရှိုးထုတ်မှုကို ကြည့်နေဆဲဖြစ်သည်။ ဒါပေမယ့် ဒါကိုကြားတော့ သူက မျက်လုံးပြူးပြီး လှမ်းပြောလိုက်၏။ "အစ်ကိုလတ် မင်းမှာ အသိစိတ် မရှိဘူးလား။ ဒီနှစ် နွေရာသီ အားလပ်ရက်ထဲ ငါတော်တော်လေး အလုပ်များခဲ့တယ်။ အမေနဲ့အဖေတို့ပြန်လာတော့ ငါ့မှာ ဒီလောက်ငယ်ငယ်လေးနဲ့ အလုပ်တွေ အများကြီး လုပ်နေရလို့ သနားနေကြတယ်။ မင်းကတော့ ငါ့ကို ဆက်ခိုင်းချင်နေသေးတာလား။”

"မင်းအရပ်က ၅ ပေ ၁၁ လက်မ လေ။ ဘယ်လိုလုပ်ပြီး သေးမှာလဲ။" ကျိုးရွှမ်က မျက်ခုံးပင့်လိုက်၏။

"ငါက သေးတာမဟုတ်ဘူး၊ ငါက ငယ်တာကွ။" ကျိုးကွေ့လိုင်က ပြန်ပြောသည်။ "ငါက အသက် ၁၅ နှစ်ပဲ ရှိသေးတယ်ကွ။"

လင်းချင်းဟယ်၏ သား ၃ ယောက်စလုံးက အရပ်မပုကြပါ။ သူ့သားများကို ခေတ်သစ် အစားအသောက်စံနှုန်းများအတိုင်း ကျွေးမွေးခဲ့သောကြောင့်ဖြစ်သည်။ ဆင်းရဲသော ပတ်ဝန်းကျင် အခြေအနေကြောင့် အစားအသောက်စံနှုန်းကို လျှော့ချပြစ်မည်မဟုတ်ပါ။

အစားအသောက်ကတော့ အမြဲတမ်း ကောင်းမွန်ခဲ့သည်။

ထို့ကြောင့် ညီအစ်ကိုသုံးယောက်စလုံး ၅ ‌ပေ ၁၁ လက်မ ကျော်ကြပါသည်။ သားကြီး ကျိုးခိုင်က အရပ်အရှည်ဆုံးဖြစ်သည်။

သို့သော် အငယ်နှစ်ယောက်ကလည်း နောက်ပိုင်း အရပ်မရှည်ဘဲ မနေပါဘူး။

ကျိုးရွှမ်က ဒီနှစ်ဆို ၁၇ နှစ်ပြည့်ပြီဖြစ်ပြီး အရပ်က ၆ ပေ ၁ လက်မ ဖြစ်သည်။ အခု ဖွံ့ဖြိုးမှုက နှေးကွေးလာပြီ ဖြစ်သော်လည်း ဖွံ့ဖြိုးနေဆဲဖြစ်ပါသည်။

ကျိုးကွေ့လိုင်ကိုတော့ ပြောစရာမလိုပါ။ ဒီကလေးက အနာဂတ်တွင် သူ့အစ်ကိုကြီးအောက် ပုလိမ့်မည် မဟုတ်ပေ။ မိသားစုထဲတွင် အရပ်အရှည်ဆုံးပင် ဖြစ်လာနိုင်၏။

နောက်ဆုံးတွင်တော့ ကျိုးရွှမ်တစ်ယောက် ခုခံဖို့ မဖြစ်နိုင်တော့ပေ။ ကျိုးစန်းနီနှင့် ကျိုးစစ်နီတို့ကိုခေါ်ကာ မြို့ထဲ လျှောက်ပြရတော့သည်။

သူ့ကျူရှင်သင်ပြမှုများကလည်း ရက်အနည်းငယ်အတွင်း ကျောင်းပြန်စတော့မည် ဖြစ်သဖြင့် ပြီးဆုံးသွားပြီ ဖြစ်ပါသည်။ ကျူရှင်ခေါ်ယူထားသည့် မိသားစုများက သူတို့၏ ကလေးတွေကို အနားယူခိုင်းချင်သောကြောင့် ဖြစ်သည်။

ကျိုးရွှမ်က ကျိုးစန်းနီ၊ ကျိုးစစ်နီနှင့် လီအိုက်ကော်တို့အား ရှုခင်းများစွာ ကြည့်ဖို့အတွက် ၂ ရက်တိတိ လိုက်ပို့ခဲ့သည်။ နေရာများစွာကို မြင်ဖူးပြီး ဗဟုသုတများစွာ ရရှိစေဖို့အတွက် အလည်အပတ်လိုက်ပို့ပေးခဲ့ခြင်း ဖြစ်ပါသည်။

ထို့နောက် အထည်ဆိုင်တွင် သူတို့ အလုပ်စလုပ်ကြသည်။ အထည်ဆိုင်တွင်သာမကဘဲ ဖက်ထုပ်ဆိုင်နှင့် ဖျော်ရည်ဆိုင်တို့ကိုပါ သွားရောက်ပြီး ဗဟုသုတရရှိစေရန် ဧည့်သည်များကို ဝန်ဆောင်မှုပေးခိုင်းခဲ့သည်။

ထိုလေ့ကျင့်ရေးများကို မာချင်းမင်အား ဦးစီးခိုင်းလိုက်သည်။ လင်းချင်းဟယ်က သင်ခန်းစာများကို သင်ကြားပေးရန်အတွက် စတင် ပြင်ဆင်နေရပြီ ဖြစ်၏။ ကျိုးရွှမ်နှင့် ကျိုးကွေ့လိုင်တို့သည်လည်း ကျောင်းသွားဖို့ ပြင်ဆင်နေကြပါပြီ။

အထူးသဖြင့် ကျိုးကွေ့လိုင်ဖြစ်၏။ ထိုလူသစ်လေးက စစ်ရေးလေ့ကျင့်ခန်း စတင်ရတော့မည်ဖြစ်သည်။ လင်းချင်းဟယ်က ကျိုးကွေ့လိုင်ကို စတိုးဆိုင်တစ်ခုမှ ဝယ်ခဲ့သည့် နေလောင်ခံ လိမ်းဆေး တစ်ဗူး ပေးလိုက်သည်။ ဗူးပေါ်တွင် ရေကူးဝတ်စုံနှင့် အမျိုးသမီးများ၏ ရုပ်ပုံ ပါရှိသည်။ ဒီခေတ်က နေလောင်ခံ လိမ်းဆေး ဖြစ်ပါသည်။

ကျောင်းစပြီးနောက် လင်းချင်းဟယ်နှင့် သူမ သားတွေ အလွန် အလုပ်များလာသည်။

ကျိုးစန်းနီ၊ ကျိုးစစ်နီနှင့် လီအိုက်ကော်တို့ကလည်း မြို့တော်က နေထိုင်မှုဘဝနှင့် အသားကျဖို့ ကြိုးစားပမ်းစား သင်ယူနေသည်။

ကုန်ခြောက်ဆိုင်ကို ပြန်လည် ပြုပြင်သည်ဟု ဆိုသော်လည်း ပြန်လည်တည်ဆောက်နေသည်ဟု ပြောလျှင် ပိုမှန်ပါလိမ့်မည်။

ပိုက်ဆံအများကြီး ကုန်ကျခဲ့၏။

ကျောင်းပြန်ဖွင့်ပြီး တစ်လအကြာတွင် ထိုဆိုင်ကို ပြန်လည်ပြုပြင်ခြင်း ပြီးမြောက်သွားခဲ့ပါသည်။

အခန်းတစ်ခန်း၊ မီးဖိုချောင်တစ်ခန်းနှင့် အိမ်သာတစ်ခန်းတို့ကို ဆောက်လုပ်ထားခဲ့ပါသည်။ ရေပိုက်ခေါင်းများ အစရှိသော အရာအားလုံးကိုလည်း ဆက်သွယ်ပြီးသားဖြစ်သည်။ လျှပ်စစ်ပတ်လမ်းများလည်း ဆက်သွယ်ပြီးပါပြီ။

ထိုဆိုင်သို့ လာကြည့်ပြီးသွားသောအခါ ကျိုးစန်းနီနှင့် လီအိုက်ကော်တို့ အနည်းငယ် ပျော်ရွှင်သွားကြသည်။ အခုချိန်ကစပြီး သူတို့တွေ ဒီမှာ နေကြရတော့မည် ဖြစ်သည်မလား။

All Chapters