← Chapters

ငါ့ကို နောက်နှစ်တစ်ရာအချိန်ပေးရင် မင်းလိုကောင်ကို ခွေးလိုနွားလို သတ်လို့ရတယ်

Vol. 8 Ch. 100

ငါ့ကို နောက်နှစ်တစ်ရာအချိန်ပေးရင် မင်းလိုကောင်ကို ခွေးလိုနွားလို သတ်လို့ရတယ်

Vol. 8 Ch. 100

သည်တစ်ကြိမ် မူထျဲယန်၏စိတ်ဝိညာဉ်သည် သူ့အား ခံစားချက်အမျိုးမျိုးဖြင့် ကြည့်နေသည်။

“မင်း ဘာသိချင်လဲ”

သူက တည်ငြိမ်စွာ မေးသည်။

“ကျင့်ရှန်းဓားဂိုဏ်းက ဘာလို့ ဒီလိုလမ်းကို ရွေးချယ်ခဲ့တာလဲ”

ဟန်မူယဲ့က သူ့စိတ်နယ်ပယ်ထဲတွင် မေးသည်။

မူထျဲယန်က ခဏမျှ တွေးလိုက်ပြီးနောက် ပြောသည်။

“ငါ မင်းကို အားလုံး ပြောပြမယ်။ ဒါပေမဲ့ တကယ်လို့ အခွင့်အရေးရရင် မင်းက ငါတို့ကျင့်ရှန်းဓားဂိုဏ်းရဲ့အမွေအနှစ်ကို ကာကွယ်ပေးဖို့ ကတိပေးပါ”

“ကောင်းပြီ”

ဟန်မူယဲ့ တွန့်ဆုတ်ခြင်းမရှိဘဲ ကတိပေးသည်။

မူထျဲယန်က သက်ပြင်းချကာ ပြောသည်။

“ဖုန်းလင်ဓားဂိုဏ်းခေါင်းဆောင်ဟာ ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းသွားပြီ”

“ငါတို့ကျင့်ရှန်းဓားဂိုဏ်းရဲ့ ကာကွယ်ရေးရတနာဓားနဲ့ သူ့ဝိညာဉ်ကို သုံးပြီးတော့ ကောင်းကင်ဘုံအဆင့်ကို တက်သွားခဲ့တာ”

“ဂိုဏ်းချုပ်ဟာ နဂိုက တောင်ပိုင်းမြေရိုင်းကုန်းမြေက မိစ္ဆာမျိုးနွယ်တွေနဲ့ ပူးပေါင်းပြီးတော့ ဖုန်းလင်ဓားဂိုဏ်းရဲ့ဝါးမျိုမှုကနေ ကာကွယ်ဖို့ ကြိုးစားခဲ့သေးတယ်။ အခုတော့ သူ မအောင်မြင်ခဲ့ဘူးနဲ့တူတယ်”

မူထျဲယန်၏စကားက ဟန်မူယဲ့အား တုန်လှုပ်သွားစေသည်။

ကောင်းကင်ဘုံအဆင့်။

တောင်ဘက်မြေရိုင်းကုန်းမြေ၊ မိစ္ဆာမျိုးနွယ်။

ထင်ထားသည့်အတိုင်း ကြီးမြတ်သောကျင့်ကြံသူများ၏လျှို့ဝှက်ချက်မှာ လောကကို တုန်လှုပ်စေသည်။

မူထျဲယန်၏ဝိညာဉ်သည် ဟန်မူယဲ့အား လျှို့ဝှက်ချက်များအား စတင်ပြောပြသည်။

သူတို့အုပ်စုလည်း ခရီးဆက်နှင်၏။

ဝုန်း…

ကောင်းကင်တွင် ရွှေရောင်အလင်းတစ်ခု ပေါက်ကွဲထွက်လာသည်။

နောက်ထပ်အလင်းတစ်ခု…

၎င်းသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အချက်ပြမီးကျည်ဖြစ်သည်။

ရန်သူ၏တိုက်ခိုက်ခံရခြင်း။

ဂိုဏ်းသားများအားလုံးသည် သူတို့၏လက်ထဲမှ ဓားကို တင်းတင်းဆုပ်ကာ စိုးရိမ်သော အမူအရာဖြင့် ရှိနေကြသည်။

“အကြီးအကဲကောင်း… အံ့ဖွယ်ကိုးပါးတောင်ကုန်းက သတင်းရောက်လာပါတယ်။ ကျင့်ရှန်းဓားဂိုဏ်းက အကြီးအကဲနှစ်ယောက်ဟာ လူတွေကို ဦးဆောင်လာပြီးတော့ ကျုပ်တို့ဂိုဏ်းရဲ့ မိုင် ၃၀,၀၀၀ နယ်နိမိတ်ထဲကို စဝင်လာခဲ့ပါပြီ”

“ဂိုဏ်းချုပ်က အကြီးအကဲကို အံ့ဖွယ်ကိုးပါးတောင်ကုန်းသို့ အမြန်ပြန်လာဖို့ ပြောပါတယ်”

ရှေ့ဆုံးမှ တပည့်တစ်ယောက် ပြေးလာကာ သတင်းပို့သည်။ သူ့လက်တွင် ရတနာလှေပျံတစ်စင်း ကိုင်ဆောင်ထားသည်။

အကြီးအကဲသည် အံ့ဖွယ်ကိုးပါးတောင်ကုန်းသို့ အရင်ဆုံး ပြန်ရမည်။

သူက အရင်းအမြစ်များနှင့် တပည့်များကို ချန်ထားခဲ့ရမည်။

ဓားစံအိမ်အကြီးအကဲက မျက်မှောင်ကျုံ့လိုက်ကာ ထိုတပည့်အား ကြည့်သည်။

“ဂိုဏ်းချုပ် ဘယ်မှာလဲ”

ထိုဂိုဏ်းသား အံ့အားသင့်သွားကာ ပြောသည်။

“ကျွန်တော် မသိပါဘူး”

ဓားစံအိမ်အကြီးအကဲက လက်ဝှေ့ယမ်းကာ လှေပျံအား ယူရန် ငြင်းဆန်လိုက်သည်။ သူက ဟန်မူယဲ့အား မေးသည်။

“ကောင်လေး… မင်း ဒီနေ့ တိုက်ပွဲကို ကြောက်သလား”

ကြောက်သလား။

ဓားစံအိမ်ကို သူ ပထမဆုံး ရောက်သည့်အချိန်ကကဲ့သို့ သူ အမှန်တကယ် ကြောက်ရွံ့သည်။

သူသည် သေရမှာကို ကြောက်၏။

“အကြီးအကဲ… ကျုပ်တို့မှာ ဝှက်ဖဲတွေ ရှိသေးလား”

သူ့စကားကိုကြားလျှင် ဓားစံအိမ်အကြီးအကဲက ရယ်မောကာ ပြောသည်။

“ကောင်လေး… မင်းက စိတ်ဝင်စားစရာပဲ”

ထို့နောက် သူက ကောင်းကင်ကို ကြည့်ကာ ဝင့်ကြွားစွာ ပြောသည်။

“ငါ့မှာ ဝှက်ဖဲမရှိတော့ဘူး။ ငါက အလောင်းအစားတစ်ခုပဲ လုပ်ထားတယ်”

‘အလောင်းအစား’

သူတို့အုပ်စု ဆက်လက်၍ ခရီးနှင်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ မိုင် ၇,၀၀၀ အကွာအဝေး၌…။

ကျင့်ရှန်းဓားဂိုဏ်း၏အင်အားစုများသည် အံ့ဖွယ်ကိုးပါးတောင်ကုန်းနှင့် မိုင် ၇၀,၀၀၀ အဝေးသို့ ရောက်လာပြီ ဖြစ်သည်။

ထို့နောက် အံ့ဖွယ်ကိုးပါးတောင်ကုန်းအပြင်ဘက် မိုင်၆,၀၀၀၊ ကျင့်ရှန်းဓားဂိုဏ်းသည် မိုင် ၆၀,၀၀၀ အကွာအဝေးသို့ ရောက်လာသည်။

တဖြေးဖြေးဖြင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအပြင်ဘက် မိုင် ၃,၀၀၀ အဝေးသို့ ရောက်လာသည်။

မိုင်တစ်ထောင်အဝေးမှပင် တိမ်စိုင်များ တလိမ့်လိမ့်တက်လာသော မြင်ကွင်းကို မြင်နိုင်သည်။

၎င်းသည် ကောင်းကင်ဘုံတစ်ဝက်အဆင့်မှ လေနှင့်မိုးကို ဆင့်ခေါ်သော စွမ်းအားဖြစ်သည်။

ဝန်း…

မိုင်တစ်ထောင်အဝေးမှ ဓားအလင်းများ ထွက်ပေါ်လာသည်။

၎င်းသည် အံ့ဖွယ်ကိုးပါးတောင်ကုန်းရှိရာအရပ်မှ ဖြစ်သည်။

ဓားအလင်းသုံးခုသည် တဖြေးဖြေးဖြင့် ရှေ့ကို ပျံသန်းသွားသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏မဟာအကြီးအကဲသုံးပါး။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် သေးငယ်သော ဂိုဏ်းမဟုတ်ပါ။ ၎င်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ဂိုဏ်းကြီးကိုးဂိုဏ်း ဖြစ်သည်။

အကယ်၍ သူ၏ကျင့်ကြံခြင်းများအားလုံး ကုန်ဆုံးသွားပြီးဖြစ်သော ဓားစံအိမ်အကြီးအကဲသည်သာ ရန်သူများ၏လုပ်ကြံသတ်ဖြတ်ခြင်း ခံရပါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များအားလုံး စိတ်ဓာတ်ပျက်ပြားသွားမည်မှာ သေချာသည်။

ဒင်…

ဒင်…

ဒင်…

ဒင်…

ဒင်…

ဒင်…

အံ့ဖွယ်ကိုးပါးတောင်ကုန်းပေါ်တွင် ခေါင်းလောင်းသံများ မြည်လာသည်။ ၎င်းသည် မိုင် ၃,၀၀၀ အဝေးမှပင် ကြားနိုင်၏။

ခေါင်းလောင်းသံခြောက်ကြိမ်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အကြီးအကဲကောင်းချန်ကုန်းကို ဂိုဏ်းသို့ ပြန်လည်ကြိုဆိုပါတယ်”

တိမ်တိုက်များထံမှ လာသကဲ့သို့ အသံတစ်သံကို ကြားရသည်။

ဝုန်း…

မိုင် ၁၀,၀၀၀ အဝေးတွင် ဓားအလင်းသုံးခုသည် ကောင်းကင်ကို ဖြတ်သန်းသွားကာ တိမ်တိုက်များကို ပိုင်းဖြတ်သွားသည်။

“ဖုန်းလင်ဂိုဏ်း မဟာအကြီးအကဲ ကျူးခွမ်၊ သန်းယွမ်နဲ့ ကျန်းထျန်ရှန့်တို့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဓားစံအိမ်အကြီးအကဲကို ကောင်းကင်လေဟုန်ကမ်းပါးသို့ ဧည့်သည်အဖြစ် ဖိတ်ကြားပါတယ်”

ဝုန်း…

မိုင်တစ်ထောင်အကွာအဝေး၌ ကောင်းကင်မှ တိမ်များ လွင့်စင်သွားကာ ပြာလွင့်လွင့်ကောင်းကင်ပြင်ကြီး ပေါ်လာသည်။

၎င်းသည် ကောင်းကင်ဘုံတစ်ဝက်အဆင့်ပညာရှင်များ၏ချီဓာတ်များ ရင်ဆိုင်တွေ့ခြင်းမှ ဖြစ်လာသော နိမိတ်များဖြစ်သည်။

ထိုမျှ ကြီးမားသော ဖိအားအောက်တွင် ကမ္ဘာမြေအဆင့်များသည်ပင် မြဲမြဲရပ်ရန် ခက်ခဲပေသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းလှည်းတန်းအုပ်စုသည် မြေပြန့်တစ်ခုတွင် ရပ်တန့်လိုက်ကြသည်။

သူတို့ ရှေ့ဆက်မသွားနိုင်တော့ချေ။

သူတို့နောက်မှ လိုက်လာသူများ ရောက်လာခဲ့ကာ ရန်သူများသည် သူတို့ရှေ့တွင် ပိတ်ဆို့ထားပြီး ဖြစ်သည်။

ဓားစံအိမ်အကြီးအကဲသည် ရထားလုံးထဲမှ အပြင်သို့ ထွက်လာကာ ရထားလုံးဦးတွင် ရပ်နေသည်။

ဟန်မူယဲ့ သူ့ဘေးတွင် ရပ်နေ၏။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတပည့်များအားလုံး စုစည်းလာကာ ရထားလုံးပတ်လည်၌ အကာအကွယ်ပေးကြသည်။

ဟန်မူယဲ့ သူတို့အား ကြည့်သည်။

‘မင်း ကြောက်သလား’

သူသည် ကျန်းဟန်နှင့် တခြားအပြင်စည်းဂိုဏ်းသားများ စိုးရိမ်စွာဖြင့် ဓားကိုင်ထားသည်ကို မြင်၏။

စွန်းတယုံက နောက်လှည့်လျှင် ဟန်မူယဲ့အား မြင်သည်။ သူက ပြုံးပြ၏။ သူ၏စိုးရိမ်သော မျက်နှာမှာ ထိုအပြုံးကြောင့် အနည်းငယ် ထူးဆန်းနေသည်။

သို့သော်လည်း ထိုထူးဆန်းသော ခံစားချက်က ဟန်မူယဲ့အား စိတ်သက်သာစေသည်။

ထိုအမူအရာသည် တည်ငြိမ်သော အမူအရာရှိသူများထက် ပို၍ လေးစားဖွယ်ကောင်းသေးသည်။

အံ့ဖွယ်ကိုးပါးတောင်ကုန်းတွင် စူးရှသောဓားအလင်းသည် ရှေ့ကို ဆက်တိုးဝင်လာနေ၏။

ဓားအလင်းတစ်ခုသည် ရေပြင်ကဲ့သို့ ကြည်လင်စွာဖြင့် တိမ်များကို လွင့်ပါးစေသည်။

ထိုသူသည် ရေဓာတ်မျိုးဆက် မဟာအကြီးအကဲ၊ ကောင်းကင်ဘုံတစ်ဝက်ပညာရှင် ကျန်းကျစ်ဟယ် ဖြစ်သည်။

ဓားအလင်းတစ်ခုသည် တောင်ကုန်းမှ သစ်ပင်တစ်ခုနှင့် ပေါင်းစပ်ကာ အစိမ်းရင့်ရောင်အလင်းများကို ထုတ်လွှတ်သည်။

ထိုသူကား သစ်သားဓာတ်မဟာအကြီးအကဲ၊ အမြုတေဖွဲ့စည်းခြင်းအမြင့်ဆုံးတွင် ရှိနေသော ဝူကျီးယွမ်ဖြစ်သည်။

နောက်ဆုံးဓားအလင်းသည် အေးစက်၏။ ၎င်းသည် လင်းလက်သွားလျှင် ကမ္ဘာမြေပြင်ထက်ခြမ်းကွဲသွားတော့မည့် ခံစားချက်ကို ပေးသည်။

ထိုသူကား သတ္တုဓာတ်မျိုးဆက်၊ အမြုတေဖွဲ့စည်းခြင်းအမြင့်ဆုံး၌ ရှိနေသော မဟာအကြီးအကဲ လုဟောင် ဖြစ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ကောင်းကင်တစ်ဝက်အဆင့်ပညာရှင်သုံးဦးသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအပြင်ဘက် မိုင် ၂၀၀၀ အဝေး၌ ရပ်ကာ ဖုန်းလင်ဓားဂိုဏ်းမှ မဟာအကြီးအကဲသုံးဦးကို ရင်ဆိုင်သည်။

သူတို့ စတင်မတိုက်ခိုက်သေးလျှင်ပင် သူတို့၏အရှိန်အဝါမှာ စတင်ထိတွေ့ရင်ဆိုင်နေကြပြီးဖြစ်သည်။

တိမ်စိုင်များ ထိပ်တိုက်တွေ့နေခြင်းကို ကြည့်ကာ ဓားစံအိမ်အကြီးအကဲက တီးတိုးပြောသည်။

“ကြည့်ရတာ ဖုန်းလင်ဓားဂိုဏ်းက နယ်ရုပ်မဖြစ်ချင်ဘဲ ကစားကွက်ဖန်တီးသူပဲ ဖြစ်ချင်တယ် ထင်ပါရဲ့”

သူတို့က ယေဘုယျအခြေအနေကိုသာ ထိန်းချုပ်ကာ အမှန်တကယ် တိုက်ခိုက်ခြင်း မပြုသေးပေ။

စစ်မှန်သော နယ်ရုပ်သည် ကျင့်ရှန်းဓားဂိုဏ်း၏မဟာအကြီးအကဲ၂ဦ ဖြစ်သည်။

ထိမျှဖြင့် လုံလောက်ပေသည်။

ဓားအလင်းနှစ်ခုသည် ကောင်းကင်မှနေ၍ လှည်းတန်းအုပ်စုရှေ့သို့ ကျဆင်းလာသည်။

မည်သူမှ အမြုတေဖွဲ့စည်းခြင်းအဆင့်ပညာရှင်ကို မတားဆီးနိုင်ပါ။

“ကျင့်ရှန်းဓားဂိုဏ်းက ရှားယွင်ယန်နဲ့ ကျန်းအန်တို့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ကောင်းချန်ကုန်းကို မရဏလမ်းသို့ ပို့ပေးမလို့ ရောက်လာတယ်”

ဓားစံအိမ်အကြီးအကဲသည် ထိုစကားကို လွန်ခဲ့သော ရက်အနည်းငယ်က ပြောခဲ့သည်။

ထို့နောက် သူသည် ကျင့်ရှန်းဓားဂိုဏ်းမှ မဟာအကြီးအကဲ မူထျဲယန်ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့၏။

ယနေ့တွင် ကျင့်ရှန်းဓားဂိုဏ်းမှ မဟာအကြီးအကဲနှစ်ဦးသည် ထိုစကားကို ပြန်ပြောနေသည်။

ဓားစံအိမ်အကြီးအကဲ၏အမူအရာ ပြောင်းလဲခြင်း မရှိပါချေ။

“ကျုပ်အသက်ကို လိုချင်ရင် ဒီအတိုင်း သန်မာတဲ့လူတစ်ယောက်ကို စေလွှတ်လိုက်ရင် ရသားပဲ။ ခင်ဗျားတို့ ကိုယ်တိုင်ရောက်လာတာက ကျုပ်ကို အထင်ကြီးလွန်းနေပြီ”

ဓားစံအိမ်အကြီးအကဲ၏အသံက တည်ငြိမ်နေသည်။

“မင်းက ငါတို့ဂိုဏ်းရဲ့ အကြီးအကဲချုပ်ကို သတ်ပြီးတော့ တားမြစ်ထားတဲ့ မီးလောင်ပြင်ဓားသိုင်းကို သုံးခဲ့တယ်။ ဒီနေ့ ကောင်းချန်ကုန်း သေရမယ်။ ပြီးတော့ အံ့ဖွယ်ကိုးပါးဓားကိုလည်း ကျုပ်တို့ ယူသွားရမယ်”

ကောင်းကင်ထက်တွင် အားကောင်းသော လေပြင်းများ တိုက်ခတ်လာသည်။ ဓားအလင်းတစ်ခုသည် သက်တန့်အလား တောင်များနှင့် မြစ်ပြင်တို့အား တိုက်ရိုက်ဖျက်ဆီးတော့မည့်အလား ပျံသန်းလာသည်။

ဂါး…

မိုင်တစ်ရာအဝေး၌ ကျားဖြူပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

ကျားဖြူပုံရိပ်သည် ဓားအလင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်မှ သက်တန့်နှင့် တွေ့ဆုံသည်။ ကျားဟိန်းသံသည် ကီလိုမီတာတစ်ထောင်အဝေးမှပင် ကြားရ၏။

ဓားအလင်းများ အဆက်မပြတ် ပေါက်ကွဲသွားသည်။ ၎င်းသည် မြင်သူတိုင်းအား ထိတ်လန့်စေ၏။

ထို့ပါ့ချန်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၊ ကမ္ဘာမြေမျိုးဆက် အကြီးအကဲ၊ ကျောက်တုံးသုံးသုံးစံအိမ်သခင် ထို့ပါ့ချန်သည် ဝိညာဉ်နိုးထခြင်းအဆင့်ဖြင့် ကောင်းကင်တစ်ဝက်အဆင့်ကို နောက်ဆုတ်ခြင်းမရှိဘဲ တိုက်ခိုက်နိုင်သည်။

“ရှားယွင်ယန်… ဘယ်လိုလဲ… မင်း အရင်တုန်းက ငါ့ရှေ့မှာ ဓားကိုတောင် မြှောက်ရဲတဲ့အကောင်မဟုတ်ဘူး”

“မင်းက ဓားစံအိမ်အကြီးအကဲကို သတ်ပြီးတော့ အံ့ဖွယ်ကိုးပါးဓားကို ယူမယ်ဟုတ်လား… ချီးပဲ…”

“ငါ့ကို နောက်နှစ်တစ်ရာအချိန်ပေးရင်… မင်းလိုကောင်ကို ခွေးလိုနွားလို သတ်လို့ရတယ်”

All Chapters