← Chapters

အခန်း(၄၇၇) - ရုတ်ချည်း မင်္ဂလာကိစ္စ

Vol. 34 Ch. 477

အခန်း(၄၇၇) - ရုတ်ချည်း မင်္ဂလာကိစ္စ

Vol. 34 Ch. 477

အခန်း(၄၇၇) - ရုတ်ချည်း မင်္ဂလာကိစ္စ

ထို့ကြောင့် ရှုရှန့်မိန်က ရှုရှန့်ချမ်းကို ဆူငေါက်ခဲ့ပါသည်။

သူမက ဒီမောင်လေးကို မြို့ခေါ်နိုင်ဖို့ ဦးနှောက် ဘယ်လောက်တောင် သုံးခဲ့ရသလဲ။ သူ့ကို မြို့ပေါ်သို့ တက်လာကာ အနည်းငယ် အောင်မြင်စေချင်ခဲ့သည်။ ထိုအခါ သူမကိုလည်း မျက်နှာရစေပြီး သူမ ယောက်ျား၏ မိသားစုကလည်း သူမ၏ မိသားစုမှာ ပြည့်စုံသည့် မောင်နှမတစ်ယောက် ရှိသည်ဟု အသိပေးနိုင်သည်။

သူ့မောင်က ဒီလောက်ထိ စိတ်လိုက်မာန်ပါ ပြုလုပ်လိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။

လောလောဆယ် မျက်နှာရဖို့ မေ့ထားပါဦး။ မျက်နှာပင် ပျက်နေရလေပြီ။ သူမ ပိုဒေါသထွက်ခဲ့ရခြင်းက သူ့ကို ကျိုးမိသားစုအိမ်သို့ လာပြီး ရန်ဖြစ်လို၍ ရန်ဖြစ်ခဲ့တာ မဟုတ်ကြောင်း ကောင်မလေးက သူ့ကို ဖောက်ပြန်၍ဖြစ်ကြောင်း ရှင်းပြခိုင်းခဲ့သည်။

သူ့ခံစားချက်ကို ကစားခဲ့ခြင်း မကစားခဲ့ခြင်းက အရေးမကြီးပါ။ အတိုချုံးပြောရလျှင် သူ့အပြစ်လွတ်အောင်သာ ပြောဖို့လိုသည်။

သို့သော်လည်း သူမ မောင်က လာပင် မလာပါ။

"ငါက ဘာလို့သွားရမှာလဲ။ သူတို့က ငါ့ကို ဂရုမှမစိုက်ကြတာ။ ငါ့ကို အထင်သေးကြတယ်။ ငါအဆူခံရမှာပဲမလား။" ဟု ရှုရှန့်ချမ်းက စိတ်တိုစွာ ပြောလိုက်သည်။

ရှုရှန့်မိန်လည်း သေလောက်အောင် ဒေါသထွက်နေပါပြီ။

ဘာလို့ သူ့ဦးနှောက်ကို မသုံးတတ်ရတာလဲ။ ဘာလို့ ကျောက်မိသားစုက သူတို့ကို မျက်နှာ အနည်းငယ် ပေးထားသေးတာလဲ။ အားလုံးက ကျိုးမိသားစုကြောင့်သာဖြစ်သည်။

ကျိုးမိသားစု သူတို့မောင်နှမကို အထင်သေးလည်း အရေးမကြီးပါ။ ကျိုးမိသားစုက သူတို့၏ တစ်ခုတည်းသော အားကိုးရာဖြစ်နေပါပြီ။

ထို့ကြောင့် သူတို့ ကျိုးမိသားစုအား သွားရှင်းပြရမည်။ သူတို့ကို စိတ်ပျက်ခွင့်မပေးနိုင်ပါ။ မဟုတ်ပါက အနာဂတ်တွင် သူမတို့ ဘယ်လို လျှောက်လှမ်းရမည်နည်း။

သို့သော်လည်း ရှုရှန့်ချမ်းက လာကို မလာနိုင်ပါ။

ထို့ကြောင့် ရှုရှန့်မိန် ရွေးချယ်စရာ မရှိတော့ဘဲ အံကြိတ်ကာ တစ်ယောက်တည်း လာခဲ့ရတော့သည်။

"ချမ်းကျစ် ဘယ်မှာလဲ။" ဆိုင်တွင် စောင့်နေသည့် အမေကျိုးက မှုန်ကုတ်သော မျက်နှာဖြင့် မေးလိုက်သည်။

"ချမ်းကျစ်က တော်တော်လေး ထိခိုက်ထားလို့ အခု အိပ်ယာပေါ်မှာ နားနေရတုန်းပါပဲ။" ရှုရှန့်မိန်က လမ်းတွင် ထိုဆင်ခြေကို ကြိုတွေးထားပြီးသား ဖြစ်သည်။ "ချမ်းကျစ်ရဲ့ လုပ်ရပ်ကို သမီး တကယ်စိတ်ပျက်တယ် အဘွား။ မနေ့ညက သူ့ကြောင့် တစ်ညလုံးတောင် မအိပ်ခဲ့ရဘူး။”

"တစ်ညလုံး အိပ်မရဘူးဟုတ်လား။ နင်ကပဲ ဒင်းကို မြို့ခေါ်ဖို့ သဲသဲလှုပ်နေတာ မဟုတ်ဘူးလား။ သူဒီရောက်တာ ဘယ်လောက် ကြာသေးလို့လဲ။ ရန်ဖြစ်တာ နှစ်ခါရှိပြီ။ မြို့တော်ဆိုတာ ဘယ်လိုနေရာလဲ မသိဘူးလား။ အဲ့တာကြောင့် နင့်ဦးလေးနဲ့ နင့်ဒေါ်လေးတို့က သူ့ကို မလာခိုင်းကြတာ။ ဟူကျစ်နဲ့ ကန်းကျစ်တို့ ဒီကိုရောက်နေတာ ကြာပြီ။ သူတို့ ပြဿနာရှာဖူးလို့လား။" အမေကျိုး ပေါက်ကွဲသွားသည်။

"အဘွား သမီးသိပါတယ်။ အရင်တစ်ခါ ဖြစ်ပြီးကတည်းက သူ့ကို စာကြိုးစားသင်ပြီး ပြဿနာမရှာဖို့ ပြောထားပြီးသားပါ။ ဒါပေမယ့် အဘွားမသိပါဘူး။ ဒီကိစ္စမှာ ကောင်မလေးက ပြဿနာရှာတာ။" ရှုရှန့်မိန်က ရှင်းပြလိုက်သည်။

"သူ့ဟာသူ ပြဿနာရှာတာ ချမ်းကျစ်နဲ့ ဘာဆိုင်လို့လဲ။ ကန်းကျစ်နဲ့ တခြားသူတွေကကော ဘာလို့ ရန်မဖြစ်ကြတာလဲ။ အပုပ်ကောင်တွေ။ တစ်ယောက်အကြောင်း တစ်ယောက်မပြောဘဲ မနေနိုင်ကြဘူး။" ဟု အမေကျိုးက သွေးအေးစွာ ကဲ့ရဲ့လိုက်သည်။

"ဟုတ်တယ်။ အဲ့ဒီမိန်းမက ချမ်းကျစ်ရဲ့ မိသားစုကို ချမ်းသာတယ်ထင်လို့ ကပ်ခဲ့တာ။ ဒါပေမယ့် ချမ်းကျစ်က ရွာသားမှန်းသိတော့ ချမ်းကျစ်နဲ့ လမ်းခွဲသွားရော။ အဘွား မြို့မှာနေဖို့ ရွာကနေထွက်လာရတဲ့ သမီးတို့အတွက် ဘယ်လောက်ခက်ခဲလဲသိလား။ သူတို့အားလုံးက သမီးတို့ကို အထင်သေးကြတယ်။" ဟု ရှုရှန့်မိန်က နီရဲနေသောမျက်လုံးများဖြင့် ပြောလိုက်သည်။

ပန်းကန်ဆေးနေသည့် ဒေါ်လေးမာက ထိုစကားများကို သဘောမကျပါ။ "ဘယ်မြို့သားတွေက ရွာသားတွေကို အထင်သေးနေလို့လဲ။ ဝမ်ယွမ်နဲ့ အာ့နီတို့လည်း အဆင်ပြေနေတာပဲ မဟုတ်လား။ ဘယ်လိုများ အထင်သေးလို့လဲ။"

"ဘွားလေးမာ မတူဘူးလေ။ သမီးတို့ရွာက မိန်းကလေးတွေက မြို့ကြီးသားကို လက်ထပ်ရတာ လွယ်တယ်။ သူတို့အိမ်ထောင်စု စာရင်းကို ရွာပြောင်းစရာမလိုဘူးကိုး။ ဒါပေမယ့် ကျေးလက်သားတွေ မြို့တော်က မိန်းကလေးကို လက်ထပ်ဖို့က မလွယ်ဘူး။ သမီးမောင်လေးက သူနဲ့တွဲပြီး သူ့ကို နှစ်နှစ်ကာကာ ဆက်ဆံပေမယ့် သူက မျက်နှာပြောင်တိုက်ပြီး လမ်းခွဲသွားတယ်။ အဲ့တာကြောင့်လည်း သမီးမောင်က အရမ်းဒေါသထွက်ခဲ့တာပေါ့။" ဟု ရှုရှန့်မိန်က ရှင်းပြလိုက်သည်။

"နင့်မောင်က ဒီကိစ္စမှာ အမှားလုပ်ခဲ့တာလေ။ အစကတည်းက နင့်မောင် သူ့ကို ရှင်းရှင်းလင်းလင်း မပြောပြခဲ့ဘူးမလား။ ရိုးရိုးသားသားပြောပြီးမှ တွဲချင်လည်း ဆက်တွဲကြပေါ့။ ဟိုဘက်က မိန်းကလေးကို နင့်မောင်က သူ့မှာ ကျေးရွာ အိမ်ထောင်စု စာရင်း ရှိမှန်း မသိစေချင်တာမလား။ မျက်နှာပြောင်တိုက်တော့ ဘာဖြစ်လဲ။ နင့်မောင်ကပဲ သူ့အပေါ် အရင်ညစ်ခဲ့တာ မဟုတ်ဘူးလား။ ဘာလဲ။ တဖက်မိန်းကလေးကကော မကျေနပ်ခွင့်မရှိဘူးလား။" ဟု ဒေါ်လေးမာက သည်းမခံပါ။

"ဟုတ်တယ် ချမ်းကျစ်ပုံစံနဲ့ သူပြန်သွားလို့ ရွာက ကောင်မလေးတစ်ယောက်နဲ့ ရရင်လည်း မဆိုးလှပါဘူး။ ဒါပေမယ့် မြို့မှာ မိန်းမလာရှာရဲတယ်ပေါ့။ သူ့ကိုယ်သူ ဘာကောင်ထင်နေလဲ။ ဟူကျစ်နဲ့ ကန်းကျစ်တို့တောင် မြို့မှာ မိန်းမရှာဖို့ စိတ်ကူးမရှိဘူး။ သူတို့နှစ်ယောက်စလုံးက တော်ပြီးသား။" ဟု အမေကျိုးက ပြောဆိုပြစ်လိုက်သည်။

သူမ၏ မြေးမက ဘဝင်မြင့်ပြီး အမြင်ကျဥ်းနေသည်ဟု ခံစားရသည်။ မြို့တော်သို့ လာပြီး မိန်းမတောင် လာရှာချင်သည်။ တဖက်လူ သိပါက သူတို့ သဘောတူနိုင်ပါ့မလား။

ဒေါ်လေးမာ ဝင်ရှုပ်လိမ့်မည်ဟု ရှုရှန့်မိန် ထင်မထားပါ။ အစကတော့ မြို့ပြ ကျေးလက် ကွာခြားမှု ကို အသုံးချပြီး သူ့အဘွားထံမှ သနားကြင်နာမှု ရဖို့ကြိုးစားမလို့ဖြစ်သည်။ ထင်မထားစွာဖြင့် ဒေါ်လေးမာက ဒီလို ဝင်ပါခဲ့သဖြင့် ကိစ္စများ၏ ဦးတည်ချက် ပြောင်းလဲသွားရသည်။

"အစ်မကြီး အဲ့လိုတော့ မပြောပါနဲ့။ ဟူကျစ်က လူကောင်းလေးပါ။ အစ်မကြီး စိတ်ဝင်စားမလားတော့ မသိဘူး။ စိတ်ဝင်စားရင် ဟူကျစ်နဲ့ ရှန်းရှန်းတို့ကို အောင်သွယ်ပေးချင်တယ်။" ဒေါ်လေးမာက ပြောပြလိုက်သည်။

အစကတော့ အမေကျိုးက ဒေါသတွေဖြင့် ပူလောင်နေသဖြင့် ဒေါ်လေးမာ၏ စကားလမ်းကြောင်း ရုတ််တရက် ပြောင်းလဲသွားမှုကို လိုက်မမှီလိုက်ပေ။ မကြာမီ ဒေါ်လေးမာ၏ စိတ်ကူးများကို သူမ သိလာရ၏။

"ဟင် နင်ဘာကိုပြောတာလဲ။" အမေကျိုး သူမဘက်သို့ အာရုံပြောင်းသွားသည်။

"ရှန်းရှန်း အဲလေ ကျွန်မအစ်မကြီးရှုရဲ့ မြေးမပေါ့။ သူက ဟူကျစ်နဲ့ အသက်တူတူလောက်ပဲ။ အခု အထည်ဆိုင်မှာ အလုပ်လုပ်နေတာ ချင်းပိုင်နဲ့ ဆရာမလင်းတို့ နှစ်ယောက်စလုံးလည်း သူ့ကို သိကြတယ်။ ဟူကျစ် စိတ်ဝင်စားမလား သိချင်နေတာ။ သူစိတ်ဝင်စားရင် ကျွန်မ အဘွားရှုတို့အိမ်သွားပြီး ပြောပေးပါ့မယ်။" ဟု ဒေါ်လေးမာက ပြံးလိုက်သည်။

"အဘွားရှုနဲ့ သူ့ချွေးမ ရှန်းရှန်းတို့ အမေကလည်း အခု အလုပ်ရုံငယ်လေးမှာ အလုပ်လုပ်နေတာလေ။"

နောက်ကွယ်က ကြိုးကိုင်သူမရှိဘဲ ဒေါ်လေးမာ ဒီလိုစကားမျိုးပြောမည်မဟုတ်ပေ။ အဘွားရှုတို့ဘက်က စတင်ခဲ့ခြင်းဖြစ်သည်။ အဘွားရှုက သူမနှင့် သီးသန့် စကားပြောခဲ့ပြီး ကျိုးမိသားစု အခြေအနေကို စုံစမ်းဖို့ အကူအညီတောင်းခဲ့ပါသည်။

ကျိုးခိုင်တို့လို ပေကျင်းတက္ကသိုလ်က ကျောင်းသားတွေကိုတော့ စိတ်ကူးထဲ ထည့်လို့မဖြစ်ပါ။ အဘွားရှုက ကိုယ့်အကြောင်းကိုယ်သိပါသည်။ သို့သော်လည်း အဘွားရှု ဟူကျစ်ကိုတော့ မျက်စိကျမိပါသေးသည်။

ကျိုးချင်းပိုင်၏ တူဖြစ်ပြီး တော်သည့် ကောင်လေးတစ်ယောက်ဖြစ်ပါသည်။ သူက အသားမည်းသော်လည်း ပုံစံက မဆိုးလှပါ။ အရပ်လည်း မပုပါ။ ပိုအရေးကြီးသည်က အလုပ်ကြိုးစားသည့် ကောင်လေးတစ်ယောက်ဖြစ်ပါသည်။

သူ့တွင် ကျေးရွာအိမ်ထောင်စုစာရင်းရှိသော်လည်း ဘယ်ခေတ်ရောက်နေပြီ မို့လို့လဲ။ လွတ်လပ်ပွင့်လင်းသောခေတ် ရောက်လာပြီဖြစ်သည်။ မြို့တော် အိမ်ထောင်စုစာရင်း မရှိရင်တောင် အိမ်ငှားနေနိုင်ပါသည်။

ထို့အပြင် အနာဂတ်တွင် အမြဲတမ်း ဒီလိုပဲ ဖြစ်နေမှာ မဟုတ်ပေ။ သူတို့ အခြေအနေ ပေးလာပါက မြို့တော်သို့ ပြောင်းလာနိုင်ပါသည်။

အဘွားရှုက ဒေါ်လေးမာကို ဟူကျစ်၏ အခြေအနေအကြောင်း မေးကြည့်သောအခါ ဒေါ်လေးမာက အတော်လေး ကောင်းမွန်သည်ဟု ဆိုပါသည်။ ဒေါ်လေးမာက အဘွားရှုထက်စာလျှင် ဟူကျစ်တို့အုပ်စုနှင့် ပိုမို ထိတွေ့ဖူးသောကြောင့်ဖြစ်သည်။

တစ်ခုတည်းသော အားနည်းချက်က ကျေးရွာ အိမ်ထောင်စုစာရင်းသာဖြစ်ကြောင်း ဒေါ်လေးမာက ပြောခဲ့သည်။ ခွဲခြားဆက်ဆံခြင်းမဟုတ်သော်လည်း အိမ်ထောင်စုစာရင်း ပြဿနာကတော့ တကယ်ပဲ ကြီးမားသည့် ပြဿနာ တစ်ခုဖြစ်ပါသည်။ ဘယ်ခေတ်ဖြစ်ဖြစ် အရှက်ရစရာ ဖြစ်သည်။

အဘွားရှုကတော့ ဂရုမစိုက်ပါ။ အခု ချန်းရှန်ရှန်ကလည်း အရွယ်ရောက်လာပြီ ဖြစ်ကာ အနီးအနားတွင် သင့်တော်သူ မရှိသဖြင့် ပြောစရာမလိုအောင် အဘွားရှုက ထိုကိစ္စကို စဥ်းစားနေခဲ့ပါသည်။

ဒေါ်လေးမာက ရှားပါး အခွင့်အရေးတစ်ခုနှင့် ကြုံလိုက်ရသဖြင့် ထုတ်ပြောခဲ့သည်။

ထို့ကြောင့် အမေကျိုး၏ အာရုံက သူမ၏ မြေးကို ဆူငေါက်နေခြင်းမှ နောက်ထပ် မြေးတစ်ယောက်၏ မင်္ဂလာကိစ္စထံသို့ ရောက်ရှိသွားသည်။

ရှုရှန့်မိန်လည်း ထိုကဲ့သို့ စကားလမ်းကြောင်း ပြောင်းလဲမှုကို မျှော်လင့်မထားပါ။ သူမ မျက်နှာ တည်ငြိမ်သွားသည်။ သို့သော်တစ်ချိန်တည်းမှာပင် အံလည်း ကြိတ်လိုက်မိသည်။ ဘာကြောင့် သူ့မောင်က မြို့သူတစ်ယောက်နဲ့ လက်ထပ်လို့မရတာလဲ။ ဟူကျစ် မြို့သူတစ်ယောက်နဲ့ လက်ထပ်မယ့် ကိစ္စကျတော့ ဘာလို့အဘွားအရမ်းပျော်နေရတာလဲ။

All Chapters