← Chapters

အခန်း(၄၇၅) - ဂရုစိုက်စရာမလိုပါ

Vol. 34 Ch. 475

အခန်း(၄၇၅) - ဂရုစိုက်စရာမလိုပါ

Vol. 34 Ch. 475

အခန်း(၄၇၅) - ဂရုစိုက်စရာမလိုပါ

ထိုမိန်းကလေး ဘယ်လောက်လှသလဲ ကန်းကျစ်မသိပါ။ သို့သော် ရန်ပွဲကတော့ အတော် ပြင်းထန်ခဲ့သည်။ ညကျောင်းတွင် ပထမဆုံး အကြိမ်ဖြစ်ဖူးသသည့် ရန်ပွဲဖြစ်သည်။ အထူးသဖြင့် ယောက်ျားမိန်းမ ပြဿနာကြောင့် ဖြစ်ရသည့် ရန်ပွဲဖြစ်၏။

သက်ရောက်မှုက အတော်လေး ပြင်းထန်ပြီး ညကျောင်းက လက်ပိုက်ကြည့်နေမည် မဟုတ်ပါ။

"နင့်ဦးလေး သွားရှင်းပြီးပြီလား။" လင်းချင်းဟယ်က သွေးလည်းမအေးသလို နွေးလည်းမနွေးထွေးစွာဖြင့် ပြောလိုက်သည်။

သူမ မှန်ခဲ့ပါသည်။ ရှုမိသားစုဟောင်း၏ ပညာရေး အတိုင်းအတာကို သူမ တကယ် သဘောပေါက်ခဲ့သည်။ အမြစ်က ပုပ်သိုးနေကြလေသည်။

ရှုရှန့်ချမ်းသာ ညကျောင်းတွင် ကောင်းကောင်းမွန်မွန် ပညာသင်ပြီး တကယ် တိုးတက်လာပါက သူမ ဘာမှမပြောသလို တားဖို့ဆို ဝေးပါသေးသည်။ သို့သော်လည်း အခုတော့ ဘာများ တိုးတက်လာလို့လဲ။

မိန်းမတစ်ယောက်အတွက်နဲ့ ရန်ဖြစ်ခဲ့သည်တဲ့။ တော်ပါပေသည်။

လင်းချင်းဟယ် လုံးဝ ဝင်မပါချင်ပါ။ အဖေကျိုးနှင့် အမေကျိုးတို့ နှစ်ယောက်စလုံးလည်း ထိတ်လန့်သွားကြသည်။ အမှန်ပင် ဒီလောက်ပြဿနာကြီးကို သူတို့မသိဘဲ မနေပါ။

အဖေကျိုးနှင့် အမေကျိုးတို့က ရှုရှန့်ချမ်းကို စိတ်ပျက်သော်လည်း သူတို့နှလုံးသားထဲတွင်တော့ သူတိုးတက်လာလိမ့်မည်ဟု မျှော်လင့်မိခဲ့ပါသည်။ ဘာပဲဖြစ်ဖြစ် သူတို့၏ မြေးအရင်း မဟုတ်ပါလား။

မကြာခဏ သူ့ပညာရေး တိုးတက်မှုကို သူတို့ စစ်ဆေးကြည့်သည်။ သူနားမလည်ပါက အာ့နီနှင့် ဟူကျစ်တို့ကိုလည်း သင်ပေးလိုက်ပါဟု ပြောခဲ့သည်။

ထို့ကြောင့် ဒီကိစ္စဖြစ်လာသောအခါ ထိန်းချုပ်မရနိုင်တော့ပါ။

လင်းချင်းဟယ်က ကျိုးရှောင်မိန်ကို ရေသွားချိုးဖို့ လာခေါ်စဥ် ကျိုးရှောင်မိန်ကို ပြောခဲ့ခြင်း ဖြစ်သည်။

ကျိုးရှောင်မိန်က ဒေါသထွက်သွား၏။ "သူက ကောင်းတဲ့ကောင် မဟုတ်တာ ငါသိတယ်။ ထင်တဲ့အတိုင်းပဲ ပြဿနာ ထပ်ရှာပြန်ပြီ။"

ကျိုးရှောင်မိန် ဆူငေါက်သည့်အတွက် အပြစ်တင်လို့မရပါ။ ရှုရှန့်ချမ်း ဒီရောက်လာကတည်းက သူ့အဘိုးအဘွားများထံသို့ ဘယ်နှခေါက်လာလည်ဖူးသလဲ။ သုံးခေါက်ပင် မပြည့်ပါ။

အဖေကျိုးနှင့် အမေကျိုးတို့က သူရန်ဖြစ်တတ်သဖြင့် မျက်နှာသာ မပေးသော်လည်း သူ့ကို ဂရုစိုက်ပါသေးသည်။

သို့သော်လည်း သူဘာလုပ်ခဲ့သနည်း။ အဖေကျိုးနှင့် အမေကျိုးတို့က သဘောမကျသည့် ပုံစံလုပ်ပြလိုက်သည်နှင့် ထပ်မလာတော့ပါ။ ဘယ်လို အမူအကျင့်မျိုးလဲ။ သူအရွယ်ရောက်လာလျှင် သူ့ထံက ဘာတွေ မျှော်လင့်နိုင်မှာလဲ။

သူအရွယ်ရောက်လာလျှင်တောင် ထိုမြေးကို သူတို့ အားကိုးစရာမလိုပါ။ သူ့စရိုက်က သွေးအေးလွန်းသည်။

ဒေါ်လေးဖြစ်သူ ကျိုးရှောင်မိန်ကလည်း အားလုံးကို သိသဖြင့် သူမ အတော်လေး စိတ်မကျေနပ်ဖြစ်ခဲ့ပါသည်။

အခုတော့ ဒီလိုကိစ္စမျိုး ဖြစ်ခဲ့သည်ကို ကြားသောအခါ သူမ စတင် ငေါက်လေသည်။

"စိတ်လျှော့ပါ။ မစိုးရိမ်ပါနဲ့။ တစ်ခုခုဖြစ်မလာခင်အထိ ဒီကောင်ငြိမ်မနေလောက်ပါဘူးလို့ ငါထင်ပြီးသားပါ။" ဟု လင်းချင်းဟယ်က ကျိုးရှောင်မိန် နောက်ကျောတိုက်ပေးနေသည်ကို ဇိမ်ခံရင်း ပြောလိုက်သည်။

ကျိုးရှောင်မိန်က ပြောလိုက်၏။ "ဒါဆို အခု ဘာလုပ်ကြမလဲ။"

လင်းချင်းဟယ်က ပြန်ပြောသည်။ "မသိဘူး။ ငါအတန်းကနေ ထွက်လာနိုင်ဖို့က ရှားပါးတဲ့ အခွင့်အရေးလိုပဲ။ ဒီကိစ္စတွေကို ငါဂရုမစိုက်ဘူး။ နင့်စတုတ္ထအစ်ကို တာဝန်ယူလိမ့်မယ်။"

ထို့နောက်ဆက်ပြောသည်။ "မနက်ဖြန်အတန်း နှစ်ချိန်ပဲ ရှိမှာ။ အခြားဆရာမတွေနဲ့ အတန်းလဲထားတယ်။ ငါရေပူစမ်းသွား စိမ်မလို့၊ နင်လိုက်ဦးမလား။"

"ငါတို့နှစ်ယောက်တည်းလား။" ကျိုးရှောင်မိန်က ပြောလိုက်သည်။

"ဘယ်ဟုတ်ပါ့မလဲ။ ငါ့သူငယ်ချင်းတစ်ယောက်လည်းပါတယ်။ သားငယ်နဲ့ ကန်းကျစ်တို့ကလည်း လိုက်ချင်နေတယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

အမေဝိန်ကို လိုက်ခဲ့ဖို့ ခေါ်ရန် စီစဥ်ထားခြင်း ဖြစ်သည်။

"ကောင်းပြီလေ။ ဒါဆိုလည်း မနက်ဖြန် အတူတူ သွားကြတာပေါ့။ ဘယ်လိုမျိုးလဲ သွားကြည့်ရဦးမယ်။ အရင်တစ်ခေါက် တာ့လင်း ပြန်လာတော့ ရေပူစမ်းစိမ်ရတာ အရမ်းကောင်းတာပဲလို့ ပြောနေတာကြားတယ်။" ဟု ကျိုးရှောင်မိန်က ပြန်ပြောလိုက်ပါသည်။

စတုတ္ထယောင်းမနှင့် ကိုယ်လက်သန့်စင်ပြီးနောက် ကိုယ့်အိမ်သို့ ကိုယ်ပြန်လာခဲ့ကြသည်။

ကျိုးရှောင်မိန်က သူမ၏ မိဘများကို ထိုအကြောင်း ပြောပြချင်ခဲ့ပါသည်။ သူတို့မြေးတွင် ပါရမီတစ်ခုခုရှိသည်ဟု အမြဲစဥ်းစားမနေကြစေလိုပါ။

ကျိုးရှောင်မိန် ပြောသည့်စကားကို ကြားတော့ အဖေကျိုးက မျက်နှာပျက်သွားပြီး အမေကျိုးကတော့ ဒေါသဖြင့် တောက်လောက်နေလေပြီ။

"ရန်ဖြစ်ပြန်ပြီ၊ ရန်ဖြစ်ပြန်ပြီ။ ဘယ်သွားသွား ရန်ပဲဖြစ်နေတော့မှာလား။ အခုမှ စာသင်နှစ် တစ်ခုပဲ ရှိသေးတယ်။ အခုမှ စာသင်နှစ်တစ်ခု စတင်အခြေချရုံရှိသေးတယ်။" အမေကျိုး ဒေါသကြီးနေသည်။ "ငါသူ့ကို အေးအေးချမ်းချမ်း နေပါလို့ ဒီလောက် ပြောထားတာကို နားမထောင်ဘူး။ လိုက်လျောညီထွေဖြစ်အောင်နေဖို့က ဦးစားပေးပဲ။ သူက ဘယ်တော့မှ ငါ့စကား နားမထောင်ဘူး။"

"အမေ အခု ပထမအစ်မကြောင့် ချမ်းကျစ် ပျက်စီးနေတာ နားလည်ပြီမဟုတ်လား။" ဟု ကျိုးရှောင်မိန်က မကျေနပ်စွာဖြင့် ပြန်ပြောလိုက်သည်။

အကြီးဆုံးအစ်မက သမီးသုံးယောက် မွေးပြီးမှ ရှုရှန့်ချမ်းကို မွေးဖွားခဲ့ခြင်းဖြစ်သည်။ သူ့ကို အလိုမလိုက်ဘဲ နေပါ့မလား။ သူ့ကို အတော်လေး အလိုလိုက်ချစ်မြတ်နိုးခဲ့ပုံရသည်။

နောက်ဆုံးတော့ အလိုလိုက်ခြင်း၏ ရလဒ်ကို မြင်နိုင်ကြလေပြီ။ ဘယ်သွားသွား သူ့ကိုယ်သူ အားလုံးထက်သာသည်ဟု ထင်နေသည်။ စက်ရုံတွင်လည်း သူများကို ဆေးရုံရောက်အောင် လုပ်ခဲ့သည်။ အခုလည်း ညကျောင်းတက်နေစဥ် မိန်းကလေး တစ်ယောက်ကြောင့် ရန်ဖြစ်ခဲ့သည်။

"အခု ဘာတွေဖြစ်တော့မှာလဲ။" အမေကျိုးက ပြောလိုက်သည်။

"မသိဘူး။ စတုတ္ထယောင်းမကတော့ သူဝင်မပါဘူးပြောတယ်။ စတုတ္ထအစ်ကိုက သူ့ကို ကျောင်းအပ်ထားတာ ဆိုတော့ သူကိုယ်တိုင်ပဲ သွားရှင်းရမှာပေါ့။" ကျိုးရှောင်မိန်က ဆံပင်သုတ်ရင်း ပြန်ပြောလိုက်သည်။ "စကားမစပ် မနက်ဖြန် စတုတ္ထယောင်းမက သူ့အတန်းချိန်တွေကို ပြောင်းထားလို့ အချိန်အားနေတယ်။ အဲ့တာ ရေပူစမ်းကို သွားမလို့တဲ့ ။ သမီးလည်း စတုတ္ထယောင်းမနဲ့ လိုက်သွားမလို့လေ။ အမေ ထျန်ထျန်ကို ကြည့်ထားပေးပါ။"

"မနက်ဖြန် နင့်စတုတ္ထအစ်ကိုတို့ အိမ်ကို သွားပြီး အခြေအနေကို မေးမလို့။ ထျန်ထျန်ကို တာ့လင် ဆိုင်ခေါ်သွားခိုင်းလိုက်။" အမေကျိုးက ပြန်ပြောလိုက်သည်။

"ကျွန်... ကျွန်တော် ခေါ်သွားလိုက်မယ်။" စုတာ့လင်းက ခေါင်းငြိမ့်လိုက်သည်။

သူ ကိုင်တွယ်နိုင်ပါသည်။ အရေးအကြီးဆုံးက ဒီကိစ္စမှာ အသေးအဖွဲမဟုတ်ခြင်းပင်။ လူကြီးများ စိတ်ပူတာ ပုံမှန်ပဲဖြစ်ပါသည်။

အဖေကျိုးနှင့် အမေကျိုးတို့ စိတ်ပူနေကြ၏။ လင်းချင်းဟယ်ကတော့ အပူအပင်ကင်းသည်။ သူမ ပြန်လာသောအခါ ကျိုးချင်းပိုင် အိမ်ပြန်ရောက်နေလေပြီ။

ဒီနှစ်အသစ်ထွက်သော Legend of the Condor Heroes ကိုကြည့်ရှုနေသည်။ သူ နေ့တိုင်းလိုလို ကြည့်ပြီး ထိုတီဗီစီးရီးကို အတော်သဘောကျနေပါသည်။

သို့သော် အခုသူ့ကို ကြည့်လိုက်သောအခါ စိတ်လွင့်နေသည်မှာ သိသာပါသည်။

နောက်ဆုံးတော့ လင်းချင်းဟယ် ချော့လိုက်ရသည်။ "အဘိုးကြီး ရှင်လည်း မငယ်တော့ဘူး။ စိတ်မပူသင့်တာတွေကို မပူစမ်းပါနဲ့။"

သူ့ကို ဂရုစိုက်ဖို့ စိတ်ကူး မရှိသော်လည်း အိမ်ထောင်ဦးစီး ဖြစ်နေသဖြင့် ဂရုစိုက်ရပါမည်။

ကျိုးချင်းပိုင်က ပြောလိုက်သည်။ "ငါ ဂရုမစိုက်ပါဘူး။"

"ဘာတွေဖြစ်သွားလဲ။" လင်းချင်းဟယ်က ထိုင်ကာ မေးလိုက်သည်။

"ညကျောင်းကနေ ထုတ်ခံလိုက်ရတယ်။ သူသွားစရာ မလိုတော့ဘူး။" ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။

ညကျောင်းသို့ ရှင်းလင်းရန်သာ သူသွားခဲ့ခြင်းဖြစ်သည်။ အမှန််ပင်။ သူလည်း စကား အနည်းငယ် များခဲ့ပြီး အများကြီးတော့ ဦးမညွှတ်ခဲ့ရပါ။

သူရှင်းရှင်းလင်းလင်း မသိခင်က ရှုရှန့်ချမ်းကို ကျောင်းအပ်ပေးခဲ့ပြီး စာကို ကြိုးစား သင်ကြားလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သု့ကို အခွင့်အရေး ပေးခြင်းလည်းဖြစ်သည်။

သို့သော်လည်း သူက မဆုပ်ကိုင်နိုင်ပါက အခြားသူတွေ သူ့ကို ဂရုမစိုက်သည်ကို အပြစ်တင်လို့ မရတော့ပါ။

သူ တကယ် အဆင်ပြေသည်ကို လင်းချင်းဟယ်မြင်ကာ ပြောလိုက်သည်။ "နောက်ကော ဝင်ပါဦးမလား။"

"သူက ဒီလောက်တောင် အရွယ်ရောက်နေပါပြီ။ ရည်းစားထားချင်တဲ့ အရွယ်တောင် ရောက်နေပြီ ဂရုစိုက်စရာ မလိုဘူး။" ဟု ကျိုးချင်းပိုင်က ပြောလိုက်သည်။

သူ စိတ်မပျက်ဘူးဟု ပြောလို့မရပါ။ သူဝင်ပါဖို့လည်း စိတ်ကူးမရှိတော့ပါ။ သူ့တူ မြို့လာမည့် ကိစ္စကိုလည်း သဘောမတူခဲ့ပါ။ သို့သော် သူ့အမြင်ကို အကြီးဆုံးယောက်မက ဂရုမစိုက်ဘဲ ရှန့်မိန်အကူအညီဖြင့် ရောက်လာစေခဲ့သည်။ အခုတော့ သူတို့ပြဿနာသာ ဖြစ်သွားလေပြီ။

သူလုပ်နိုင်သည့် အရာကို သူလုပ်ခဲ့သည်။ ကျိုးချင်းပိုင်က ဖျောင်းဖျတတ်သည့် လူမျိုးမဟုတ်ပါ။

လင်းချင်းဟယ်ကလည်း သူ့ကိုထပ်မစတော့ဘဲ ပြောလိုက်၏။ "ကျွန်မတို့မိသားစုမှာ ဆိုင်တွေ အများကြီး ရှိတယ်။ စိတ်ပူစရာ ကိစ္စတွေလည်း မဆုံးနိုင်အောင်ပဲ။ အဲ့တာကြောင့် အဲ့ကိစ္စတွေကြောင့် စိတ်ပင်ပန်း မခံလည်း ရပါတယ်။ အဲ့ဒီစိတ်ပူစရာတွေကြောင့် ရှင်သာ တစ်ခုခု ဖြစ်သွားရင် ကျွန်မပဲ စိတ်ထိခိုက်ရလိမ့်မယ်။"

"ကိုယ် မပင်ပန်းပါဘူး။" ကျိုးချင်းပိုင်က ပြုံးကာ သူ့မိန်းမလက်ကို ဆုပ်ကိုင်လိုက်သည်။

သူမလက်ကို ဆုပ်ကိုင်လိုက်စဥ်မှာပင် ကလေးများ ပြန်ရောက်လာသည်။ ဟူကျစ်၊ ကန်းကျစ်၊ ကျိုးရွှမ်နှင့် ကျိုးကွေ့လိုင်တို့ ပြန်ရောက်လာခြင်းဖြစ်သည်။

လင်းချင်းဟယ်က ပြောလိုက်သည်။ "ကန်းကျစ်နဲ့ သားငယ်တို့ စောစောအိပ်ကြ။ မနက်ဖြန် သွားကြမယ်။ နင်တို့ ဒေါ်လေးနဲ့ ချိန်းထားခဲ့တယ်"

"ဘာလုပ်ကြမလို့လဲ။" ကျိုးချင်းပိုင် ကြောင်သွား၏။

"ဘာလုပ်စရာ ရှိလို့လဲ။ ရေပူစမ်းသွားမလို့ပေါ့။ မနက်ဖြန်သွားကြမှာ။" ဟု လင်းချင်းဟယ်က ပြန်ဖြေလိုက်သည်။

ကျိုးချင်းပိုင်က သူ့မိန်းမကို ဆူပုတ်ပုတ်ကြည့်လိုက်သည်။ ကားကို ပြန်ယူလာကတည်းက သူ့မိန်းမကို ရေပူစမ်းသို့ ခေါ်သွားရန် အခွင့်အရေး မရခဲ့ပါ။

"သွားစဥ်းစားလိုက်လေ။ နင်တို့တွေ အိပ်ယာ စောစော ဝင်ကြ။" ကိုးနာရီခွဲခါနီးပြီ ဖြစ်ကြောင်း မြင်သောအခါ လင်းချင်းဟယ်က ထလိုက်ပြီး အိပ်ယာဝင်ဖို့ ပြင်လိုက်သည်။

ကျိုးချင်းပိုင်လည်း တီဗီမကြည့်တော့ဘဲ သူ့မိန်းမနှင့် အခန်းထဲ လိုက်သွားတော့သည်။

ကလေးတွေကတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးရင်း ကျန်ခဲ့ကြတော့သည်။

All Chapters