← Chapters

အခန်း(၄၇၂) - ကွာဟချက်က ကြီးမားလွန်းသည်

Vol. 34 Ch. 472

အခန်း(၄၇၂) - ကွာဟချက်က ကြီးမားလွန်းသည်

Vol. 34 Ch. 472

အခန်း(၄၇၂) - ကွာဟချက်က ကြီးမားလွန်းသည်

ဘယ်က စရန်လဲ။ သူမတွင် ပိုက်ဆံရှိပါက ဝမ်ယွမ် ပြန်လာသည့် အချိန်အထိ စောင့်စရာ လိုပါဦးမလား။ ပိုက်ဆံမရှိ၍သာ ဝမ်ယွမ်ကို စောင့်နေခဲ့ရခြင်းဖြစ်သည်။

သူမ၏ အဘိုးအဘွားများရှေ့တွင် အလွန် ရည်မွန်ပြီး လိမ္မာသည့် ဝမ်ယွမ်က သူမနှင့်ဆုံသောအခါ ဒီလောက်ထိ ပြတ်သားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူက ရိုင်းရိုင်းစိုင်းစိုင်း ပြောသွားတာတော့ မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် ဒီလိုဘော့စ် တစ်ယောက်က သူမကို ဒီလိုပုံစံဖြင့် စကားပြောခြင်းက ဘာမှမဖြစ်ပေ။ သို့သော် စီးပွားရေး မဆန်လွန်းဘူးလား။

ရှုရှန့်မိန်က မကျေနပ်ဘဲ ဒီတိုင်း ပြန်မသွားချင်ပါ။ ဒီကို လာရဖို့က ခဲယင်းလှသည် မဟုတ်ပါလား။

"စရန်ငွေ ပါမလာဘူးလား။ ဒါဆိုရင်တော့ ခင်ဗျားရဲ့ အော်ဒါကို လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့ အခု တော်တော်လည်း အော်ဒါကြပ်နေလို့ပါ။ ခင်ဗျားက ကျွန်တော်တို့ ဘော့စ်ရဲ့ အမျိုး ဖြစ်နေလို့သာ အဆင့်ကျော်လာနိုင်တာပါ။" ဟု မန်နေဂျာက ပြောလိုက်သည်။

ရှုရှန့်မိန်က အတင်းအကြပ် လုပ်ယူပြုံးလိုက်ပြီး ပြောလိုက်သည်။ "ဒီနေ့ ငွေသား မယူလာမိလို့ပါ။ ကျွန်မ ပြန်ပြီး ပြင်ဆင်လိုက်ပါ့မယ်။"

"ကောင်းပါပြီ။" မန်နေဂျာက တည်ငြိမ်စွာဖြင့် သူမကို လိုက်ပို့ပေးလိုက်သည်။

ဝမ်ယွမ်၏ ကားက စက်ရုံထဲတွင် ပါကင်ထိုးထားသည်။ ဒီလိုကားကြီးနှင့် ဒီလောက်ကြီးသည့် စက်ရုံကြီးကို ကိုယ်တိုင် ဝယ်ယူနိုင်သဖြင့် သူ ဘယ်လောက်တောင် ချမ်းသာလိုက်မလဲ။

ကျောက်မိသားစု စက်ရုံတွင် အလုပ်သမား များပြားသည်ဟု ဆိုသော်လည်း ဝန်ထမ်းဦးရေ ၂၀၀ ကျော်သာ ရှိသည်။

ရှုရှန့်မိန်က အိမ်ပြန်ကာ ကျောက်ကျွင့်ကို သွားရှာ၏။ အိမ်ပြန်ရောက်သောအခါ ကျောက်ကျွင့်က အရက်နံ့တစ်ထောင်းထောင်းဖြင့် အိပ်ပျော်နေသည်။

သူ့ပုံစံကို မြင်သောအခါ ရှုရှန့်မိန် အနည်းငယ် စိတ်ပျက်သွား၏။ သူမနှင့် တွေ့ခဲ့သည့် ယောက်ျားက ဒီလိုပုံစံဖြစ်နေသည်။ ဝမ်ယွမ်နှင့် ယှဥ်ကြည့်လို့ပင် မရပါ။ သူက ကျောက်ကျွင့်နှင့် ရွယ်တူနီးပါးလောက်သာ ရှိသော်လည်း သူ့အောင်မြင်မှုတွေကို ကြည့်ပါဦး။

ထိုလူနှင့် ယှဥ်သောအခါ ကျောက်ကျွင့်က ဘာမှမဟုတ်သည့်ကောင် ဖြစ်သွားသည်။ အဘိုးနှင့် အဘွားတို့ကလည်း ဒါကြောင့် သူ့ကို သဘောမကျခြင်းဖြစ်သည်။

သို့သော်လည်း ဘာတတ်နိုင်ဦးမှာလဲ။အခု သူမက လက်ထပ်ပြီးပြီ ဖြစ်သဖြင့် ထိုလမ်းကိုသာ ဆက်လျှောက်ဖို့ရှိတော့သည်။

ကျောက်ကျွင့်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော်လည်း သူမကြောင့် နိုးသွားရဖြင့် ဒေါသတကြီး ပြောလိုက်၏။ "ငါအိပ်နေတယ်ဆိုတာ မင်း မတွေ့ဘူးလား။ ဘာလို့ အသံကျယ်ကျယ်လုပ်နေတာလဲ။"

"ကျောက်ကျွင့် ရှင့်အတွက် မလွယ်တာ ကျွန်မသိပါတယ်။ ဒါပေမယ့် အခု ကျွန်မတို့ အမြဲတမ်း အကြံဉာဏ်တွေ စဥ်းစားရတော့မယ်လေ။ ဒီတိုင်း ဆက်နေလို့ မဖြစ်ဘူး။ ဒီမိသားစုကနေ ခွဲထွက်တဲ့အခါကျရင် ကျွန်မတို့ ဘာလုပ်စားကြမလဲ။" ရှုရှန့်မိန်က အသက်ဝဝရှူကာ နူးညံ့စွာပြောလိုက်ပါသည်။

"မိသားစုကနေထွက်သွားမယ် ဟုတ်လား။ အဖေနဲ့အမေက ဒီလောက်ငယ်သေးတာကို ဘာလို့ ခွဲထွက်ရမှာလဲ။ နေ့တိုင်း အားယားနေပြီး မဖြစ်သေးတာကို စဥ်းစားမနေစမ်းနဲ့။" ဟု ကျောက်ကျွင့်က စိတ်ဆိုးမာန်ဆိုးဖြင့် ငေါက်ငမ်းလိုက်သည်။

ရှုရှန့်မိန်က ဒေါသကြောင့် လဲကျတော့မလိုပင် ဖြစ်သွားသည်။ ဒီလောက်ထိ ဦးနှောက် မရှိသည့် လူမျိုး မတွေ့ဖူးပါ။ ဒီမိသားစုထဲတွင် လူများစွာ ရှိနေသည်။ အခု ကိုယ့်အတွက်ကိုယ် အစီအစဥ်ချမထားပါက အနာဂတ်တွင် ဘာမှမရှိတော့သည့် အချိန်ကျမှ ငိုစရာနေရာပင် ရှိတော့မည် မဟုတ်ပါ။

ကျောက်ကျွင့်ကို လေကုန်အောင် သွယ်ဝိုက်မနေဘဲ ပြောလိုက်သည်။ "ကျွန်မဦးလေးကို သိတယ်မလား။ သူ အခု ထရပ်ကားတစ်စီး ဝယ်လိုက်ပြီ။"

"အဲ့တာ ဘာဖြစ်လဲ။ ထရပ်ကားကြီးပဲကို။ ငါတို့မှာလည်း ကားရှိတယ်။ ကုန်ဆွဲတဲ့ ကားကြီးထက် ပိုအဆင့်မြင့်တယ်။" ထိုစကားများကို ကြားသောအခါ ကျောက်ကျွင့်က အရွဲ့တိုက်လိုက်သည်။

ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့က သူ့ကို သဘောမကျပေ။ သူကလည်း ကျိုးမိသားစုကို ဂရုမစိုက်ပါ။ သူတို့၏ သဘောထားကိုလည်း အာရုံမရှိပါ။ သူတို့ ငွေလိုလို့ ဘာညာ အကူအညီလိုပါက သူတို့ကိုချေးငှားလျှင် ထူးဆန်းနေပါလိမ့်မည်။

ထို့ကြောင့် သူက ဘာကြောင့် သွားနေရဦးမည်နည်း။ စုတ်ပြတ်နေသည့် ဆိုင်ခန်းတချို့ကို ဖွင့်ရတာ ဘာများ ကောင်းနေလို့လဲ။

ရှုရှန့်မိန်က ပြောလိုက်သည်။ "ဆိုင်တစ်ဆိုင်ဖွင့်တာက အကျိုးအမြတ်ရှိတယ်။ မဟုတ်ရင် ဒီလိုကားကြီးတစ်စီးဝယ်ဖို့ သူတို့ ဘယ်က ပိုက်ဆံအများကြီး ရမှာလဲ။"

ကျောက်ကျွင့်က ဘာမှမပြောတော့ပါ။ ထရပ်ကားတစ်စီး ဝယ်နိုင်သဖြင့် သူတို့အိမ်အခြေအနေက သိပ်မဆိုးကြောင်း သူ လက်ခံရမည်။ သူ ပိုင်သည့် အဆင့်မြင့်ကားနှင့် မယှဥ်နိုင်သော်လည်း ငွေများစွာ ကုန်ကျပါသေးသည်။

"ကျောက်ကျွင့် ကျွန်မဦးလေးနဲ့ အတူတူ အလုပ်လုပ်နေတဲ့ အထည်စက်ရုံပိုင်ရှင်က ကျွန်မဝမ်းကွဲအစ်မရဲ့ ရည်းစားလေ။ သူတို့ လက်ထပ်ကြတော့မယ်ထင်တယ်။ ကျွန်မ ဒီနေ့ အဲ့ဒီအထည်စက်ရုံကို သွားပြီး ကြည့်ခဲ့သေးတယ်။ အဲ့ဒီအထည်စက်ရုံ ဘယ်လောက်တောင် ကြီးလဲ သိရဲ့လား။" ရှုရှန့်မိန်က ပြောလိုက်သည်။

ကျောက်ကျွင့် မမေးသော်လည်း သူမ ဆက်ပြောသည်။ "သူတို့စက်ရုံက ကျွန်မတို့ ကျောက်မိသားစုစက်ရုံထက် ပိုကြီးတယ်။ အဲ့မှာအလုပ်သမား ဘယ်လောက်တောင် ရှိလဲ သိလား။ ဝန်ထမ်း ၅၀၀ တောင်ရှိတယ်။ ဒါကို ကျွန်မကြားတော့ လန့်သွားတာပဲ။"

"အလုပ်သမား ၅၀၀ ဟုတ်လား။ နင် သေချာလို့လား။" ကျောက်ကျွင့်တစ်ယောက် ထိတ်လန့်သွားပြီး သူမကို စိုက်ကြည့်လိုက်သည်။

ကျောက်မိသားစု စက်ရုံမှာတောင် အလုပ်သမား ၂၀၀ ကျော်သာရှိသည်။ သို့သော်လည်း စက်ရုံက ကြီးမားနေပါသေးသည်။ ဟိုဘက်က အထည်စက်ရုံမှာ အလုပ်သမား ၅၀၀ တောင်ရှိတယ်တဲ့လား။

"အဲ့လိုစကားတွေသုံးပြီး ရှင့်ကို ချော့ပြောနေပါ့မလား။ အစကတော့ အဲ့ကိုသွားပြီး သူနဲ့ ဒီနေ့ လုပ်ငန်းကိစ္စ တိုင်ပင်ချင်ခဲ့တာလေ။" ရှုရှန့်မိန်က နှုတ်ခမ်းစူလိုက်သည်။

တကယ်တော့ လက်ချည်းဗလာသွားပြီး လှည့်ကွက်သုံးကာ ပစ္စည်းတွေကို အရင်ယူပြီး စမ်းရောင်းကြည့်ချင်သည်။ သို့သော်လည်း သိသိသာသာပင် ဝမ်ယွမ်က သူမကို မျက်နှာသာမပေးပါ။ သူက ဒီတိုင်း ငြင်းဆန်လိုက်သည်။

ကျောက်ကျွင့်က မေးလိုက်၏။ "ဘယ်လိုလုပ်ငန်းလဲ။"

"ကျွန်မတို့မိသားစုမှာ ဆိုင်တစ်ဆိုင် မရှိဘူးလား။ အဲ့ဆိုင်က အဖေနဲ့ အမေ ပိုင်တာ ဆိုပေမယ့် လောလောဆယ် ဗလာကြီးပဲလေ။ အဲ့ဒီအထည်တွေကို ရောင်းဖို့ ယူကြည့်မလားလို့ တွေးနေတာ။ ဒါပေမယ့် စရန်ပေးရမယ်တဲ့။" ရှုရှန့်မိန်က ပြောလိုက်သည်။ ထို့နောက် ကျောက်ကျွင့်ကို သူမ ကြည့်လိုက်၏။ "ပြီးတော့ သူက လုပ်ငန်းအကြောင်း ပြောချင်ရင် ရှင့်ကိုလွှတ်လိုက်ဖို့လည်း ပြောတယ်။ ကျောက်ကျွင့် ရှင်သွားကြည့်လိုက်ပါလား။ ကျွန်မလည်း လိုက်လာပြီး ဆက်နွယ်ကြည့်ရအောင်လေ။ ကျွန်မတို့ အနာဂတ် တိုးတက်ဖို့ သေချာပေါက် ကောင်းမှာပါ။ စက်ရုံကြီးက အကြီးကြီးပဲရှင့်။"

"သူက စရန်ငွေလိုချင်တယ်ဟုတ်လား။ ငါတို့မှာ စရန်ငွေပေးစရာ ဘာပိုက်ဆံ ရှိလို့လဲ။" ကျောက်ကျွင့်က တကယ်မသွားချင်ပါ။ "ပြီးတော့လည်း အဲ့ဆိုင်က အဖေနဲ့ အမေတို့ နာမည်နဲ့လေ။ ငါတို့ ဒီတိုင်း လုပ်ငန်းလုပ်မယ်ဆိုရင် မရီးတွေနဲ့ အခြားသူတွေက လုံးဝ သဘောတူမှာမဟုတ်ဘူး။"

"အများဆုံးတော့ ကျွန်မတို့ရဲ့ ပိုက်ဆံက အများပိုင်ဖြစ်လာပြီး ဒီလိုဆို သူတို့လည်း ရှယ်ယာရမှာပေါ့ သူတို့သဘောမတူဘဲ မနေပါဘူး။" ရှုရှန့်မိန်က အံကြိတ်လိုက်သည်။

ကျောက်ကျွင့်က မျက်စပြစ်ကာ ပြောလိုက်သည်။ "ပိုက်ဆံက အများပိုင် ဖြစ်လာမှတော့ ဘာလုပ်ရဦးမှာလဲ။"

သူစိတ်ပါသွားရသည့် အကြောင်းအရင်းက ထိုပိုက်ဆံ သူ့အိတ်ကပ်ထဲသို့ ရောက်လာနိုင်သည်ဟု ထင်ခဲ့သောကြောင့်ဖြစ်သည်။ သူတို့ပိုက်ဆံမဟုတ်ဘဲ မိသားစုပိုင်ငွေ ဖြစ်လာပါက ဘာကြောင့် ဒီလောက် ခက်ခက်ခဲခဲ ကြိုးစားနေရဦးမည်နည်း။

ရှုရှန့်မိန် တကယ်ပဲ အားယုတ်သွားသလို ခံစားရပါသည်။ မိသားစုထဲတွင် အလုပ်အကိုင်ရှိသည့် လူက ပြောခွင့်ဆိုခွင့် ရှိသည်ဆိုတာကို သူဘာကြောင့် မတွေးမိရတာလဲ။ အခု သူတို့နှစ်ယောက်စလုံးက အိမ်တွင်သာ ထိုင်စားနေကြသည်။ အိမ်ထဲက အိမ်မှုကိစ္စအားလုံးကို သူမ တာဝန်ယူထားတာကိုတောင် ယောက္ခမနှင့် ယောက်မများက သူမကို အထင်သေးနေဆဲပင်။

သို့သော် ငွေရှာနိုင်သည့် ဆိုင်တစ်ခု လက်ထဲတွင် ရှိနေပါက ကျောက်မိသားစုထဲက ဘယ်သူကများ သူတို့ လင်မယားကို အထင်သေးရဲဦးမှာလဲ။

"နင်လုပ်ချင်လည်း လုပ်ဟာ။ နင့်ဟာနင် အမေ့ကို သွားပြော။ ပြီးတော့ နင့်မှာ ပိုက်ဆံရှိသေးတယ် မဟုတ်ဘူးလား။ နင့်ဟာနင် လုပ်လို့ရပါတယ်။" ကျောက်ကျွင့်က လက်ရမ်းကာ နှင်ထုတ်လိုက်ပါသည်။

သူမမှာ ပိုက်ဆံရှိပါက ကျောက်ကျွင့်ထံသို့ လာနေပါဦးမလား။ သူမ လက်ထဲတွင် ပိုက်ဆံတချို့ ရှိခဲ့သော်လည်း ထိုပိုက်ဆံများကို အိမ်ပြန်ပို့လိုက်ပြီဖြစ်သည်။ သူမ၏ မိဘများက အိမ်သစ်ဆောက်ချင်သည်ဆိုသဖြင့် ယွမ် ၅၀၀ ပေးလိုက်သည်။ ထိုငွေတွေက သူမရဲ့ စုဆောင်းထားသည့် ငွေအားလုံးနီးပါးဖြစ်ပါသည်။

ရှုရှန့်မိန်က အိမ်တစ်လုံးဆောက်သည့် ကိစ္စကို ထောက်ခံသည်။ မဟုတ်ပါက ဒီလောက်များသည့် ပိုက်ဆံကို ပေးမည် မဟုတ်ပေ။ ဒီလိုလုပ်မှ သူမမိသားစုလည်း မျက်နှာရမည် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် သားမက်က မြို့တော်က ဖြစ်သဖြင့် အရင်လို နေလို့မရတော့ပေ။

အနာဂတ်တွင် အိမ်ပြန်ဖို့ အချိန်ရှိပါက ခမ်းနားနေပါလိမ့်မည်။ အရင်အိမ်က ညစ်ပတ်လွန်းပြီး သေးလွန်းသည်။ အဲ့တာကြောင့်လည်း အိမ်ကြီးကြီးတွင် နေသားကျသည့် ကျောက်ကျွင့်က ထိုအချိန်တုန်းက သူမတို့အိမ်တွင် မနေချင်ခဲ့ခြင်းဖြစ်သည်။

ကွာဟချက်က တကယ်ကြီးမားလွန်းပါသည်။

ပိုက်ဆံကို သူမ မိသားစုထံသို့ ပြန်ပေးလိုက်သဖြင့် လောလောဆယ် ပိုက်ဆံမရှိတော့ပါ။ ထို့ကြောင့် ကျောက်ကျွင့်ထံမှ လိုချင်ခြင်းဖြစ်ပါသည်။

ကျောက်ကျွင့်က မလုပ်ချင်ပါ။ ရသည်။ သူမကိုယ်တိုင် ရအောင်လုပ်မည်။

"ငါ့ဆီက ပိုက်ဆံလိုချင်တယ်ဟုတ်လား။ ကိုယ့်ဟာကိုယ် ရှာပါလား။" ကျောက်ကျွင့်က စိတ်ရှုပ်လွန်းသဖြင့် မကျေမနပ် ပြောလိုက်ပါသည်။

All Chapters