← Chapters

အခန်း(၁၈) လက်ထဲက အိမ်ငှားခ ယွမ် ၈၄၀,၀၀၀ ကြောင့် အားလုံးလန့်ကုန်ပြီ

Vol. 2 Ch. 18

အခန်း(၁၈) လက်ထဲက အိမ်ငှားခ ယွမ် ၈၄၀,၀၀၀ ကြောင့် အားလုံးလန့်ကုန်ပြီ

Vol. 2 Ch. 18

အခန်း(၁၈) လက်ထဲက အိမ်ငှားခ ယွမ် ၈၄၀,၀၀၀ ကြောင့် အားလုံးလန့်ကုန်ပြီ

ခေတ်သစ်လီရှန်း ဟိုတယ်တွင်။

ရှန်ဟိုင်းမြို့က ထိပ်တန်း ကြယ်ငါးပွင့် ဟိုတယ်ကြီးများထဲက တစ်ခု အဖြစ် အပြင်အဆင်များက တန်ဖိုးကြီးမားသည်။ ဒီက ဟင်းလျာများကလည်း အလွန်စျေးကြီး၏။ အမှန်ပင်။ အရသာကလည်း ထူးကဲလှပါသည်။

လီရှန်းဟိုတယ်က ဝန်ဆောင်မှုများကိုတော့ ပြောဖို့ပင် မလိုတော့ပါ။

လင်းဖန်က ဟိုတယ်သို့ သုံးဘီး စီးလာခဲ့သည်။

တံခါးပေါက်နားက စားပွဲထိုးနှစ်ယောက် လင်းဖန်ကို ပြုံးပြလိုက်သည်။ သူတို့က အနည်းငယ် ဦးညွှတ်ကာ နူးညံ့စွာဖြင့် ပြောလိုက်၏။ "ကြိုဆိုပါတယ်။"

လင်းဖန် အံ့အားသင့်သွားရသည်က ဒီက ဝန်ဆောင်မှုများက အံ့သြဖို့ကောင်းလောက်အောင် ကောင်းမွန်လှသည်။ သူက သုံးဘီး စီးလာသောကြောင့်လည်း အထင်မသေးကြပါ။

ဟိုတယ်ထဲသို့ သူဝင်လိုက်တာနဲ့ ကောဇောနီကြီးဖြင့် ကြိုဆိုမှုကို ခံလိုက်ရသည်။

ဘေးပတ်လည်က စားပွဲထိုးများက လင်းဖန်ကို ဦးညွှတ်ကာ တစ်ညီတစ်ညာတည်း နှုတ်ဆက်လိုက်ကြ၏။

လင်းဖန်က ကောင်းလိရှောင်း သူ့ကို လာခိုင်းထားည့် အခန်းထံသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။

ဒီစားပွဲထိုးများ ဘာကြောင့် သူ့ကို သဘောကောင်းပြနေလဲ ဆိုတာကတော့ ဌာနချုပ်ထံမှ အခုလေးတင် မက်ဆေ့တစ်စောင် ရထားသောကြောင့်ဖြစ်သည်။

လင်းဖန်နှင့် သုံးဘီးစီးနေသော သူ့ဓာတ်ပုံတစ်ပုံ ပါလာသည်။ လင်းဖန်က ကုမ္ပဏီ၏ ဒုတိယအများဆုံး ရှယ်ယာဝင်ဆိုတာလည်း ပါလာ၏။

ယန်ရွှယ်က လင်းဖန် ဇာတ်နိမ့်နေတတ်မှန်း သိသည်။ ထို့ကြောင့် ကုမ္ပဏီထဲက အားလုံးကို လင်းဖန်၏ သရုပ်မှန်အား အရမ်းကြီး မဖော်ထုတ်ဖို့နဲ့ မစ္စတာလင်းဟု မခေါ်ရန် သေချာ ညွှန်ကြားထားခဲ့သည်။ လင်းဖန် မကြိုက်တတ်သောကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် ထိုစားပွဲထိုးမလေးများက လင်းဖန်မှာ ကုမ္ပဏီကြီး၏ ဒုတိယအများဆုံး ရှယ်ယာဝင် ဖြစ်ကြောင်း သိနေလျှင်တောင် သူတို့ မဖော်ထုတ်ကြပါဘူး။ ထို့အစား လင်းဖန်အား ကြိုဆိုဖို့ အလှပဆုံးသော စားပွဲထိုးမလေး နှစ်ယောက်အား ဝင်ပေါက်တွင် နေရာချထားပေးခဲ့သည်။

ဒီလို လျှို့ဝှက်သည့် လုပ်ဆောင်ချက်များကြောင့် လင်းဖန်လည်း ဒီကုမ္ပဏီကို သဘောကျသွားခဲ့ပါသည်။

ထင်တဲ့အတိုင်း ကုမ္ပဏီရဲ့ အများဆုံး ရှယ်ယာဝင်ဖြစ်လာခဲ့သော ယန်ရွှယ်ကလည်း သာမန်လူ မဟုတ်ပါဘူး။

စားပွဲထိုးမလေးများ လင်းဖန်ကို မြင်သောအခါ သူတို့ ကြက်သေသေသွားကြ၏။

အဘယ့်ကြောင့်ဆိုသော်... လင်းဖန်က ချောမောလွန်းနေသောကြောင့်ဖြစ်ပါသည်။

လင်းဖန် ဝင်လာတော့ စားပွဲထိုးမလေးများ အားလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။ လင်းဖန်က ရှယ်ယာဝင်ကြီးတစ်ယောက် ဖြစ်ပြီး အလွန်ချမ်းသာတယ် ဆိုတာကိုလည်း သူမတို့ သိထားကြသည်။

လင်းဖန်က အလွန်ယဥ်ကျေးပြီး သဘောကောင်း၏။ ထို့အပြင် ချောလွန်းသဖြင့် စားပွဲထိုးမလေးများက သူ့ကို အများကြီး ပိုသဘောကျသွားကြပါသည်။

"မစ္စတာလင်းက ချောလိုက်တာနော်။"

"သူက အရမ်းနှိမ့်ချတတ်တာပဲ။ ဘယ်သူ့ကိုမှ သူနဲ့ ယှဥ်လို့မရတော့ဘူး။ ဒီလောက် ချောတဲ့ လူမျိုးကို မြင်ဖူးတာ ပထမဆုံးပဲ။ ငါတော့ သူ့ကို ချစ်မိသွားပြီ။"

"ရှူး။ အကျယ်ကြီးမပြောနဲ့။ နင့်ရင်ထဲမှာ ရှိတာသိရင် တော်ပြီ။ မဟုတ်ရင် မစ္စတာလင်း စိတ်ညစ်သွားလိမ့်မယ်။ ငါတို့ သူ့ကို တိုးတိုးတိတ်တိတ် ဝန်ဆောင်မှု ပေးဖို့ပဲ လိုတယ်။"

"မြန်မြန်လုပ်။ ဘော့စ်လင်ရဲ့ သုံးဘီးဆိုင်ကယ်ကို သေချာ ဂရုစိုက်ကြနော်။ ဘာမှ လွဲလို့ မဖြစ်ဘူး။"

လင်းဖန် မသိလိုက်ခင်မှာပင် လီရှန်း ဟိုတယ်က လိုအပ်သည့် ပြင်ဆင်မှုများကို ဆောင်ရွက်ပြီးနေပါပြီ။

ဒီနေ့ လီရှန်းဟိုတယ်က လင်းဖန်အတွက် ထိပ်တန်း Vip ဝန်ဆောင်မှုများဖြင့် တပ်ဆင်ထားသည်ဟုပင် ပြောနိုင်ပါသည်။

...

လင်းဖန် တံခါးကို တွန်းဖွင့်လိုက်သောအခါ ရင်းနှီးနေသာ မျက်နှာများကို မြင်လိုက်ရ၏။

ကောင်မလေးများက ပျော်ရွှင်သွားကြပါသည်။

လင်းဖန်က တကယ်ပဲ... အလွန်ချောမော လွန်းသောကြောင့်ဖြစ်သည်။

သို့သော်လည်း ကျောက်လီလီနှင့် ရှဲ့ယွီထုံတို့က သူ့ကို သရော်ကြ၏။ ချောတော့ ဘာလုပ်ရမှာလဲ။ သူက ဒီလောက် ဆင်းရဲနေတာလေ။

"ယောက်ဖဖန်။ လာ လာ ဒီမှာ လာထိုင်" ကောင်းလိရှောင်းက သူ့ကို ချက်ချင်း နွေးနွေးထွေးထွေး ကြိုဆိုလိုက်ပါသည်။

"လင်းဖန် မင်းဒီကို သုံးဘီးစီးပြီးလာခဲ့တာလား။ ဘာလို့ အဲ့လိုလုပ်တာလဲကွာ။ လိရှောင်းနဲ့ လိုက်လာရင် ပြီးရဲ့သားနဲ့။ သုံးဘီး စီးလာတော့ ပင်ပန်းတာပေါ့" ရွှယ်ယောင်ထင်းက လင်းဖန်အား ပုခုံးပုတ်ကာ ပြောလိုက်ပါသည်။

ကောင်မလေးများ လင်းဖန်ကိုမြင်သဖြင့် ပျော်ရွှင်နေကြသည်ကို ရွှယ်ယောင်ထင်း သိပ်ပြီး သဘောမကျလှပါ။

ကျောင်းသားဟောင်းတွေ့ဆုံပွဲတစ်ခုကို ကျင်းပဖို့ သူ့အတွက် မလွယ်ကူခဲ့ပေ။ ထို့အပြင် ဒါက သူ့အိမ်ကွင်းဖြစ်သဖြင့် ကောင်မလေးတွေ အများကြီး ရှိနေသောကြောင့် သူကြွားဝါရပါမည်။

"သုံးဘီးစီးတာလည်း ကောင်းပါတယ်" လင်းဖန်က ဂရုမစိုက်ပေ။

"ဟူး။ ဒီခေတ်ကြီးထဲ အလုပ်ရှာရတာ ခက်ခဲတယ်။ လိရှောင်းက ကားတစ်စီး အိမ်တစ်လုံး ဝယ်ထားတယ်ကြားတယ်နော်။ သူ့ တစ်နှစ်ဝင်ငွေက ယွမ် ၅၀၀,၀၀၀ ကနေ ၆၀၀,၀၀၀ လောက်ရှိမယ်မဟုတ်လား" ရွှယ်ယောင်ထင်းက ပြုံးကာ ပြောလိုက်ပါသည်။

ကောင်မလေးများစွာက ကောင်းလိရှောင်းထံသို့ အကြည့်ပြောင်းသွားကြသည်။ ရွှယ်ယောင်ထင်း၏ စကားလုံးများက သူတို့ အာရုံကို လွဲသွားစေသည်။

ဘာပဲဖြစ်ဖြစ် တက္ကသိုလ်မှ ဘွဲ့ရပြီးသောအခါ တစ်ယောက်နဲ့တစ်ယောက် ဘယ်မှာ အလုပ်လုပ်ကြသလဲ၊ ကားဝယ်ပြီးပြီလား၊ အိမ်ဝယ်ပြီးပြီလား၊ ဘယ်တော့ လက်ထပ်မှာလဲ စသဖြင့် မေးတတ်ကြသည်။

"တစ်နှစ်ကို ယွမ် ၅၀၀,၀၀၀ - ၆၀၀,၀၀၀ လောက်ပါပဲကွာ။ ကားကလည်း BMW 5 စီးရီးလေးပါ။ အဆင်သိပ်မပြေပါဘူး" ကောင်းလိရှောင်းက ပြုံးကာ ပြောလိုက်သည်။ ထို့နောက် ကြွားဝါလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် ကျောက်လီလီက သူ့ဘေးမှာ ရှိနေသေးသည်။

ထို့အပြင် ဒါက အမှန်တရားပဲဖြစ်၏။ အသားလွတ်ကြီး ကြွားဝါခြင်းတော့ မဟုတ်ပေ။

ဂျက်ခ်မာက လူများစွာ၏ ရှေ့တွင် ပိုက်ဆံကို စိတ်မဝင်စားဘူးဟု ပြောခဲ့၏။ ခေါင်းဆောင်ဝမ်ကတော့ ၁၀၀ မီလီယံဆိုသည်မှာ သေးငယ်သည့် ပန်းတိုင်တစ်ခုဟုပင် ပြောခဲ့သေးသည်။ သူတို့အားလုံးက ထိုအဆင့်သို့ ရောက်ပြီးသားဖြစ်သဖြင့် ဒီလို ပြောနိုင်ကြခြင်းဖြစ်ပါသည်။

"မဆိုးပါဘူး လိရှောင်း" ရွှယ်ယောင်ထင်းက ရယ်မောလိုက်ပါသည်။

"ဟားဟား ထင်တာပါပဲ" ကောင်းလိရှောင်းက ရယ်မောလိုက်သည်။

ကျောက်လီလီက ကောင်းလိရှောင်းကို အသိအမှတ်ပြုစွာ ကြည့်လိုက်ပါသည်။

ရှဲ့ယွီထုံကလည်း ရွှယ်ယောင်ထင်းဘေးတွင် ထိုင်နေ၏။

"ရွှယ်ယောင်ထင်း နင့်အလုပ်ကကော ဘယ်လိုလဲ" ရှဲ့ယွီထုံ၏ အသံသေးသေးလေးကို ကြားရသည်။ သူမ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်များ ရှိနေ၏။ ရွှယ်ယောင်ထင်းကလည်း ချမ်းသာသောလူ ဖြစ်ပါသည်။

"အင်း သာမန်ပါပဲ" ရွှယ်ယောင်ထင်းက ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။

"ရွှယ်ယောင်ထင်း ပြောပါဦး။ နင်ရော ဘယ်မှာ အလုပ်လုပ်တာလဲ" ကောင်မလေး တစ်ယောက်က မေးလိုက်ပါသည်။

"QQ မှာ လုပ်တာလေ။ ငါ့တစ်နှစ် ဝင်ငွေက ၈၀၀,၀၀၀ ယွမ်လောက်ပဲ ရှိပါတယ်။ Porsche ကားမောင်းပြီး အိမ်သုံးလုံး ဝယ်ထားတယ်။ တစ်လကို ချေးငွေ ၂၀,၀၀၀ ယွမ် ပြန်ဆပ်ရသေးတယ်။ အရမ်း ဆင်းရဲပါတယ်ကွာ။" ဟု ရွှယ်ယောင်ထင်းက ပြောလိုက်၏။

ကောင်းလိရှောင်းနှင့် ရွှယ်ယောင်ထင်းတို့က အချင်းချင်း မြှောက်ပင့်နေကြပြီး ကျောက်လီလီနှင့် ရှဲ့ယွီထုံတို့ ထိတ်လန့်သွားရပါသည်။

ဒီတော့ ရွှယ်ယောင်ထင်းနဲ့ ကောင်းလိရှောင်းတို့ နှစ်ယောက်စလုံးက ထူးချွန်ကြသူတွေပေါ့။

အမှန်ပင်။ လင်းဖန်ကတော့ သူတို့နဲ့ မယှဥ်နိုင်ပါ။

"သူတို့ ကြွားနေတာ ငါတို့နားမထောင်ဘူး။ လင်းဖန် ငါတို့နဲ့လာထိုင်။ တကယ်ပါပဲ ကျောင်းသားဟောင်း တွေ့ဆုံပွဲမှာ ကြွားဝါဖို့ပဲ လုပ်တတ်ကြတယ်" ကောင်မလေးတစ်ယောက်က လင်းဖန်ကို ကြည့်ရင်း ပြောလိုက်ပါသည်။

မိန်းကလေးများစွာက လင်းဖန်ဘေးတွင် ဝိုင်းလာကြပြီး အချင်းချင်း ဆွေးနွေးနေကြသည်။

ကောင်းလိရှောင်းနှင့် ရွှယ်ယောင်ထင်းတို့၏ ကြွားဝါ စကားများကိုတော့ ကောင်မလေး များစွာက နားထောင်ဖို့ ပျင်းလွန်းနေပါသည်။

မိန်းကလေးများစွာက လင်းဖန်ကို ပရိတ်သတ် ကောင်မလေးများလို ကြည့်နေကြသည်။

"လင်းဖန် အခု နင်က တကယ်ချောလာတာပဲနော်။ ကောင်မလေး ရနေပြီလား။"

"နင်က အတော်ဆုံးပဲ။ ကြွားဖို့ပဲသိတဲ့ အဲ့ဒီ ငတုံးနှစ်ကောင်လို မဟုတ်ဘူး။"

"နင်အခု စားသောက်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားတယ်ဆို။ ဘယ်နေရာမှာလဲ။ ငါတို့သေချာပေါက် လာအားပေးရမှာပေါ့။"

ကောင်မလေးများစွာက လင်းဖန်ကို ဝန်းရံလာသည်။ လင်းဖန်က ပြုံးကာ သူ့အတန်းဖော်များနှင့် စကားပြောလိုက်၏။

သူတို့အားလုံးက အတန်းဖော်များသာ ဖြစ်သည်။ ရွှယ်ယောင်ထင်းနှင့် ကောင်းလိရှောင်းတို့က မကြာခဏ ရှိုးထုတ်တတ်ကြသော်လည်း လင်းဖန်ကိုတော့ ပေါ်တင်ကြီး မကဲ့ရဲ့ကြပါ။ ဒါက အလွန် ရူးမိုက်သော အပြုအမူ ဖြစ်သွားနိုင်သည်။

အချိန်အကြာကြီး စကားပြောကြပြီးနောက် ရွှယ်ယောင်ထင်းက ကောင်မလေးများကို ကြည့်ကာ ပြုံး၍ ပြောလိုက်ပါသည်။ "လိရှောင်းက ဒီနေ့ တကာခံမယ့်လူဆိုပေမယ့် ငါကပဲ ပြုစုပေးပါရစေ။"

"အားလုံးအတွက် ဟင်းလျာတွေ မှာပေးပြီးသွားပြီနော်။ မင်္ဂလာဟင်းပွဲ၊ ရွှေပင်လယ်စာ စွပ်ပြုတ်၊ ငွေကြက်သွန်ဖြူနဲ့ ပုစွန်ပေါင်း၊ တရုတ်နံနံနဲ့ ပြည်ကြီးငါးမွှေကြော်၊ ဂျင်းနဲ့ ကြက်သွန်ဖြူ ကဏန်းခေါက်ဆွဲ၊ ဝက်ပေါင်ခြောက်၊ အမေရိကန်ဖားစွပ်ပြုတ်နဲ့ အမဲခြေထောက်စပ်ကြော်။ အားလုံး စိတ်ကြိုက်စားနိုင်ဖို့ ကျောက်ပုစွန်ကြီးတွေလည်း မှာထားပါတယ်" ရွှယ်ယောင်ထင်းက ရက်ရောစွာ ပြောလိုက်ပါသည်။

ရွှယ်ယောင်ထင်းက ကြွားဝါဖို့အတွက် သူတို့ကို တကာခံမည်ဟု ပြောဆိုခြင်းဖြစ်သည်။ နောက်ဆုံးတော့ ကောင်မလေးများစွာက သူ့ရက်ရောမှုကို စတင် ချီးကျူးလာကြပါသည်။

စားပွဲထိုးများစွာက ဟင်းလျာများကို စတင် တည်ခင်းလာ၏။

တစ်ချိန်တည်းမှာပင်။ လင်းဖန်၏ ဖုန်းသံ မြည်လာခဲ့သည်။

ဖုန်းခေါ်သည့်သူက ဟိုနေ့က သူ့အိမ်ကို ငှားချင်ကြသော လင်မယားနှစ်ယောက်ဖြစ်ပါသည်။

"မစ္စတာလင်း ငါတို့ စဥ်းစားပြီးသွားပြီ။ မင်းရဲ့ အိမ်ကို တစ်နှစ် ယွမ် ၈၄၀,၀၀၀ နဲ့ ၆ နှစ်စာ စာချုပ်ချုပ်မယ်။ အိမ်လခကို တစ်နှစ်ကို တစ်ခေါက်ချေမယ်။ အဆင်ပြေမလား" ကျောက်ပင်ချီက မေးလိုက်ပါသည်။

"ရတာပေါ့" လင်းဖန်က ခေါင်းငြိမ့်လိုက်သည်။ သူ့အိမ်ကို ၆ နှစ်ဆက်တိုက် ငှားနိုင်ပါက စုစုပေါင်း ၅,၀၄၀,၀၀၀ ယွမ် ရနိုင်သည်။ အတော်လေးများပြားသော ဝင်ငွေဖြစ်၏။

"ဒါဆို အခုစာချုပ်ချုပ်လို့ရမလား။ စာချုပ် အဆင်သင့် ပြင်ထားပြီးပြီ။ မင်းကို ခုချက်ချင်း လာတွေ့ပါ့မယ်" ကျောက်ပင်ချီက မေးလိုက်ပါသည်။

ဘာပဲဖြစ်ဖြစ် အိမ်တစ်လုံး ငှားရမ်းရာတွင် စာချုပ်က အရေးအကြီးဆုံးဖြစ်၏။

"ရပါတယ။ ကျွန်တော်အခု လီရှန်းဟိုတယ် ၆ ထပ်မြောက်မှာ ရှိတယ်" လင်းဖန်က ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်ပြီ မစ္စတာလင်း ငါလည်း အနားမှာ ရှိတယ်။ အခုချက်ချင်း လာခဲ့ပါ့မယ်" ကျောက်ပင်ချီက ပြန်ပြောလိုက်ပါသည်။

လင်းဖန် အနည်းငယ် ပျော်ရွှင်သွားသည်။ သူ့အတန်းဖော်တွေကို ဒီမှာ ကြွားတော့ ဘာအဓိပ္ပာယ်ရှိမှာလဲ။ သူတို့ကို တွေ့ပြီး အကြောင်း သိချင်ရုံသာဖြစ်သည်။ ငွေရခြင်းလောက် လက်တွေ့မကျပါဘူး။

လင်ဖန်က ဘီလီယံချီသည့် စံအိမ်များ၊ ပြိုင်ကားများကို ပိုင်ဆိုင်ထားပြီး လီရှန်းဟိုတယ်၏ ဒုတိယ အများဆုံး ရှယ်ယာဝင်ဖြစ်သော်လည်း ရှယ်ယာဝင်၏ အစုပေါ် အမြတ်က ပုံမှန်ရနိုင်မည်။

ဒီနှစ် ယွမ် ၈၄၀,၀၀၀ ဆိုသည်မှာ ၆ နှစ်ကြာ ပေါင်းလိုက်သောအခါ အတော်လေး များပြားသော ငွေပမာဏဖြစ်၏။ လင်းဖန်၏ အရေးတကြီး ငွေလိုနေမှုအတွက် ပြီးပြည့်စုံပါသည်။

သူ စာချုပ်ကို ချုပ်လိုက်တာနဲ့ အိမ်လခ ယွမ် ၈၄၀,၀၀၀ ကို သူရရှိပါတော့မည်။

"လင်းဖန် ဘယ်သူလာမှာလဲ" ကောင်မလေး တစ်ယောက်က မေးလိုက်၏။

"အိမ်ငှားတစ်ယောက်က ငါ့ဆီလာပြီး စာချုပ် ချုပ်မလို့ပါ" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

"အိမ်ငှား ဟုတ်လား။ မဟုတ်မှလွဲရော လင်းဖန်။ နင် ရှန်ဟိုင်းမှာ အိမ်ဝယ်ထားတာလား" ကောင်မလေးက အံ့အားသင့်သွားသည်။ ရှန်ဟိုင်းက အိမ်စျေးများက မီလီယံ အနည်းငယ် တန်ကြေးရှိသည်။

"အိမ်သေးသေးလေးပါ" လင်းဖန်က ထပ်ပြီး ရှင်းမပြပါ။

ကျောက်လီလီနှင့် ရှဲ့ယွီထုံတို့က အတူတူ ထိုင်နေသည်။ လင်းဖန်ကို စိတ်ပျက်လက်ပျက် အကြည့်များဖြင့် ကြည့်နေကြသည်။

ဆင်းရဲမွဲတေမှုဆိုတာ ယာယီသာ ဖြစ်သည်။ ဆင်းရဲလွန်းသည့် လူတစ်ယောက်ကိုတော့ သူတို့ အထင်သေးမည် မဟုတ်ပါ။

သို့သော် လင်းဖန်လို အလွန်ဆင်းရဲသည့် လူမျိုးက သရုပ်ဆောင်တစ်ယောက် ငှားရမ်းပြီး သူ့ကို ကြွားနိုင်အောင် ကူညီပေးခိုင်းထားပါက အလွန်ရယ်စရာ ကောင်းနေပါလိမ့်မည်။

ကျောက်လီလီနှင့် ရှဲ့ယွီထုံတို့က သုံးဘီးစီးပြီး သာမန် မိသားစု နောက်ခံရှိသည့် လင်းဖန်တစ်ယောက် ရှန်ဟိုင်းမှာ အိမ်ဝယ်နိုင်လိမ့်မည်ဟု မယုံကြည်ပါ။

ကံကောင်းစွာဖြင့် လင်းဖန်က သူ့အကြောင်းသူသိပြီး အိမ်သေးသေးလေးဟု ပြောလိုက်သည်။ စတုရန်းမီတာ ၁၀ သာသာလောက်ရှိတဲ့ အိမ်လေးဖြစ်မှာပါ။ မဟုတ်ရင် ကျောက်လီလီနှင့် ရှဲ့ယွီထုံတို့ သူ့ကို စတင် လှောင်ပြောင်နိုင်လိမ့်မည်။

အမှန်ပင်။ လင်းဖန်ကတော့ ကျောက်လီလီနှင့် ရှဲ့ယွီထုံတို့ ဘာတွေ တွေးနေသလဲ ဂရုမစိုက်ပါဘူး။

သူက အိမ်ငှားခ ယွမ် ၈၄၀,၀၀၀ ကိုသာ စိတ်ဝင်စားသည်။

ရွှယ်ယောင်ထင်းနှင့် ကောင်းလိရှောင်းတို့လည်း ဒီလို အသေးအဖွဲကိစ္စများကို အရေးမစိုက်ဘဲ ဆက်လက် စားသောက်နေကြသည်။

သိပ်မကြာလိုက်ပေ။ သက်လက်ပိုင်း ယောက်ျား တစ်ယောက် ၆ ထပ်မြောက်သို့ ရောက်လာခဲ့သည်။

ကျောက်ပင်ချီ ရောက်လာပါပြီ။

ထို့အပြင် စာစီထားပြီးသားဖြစ်သည့် စာချုပ်တစ်ခုလည်း ပါလာသည်။

အခန်းငှားဖို့ အလွန်စိတ်အားထက်သန်နေသော ကျောက်ပင်ချီမှာ ချက်ချင်းပဲ စာချုပ်ချုပ်ဖို့အတွက် လင်းဖန်ကို လာရှာခဲ့သည်။ ပါးစပ်ဖြင့် သဘောတူညီချက်က ပြောင်းလဲသွားနိုင်သော်လည်း စာချုပ်ကတော့ အပြောင်းအလဲ မရှိနိုင်ပါဘူး။

"မစ္စတာလင်း နှောင့်ယှက်ရတာ တောင်းပန်ပါတယ်။ စာချုပ် ဒီမှာပါ။ ပြဿနာ မတွေ့ရင် စာချုပ်ကို လက်မှတ်ထိုးလို့ ရပါပြီ။ ငါမင်းကို ချက်ချင်းပဲ တစ်နှစ်စာ အိမ်ငှားခ ယွမ် ၈၄၀,၀၀၀ လွှဲပေးလိုက်ပါ့မယ်" ကျောက်ပင်ချီက ပြောလိုက်ပါသည်။

ကျောက်ပင်ချီက ယွမ် ၈၄၀,၀၀၀ ဟု ပြောသည့် အသံကို ကြားသောအခါ အားလုံး ကြက်သေ သေသွားသည်။

ဘုရားရေ...

တစ်နှစ်ကို အိမ်ငှားခ ယွမ် ၈၄၀,၀၀၀ ဆိုရအောင် ဘယ်လို အိမ်မျိုးမို့လို့လဲ။

တစ်နှစ်ကို ယွမ် ၈၄၀,၀၀၀ ဆိုတော့ တစ်လကို ယွမ် ၇၀,၀၀၀ ဆိုတဲ့ သဘောပေါ့လေ။

ကျောက်လီလီနှင့် ရှဲ့ယွီထုံတို့လည်း မိုးကြိုး ပစ်ခံလိုက်ရသလိုပင်။

မဖြစ်နိုင်တာ...

လင်းဖန်က ဟန်ဆောင်နေတာ ဆိုရင်တောင် သူ့ဟန်ဆောင်မှုက အတုအယောင်ဆန်လွန်းလှသည်။

ဒီနေရာမှာ ကြွားဝါဖို့ သရုပ်ဆောင် တစ်ယောက်ကိုတောင် ရှာခဲ့တာလား။ ကျောက်လီလီ မယုံကြည်နိုင်ပါ။

အားလုံး စာချုပ်ကို ကြည့်လိုက်ကြတော့ စာချုပ်ပေါ်တွင် မှတ်သားထားသည့် အိမ်ရာမြေကို မြင်လိုက်ကြရသည်။

ကြွေပန်းဥယျာဥ်အိမ်ရာ ၆၀၆၊ ၁၀၀ စတုရန်းမီတာ။

ကြွေပန်းဥယျာဥ်တဲ့... အဲ့တာ ရှန်ဟိုင်းမြို့က အဆင့်မြင့် ကျောင်းခရိုင်ကြီးမဟုတ်လား။

ကြွေပန်းဥယျာဥ်အိမ်ရာထဲက အိမ်တိုင်းက အနည်းဆုံး ယွမ် ၁၀ သန်း တန်ကြေးရှိသည်။

လင်းဖန်၏ အိမ်ကတော့ အိမ်တန်ဖိုး တစ်ခုတည်းနှင့် ယွမ် သန်း ၂၀ ကျော်လောက်သည်။

အတန်းဖော်များစွာက စာချုပ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။

"ဘုရားရေ ကြွေပန်းဥယျာဥ်အိမ်ရာက အိမ်တစ်လုံးပဲ။ ရှန်ဟိုင်းမြို့က အကောင်းဆုံး ကျောင်းခရိုင် မဟုတ်လား။"

"လင်းဖန် နင်က တကယ်ပဲ ကြွေပန်းဥယျာဥ်အိမ်ရာက အိမ်ပိုင်ရှင်တစ်ယောက်လား။"

"ဘုရားရေ။ ၁၀၀ စတုရန်းမီတာဆိုတော့ အနည်းဆုံး ယွမ် သန်း ၂၀ တန်တာပဲ။ ချေးငွေနဲ့ ဝယ်ရင်တောင် အနည်ဆုံး ယွမ် ၆ သန်းလောက် ပေးရမှာကွ။"

"လင်းဖန် ဘယ်တုန်းက မင်းဒီလောက် ချမ်းသာလာတာလဲကွ။"

"လခွမ်း။ ကြွေပန်းဥယျာဥ်အိမ်ရာထဲက အိမ်တွေက ငါ့အိပ်မက်တွေထဲမှာတောင် အဝယ်ချင်ဆုံး အိမ်တွေပဲ။ ဒါပေမယ့် အဲ့လိုအိမ်တွေကို ဘယ်သူက ဝယ်နိုင်မှာလဲ။ လင်းဖန် မင်းက ဇာတ်နိမ့်နေလွန်းပြီး ဒီမှာ အိမ်တစ်လုံးတောင် ပိုင်ထားတယ်ပေါ့။"

ကောင်မလေးများစွာ ထိတ်လန့်သွားကြသည်။ စာချုပ်က အလွန်ပြည့်စုံနေပြီး အတု မဖြစ်နိုင်ပါဘူး။ ကောင်မလေးများ လင်းဖန်ကို ကြည့်သည့် အကြည့် လုံးဝ ပြောင်းလဲသွားခဲ့ပါသည်။

ဒါဆို လင်းဖန်က ဒီမှာ အချမ်းသာဆုံး လူပေါ့။

ယွမ် သန်း ၂၀ တန်တဲ့ အိမ်နဲ့ဆို လင်းဖန်က မီလျံနာ တစ်ယောက်တောင် ဖြစ်နေပြီပဲ။

ကျောက်လီလီနဲ့ ရှဲ့ယွီထုံသည် အရာအားလုံးကို ထိတ်လန့်စွာ ကြည့်နေမိသည်။ သူတို့မျက်လုံးများက ဗလာကျင်းဖြစ်နေ၏။ သူတို့ တစ်ခုခု ပြောချင်သော်လည်း မပြောရဲကြပါ။

ဒါ... ဒါသာ အမှန်ဆို ဘယ်လိုလုပ်မလဲ။

လင်းဖန်က ကြွေပန်းဥယျာဥ်အိမ်ရာမှာ အိမ်တစ်လုံး တစ်ကယ် ပိုင်ဆိုင်နေခဲ့သည်။

"စာချုပ်က ဘာမှ ပြဿနာမရှိပါဘူး။ ကျွန်တော် လက်မှတ် ထိုးလိုက်ပါ့မယ်။ အတူတူ လုပ်ငန်းလုပ်ရတာ ဝမ်းသာပါတယ်ဗျာ" လင်းဖန်က စာချုပ်ကို သေချာကြည့်လိုက်ပြီး သူ့အမည်ကို ရေးသားလိုက်ပါသည်။

ယခုစာချုပ်အား တရားဝင် ချုပ်ဆိုလိုက်ပါပြီ။

"ကောင်းပါပြီ မစ္စတာလင်း၊ မင်းနဲ့ အလုပ် အတူတူ တွဲလုပ်ရတာလည်း ဝမ်းသာပါတယ်။ အခုချက်ချင်း တစ်ယောက်ယောက်နဲ့ ဆက်သွယ်ပြီး မင်းကို ငွေလွှဲခိုင်းလိုက်ပါ့မယ်" ကျောက်ပင်ချီက လင်းဖန်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ နှစ်ဦးနှစ်ဖက်စလုံး စိတ်ကျေနပ်သော အပြုံးများဖြင့် ပြုံးနေကြပါသည။

ကျောက်ပင်ချီ ထွက်သွားပြီးနောက် အခန်းထဲက လူအားလုံး လင်းဖန်ကို မကောင်းဆိုးဝါး တစ်ကောင်လို ကြည့်နေကြသည်။

ကြွေပန်းဥယျာဥ်အိမ်ရာရှိ အိမ်များမှာ အလွန်စျေးကြီးသည်ဟု ပြောနိုင်သည်။

ကောင်းလိရှောင်းနှင့် ရွှယ်ယောင်ထင်းတို့လို တစ်နှစ် ယွမ်သိန်းချီရသည့် လူမျိုးတွေတောင် ဒီက အိမ်တစ်လုံးကို မတတ်နိုင်လောက်ပါ။

ကောင်းလိရှောင်းက တစ်နှစ်ကို ယွမ် ၆၀၀,၀၀၀ ရသည်။ ချေးငွေနဲ့ဆိုရင်တောင် ၁၀ နှစ်လောက် စုဆောင်းရပါဦးမည်။

ဒီနေရာကို သုံးဘီးစီးလာသည့် လင်းဖန်လိုလူမျိုးက လျှို့ဝှက် သန်းကြွယ်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။

ကျောက်လီလီနှင့် ရှဲ့ယွီထုံတို့က လင်းဖန် ဟန်ဆောင်နေသည်ဟု ထင်နေဆဲပင်။

သို့သော်လည်း လင်းဖန်၏ ဖုန်းပေါ်က မက်ဆေ့ချ်ကို မြင်လိုက်ရသောအခါ သူတို့နှစ်ယောက်၏ အတွေးများ ပျောက်ကွယ်သွားရတော့သည်။

[၆၁၁၅ ဖြင့် အဆုံးသတ်သော သင့်ငွေစုအကောင့်ထဲသို့ ဇွန်လ ၂၇ ရက် ၇နာရီ ၄၁ မိနစ်တွင် ယွမ် ၈၄၀,၀၀၀ လက်ခံရရှိပါသည်။ လက်ကျန်ငွေမှာ ၈၇၅,၂၁၄ ယွမ် ဖြစ်သည် [တည်ဆောက်ရေး ဘဏ်]]

အားလုံး ကြက်သေသေသွားကြသည်။

အိမ်ငှားခ ၈၄၀,၀၀၀ ယွမ် ပေးချေပြီးဖြစ်သည်။

All Chapters