← Chapters

ဆန်းကြယ်သောသတ္တဝါ

Vol. 52 Ch. 729

ဆန်းကြယ်သောသတ္တဝါ

Vol. 52 Ch. 729

အန်လင်း ဒေါသတကြီးဖြင့် တုန်းကော်အား ကြည့်ရှုလိုက်သည်။

"မင်းက ဘာပြောချင်တာလဲ။"

ဟွမ်လေးဆိုတဲ့ နာမည်ကို မကောင်းဘူးလို့ ပြောချင်နေတာလား.......

"ငါကတော့ သူမှန်တယ် ထင်တာပဲ။"

ပိုင်လင် တုန်းကော်အား ထောက်ခံလိုက်သည်။

"ကျွန်တော်လည်း သူမှန်တယ်လို့ ထင်တယ်...... ဝုတ်....."

တပိုင် လက်ထောင်ကာ ဝင်ပြောလိုက်သည်။

"အရောင်ပေါ် အခြေခံပြီး ပေးတဲ့နာမည်တိုင်းက တပိုင်လို အရှိန်အဝါ ကြီးနေမှာ မဟုတ်ဘူးလေ..... ဝုတ်....."

အန်လင်း: "........"

အန်လင်းမှာ ခွဲခြားဆက်ဆံခံရသလို ခံစားနေရသည်။

သူသည် ဇာမဏီဥအား အံ့ဖွယ်မြေခွေးဖြူသေတ္တာထဲထည့်ကာ ပြန်လွယ်ထားလိုက်သည်။

ထို့နောက် သွေးဝိဉာဉ်ကျောက်စိမ်းအခေါင်းထဲ ပြန်လှဲကာ အင်မော်တယ်ဆေးလုံး၏ စွမ်းအင်များကို ပိုမိုလျင်မြန်စွာ စုပ်ယူနိုင်ရန်အတွက် အမြဲစိမ်းနည်းစနစ်ကိုပါ အသက်သွင်းလိုက်သည်။

ပိုင်လင်သည်လည်း သုတေသနဋ္ဌာနအား ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်။ အခွင့်အရေး နည်းပါးပါသော်လည်း လောကကြီးသည် ထင်မှတ်မထားရလောက်အောင် ဆန်းကြယ်တတ်သောကြောင့် သူမအနေဖြင့် ကြိုးစားရမည်ပင်။

မည်သို့ပင်ဆိုစေကာမူ ယခုအဖြစ်အပျက်တွင် ကံတရားသည် များစွာအရေးမပါပေ။

မြွေနက်ဝိဉာဉ်သည် သုတေသနဋ္ဌာန၏ ထိန်းချုပ်ခွင့်ကို လက်လွှတ်ထားပါသော်လည်း သူမသည် ဤနေရာနှင့် လွန်စွာအသားကျနေပြီဖြစ်သောကြောင့် ပိုင်လင်အနေဖြင့် မကျေမနပ် ဖြစ်နေလျှင်ပင် ဘာမှမတတ်နိုင်ပေ။

ပိုင်လင်သည် သွေးဝိဉာဉ်ကျောက်စိမ်းအခေါင်းထဲ မျက်လုံးမှိတ်ကာ လှဲလျောင်းနေသော လူငယ်လေးအားကြည့်ကာ နွေဦးလေပြေလို လက်ဆတ်စွာ ပြုံးလိုက်သည်။

အကြောင်းပြချက် အချို့​ကြောင့် သူမသည် အန်လင်းအပေါ် မျှော်လင့်ချက်ထားရန် ဆုံးဖြတ်လိုက်သည်။ ဆင်ခြင်တုံတရား မြင့်မားသူများသည်ပင် တစ်ခါတရံတွင် ရူးကြောင်ကြောင်နိုင်သော ကိစ္စများ ပြုလုပ်တတ်ကြပေသည်။ သူမသည် မည်သည်ကြောင့်မှန်း မသိပါသော်လည်း အမှန်တကယ် မျှော်လင့်နေမိသည်။ အန်လင်းသည် ခရမ်းကြယ်စင်နှင့် ဆက်နွယ်မှုအချို့ ရှိသောကြောင့် သို့မဟုတ် သူသည် ထွက်မသွားပဲ မိစ္ဆာကလေးငယ်နှင့် ရင်ဆိုင်ပေးခဲ့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ အလောင်းအစား လုပ်ကြည့်ရန် သူမ အသင့်ဖြစ်နေလေပြီ။

အချိန်မှာ ဖြည်းညင်းစွာ စီးဆင်းနေလျက် ရှိသည်။

သို့သော် အပြင်ဘက်တွင် တစ်စုံတစ်ခု ဖြစ်လာတော့မည်ပင်။

ကောင်းကင်နတ်မိမယ် ဖေးရင်၊ သွမ့်ဟွမ်းဇီနှင့် မကြာသေးမီက ရောက်ရှိလာသော ပိုင်ဖန်းဇယ်တို့သည် ဂိတ်တံခါး အပြင်ဘက်တွင် စုဝေးကာ တစ်ဦးကိုတစ်ဦး ကူကယ်ရာမဲ့စွာ ကြည့်ရှုနေမိကြသည်။

အစိမ်းရောင် ဂိတ်တံခါး၏ တစ်ဖက်သို့ သွားမရပါသော်လည်း ဇာမဏီဥအပေါ် လက်မလျှော့လိုသောကြောင့် အရူးများလို ရပ်နေမိကြခြင်းပင်။

သွမ့်ဟွမ်းဇီသည် ဝိဉာဉ်တစ်ကောင်အား စေလွှတ်ကာ မြေအောက်လမ်းကို ရှာဖွေကြည့်ပါသော်လည်း ဂိတ်တံခါးမှလွဲ၍ အခြားနေရာများအားလုံးကို ထူးခြားသော သတ္ထုတစ်မျိုးဖြင့် ပိတ်ပင်ထားကြောင်း တွေ့ရှိလိုက်ရသည်။ ထိုသည်မှာ ဖျက်စီးမရနိုင်သော ခံတပ်ကြီး တစ်ခုလိုပင်။

၎င်းတို့အနေဖြင့် စောင့်ဆိုင်းနေရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ အန်လင်းသည် သူ၏ဘဝသက်တမ်း တစ်ခုလုံးအား ထိုအထဲတွင်ပင် အကုန်ခံစရာ အကြောင်းမရှိပေ။

ဇာမဏီဥ၏ ဆွဲဆောင်မှုကြောင့် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ သုံးဦးလုံးမှာ ဂိတ်တံခါးဝမှ ခွာမရနိုင် ဖြစ်နေကြသည်။

"အဲ့နေရာက ဒီကမ္ဘာရဲ့ ဗဟိုဒေသ ဖြစ်လိမ့်မယ်။ အန်လင်းကို မနာလိုလိုက်တာနော်။ ဘယ်လို အခွင့်အရေးတွေ ရနေမလဲ မသိဘူး။"

ကောင်းကင်နတ်မိမယ် ဖေးရင်သည် အားကျမနာလို ဖြစ်မိနေပါသော်လည်း သူမ၏ မျက်ဝန်းများမှာ သတိအပြည့်ဖြင့် အခြားသော ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ နှစ်ဦးအား စောင့်ကြည့်နေသည်။

"သူရတဲ့ အခွင့်အရေးတွေကို စိတ်မဝင်စားဘူး။ ငါက ဥပဲလိုချင်တာ။"

ပိုင်ဖန်းဇယ် အေးစက်စွာ ပြောလိုက်သည်။

"ဟမ့်........ မင်းလို သုံးစားမရနဲ့ငှက်က ဇာမဏီဥ ရသွားလည်း ဘာမှထူးမှာ မဟုတ်ဘူး။ ကိုယ့်နေရာကိုယ်သိ..... အမှိုက်ကောင်။ ဇာမဏီဥက အသက်နှုတ်ဂိုဏ်း အတွက်ပဲ။ ငါက မကြာသေးခင်ကမှ သေမင်းတမာန် နတ်ဘုရားရဲ့ အပြုံးကြောင့် ဉာဏ်အလင်း ရထားတာ။ ငါ့အတွက် ကံကောင်းခြင်းတွေ စောင့်ကြိုနေမှာ သေချာတယ်။"

သွမ့်ဟွမ်းဇီ စကားဆိုရင်း ဟာသမျက်နှာကို ထုတ်ပြလိုက်သည်။

ပိုင်ဖန်းဇယ်၏ မျက်နှာမှာ ခက်ထန်သွားပြီး သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ဖြာထွက်လာသောကြောင့် ပတ်ဝန်းကျင် အပူချိန်များပင် ကျဆင်းကုန်ရသည်။

ကောင်းကင်နတ်မိမယ် ဖေးရင်မှာ တိတ်တဆိတ်ပင် နောက်သို့ဆုတ်သွားလေသည်။

"ဟမ့်....... အန်လင်းနဲ့ချဖို့ အားစုနေရလို့ပေါ့ကွာ။ မဟုတ်ရင် မင်းတော့သေပြီပဲ။"

ပိုင်ဖန်းဇယ် အေးစက်ခက်ထန်စွာ စကားဆိုလိုက်သည်။

အန်လင်းကသာ ၎င်းတို့အတွက် အရေးအကြီးဆုံး ဖြစ်နေပြီး ထိုအချက်မှာ ပြောင်းလဲသွားစရာ မရှိပေ။ ယခုအချိန် တိုက်ခိုက်ခြင်းသည် ဆိုးရွားသည့် အကြံတစ်ခုသာဖြစ်ကြောင်း ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ သုံးဦးလုံး နားလည်ထားကြသည်။

ထိုအချိန်တွင် ရွှမ်းယွီခုံးသည် အခြားတစ်နေရာသို့ ဦးတည်သွားနေသည်။ သူသည် အားကောင်းသော အရှိန်အဝါများကို အာရုံမိပါသော်လည်း ထိုနေရာသို့ မသွားရန်သာ ဆုံးဖြတ်ခဲ့သည်။

ရှပ်.... ရှပ်.... ရှပ်.....

တောက်လောင်နေသော အစိမ်းရောင် အရည်များသည် အမိုးထက်မှ စီးကျနေကာ အောက်​ခြေရှိ ကျောက်မြေပြင်အား အရည်ပျော်စေသောကြောင့် တွင်းနက်ကြီးတစ်ခု ဖြစ်နေသည်။

ရွှမ်းယွီခုံး နှလုံးခုန်သံများ မြင့်တက်လာကာ ရှေ့ဆက်သွားလိုက်သည်။ ထိုသည်မှာ ကြောက်ရွံ့ခြင်းနှင့် စိတ်လှုပ်ရှားခြင်းအား ပေါင်းစပ်ထားသလိုပင်။

သူသည် အပူငွေ့များ ထွက်နေသော နေရာကျယ်တစ်ခုထံ ရောက်လာခဲ့သည်။ ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိသော သူသည်ပင် ထိုအပူငွေ့အား ခံနိုင်ရည်ရှိရန် မလွယ်ကူပေ။

ဤနေရာတွင် ရှိနေသော ကျောက်တုံးကျောက်ဆောင်များသည် အရည်အသွင်ဖြင့်သာ ရှိနေပြီး အဝေးတစ်နေရာရှိ တောက်ပနေသော အစိမ်းရောင် အလင်းများကြားတွင် ရွှေရောင်အရည်တစ်ခုကို တွေ့နိုင်သည်။

"ဒီမှာပဲ။"

ရွှမ်းယွီခုံး မျက်ဝန်းများ တောက်ပလာကာ အစိမ်းရောင် အလင်းများထံ ပျံဝဲသွားလိုက်သည်။

အရှေ့သို့ ရောက်လာသည်နှင့်အမျှ မြင်ကွင်းလည်း ကျယ်ဝန်းလာသည်။

ထိုနေရာသည် ဤအံ့ဖွယ်တောင်တန်း၏ စွမ်းအင်ဗဟိုချက် ဖြစ်ပုံရသည်။ လေထုထဲတွင် ပျံ့နှံ့နေသော ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့် ရွှမ်းယွီခုံးသည်ပင် အသက်ရှူ ကြပ်လာသည်။

အစိမ်းရောင် အလင်းများ တဖြည်းဖြည်း ပြန့်ကားလာပြီးနောက် ရွှမ်းယွီခုံးသည် မြင်လိုက်ရသော မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ထိုသည်မှာ ပေတစ်သောင်းခန့်မြင့်သော အရာကြီး တစ်ခုပင်။

ထိုအရာကြီးတွင် ခေါင်းသုံးခေါင်း ပါဝင်ပြီး လူခေါင်း၊ ဇာမဏီခေါင်းနှင့် နဂါးခေါင်းတို့ ဖြစ်သည်။

လက်ခြောက်ဖက်လည်း ပါဝင်ကာ လူနှစ်ဖက်သည် ဓားများကိုင်ဆောင်ထားပြီး ဇာမဏီလက်သည် အနီရောင် ငှက်မွှေးများ ဖုံးလွှမ်းနေကာ နဂါးလက်နှစ်ဖက်သည် ခရမ်းရောင် ကြေးခွံများနှင့် ဖြစ်သည့်အပြင် ထက်ရှလွန်းသော လက်သည်းရှည်များ ပါဝင်သည်။

ကြီးမားလှသော အဖြူရောင် အရိုးတောင်ပံကြီးလည်း နောက်ကျောဘက်တွင်ရှိကာ ရွှေရောင်အလင်းများ ဖြာထွက်နေသည်။

၎င်း၏အဖြူရောင် ခြေထောက်များတွင် အနက်ရောင် အခိုးအငွေ့များ ဝေ့ဝဲနေပြီး အရာအားလုံးကို နင်းခြေဖျက်စီးပစ်နိုင်မည်ဟု ထင်မှတ်ရသည်။

ခန္ဓာကိုယ် တစ်ခုလုံးတွင်မူ အစိမ်းရောင် အလင်းများ ရှိနေပြီး ၎င်းအားကန့်သတ်ထားသော အရာတစ်ခုလိုပင်။

ရွှမ်းယွီခုံးမှာ အသက်ရှူသံများပင် မမှန်တော့ပေ။

ငါ...... ငါ..... ဘာလို့ ဒီကိုရောက်လာတာလဲ.......

သူသည် ဤနေရာသို့ အဘယ့်ကြောင့် ရောက်လာခဲ့သည်ကို မသိတော့ပေ။

ဒါက....... အခွင့်အရေး တစ်ခုလား.......

ဒီအကောင်ကြီးက ငါ့ကိုကောင်းကျိုး ပေးမှာလား.......

ရွှမ်းယွီခုံးသည် ဧရာမ အကောင်ကြီးကိုကြည့်ကာ စိတ်လှုပ်ရှားနေသည်။

သူသည် အတော်ပင် တွေဝေနေပြီး ထွက်သွားရန် သင့်မသင့် ဆုံးဖြတ်မရ ဖြစ်နေသည်။

"ဒီကောင်ကြီးက သက်ရှိတစ်ခုခု ဖြစ်မှာပဲ။ ဒါပေမယ့် စွမ်းအင်တစ်ခုခုနဲ့ ချိပ်ပိတ်ခံထားရတာလား မသိဘူး။"

"သူ့ရဲ့ အတွင်းအင်္ဂါတွေ ဘာတွေဆိုရင် တော်တော်တန်ဖိုးကြီးမယ် ထင်တယ်။"

ရွှမ်းယွီခုံးသည် သတ္တဝါကြီးအား မျက်ဝန်းထဲ၌ လောဘအရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

အထူးသဖြင့် ၎င်း၏ရင်ဘတ်တွင် ရှိနေသော ရွှေရောင်အလုံးကြီးပင်။ ထိုအရာကိုသာ လက်နက်အဖြစ် ထုလုပ်လိုက်ပါက အဆင့်မြင့် အင်မော်တယ်လက်နက် ဖြစ်လာနိုင်သည်။

သူတွေးတောရင်း အကောင်ကြီးနား တိုးကပ်သွားသည်။

ငါလိုချင်တယ်...... တကယ်ကို လိုချင်တယ်........

သူသည် လောဘရမ္မက်များကြောင့် ကျိုးကြောင်းဆီလျော်စွာ မတွေးတတ်တော့ပေ။

ဝုန်း.......

ရွှမ်းယွီခုံးသည် အစိမ်းရောင် အကာအရံအား ဖျက်စီးလိုက်သောကြောင့် ကျယ်လောင်လှသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

သူသည်လည်း အသိစိတ် ပြန်ဝင်လာကာ အကောင်ကြီးအားကြည့်ပြီး အမူအရာ ပြောင်းလဲသွားသည်။

တစ်စုံတစ်ခု မူမမှန်နေကြောင်း အရူးတစ်ယောက်ပင် သိပေလိမ့်မည်။

ပြေးရမယ်...... ငါပြေးမှရမယ်.....

သူသည် လေဟာနယ် ဝဲဂယက် တစ်ခုအား မဆိုင်းမတွ ဖန်တီးလိုက်သည်။

ခရက်......

လေထုမှာ ချိပ်ပိတ်သွားပြီး ကောင်းကင်နှင့်မြေပြင်ကိုပင် ဖျက်စီးနိုင်လောက်သော ကြောက်မက်ဖွယ် စွမ်းအင်များ ဖြာထွက်လာသည်။

ရွှမ်းယွီခုံးမှာလည်း လှုပ်ရှားမရတော့သည့်အတွက် အလွန်အမင်း တုန်လှုပ်မိလာသည်။

ခေါင်းသုံးခေါင်းတွင် လူသားခေါင်းမှာ သွေးနီရောင် မျက်ဝန်းများအား ရုတ်တရက် ဖွင့်ဟလာကာ ရက်စက်စွာ ပြုံးလိုက်တော့သည်။

All Chapters