← Chapters

အခန်း(၂၀) မစ္စတာလင်းရဲ့ သရုပ်မှန်

Vol. 2 Ch. 20

အခန်း(၂၀) မစ္စတာလင်းရဲ့ သရုပ်မှန်

Vol. 2 Ch. 20

အခန်း(၂၀) မစ္စတာလင်းရဲ့ သရုပ်မှန်

"ဒီဝိုင်ပုလင်းခြောက်ပုလင်းကို ခင်ဗျားတို့ မှာထားတာ မဟုတ်ပါဘူး။ ဒါတွေက မစ္စယန်ရဲ့ စေတနာကို ပြသဖို့အတွက်ပါ။ အားလုံး အခမဲ့ပါခင်ဗျ။ မစ္စတာလင်း ကျေးဇူးပြုပြီး သုံးဆောင်ပါနော်။"

"Romanee Conti ထပ်အလိုရှိသေးရင် ကျွန်တော့်ကို အသိပေးလိုက်ပါ။ အချိန်မရွေး ပြင်ဆင်ပေးပါ့မယ်။ တခြား လိုအပ်ချက်ရှိရင်လည်း ဒီစားပွဲထိုးမလေး နှစ်ယောက်ကို ဆက်သွယ်နိုင်ပါတယ်။ အဆင်ပြေကြပါစေ"။ မန်နေဂျာ အနည်းငယ် ဦးညွှတ်ကာ ထွက်သွားပါသည်။

မန်နေဂျာက ကုမ္ပဏီ၏ ဒုတိယ အများဆုံး ရှယ်ယာဝင်ဟူသည့် လင်းဖန်၏ သရုပ်မှန်ကို တိုက်ရိုက်ကြီး ဖော်ပြမသွားပါ။ ယန်ရွှယ်က သူ့ကို ဒီလိုပဲ လုပ်အောင် သေသေချာချာ ညွှန်ကြားထားခြင်းဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် လင်းဖန်က ဇာတ်နိမ့်နေရတာ သဘောကျတယ် မဟုတ်လား။

တစ်ဖက်တွင်လည်း လင်းဖန်အား ကုမ္ပဏီ၏ ရက်ရောမှုကို အသိပေးချင်သေးသည်။ ကုမ္ပဏီ၏ ဒုတိယ အများဆုံး ရှယ်ယာဝင် တစ်ယောက်အနေဖြင့် ဒီလိုအထူးအခွင့်အရေးမျိုးကို ရသင့်ပါသည်။

နောက်တစ်ဖက်တွင်တော့ ယန်ရွှယ်က ကုမ္ပဏီ၏ ဒုတိယ အများဆုံး ရှယ်ယာဝင်ကို မျက်နှာသာပေးခြင်းဖြစ်ပါသည်။

ကုမ္ပဏီ၏ ရှယ်ယာ ငါးပုံ တစ်ပုံက လင်းဖန်၏ လက်အောက်တွင် ရှိနေပါသည်။

ရှန်ဟိုင်းမြို့က ကြယ်ငါးပွင့် ဟိုတယ်ကြီး၏ အဓိက ရှယ်ယာဝင်တစ်ယောက်အနေဖြင့် ပုလင်း ၆၀ သို့မဟုတ် ၆၀၀ ဆိုရင်တောင် တိုက်ဖို့ ထိုက်တန်ပါသည်။ Romanee Conti ၆ ပုလင်းလောက်ကတော့ မပြောပလောက်ပါ။

ယန်ရွှယ်အတွက် လင်းဖန်၏ နောက်ကြောင်းက ဒီကုမ္ပဏီကြီး တစ်ခုလုံးထက် ပိုကောင်းမွန်နေပါသေးသည်။

ရှန်ဟိုင်းမြို့မှာပင် သန်းရာချီပြီး တန်ဖိုးရှိသော ဗီလာတစ်လုံးနှင့် ပြိုင်ကားတစ်လုံးကို ပိုင်ဆိုင်ထားပါသည်။ သူ့ပုံသေ ပိုင်ဆိုင်မှုတစ်ခုတည်းနှင့် သန်း ၂၀၀ ကျော်နေပါပြီ။

လင်းဖန်မှာ ပိုင်ဆိုင်မှုတွေ ဘယ်လောက် များလိုက်သလဲ။

ကုမ္ပဏီတစ်ခုလုံး၏ စျေးကွက်တန်ဖိုးက ဘီလီယံ အနည်းငယ်သာရှိသည်။ လင်းဖန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှုက ကုမ္ပဏီ၏ စျေးကွက် တန်ဖိုးထက်ပင် ပို၍ များပြားနိုင်သေးသည်။

လင်းဖန်တွင် ပိုင်ဆိုင်မှု များပြားလွန်းသဖြင့် အဆက်အသွယ်လည်း များပြားသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

သူတို့သာ လင်းဖန်ကို ဆွဲဆောင်ပြီး ကုမ္ပဏီထဲတွင် အကြံပေးဖို့ သို့မဟုတ် ခေတ္တ အလုပ်လုပ်ဖို့ ခေါ်ယူနိုင်ပါက ကုမ္ပဏီတစ်ခုလုံး သစ်လွင်နိုင်သွားပါသည်။

မန်နေဂျာနှင့် လှပသော စားပွဲထိုးမလေးများ ထွက်သွားသောအခါ အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြပါပြီ။

ဒါဘယ်လို အဖြစ်အပျက်ကြီးလဲ။ ဒါက ရှန်ဟိုင်းမြို့က နာမည်ကျော် ကြယ်ငါးပွင် ဟိုတယ်ကြီး ဖြစ်သည်။

ခေတ်သစ်လီရှန်းဟိုတယ်ကြီး၏ မန်နေဂျာက ဒီနေရာတွင် အရေးပါသည့် နေရာတစ်ခုတွင် ပါဝင်နေသည်။ ပုံမှန်ဆို အရေးကြီး ပုဂ္ဂိုလ်များ သို့မဟုတ် VIP စားသုံးသူများ ရောက်လာမှ လူလုံးထုတ်ပြတတ်သည်။

ဒီလို မန်နေဂျာတစ်ယောက်က "မစ္စတာလင်း" ဟု တကယ်ကြီး ခေါ်သွားသည်။

ထို့အပြင် မစ္စယန်က မစ္စတာလင်းကို Romanee Conti ၆ ပုလင်း ပေးခဲ့ခြင်း ဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း ပြောခဲ့ပါသည်။

ရွှယ်ယောင်ထင်း၊ ကောင်းလိရှောင်း၊ ကျောင်းလိလီနှင့် ရှီယုထု့တို့အားလုံး မန်နေဂျာက ဘယ်သူ့ကို ရည်ညွှန်းပြောဆိုနေသလဲ သိပါသည်။

ကုမ္ပဏီ၏ ရှယ်ယာဝင် အများဆုံးသူ ယန်ရွှယ်ကို ပြောနေခြင်းဖြစ်နေသည်။

ဒီလို မန်နေဂျာတစ်ယောက်ကတောင် မစ္စတာလင်းကို လေးစားရသည်။

ယန်ရွှယ်လို သူဌေးကြီးတစ်ယောက်ကိုယ်တိုင် ဆွဲဆောင်ချင်သည့် ထိုလူက ဘယ်သူဖြစ်နိုင်မည်နည်း။

ဒီအခန်းထဲတွင် ... မျိုးရိုးအမည်လင်းဖြင့် လူတစ်ယောက်တည်းသာ ရှိသည်။

လင်းဖန်...

အားလုံး လင်းဖန်ကို ကြည့်လိုက်ကြ၏။

ကောင်းလိရှောင်းနှင့် ရွှယ်ယောင်ထင်းတို့\ မျက်လုံးထဲက ထိတ်လန့်မှုကို တွေးကြည့်ဖို့ ခက်ခဲလွန်းပါသည်။

ကျောက်လီလီနှင့် ရှဲ့ယွီထုံတို့လည်း အံ့အားသင့်သွားကြသည်။

လင်းဖန်ကို... မန်နေဂျာက မစ္စတာလင်းလို့ ခေါ်သွားတယ်...

လင်းဖန်၏ အဆင့်အတန်းကို ဘယ်သူမှ မသိခဲ့ကြပါ။

ဒီမြင်ကွင်းကြောင့် ကောင်မလေးများစွာလည်း ရေရွတ်လိုက်မိကြသည်။

"ဘော့စ်လင်း... လင်းဖန်က သူဌေးကြီး တစ်ယောက်ဖြစ်နိုင်ပါတယ်လို့ ငါပြောသားပဲ။ သူ့ကို ဘော့စ်လင်းလို့ ခေါ်သွားတယ်။"

"လင်းဖန်က သူဌေးကြီး တစ်ယောက်ပေါ့။ ငါထင်သားပဲ။ မဟုတ်ရင်သူ့မှာ ဘာအကြောင်းမှ မရှိဘဲ သန်း ၂၀ တန်အိမ်တစ်လုံး ရှိနေမှာလဲ။"

"သူဌေးကြီး တစ်ယောက်ဆိုတာ ဒါမျိုးပေါ့။ ငါအံ့သြသွားတာပဲ။"

"လင်းဖန် နင်က ငါတို့အတန်းထဲမှာ အဆင်အပြေဆုံးလူ ဖြစ်နေတာပဲ။ နင့်ရဲ့အတွေ့အကြုံတွေကို ငါတို့နဲ့ မျှဝေပေးရမယ်နော်။ ဟီးဟီး နင့် အလုပ်မှာ ငါလုပ်လို့ရမလား။"

ကောင်မလေးများစွာက နာမည်ကျော်တစ်ယောက်ကို ကြည့်နေသော ပုံစံမျိုးဖြင့် လင်းဖန်ကို ကြည့်နေကြပါသည်။

လင်းဖန်၏ ရေပန်းစားမှုက ရွှယ်ယောင်ထင်းနှင့် ကောင်းလိရှောင်းတို့အား လုံးဝ နင်းခြေသွားခဲ့လေပြီ။

သူဌေးတစ်ယောက်ဆိုတာ ဘယ်လိုလဲ သူတို့ မျက်မြင်တွေ့ခဲ့ကြရလေပြီ...

စားသောက်ပွဲတစ်ခုတွင် သူသောက်သုံးသည့် ဝိုင်က သူတို့ တစ်နှစ်တာ ဝင်ငွေလောက် တန်ဖိုးရှိ၏။

ပိုအရေးကြီးတာက ဒီဝိုင်ကို သူဌေးကြီး ယန်ရွှယ်ကိုယ်တိုင် ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။ လင်းဖန် ဘယ်နှပုလင်းပဲ သောက်ချင်ပါစေ သူ့ကို စိတ်ကျေနပ်စေဖို့ အကောင်းဆုံး ကြိုးစားပေးကြပါလိမ့်မည်။

ဒါက... သူဌေးကြီး တစ်ယောက် ရရှိသည့် အထူးခံစားခွင့်ဖြစ်ပါသည်။

လင်းဖန်က မတတ်နိုင်တော့ဘဲ ပြုံးလိုက်ရသည်။ "မင်းတို့ကောင်တွေ မြှောက်တာ ငါမိုးပေါ်တက်တော့မယ်။။ ဘယ်လိုလုပ် မယုံကြည်နိုင်စရာ ကောင်းရမှာလဲ။ ဒါက ကျောင်းသားဟောင်းတွေ့ဆုံပွဲပါကွာ။ မြှောက်ပင့်တဲ့ ပွဲမဟုတ်ဘူး။ မင်းတို့တွေ ဒီလိုဆက်လုပ်နေမယ်ဆိုရင် ငါပြန်တော့မှာနော်။ အားလုံးပဲ စားကြသောက်ကြပြီး ပျော်ပျော်နေကြစမ်းပါကွာ။”

လူများစွာက လင်းဖန်ကို ချီးကျူးပြောဆိုနေကြသော်လည်း သူ တကယ် သဘောမကျပါ။

ရေပန်းအစားဆုံး ရှာဖွေသူ စာရင်းထဲ သူပါသွားပါက ချက်ချင်းပဲ အလွန်ရေပန်းစားလာပါလိမ့်မည်။

သူက ရုပ်ရည်ချောမောစွာ မွေးဖွားလာသဖြင့် ကောင်မလေးများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

နာမည်သာ ထပ်ကြီးလာလျှင် ကောင်မလေးနှင့် အဒေါ်ကြီးများစွာတို့၏ နောက်ယောင်ခံလိုက်ခြင်းကို ခံရပြီး ရှားဝမ်ချွေ့နှင့် စားသောက်ဆိုငထဲမှာ နှစ်ယောက်တည်း ဘယ်လိုလုပ်ပြီး တွေ့နိုင်ပါဦးမည်နည်း။

သူသာ တကယ်နာမည်ကြီးချင်ပါက လင်းဖန် သူနဲ့ ရှားဝမ်ချွေ့တို့နှစ်ယောက်သား ဓာတ်ပုံကို ဝေ့ပေါ်မှာ တင်လိုက်ပြီး အင်တာနက်တစ်ခုလုံးကို ဗြောင်းဆန်သွားစေပါလိမ့်မည်။

ထိုသို့ဖြစ်လာသောအခါ လင်းဖန်နဲ့ အလုပ်လုပ်ဖို့ အေဂျင်စီဘယ်လောက်များများက လာဆက်သွယ်ပြီး ကောင်မလေး ဘယ်လောက် များများက သူ့ပရိတ်သတ် ဖြစ်လာမလဲ မပြောတတ်ပါ။

အလွန် ဒုက္ခများလွန်းပါသည်။ လင်းဖန်က သူ့လက်ထဲတွင် အများကြီး ပိုင်ဆိုင်ထားရတာကို သဘောမကျပါ။

"ဟုတ်ပါပြီ ယောက်ဖဖန်ရယ်။ မင်းက တော်ပါတယ်။ ဒီနေ့မင်းကို လုံးဝ ရှုံးသွားသလိုတောင် ခံစားလိုက်ရတယ်။ ဒီလောက်ကောင်းတဲ့ ဝိုင်ကိုတောင် သောက်နိုင်ပြီ။ ယောက်ဖဖန် ငါ မင်းဖန်ခွက်ကို ဖြည့်ပေးပါရစေ။ ဒီလို ဝိုင်ကောင်းကောင်းကို မသောက်ရင် နှမြောစရာကြီးကွ။" ရွှယ်ယောင်ထင်းက ဝိုင်ပုလင်းကို ကိုင်ကာ လင်းဖန်၏ ခွက်ထဲ ငှဲ့ပေးလိုက်ပါသည်။

တစ်ငုံသောက်ပြီးနောက် လင်းဖန် ခေါင်းငြိမ့်လိုက်ပါသည်။ "ကောင်းသားပဲ"

ရွှယ်ယောင်ထင်းနှင့် ကောင်းလိရှောင်းတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ ဒီဝိုင်က 'ကောင်းသားပဲ' ဆိုတာထက် ပိုပါသည်။ ဒါက ယွမ် ၁၀၀,၀၀၀ တန်ဝိုင်ပုလင်းဖြစ်၏။ တစ်ငုံကို ယွမ် ထောင်ချီပြီး တန်ပါသည်။

လင်းဖန်၏ စကားကြောင့် အားလုံးသူ့ကို မြှောက်ပင့် ပြောဆိုနေတာ ရပ်တန့်သွားကြပါသည်။ သို့သော်လည်း လူများစွာ သူ့ကို ပိုပြီး စိတ်ဝင်စားလာကြပါသည်။

ကျောက်လီလီနှင့် ရှဲ့ယွီထုံတို့လည်း အနည်းငယ် နောင်တရသွားကြပါသည်။ ဘွဲ့ရပြီးနောက် သူတို့သာ လင်းဖန်နှင့် အဆက်အသွယ် လုပ်ခဲ့လျှင် သူဌေးမိသားစု တစ်ခုနှင့် လက်ထပ်ရနိုင်ခြေ ရှိပါသည်။

အခု လင်းဖန်က သူဌေးစစ်စစ်ဖြစ်နေပါပြီ။

ကောင်မလေးနှစ်ယောက်က လင်းဖန်ကို အပြုံးများဖြင့် ကြည့်နေကြ၏။ သူတို့၏ ဆက်ဆံပုံများက အရင်တုန်းကနှင့် လုံးဝ ခြားနားနေပါသည်။

အားကျမှုနှင့် သဘောကျသော အရိပ်အယောင်များ တွေ့နေရသည်။

ဒါက သိုက်တူးခြင်း မဟုတ်ဘဲ ခံစားချက် အစစ်ဖြစ်သည်။

စာရေးဆရာလို ရုပ်ချောရင် မိန်းကလေးတွေရဲ့ တုန့်ပြန်မှုက ဘယ်လိုဘယ်ဝါ ရှိမှန်း သင်သိနိုင်ပါလိမ့်မည်။

ဝိုင်များစွာ သောက်လိုက်ပြီးနောက် လင်းဖန် အနည်းငယ် မူးဝေလာသလို ခံစားရပြီး တဖြည်းဖြည်း အိပ်ပျော်သွားပါသည်။

ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်လာသော်လည်း ကျောင်းသားများစွာက မကျေနပ်ကြသေးပါ။

"လာလာ ငါသိပ်မသောက်ထားဘူး။ ယောက်ဖဖန်ကို ငါပြန်ပို့ပေးလိုက်မယ်" ကောင်းလိရှောင်းက ပြောလိုက်ပါသည်။

"ဟုတ်ပြီ ငါတို့လည်း လိုက်ခဲ့မယ်။ နင်တစ်ယောက်တည်း သူ့ကို မနိုင်လောက်ဘူးထင်တယ်" သူ့ဘေးတွင် ရှိနေသည့် ရွှယ်ယောင်ထင်း၊ ကျောက်လီလီနှင့် ရှဲ့ယွီထုံတို့က ပြောလိုက်ကြသည်။

ကောင်မလေးနှစ်ယောက်က လင်းဖန် ဘယ်မှာနေလဲ တွေ့ချင်သော်လည်း သူတို့ မသိကြပါ။ လင်းဖန်ကို စားသောက်ဆိုင်ကိုသာ ပြန်ပို့ပေးပြီး အမူးပြေတဲ့အထိသာ စောင့်နိုင်သည်။

ကောင်းလိရှောင်းနှင့် ရွှယ်ယောင်ထင်းတို့နှစ်ယောက် လင်းဖန်ကို ကားထံ တွဲလာကြသည်။

ကျောင်းသားများစွာက တံခါးနားတွင် ပြန်ဖို့ ပြင်နေကြသည်။ စားပွဲထိုးများကလည်း အလွန် ယဥ်ကျေးကြပါသည်။

ကျောက်လီလီက စားပွဲထိုးမလေး တစ်ယောက်ထံသို့ သွားပြီး သိချင်စွာ မေးလိုက်ပါသည်။ "ဟိုလေ လင်းဖန် ဘယ်မှာနေလဲ သိလားဟင်။ ရှင်တို့ရဲ့ မန်နေဂျာက သူ့ကို အရမ်း ယဥ်ယဥ်ကျေးကျေး ဆက်ဆံပြီး သူ့ကို ဘော့စ်ဖန်လို့တောင် ခေါ်သွားတာ ကြားလိုက်မိတယ်။"

ရှဲ့ယွီထုံလည်း သိချင်နေပါသည်။ တချို့ကောင်မလေးများပါ စားပွဲထိုးမလေးကို ကြည့်နေကြ၏။

အိပ်ပျော်နေသည့် လင်းဖန်ကို စားပွဲထိုးမလေးက ကြည့်လိုက်သည်။ မျက်လုံးထဲတွင် မနာလိုမှုဖြင့် ပြည့်နှက်လျက် ပြောလိုက်ပါသည်။ "ဘော့စ်လင်း ဘယ်သူလဲ ရှင်တို့ မသိကြဘူးလား။ မန်နေဂျာက ရှင်တို့ကို မပြောပြချင်ပေမယ့် အခုတော့ ဖုံးကွယ်ထားလို့ မရတော့ဘူးပေါ့။ ဘော့စ်လင်းက တကယ်တော့ ကျွန်မတို့ ကုမ္ပဏီရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်ပဲ။ သူ့ရှေ့မှာ မစ္စယန်ပဲ ရှိတော့တယ်။  သူက ရှယ်ယာ ၂၀ ရာခိုင်နှုန်း ပိုင်ထားတယ်လို့ ကြားမိတယ်။ ရှင်တို့တွေလည်း လိုင်းပေါ်မှာ စစ်ကြည့်လို့ရပါတယ်။"

ကျောက်လီလီ၊ ရှဲ့ယွီထုံနှင့် တခြား ကျောင်းသားများစွာ ကြက်သေသေသွားရသည်။

ဒါဆို... ဒါက လင်းဖန်က သရုပ်မှန်ပေါ့။

ရှန်ဟိုင်းရဲ့ ကြယ်ငါးပွင့် ဟိုတယ်ကြီးရဲ့ ဒုတိယ အများဆုံး ရှယ်ယာဝင်ဖြစ်ပြီး ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။

တစ်နည်းအားဖြင့် လင်းဖန်ရဲ့ ပိုင်ဆိုင်မှုက သန်းတစ်ရာကျော် ရှိနေပါပြီ။

All Chapters