အခန်း(၂၆) ဒါဆို လင်းဖန်က အရမ်းတော်တာပေါ့
Vol. 2 Ch. 26
အခန်း(၂၆) ဒါဆို လင်းဖန်က အရမ်းတော်တာပေါ့
ရှားရန်ရန် အရူးအမူးဖြစ်နေပုံကို ကြည့်ရင်း ရှဲ့ထျင်ထျင်က မေးလိုက်သည်။ "သူကအဲ့ လောက်တောင် ချောတာလား။ နင် တခြားတစ်ယောက်ကို ဒီလိုအရူးအမူးဖြစ်နေတာ မြင်ဖူးတာ ပထမဆုံးပဲ။”
ရှားရန်ရန်က ခေါင်းငြိမ့်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "သူက တကယ်ချောပြီး လူကောင်းလည်း ဟုတ်တယ်။ သူ့ရှေ့ရောက်တိုင်း သူ့မျက်နှာကို မော့မကြည့်ရဲဘူး။ ငါသူ့ကို နည်းနည်းလောက် ထပ်ကြည့်မိရင်... ချစ်မိသွားလိမ့်မယ်လို့ ခံစားနေရတယ်။"
ရှဲ့ထျင်ထျင်က နောက်လိုက်သည်။ "နင်သူ့ကို ချစ်မိသွားပြီလို့တောင် ငါထင်တယ်နော်။"
ရှားရန်ရန်က ရှဲ့ထျင်ထျင်ကို ရိုက်လိုက်ပြီး ပြုံးသွားပါသည်။ "နင်သိလား။ သူ့ကိုပထမဆုံး တွေ့တဲ့အချိန်တုန်းကဆို လှိုင်းပြာပင်လယ်အော်နယ်မြေထဲကို သုံးဘီးကြီး စီးလာတာလေ။ ငါအမြင်မှားမိတာလို့ ထင်ပေမယ့် တကယ်ကြီး သုံးဘီးစီးလာတာဟ..."
ရှဲ့ထျင်ထျင်က မျက်လုံးကျယ်သွားပြီး မေးလိုက်ပါသည်။ "လှိုင်းပြာပင်လယ်အော်ကို သုံးဘီးစီးသွားတယ်ဟုတ်လား။ လုံခြုံရေးတွေက သူ့ကို ဝင်ခွင့်ပေးလို့လား။"
ရှားရန်ရန်က ခေါင်းငြိမ့်လိုက်ပါသည်။ "သူက အိမ်ပိုင်ရှင်ပဲလေ။ သူ့ရဲ့ နှလုံးသား ရေကန်ဗီလာကြီးက လှိုင်းပြာပင်လယ်အော်တစ်ခုလုံးမှာ အကောင်းဆုံးပဲ။ ဘယ်သူမှ သူနဲ့ မယှဥ်နိုင်ဘူး။"
ရှဲ့ထျင်ထျင် ကြက်သေသေသွားခဲ့ပါသည်။ ချမ်းသာသည့်အပြင် အရေးကြီးဆုံးအရာက ရှားရန်ရန်၏ သဘောထားပင်ဖြစ်ပါသည်။
ရှဲ့ထျင်ထျင်အတွက်တော့ ဒီလိုလူမျိုးက သူမနဲ့ အရမ်းအလှမ်းဝေကွာလွန်းလှသည်ဟု ခံစားမိသည်။ ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုလည်း ဘာမှရှိလိမ့်မည်မဟုတ်ပါ။
ဥပမာအားဖြင့် အလီဘာဘာဘော့စ် ဂျက်မားနှင့် ဂျေဒီဘော့စ်ဝမ်တို့ဖြစ်ကြသည်။ သူတို့အားလုံးက အလွန်ချမ်းသာသော လူများ ဖြစ်ကြ၏။ မနာလိုဖြစ်တာကလွဲပြီး သူတို့ကြားက ကွာဟမှုက ကြီးမားလွန်းသဖြင့် ကျန်တာ ဘာမှ မခံစားမိပါ။
သို့သော်လည်း ရှားရန်ရန်က ဘယ်လိုလူမျိုးလဲ။ သူမက တင်ရင်လှပပြီး ပန်းလေးတစ်ပွင့်လို လှပလှပါသည်။ ထို့ကြောင့် သူမကို သဘောကျသည့် လူများစွာ ရှိသည်။ တချို့ ဒုတိယမျိုးဆက် သူဌေးသားအချို့လည်း အပါအဝင်ဖြစ်ပါသည်။
မိန်းမလှလေးများအားလုံးကို ဒုတိယမျိုးဆက် သူဌေးသားများက ရှာဖွေနေကြသည်။ သူတို့ကြားထဲမှာမှ ပိုင်ဆိုင်မှု သန်းဆယ်ချီသည့် ဒုတိယမျိုးဆက် သူဌေးသားများလည်းပါသည်။ ရှဲ့ထျင်ထျင်လည်း သူတို့ကို မြင်ဖူးပါသည်။
ရှားရန်ရန်က ခမ်းနားသည့် ချစ်ရေးဆိုခြင်းများကို ငြင်းဆန်ခဲ့သည်။
သို့သော်လည်း ထိုအိမ်ပိုင်ရှင်နှင့် ရှားရန်ရန် ဆုံသောအခါ သူ့ကို လုံးဝ ချစ်မိသွားပြီဟု ခံစားလိုက်ရပါသည်။
ရှဲ့ထျင်ထျင်က မေးလိုက်၏။ "သူက အရမ်း ဆန်းကြယ်တဲ့ ပုံပဲနော်။ သူ့နာမည်က ဘယ်လို ခေါ်လဲ။"
ရှားရန်ရန်က သရော်လိုက်သည်။ "လျှို့ဝှက်ချက်"
ရှားရန်ရန်က ဆက်ပြောသည်။ "သူက အရမ်းချောတယ်။ ငါသူ့ကို အများကြီး သဘောကျပေမယ့် သူငါ့ကို သဘောမကျတာ ငါသိပါတယ်။ သူငါ့ကိုသာကြိုက်ရင် အခုထိ တစ်ကိုယ်တော်သမားဖြစ်နေမှာ မဟုတ်ဘူး။"
ရှဲ့ထျင်ထျင်က ထိုစကားများကို ကြားသောအခါ ပို၍ပင် စိတ်လှုပ်ရှားသွားခဲ့ပါသည်။ သူမက လျှို့ဝှက်ချက်ပင် ထားချင်တာတဲ့လား။ "သူနင့်ကို ဖွင့်ပြောမယ်ဆိုရင် နင်လက်ခံမှာလား။"
ရှားရန်ရန်က ရှက်သွေးဖြာသွားပါသည်။ "နင်ကလည်း အဲ့တာ မဖြစ်နိုင်ပါဘူး။"
ဒါက ပြောစရာ မလိုသော သဘောတူညီမှုဖြစ်သည်။
လင်းဖန်သာ သူမကို ဖွင့်ပြောချင်ပါက ... သူမ သေချာပေါက် လက်ခံမိပါလိမ့်မည်။
ရှဲ့ထျင်ထျင်က ပခုံးတွန့်ကာ ပြောလိုက်သည်။ "သူနင်နဲ့ အတူတူ အိပ်ချင်တယ် ဆိုရင်ကော..."
ရှားရန်ရန်၏ မျက်နှာက ပို၍ပင် နီရဲသွားပါသေးသည်။ "ဒါဆိုလည်း သူ့အတွက် ကလေး မွေးပေးတာပေါ့။ ကလေးလေးကလည်း အရမ်းချောလိမ့်မယ်။"
ရှဲ့ထျင်ထျင်: "..."
ဒီမိန်းမကတော့ ဆေးမမှီတော့ဘူး။
သူ့ကို လုံးဝ သဘောကျသွားပြီ။
သူက ဒီတိုင်း ရုပ်ချောချော လူတစ်ယောက်ပဲ မဟုတ်ဘူးလား။ သူမဆို ဒီလိုကြယ်ပွင့်မျိုးကို တစ်ခါမှ မလိုက်ခဲ့ဖူးပါ။
အလွန် ဆန်းဆန်းကြယ်ကြယ်ဖြစ်အောင်တောင် ပြောခဲ့ပါသေးသည်။
သို့သော်လည်း သူမ နည်းနည်းတောာ့ မနာလိုဖြစ်မိ၏။ ရှဲ့ထျင်ထျင်က သူမလက်ထဲက ဝီချက်ကို ကြည့်လိုက်သည်။ သူမရဲ့မိသားစုသာ သူမကို အားကိုးလို့ရတဲ့ တစ်ယောက်ယောက်နဲ့ မျက်မမြင် ချိန်းတွေ့ခြင်း စီစဥ်ပေးခဲ့ရင်...
ဘယ်သူပဲဖြစ်ဖြစ် ကားမရှိ၊ အိမ်မရှိ၊ အလုပ်အကိုင်မရှိတဲ့ လင်းဖန်ထက်တော့ သေချာပေါက် ပိုတော်နိုင်မှာ မဟုတ်လား။
ထိုအချိန်တွင် ရှားရန်ရန်၏ ဖုန်းသံ မြည်လာခဲ့ပါသည်။
ရှားရန်ရန်က ဖုန်းပြောပြီးနောက် အလွန် အံ့အားသင့် ပျော်ရွှင်သွားပါသည်။
"ညှို့အားပြင်းတဲ့ မင်းသားလေး လာပြီ။ ငါသူ့ကို အရင်သွားကြိုဆိုလိုက်ဦးမယ်နော်" ရှားရန်ရန်က ပြောလိုက်ပါသည်။ ထို့နောက် ဖုန်းကို အိတ်ထဲအမြန်ထည့်လိုက်ပြီး မှန်ထဲတွင် ကိုယ့်ကိုယ်ကို ပြန်စစ်ကြည့်လိုက်သည်။
သူမ လှပနေမှန်းသေချာမှ တံခါးအပြင်ဘက်သို့ ထွက်သွားလေသည်။
"ကျွတ်... နင့်ရဲ့ ညှို့အားပြင်းတဲ့ မင်းသားလေး ဘယ်လောက်တောင် ဆန်းကြယ်နေလဲ ငါကြည့်ချင်မိတယ်" ရှဲ့ထျင်ထျင်က ပြတင်းပေါက် အနားတွင် ရပ်ကာ ကြည့်လိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် သူမ၏ ညှို့အားပြင်းသည့် မင်းသားလေးက ဒီက အိမ်ပိုင်ရှင်တစ်ဦးဖြစ်သဖြင့် သူဘယ်လိုပုံစံမျိုးလဲဆိုတာ သူမလည်း သိချင်ပါသည်။
ထိုညှို့အားပြင်းသည့် မင်းသားလေးကလည်း အလွန်ချောမောလွန်းပါသည်။ ရှဲ့ထျင်ထျင်က မျက်မမြင် ချိန်းတွေ့ခြင်း မတိုင်ခင် သူမအမေ သူမကို ပေးခဲ့ဖူးသော ဓာတ်ပုံကို ပြန်စဥ်းစားကြည့်လိုက်သည်။ လင်းဖန်၏ ဓာတ်ပုံဖြစ်ပါသည်။
သူက ချောတော့ ချောပါသည်။ ကံဆိုးတာက ကားမရှိ၊ အိမ်မရှိ၊ ပိုက်ဆံလည်းမရှိသူ ဖြစ်နေသည်။ သူမ စိတ်မဝင်စားတော့ပါ။
...
ဖုန်းဆက်ပြီးနောက် လင်းဖန်က သူ့ Bugatti ကြီးကို နယ်မြေဝင်ပေါက်ထဲသို့ မောင်းလာခဲ့ပါသည်။
ရှားရန်ရန်က သူ့ကို စောင့်နေခဲ့၏။
ဒီနေ့ ရှားရန်ရန်က သူမတူအောင် လှလှပပ ဝတ်ဆင်ထားခဲ့သည်။ သူမ၏ နှင်းလိုဖြူဖွေးသော ခြေချောင်းလေးများက ဆွဲဆောင်မှုရှိကာ သူမ၏ အသွင်အပြင်ကလည်း မဆိုးလှပါ။ ပုံစံအားဖြင့် ၁၀ မှတ်တွင် ၉ မှတ်ရနိုင်သည့် ကောင်မလေး များများစားစားမရှိပါ။
"ကျွန်တော့်ကို အိမ်ပြခိုင်းဖို့ ဒုက္ခပေးပြီး လာခိုင်းရပြန်ပြီဗျာ" လင်းဖန်က ကားထဲမှ ထွက်လာပြီး ပြုံးပြလိုက်ပါသည်။
"ဒုက္ခ မဟုတ်ပါဘူးရှင်။ ရှင်ကကော ဒီမှာ အိမ်တစ်လုံး ထပ်ဝယ်လိုက်ပြန်ပြီပေါ့။ ကျွန်မ အရမ်းမနာလိုဖြစ်တာပဲ။ ကျွန်မတော့ အိမ်တစ်လုံး ဘယ်တော့ ပိုင်မလဲ မသိပါဘူးရှင်" ရှားရန်ရန်က အနည်းငယ် စိတ်မကောင်းဖြစ်သွားသည့်ပုံပေါ်ပါသည်။
သာမန်အလုပ်သမားများအတွက် ယွမ် သန်း ၂၀ တန်သည့် အိမ်တစ်လုံးကို ဘယ်တော့မှ တတ်နိုင်မည် မဟုတ်ပေ။
သိန်းကျော်ကျော်လောက် စုမိပြီး ကောင်တီ အိမ်တစ်လုံး ပိုင်လျှင် လုံလောက်ပါပြီ။
ရှားရန်ရန်က လှပသော်လည်း အိမ်ရာမြေ လုပ်ငန်းမှ သူမ ငွေဘယ်လောက်များများ ရနိုင်မှာလဲ။ သူမက အလွန်တော်ပြီး လှိုင်းပြာပင်လယ်အော်အိမ်ရာနဲ့ ကြွေပန်းဥယျာဥ်အိမ်ရာတို့မှာ အိမ်ရာမြေအေးဂျင့် ဖြစ်လာခဲ့ပါသည်။ သို့သော်လည်း ဒီလိုဆိုရင်တောင် သူမ အိမ်တစ်လုံး ဝယ်နိုင်ဖို့ အဝေးကြီး လိုနေပါသေးသည်။
"ကြိုးစားပါ ခင်ဗျားလုပ်နိုင်မှာပါ" လင်းဖန်က အားကိုးလိုက်သည်။
"ကြိုးစားမှာပါ" ရှားရန်ရန်က ချစ်ဖို့ကောင်းသော မျက်နှာလေး လုပ်ပြလိုက်ပါသည်။
ရှဲ့ထျင်ထျင် ကြောင်သွားသည်။
ဒီလူက တကယ်ပဲ ချောမောပါသည်။
သို့သော်... သူ့ကို ဘာလို့ နည်းနည်း ရင်းနှီးနေသလို ခံစားရပါလိမ့်...။
ရုတ်တရက် သူမ၏ ဖုန်းထဲက ဓာတ်ပုံကို ရှဲ့ထျင်ထျင် သတိရသွားသည်။ ရှဲ့ထျင်ထျင် ထုတ်ကြည့်လိုက်သည်။ တကယ် နည်းနည်း ဆင်နေပါသည်။
မဟုတ်မှလွဲရော...
"မဟုတ်မှလွဲရော တကယ်ပဲ သူများလား" ရှဲ့ထျင်ထျင်က ရှားရန်ရန် တာဝန်ယူထားရသည့် အိမ်နှစ်လုံး၏ ပိုင်ရှင်အမည်ကို သွားစစ်ဆေးကြည့်လိုက်ပါသည်။
လင်းဖန်...
တကယ် လင်းဖန်ပဲ။
ရုတ်တရက် အမှားကြီးမှားခဲ့သည်ဟု ရှီထျင်ထျင် ခံစားလိုက်ရပါတော့သည်။
လင်းဖန်က ချမ်းသာလွန်း၏။ သူ့တွင် သန်းရာချီ တန်ဖိုးရှိသည့် Bugatti ပြိုင်ကားကြီး ရှိပြီး လှိုင်းပြာပင်လယ်အော်အိမ်ရာတွင် နှလုံးသားရေကန်ဗီလာတစ်လုံး ပိုင်ထား၏။ ကြွေပန်းဥယျာဥ်အိမ်ရာမှာတောင် အိမ်နှစ်လုံး ပိုင်ထားသေးပါသည်။
"ဘုရားဘုရား... လင်းဖန် နင်က အရမ်းချမ်းသာတာပဲ။ ငါ့ကို ဘာလို့ လိမ်ရတာလဲ" ရှဲ့ထျင်ထျင် လင်းဖန်ကို မေးမြန်းခဲ့တုန်းက အချိန်ကို ပြန်မှတ်မိသွားပါသည်။
လင်းဖန်ကို ပထမဆုံး မြို့ပြင်မှာ အိမ်ရှိသလား၊ Audi A7 ကားရှိလား၊ အလုပ်ရှိလား ၊ အာမခံရှိလား၊ ပိုက်ဆံရှိလား မေးမြန်းခဲ့သည်။
သို့သော် လင်းဖန်က သူမ၏ မေးခွန်းအားလုံးကို ငြင်းဆိုခဲ့ပါသည်။
အဘယ့်ကြောင့်ဆိုသော် ကြွေပန်းဥယျာဥ် ကျောင်းခရိုင်က အိမ်နှစ်လုံးပဲဖြစ်စေ၊ နှလုံးသားရေကန် ဗီလာကြီးပဲ ဖြစ်စေ မြို့ပြင်မှာ ရှိမနေခြင်းကြောင့်ဖြစ်သည်။ ထိုနယ်မြေ နှစ်ခုက အိမ်များမှာ မယုံကြည်နိုင်ဖို့ ကောင်းလောက်အောင် စျေးကြီးလွန်းသည်။
Audi A7 ကားကလည်း ယွမ်သိန်းကျော်ကျော်သာ ပေးရသည်။ သို့သော်လည်း လင်းဖန်က သန်းရာချီတန်ဖိုးရှိသော ပြိုင်ကားတစ်စီးကို မောင်းနေသည်။
အလုပ်၊ အာမခံနှင့် ပိုက်ဆံတွေကို လင်းဖန် ဘာမှ မလိုအပ်ပါ။။
သူ့အိမ်နှစ်လုံးစလုံးကို ငှားရမ်းလိုက်ပါက တစ်နှစ်ကို ဝင်ငွေ နှစ်သန်းလောက် ရနိုင်ပါသည်။
ရှဲ့ထျင်ထျင် လင်းဖန်အား ဘယ်လို Block ခဲ့ကြောင်း ပြန်စဥ်းစားမိကာ အပြစ်ရှိသလို ခံစားခဲ့ရပါသည်။
အစကတော့ လင်းဖန်ကို သူမ အထင်မသေးပါဘူး။ လင်းဖန်တွင် အိမ်မရှိ၊ ကားမရှိ၊ အလုပ်မရှိကြောင်း သိလိုက်ရမှ ဒီစကားဝိုင်းကို ဆက်ပြောစရာ မလိုတော့ဘူးဟု ခံစားခဲ့ရခြင်း ဖြစ်ပါသည်။
ရှဲ့ထျင်ထျင်က အနည်းငယ် နောင်တရသော်လည်း တချို့အရာများကို အတင်းလုပ်ယူလို့ မရမှန်း သူမ သိပါသည်။
သူမက လှပတဲ့အထဲ ပါသော်လည်း ရှားရန်ရန်ကိုတော့ မယှဥ်နိုင်ပါ။ ရှားရန်ရန်၏ ရင်ဘတ်က သူမထက် ပိုကြီးပြီး စိတ်ထားကလည်း ပိုကောင်းသည်။
လင်းဖန်ကို သူမ အခု လိုက်မယ်ဆိုရင်တောင် သူမ သိုက်တူးသမား တစ်ယောက်နှင့် တူသွားပါလိမ့်မည်။ သူမက သိုက်တူးသမား မဟုတ်ပါဘူး။
သူမရင်ထဲက လင်းဖန်၏ ပုံရိပ် ရုတ်တရက်ကြီး ပိုကြီးမားလာတာကိုသာ ခံစားမိပါသည်။
မျက်မမြင် ချိန်းတွေ့ခြင်း တုန်းက သူမ အမှားတစ်ခုခု လုပ်ခဲ့သည်ဟု ခံစားမိသည်။ လင်းဖန်ကို သူမ တောင်းပန်ရပါမည်။
"ငါ့အပြစ်တွေ။ ဒီနေ့ဖြစ်ခဲ့သမျှ အပြစ်တွေက အားလုံးငါ့အပြစ်တွေချည်းပဲ"။
"ဒါပေမယ့် လင်းဖန်က ဒီလောက်ထိ တော်ပြီး ချောနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ငါနင့်ကို တောင်းပန်မယ်။ င့ါကိုနင် မျက်နှာသာတော့ ပေးမှာပါနော်" ရှဲ့ထျင်ထျင်က အနည်းငယ် အံ့သြသွားပါသည်။
သူမက လင်းဖန်နောက်ကို သိုက်တူးသမား တစ်ယောက်လို လိုက်မည်မဟုတ်ပါ။ လင်းဖန်ကို အိပ်ယာပေါ်တွင် စောင့်နေမှာလည်း မဟုတ်ပေ။ အတုအယောင် ဆန်လွန်းလိမ့်မည်။
ထို့အစား သူမ ပျော်ပျော်ကြီး တောင်းပန်ပေမည်။
သို့သော်လည်း လင်းဖန်သာ သူမကို မျက်နှာသာ မပေးပါက သူ့ကို ကိုက်ပစ်ပါမည်။
ဒီလောက်ထိ တော်သည့် လူတစ်ယောက်က သူမရှေ့တွင် ရောက်နေလေပြီ။ အနာဂတ်တွင် သူမ၏ သူငယ်ချင်းပင် ဖြစ်လာနိုင်ပါသည်။
ရှဲ့ထျင်ထျင်က ဒီလိုဇာတ်နိမ့်နေတတ်၊ ကျိုးနွံတတ်ပြီး ချမ်းသာကာ ချောမောသော သူငယ်ချင်းမျိုးရဖို့ ပီတိဖြစ်နေပါပြီ။
နောက်ပိုင်း လင်းဖန်အနားသို့ ကပ်ပင် ကပ်နိုင်လောက်သည်။
ဒီလောက်တော်သည့် သူငယ်ချင်းမျိုးထားဖို့ တန်ပါသည်။