← Chapters

အခန်း(၄၇၁) - လုပ်ငန်း ကိစ္စ

Vol. 34 Ch. 471

အခန်း(၄၇၁) - လုပ်ငန်း ကိစ္စ

Vol. 34 Ch. 471

အခန်း(၄၇၁) - လုပ်ငန်း ကိစ္စ

လင်းချင်းဟယ် ထိုတူမကို အရင်တုန်းက ဘယ်လိုဆက်ဆံခဲ့မှန်း ဒေါ်လေးမာက အတွင်းကျကျ သိနေပါသည်။ သူမကို လင်းချင်းဟယ် လေ့ကျင့်ပေးချင်ခဲ့သည်။

ရှုရှန့်မိန်က ဒီလိုကိစ္စမျိုး လုပ်လိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။

နောက်ဆုံးတွင်တော့ ကျောက်မိသားစုက တာဝန်ယူခဲ့သော်လည်း ဒီလောက်နဲ့ ပြီးသွားနိုင်မှာလား။ ငယ်ရွယ်စဥ်က ပုံစံကို ကြည့်လိုက်သည်နှင့် ကြီးလျှင် ဖြစ်လာမည့် ပုံစံကို မြင်နိုင်ပါသည်။ လူတစ်ယောက်၏ စရိုက်ကို ဒီလိုကိစ္စမျိုးတွင် မြင်နိုင်ပါသည်။

လင်းချင်းဟယ်၏ သဘောမတွေ့မှုက မရက်စက်ပါဟု ဒေါ်လေးမာ ခံစားမိသည်။ သူမက ပညာတတ်ဖြစ်သဖြင့် ကျိုးကြောင်းသင့်လျော်ပါသည်။ ဒီလိုလုပ်ရပ်မျိုးကို သဘောတူမှသာ ထူးဆန်းနေပါလိမ့်မည်။

ဒေါ်လေးမာက လင်းချင်းဟယ်ကို အလွန်ထောက်ခံ၏။

ရှုရှန့်မိန်ကို သူမက ပို၍ပင် သဘောမကျပါ။ အဘယ့်ကြောင့်ဆိုသော် ရှုရှန့်မိန်က သူမကို အထင်သေးသောကြောင့်ဖြစ်သည်။ အရင်ကတည်းက ဒီလိုပဲဖြစ်သည်။ သူမဦးလေးနှင့် ဒေါ်လေးတို့ ရှိနေချိန် စားပွဲဝိုင်းကိစ္စများ အခြားကိစ္စများတွင် ဝင်ကူညီတတ်ပြီး အားကိုးရသလို ဟန်ဆောင်သည်။

သူ့ဦးလေးနှင့် ဒေါ်လေးတို့ မရှိပါက သူမက ပျင်းရိသွားသည်။ ပဲငံပြာရည်ပုလင်း မှောက်ကျလျှင်တောင် မကူညီပါ။

သို့သော်လည်း ဒေါ်လေးမာက ဘာမှမပြောခဲ့ပေ။ ဒါက သူမ လုပ်ရမည့် အလုပ်များဖြစ်သဖြင့် အကူအညီလည်း မလိုအပ်ပေ။ သူမ ကိုင်တွယ်နိုင်ပါသည်။

ကျိုးအာ့နီကတော့ တကယ့် မိန်းမကောင်းလေး ဖြစ်ပြီး အခုတော့ ဝမ်ယွမ်လို အလားအလာကောင်းသည့် ငယ်ငယ်ရွယ်ရွယ် ဘော့စ်တစ်ယောက်နှင့် တွဲနေရပြီ။ ဒီ့ထက်ပိုပြီး မကောင်းနိုင်တော့ပါ။

ဝမ်ယွမ်က ကျိုးအာ့နီကို ဘယ်လောက် ကောင်းကောင်းမွန်မွန် ဆက်ဆံသလဲ ဆိုတာ ဘေးလူ ဒေါ်လေးမာပင် မြင်နိုင်သည်။ ကျောက်ကျွင့်နှင့် ယှဥ်ကြည့်လို့ပင် မရပါ။

ကျောက်ကျွင့်တစ်ယောက် ဖက်ထုပ်ဆိုင်သို့ လာသောအခါ ဆိုင်က အလွန်သေးကြောင်း ပန်ကာတွေ ဘာတွေ ထပ်ဝယ်သင့်ကြောင်း အထွန့်တက်သည်။ အလည်ရောက်လာသောအခါ သူ့ကို ဧည့်ခံတည်ခင်းပေးဖို့ စောင့်နေသည့် သခင်ကြီး တစ်ယောက်လို ပြုမူသည်။

တကယ့်ကို စိတ်ဓာတ်က မောက်မာပါသည်။

လင်းချင်းဟယ်နှင့် ဒေါ်လေးမာတို့က အမြဲတမ်း တစ်ခုခု ပြောဖို့ကြံသော်လည်း လင်းချင်းဟယ်က ရှုရှန့်မိန်အကြောင်း စိတ်ရှုပ်ခံပြီး မပြောချင်တော့ပေ။

ညနေခင်း ကျိုးအာ့နီနှင့် ကျိုးစစ်နီတို့ ညစာစားရန် ပြန်လာကြသောအခါ ကျိုးအာ့နီကို လင်းချင်းဟယ် မေးမြန်းလိုက်သည်။

"ဒီတိုင်း သွားထိုင်ပြီး စကားပြောရုံပါ။" ဟု ကျိုးအာ့နီက ပြန်ဖြေလိုက်သည်။

"နင့်ရဲ့ စိတ်ရင်းက သူ့ကိုကျော်နိုင်မှာ မဟုတ်ဘူး။ သူနဲ့ အရမ်းနီးနီးကပ်ကပ် မနေနဲ့ ကြားလား။” ဟု လင်းချင်းဟယ်က သတိပေးလိုက်သည်။

"စတုတ္ထဒေါ်လေး စိတ်မပူပါနဲ့။ သမီးရဲ့ ဒုတိယအစ်မက ကောင်းကောင်းသိပါတယ်။ အစ်မရှန့်မိန်က ဒုတိယခဲအိုရဲ့ အထည်စက်ရုံကို ချိန်နေမှန်း စကားပြောတော့ သူ သိပါတယ်။" ကျိုးစစ်နီက ပြောလိုက်သည်။

ကောင်မလေးက ဝမ်ယွမ်ကို ခေါ်သည့်ပုံစံ အမြန်ပြောင်းလဲသွားပါသည်။ ဝမ်ယွမ်က သူမကို နာရီတစ်လုံး လက်ဆောင်ပေးသဖြင့် ဝမ်ယွမ်ကို ခေါ်ဆိုသည့် အမှတ်သညာကို ချက်ချင်းပြောင်းလဲခဲ့ပြီး ဒုတိယခဲအိုဟုပင် ခေါ်နေလေပြီ။

ဒါက အဆင်ပြေပါသည်။ ဝမ်ယွမ်နှင့် ကျိုးအာ့နီတို့ ဒီလိုအခြေအနေတောင် ရောက်နေကြပြီဖြစ်သည်။ မကြာခင် မင်္ဂလာလည်း ဆောင်ကြတော့မည်။ ထို့ကြောင့် သူမက ဝမ်ယွမ့်ကို ခဲအိုဟု ခေါ်နိုင်ပါသည်။

"စိတ်ထဲမှာသာ မှတ်ထားပါ။" လင်းချင်းဟယ်က ကျေနပ်စွာ ပြောလိုက်သည်။

ရှုရှန့်မိန် စတင် လည်ပတ်လာကတည်းက သူမသည် အာ့နီကို တစ်ခါမှ သွားမတွေ့ခဲ့ဖူးပေ။ ဘာကို နက်ရှိုင်းတဲ့ ဝမ်းကွဲ သံယောဇဥ်လဲ။ ကျိုးအာ့နီက ချမ်းသာပြီး အစွမ်းအစရှိသည့် ဝမ်ယွမ်လို ကောင်လေးမျိုးနှင့် တွဲနေသည်ဟု သိလိုက်ရမှသာ ချဥ်းကပ်လာခြင်းဖြစ်သည်။

ထိုအချိန်မှစပြီး သူမ လာလည်သည့် အခါတိုင်း ကျိုးအာ့နီကို လာတွေ့ကာ အလွန်ရင်းနှီးသယောင် ပြုမူနေခဲ့ပါသည်။

ကျိုးအာ့နီက ပြုံးကာ ပြန်ပြော၏။ "သမီးသိပါတယ် ဒေါ်လေး။ စိတ်မပူပါနဲ့။"

"သူ နင့်ကို အခွင့်ကောင်းယူခွင့်ပေးလိုက်တာကိုသာ ဒေါ်လေးတွေ့ရင် နင့်ကို ဒေါ်လေး ခွင့်မလွှတ်ဘူးနော်။" ဟု လင်းချင်းဟယ်က ပြောလိုက်၏။

ကျိုးအာ့နီက နူးညံ့စွာ ပြုံးလိုက်ပါသည်။ ဒီဝမ်းကွဲညီမ ရှုရှန့်မိန်နှင့် သူမ စကားအများကြီး သိပ်မပြောခဲ့ပါ။

အခက်အခဲရှိပါက သူမတတ်နိုင်သလောက် အကူအညီပေးမည်။ သူတို့က အမျိုးတွေပဲကိုး။ သို့သော်လည်း သူမတွင် သူမ၏ ကိုယ်ပိုင် စည်းမျဉ်းများရှိသည်။ သူမ၏ ကိုယ်ပိုင်စည်းများကို ကျော်ခွင့်တော့ မပေးနိုင်ပါ။

လင်းချင်းဟယ် ဘာမှ မပြောတော့ပေ။ လူတိုင်း၏ စရိုက်က မတူညီကြပါ။ အာ့နီ၏ စရိုက်က ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့သည်။ မဟုတ်ပါက သူမကို ဘာကြောင့် ဝမ်ယွမ်က သဘောကျမည်နည်း။

ဝမ်ယွမ် သဘောကျတာ သူမ၏ ထိုစရိုက်တွေပဲ မဟုတ်ပါလား။

ထို့အပြင် ဝမ်ယွမ် ရှိနေသဖြင့် လင်းချင်းဟယ် သိပ်ပြီး စိတ်မပူတော့ပါ။ သူက သူ့လက်အောက်တွင် အလုပ်သမား ၅၀၀ လောက်ကို ထိန်းချုပ်ထားသည့် ဘော့စ်ကြီး တစ်ယောက်ဖြစ်သည်။ ပြောရမည်ဆိုလျှင် ဒိလောက် စက်ရုံကြီးတစ်ခုကို စီမံနိုင်သဖြင့် ထိုဘက်တွင် အလွန်သဘောကောင်းသည့် ပုံစံနေပြသော်လည်း လှုပ်ရှားမှုတစ်ခုခုတော့ ရှိပါလိမ့်မည်။

"အရင်တစ်ခေါက်က ဒေါ်လေးပေးတဲ့ ငါးကြီးဆီကို ဝမ်ယွမ်က ကြိုက်လို့တဲ့။ သူ့ကို ယွမ် ၁၀၀ ဖိုးလောက် ဝယ်ပေးဖို့ သမီးကို ပြောတယ်။" ကျိုးအာ့နီ သတိရသွားသည်။

"ဘာလို့ တစ်ယောက်တည်း ဒီလောက် အများကြီး စားရတာလဲ။ ကျင်းတစ်ဝက်လောက်ပဲ ဝယ်ပေးလိုက်။ အမြဲတမ်း စားလို့ မဖြစ်ဘူးလေ။ တစ်ပတ်ကို နှစ်ခါလောက် စားရင်အဆင်ပြေပြီ။" ဟု လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။

သူမနှင့် သူမယောက်ျား ချင်းပိုင်တို့သည်လည်း တစ်ပတ်ကို နှစ်ခါသာ စားကြသည်။ ကလေးတွေကလည်း ထို့နည်း လည်းကောင်းပင်။

"သူက အိမ်ပြန်ယူသွားဖို့ နေမှာပါ။ ပင်လယ်မျှော့နဲ့ ပင်လယ်ခရု နည်းနည်းလည်း ဝယ်ချင်သေးတယ်တဲ့။" ဟု ကျိုးအာ့နီက ပြောလိုက်သည်။

"ဝမ်မိသားစုအတွက် ဝယ်တာပေါ့လေ။" လင်းချင်းဟယ်က ပြောလိုက်သည်။ ဝမ်ယွမ်၏ အမေက အာ့နီကို သိပ်သဘောမကျမှန်း သူမ သိသော်လည်း လျှော့စျေး ၂၀ ရာခိုင်နှုန်းတော့ ပေးလိုက်ပါသေးသည်။

ဝမ်ယွမ် စားချင်ပါက သူမ ချက်ပြုတ်ပေးပြီး အတူတူ လာစားခိုင်းနိုင်သည်။ သို့သော်လည်း ဝမ်မိသားစုကိုတော့ လင်းချင်းဟယ် သိပ်ပြီး အာရုံမထားပါ။

ဝမ်ယွမ်က တကယ်ပဲ အိမ်ပြန်သယ်သွားဖို့ ဖြစ်သည်။ သူက အိမ်ကို ခဏခဏ မပြန်ဖြစ်ပါ။ သူပြန်သွားပြီး သူ့အမေက သူကျေးလက်ဒေသက မိန်းမတစ်ယောက်ယူသည့်ကိစ္စကို အထွန့်တက်သည့်စကားများကို မကြားချင်တာက အဓိကဖြစ်ပါသည်။

သို့သော် နောက်ဆုံးတော့လည်း သူ့သွေးသားဖြစ်သည်။ သူ ကျေပွန်သင့်သည့် ဝတ္တရားကိုတော့ ကျေပွန်အောင် လုပ်ပါမည်။ ထို့အပြင် သူ့စက်ရုံချောချောမွေ့မွေ့ လည်ပတ်နိုင်သည်က သူ့မိသားစုနှင့်လည်း အနည်းနှင့် အများ ပတ်သတ်နေသည်။

ဒီတစ်ခေါက် လက်ဆောင်ကောင်းများစွာ ယူလာသော်လည်း အမေဝမ်က မျက်နှာသာ မပေးပါ။

ဝမ်ယွမ်က ဆက်နေလည်း ဘာမှ မထူးမှန်းသိကာ တစ်ညလောက်နေပြီး တန်းပြန်လာခဲ့သည်။ ကျိုးမိသားစုအိမ်က အေးချမ်းပြီး သာယာသည့် အခြေအနေမျိုးကိုသာ သူ ပိုပြီး ခင်တွယ်ပါသည်။

ထို့ကြောင့် ဝမ်ယွမ်က ကိုယ်တိုင် မီးဖိုချောင်ထဲ သိပ်မဝင်ရပါ။ အဖေကျိုးနှင့် အမေကျိုးတို့အိမ်တွင် သွားစားချင်စား၊ သို့မဟုတ် ဖက်ထုပ်ဆိုင်တွင် သွားစားသည်။ ကျန်တာကို စက်ရုံတွင် စားသည်။ တစ်လတွင် လဝက်လောက်က ကျိုးမိသားစုအိမ်တွင်သာ အချိန်ဖြုန်းခဲ့ပါသည်။

ကျိုးမိသားစုက သူ့အပေါ်ကောင်းပြီး သူ့ကို မိသားစုအရင်းလို သဘောထားမှန်း သူ ခံစားရသည်။

တကယ်တော့ သူ့မိသားစု စီစဥ်ထားသည့် လမ်းကို ဝမ်ယွမ် မလျှောက်ရသည့် အကြောင်းအရင်းက ဝမ်မိသားစုမှာ အလွန် စိတ်ညစ်ဖို့ ကောင်းသည်ဟု ခံစားရသောကြောင့်ပင်။ သူ့ညီအစ်ကို နှစ်ယောက်လည်းပါသည်။ အားလုံးက စာအုပ်ကြီးအတိုင်းသာ လျှောက်လှမ်းကြသည်။

မိန်းမများကိုလည်း မိသားစုက စီစဥ်ပေးခြင်းဖြစ်သည်။ သူ့ညီအစ်ကိုများနှင့် မရီးများအကြား ခံစားချက်က သိပ်ပြီး မကောင်းကြသည်ကို ဝမ်ယွမ် အာရုံရမိပါသည်။

ထို့ကြောင့် ဝမ်ယွမ်မှာ ကိုယ်ပိုင် လုပ်ငန်းလုပ်နိုင်ခဲ့ခြင်းကို ကံကောင်းသည်ဟု ခံစားမိသည်။ သူကောင်းကောင်းမွန်မွန် တိုးတက်လာခဲ့သဖြင့် သူ့တွင် ကိုယ်ပိုင် ပြောခွင့်ဆိုခွင့် ရှိသည်။ မိသားစုတစ်စုလုံးတွင် သူ့အသံက သေးငယ်သော်လည်း အနည်းဆုံးတော့ သူသဘောကျပြီး သူ့ကိုလည်း သဘောကျသည့် ဇနီးတစ်ယောက်ကိုတော့ ကိုယ်တိုင် ရှာဖွေနိုင်ခဲ့ပါသည်။

ထိုနေ့က စက်ရုံသို့ ပြန်သွားသောအခါ ဧည့်ခန်းတစ်ခုထဲတွင် ရှုရှန့်မိန်နှင့် ဆုံလေသည်။

"ဒုတိယခဲအို" သူပြန်လာသည်ကို မြင်သောအခါ ရှုရှန့်မိန်က မတ်တပ်ထရပ်ပြီး ပြုံးကာဖြင့် နှုတ်ဆက်လိုက်သည်။ "ဒုတိယခဲအို။ ခဲအို ဒီနေ့မလာလောက်ဘူးလို့ မန်နေဂျာက ပြောသွားတယ်။"

ဝမ်ယွမ်က ရှုရှန့်မိန်ကို မှတ်မိပြီး သူမ၏ အကြောင်းကိုလည်း သိပါသည်။ သူ မေးလိုက်၏။ "ဘာကိစ္စရှိလို့လဲ။"

"ဒုတိယခဲအို။ ညီမက လုပ်ငန်းကိစ္စ အကြောင်း ပြောချင်လို့ပါ။" ရှုရှန့်မိန်က သူ့မျက်နှာ အနေအထားကို ကြည့်လိုက်ပြီး အသေးအဖွဲ စကားပြောဖို့ အချိန် မဟုတ်သည်ကို သိလိုက်ရပါသည်။ ထို့ကြောင့် သူမက လိုရင်းကို တန်းပြောလိုက်ပါသည်။

"မင်းကလား" ဝမ်ယွမ်က သူမကို ကြည့်ကာပြောလိုက်သည်။ "လုပ်ငန်းအကြောင်းပြောချင်ရင် မင်းယောက်ျားကို လွှတ်လိုက်လေ။ ငါ့အော်ဒါတွေက မနည်းဘူး။"

ရှုရှန့်မိန်က သီးသွားပြီး ပြောလိုက်သည်။ "ဒုတိယ ခဲအို။ ကျွန်မ လိုချင်တဲ့ အော်ဒါက မနည်းပါဘူး။"

"ဒါဆိုလည်း ငါ့မန်နေဂျာကို ပြောကြည့်လေ။ သြော် စရန်ငွေ ၃၀ ရာခိုင်နှုန်း ပေးရမှာကိုတော့ သတိရနော်။" ဝမ်ယွမ်က ပြောဆိုပြီးသွားသောအခါ သူ့ငယ်သူငယ်ချင်းကို ခေါ်လိုက်၏။ ထို့နောက် ရုံးခန်းထဲ လှည့်ဝင်သွားလေသည်။"

"စရန်ငွေ ၃၀ ရာခိုင်နှုန်း ပါလားခင်ဗျ။ ကျွန်တော်တို့က ချက်ချင်း ငွေရှင်းရတာပါ။" မန်နေဂျာက ပြောလိုက်ပါသည်။

All Chapters