အခန်း(၂၉) တစ်ကိုယ်တည်းသမားများကို နှိပ်စက်ခြင်း
Vol. 2 Ch. 29
အခန်း(၂၉) တစ်ကိုယ်တည်းသမားများကို နှိပ်စက်ခြင်း
စုရှောင်းယွီက မျက်တောင်ခတ်ရင်း လင်းဖန်၏ တုံ့ပြန်မှုကို စိတ်ဝင်စားစွာ ကြည့်နေခဲ့သည်။ သူမ၏ လက်ထဲတွင် သခွားသီးတစ်လုံးကို ကိုင်ထားပြီး သေးသေးလေး ကိုက်စားလိုက်သည်။ အရသာရှိလှပါသည်။
"ရှောင်းယွီ" ရှားဝမ်ချွေ့၏ မျက်နှာက အနည်းငယ် နီရဲလာပြီး စုရှောင်းယွီကို ကြည့်ရင်း ရှောင်းယွီ၏ လက်ကောက်ဝတ်ကို စတင် ကလိထိုးတော့သည်။
"အား ယားတယ် ယားတယ် ဟီးဟီးဟီး။ အစ်မဝမ်ချွေ့ စဥ်းစားနေတာကို ပြောလိုက်မိတာပါ” ရှောာင်းယူက တစ်ခစ်ခစ် ရယ်မောလိုက်ပါသည်။
"နင်ငါ့ကို ကလိထိုးရင် ငါလည်း နင့်ကို ကလိထိုးမှာ~” စုရှောင်းယွီက သခွားသီးကို ကိုက်စားလိုက်ပြီး သူမ၏ လက်ကို ရှားဝမ်ချွေ့၏ လက်ကောက်ဝတ်ပေါ်တွင် တင်လိုက်ပါသည်။
"ရှောင်းယွီ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ ငါအဲ့လို ပြောခဲ့တာမျိုး မရှိဘူး" ရှားဝမ်ချွေ့က မျက်နှာလွှဲလိုက်ပါသည်။ သူမ၏ မျက်နှာက အနည်းငယ် နီရဲနေ၏။
သူမကိုယ်တိုင်တောင် ဘာဖြစ်လို့ ဒီလို သိသိသာသာကြီး တုန့်ပြန်မိမှန်း မသိတော့ပါ။
မနေ့ကတင် လန်းဖန်ကို ကြိုက်တဲ့လူတိုင်းက ဝက်ဟု သူမ ပြောခဲ့သည်။ သူ့ကိုသဘောကျမှန်းသာ ဝန်ခံလိုက်ပါက သူမ ဝက်ဖြစ်သွားပြီး လင်းဖန် လှောင်ရယ်တာကို အကြာကြီး ခံရပါလိမ့်မည်။
"အေးပါ နင်မပြောဘူးဆိုလည်း မပြောဘူးပေါ့။ အဲ့တာတွေက နင့်ရင်ထဲက စကားတွေပဲမလား" စုရှောင်းယွီက သခွာသီး နောက်တစ်ကိုက် ကိုက်ကာ လင်းဖန်၏ တုန့်ပြန်မှုကို ချစ်ဖို့ ကောင်းစွာ စောင့်ကြည့်နေသည်။
"လင်းဖန် အစ်မဝမ်ချွေ့က အရမ်းလှတာနော်။ သူ့ကို သဘောကျလား” စုရှောင်းယွီက လင်းဖန်ကို ကြည့်ကာ မေးလိုက်ပါသည်။
"ဘယ်သူက သူ့ကို သဘောကျမှာလဲ။ သူ့ရင်ဘတ်က သေးသေးလေး" လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်ကာ ဝေဖန်လိုက်ပါသည်။
"..." ရှားဝမ်ချွေ့ ဒေါသထွက်စွာဖြင့် မတ်တပ်ရပ်လိုက်ပါသည်။
သူမရဲ့ ပရိတ်သတ်တွေသာ ဒါကို ကြားလျှင် ဒေါကပေါက်ကွဲထွက်သွားနိုင်သည်။
သူမ၏ ခန္ဓာကိုယ် အချိုးအစားများက ပြီးပြည့်စုံသည်။ ထို့အပြင်... သူမ၏ ရင်ဘတ်ကလည်း ကြီးပါသည်။ အကျင့်မကောင်းတဲ့ လင်းဖန်က သူမကို သေးသည်ဟု ထပ်ပြောပြန်ပြီ။
လခွမ်း လခွမ်း။ ပြဿနာ ရှာနေတာပဲ။
"ဟုတ်လား။ ဒါဆို နင်က ရင်ဘတ်ကြီးတဲ့ မိန်းမတွေကို သဘောကျတာပေါ့။ ဒါဆို ငါ့မှာ အခွင့်အရေးမရှိဘူးပေါ။ ဘာပဲဖြစ်ဖြစ် သေးသေးလေးတွေကိုး။"
"ဒါပေမယ့် အစ်မဝမ်ချွေ့က အကြီးကြီးပဲလေ" စုရှောင်းယွီက စိတ်ဓာတ်ကျစွာဖြင့် သူမ၏ ရင်ဘတ်ပါးပါးကို ထိလိုက်သည်။ သူမ၏ လှပသော မျက်လုံးများက ရှားဝမ်ချွေ့ကို ကြည့်ရင်း တခစ်ခစ် ရယ်မောနေပါသည်။
"ရှောင်းယွီ ကိုယ့်ကိုယ်ကို ထိန်းစမ်း။ နောက်တစ်ခါ မဟုတ်တာ ထပ်ပြောရင် နင့်ကို ထပ်ခေါ်မလာတော့ဘူး" ရှားဝမ်ချွေ့က စုရှောင်းယွီကို ကြည့်ကာ သူမ၏ မျက်နှာကို ဆိတ်လိုက်ပါသည်။
"အစ်မ ဝမ်ချွေ့ နင်ရှက်နေတာပဲ" စုရှောင်းယွီက အနိုင်ယူခံမည့်လူမျိုးမဟုတ်ဘဲ ရှားဝမ်ချွေ့၏ မျက်နှာကို ထိလိုက်ပါသည်။
"ဘာမှ မရှက်ဘူး" ရှားဝမ်ချွေ့က နှုတ်ခမ်းစူရင်း စူးစူးရှရှ ကြည့်လိုက်ပါသည်။
ရှားဝမ်ချွေ့ မကောင်းသလို ခံစားရကာ ဒေါသထွက်နေပါသည်။ သို့သော်လည်း စုရှောင်းယွီကို ကုတ်တာက လွဲပြီး ကျန်တာ ဘာလုပ်နိုင်ဦးမှာလဲ။
အဲ့ဒီမုန်းစရာ စုရှောင်းယွီကိုတော့ ပြန်ရောက်ရင် ကုတ်ရဦးမယ်။
"နင်တို့ ဘာစားချင်ကြလဲ” လင်းဖန်က ပြုံးလိုက်ပါသည်။ ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ကို ကြည့်ရင်း အဓိက ကိစ္စကို ပြန်ပြောလိုက်ရလေသည်။
"နင့်ကို စားမှာ" ရှားဝမ်ချွေ့က လင်းဖန်ကို စူးစိုက်သော မျက်နှာမျိုးဖြင့် ကြည့်လိုက်ပါသည်။
"သြော် ငါက ယန်ကျိုးထမင်းကြော်ရယ်၊ ခေါက်ဆွဲချဥ်စပ်ရယ်၊ သခွားသီးထောင်းရယ်၊ ကြက်သားကင်ရယ်၊ ပြောင်းဖူးအချိုကြော်နဲ့ မြေပဲရယ်၊ ခွန်းပေါင် ကြက်သားရယ်၊ ငါးအရသာ ဝက်သားမွှကြော်ရယ်၊ ဝက်နံရိုးချဥ်စပ်ရယ်၊ အာလူးချဥ်စပ်ရယ်၊ ခရမ်းချဥ်သီး ကြက်ဥ စွပ်ပြုတ်ရယ် စားမယ်” လင်းဖန် ဘာစားမလဲမေးသောအခါ စုရှောင်းယွီ၏ မျက်လုံးများ အပေါ်တက်သွားသည်။
အရသာရှိလိုက်တဲ့ အစားအသောက်တွေ...
နောက်ဆုံးတော့ အရသာရှိတာ တစ်ခုခု တွေ့ခဲ့ပြီကွ။
အစားသောင်းကျန်းသူ တစ်ယောက်ဖြစ်သောကြောင့် သူမ ခိုးထွက်ရတာခက်သည်။ ထို့ကြောင့် အရသာ ရှိတာ ဘာကြောင့် မစားရမှာလဲ။
ဒီက အစားအသောက်များသာ အရသာမရှိဘူးဆိုလျှင် စုရှောင်းယွီက လင်းဖန်ကို လျစ်လျူရှုလိမ့်မည်။ လင်းဖန်က ရုပ်ချောချော မချောချော သူမ ဂရုမစိုက်ပါ။ သူမက အရသာ အရမ်းရှိသော အစားအသောက်များကို စားချင်ရုံသာဖြစ်သည်။
ဒီလောက်များပြားသော အရသာရှိသည့် ဟင်းလျာနာမည်များကို ကြားသောအခါ ရှားဝမ်ချွေ့ တံတွေးမျိုချလိုက်ပါသည်။
ငါလည်း... အကုန်စားချင်တယ်။
"ငါ ငါးပေါင်းထပ်မှာလို့ ရမလား” ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်လိုက်ပါသည်။
လင်းဖန်က ချွေးပြန်သွားပြီး ပြောလိုက်၏။ "နင်တို့နှစ်ယောက်က တစ်ခါတည်းနဲ့ ဟင်းလျာ ၉မျိုး မှာလိုက်တာလား”
ရှားဝမ်ချွေ့က ခေါင်းငြိမ့်ကာ စုရှောင်းယွီကို ကြည့်လိုက်သည်။ "မြောင်မြောင် နင်က ဝက်များလား။ တစ်ချီတည်းနဲ့ ဘာလို့ ဒီလောက် အစားတွေ အများကြီး စားနိုင်တာလဲ။ လင်းဖန်က ချက်ပြုတ်ဖို့အတွက် အကြာကြီး လုပ်ရမှာ။ အရမ်းပင်ပန်းလိမ့်မယ်။”
စုရှောင်းယွီက သူမ၏ လှပသော မျက်လုံးလေးများကို မော့ကာ ရှားဝမ်ချွေ့နှင့် လင်းဖန်တို့ကို ကြည့်လိုက်ပါသည်။ "ဟင်း ဒါတောင် သူ့ကို သဘောမကျဘူးလို့ ပြောရဲသေးတယ်ပေါ့။ နင်က ဒီလောက်ထိ သူ့ကို ကာကွယ်ပေးနေတာ နှစ်ယောက်စလုံး တေးတူတူသီဆိုတဲ့ စုံတွဲတွေလိုပဲ။”
လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ တစ်ချိန်တည်းမှာ ပြောလိုက်ပါသည်။ "မဟုတ်ဘူး။”
စုရှောင်းယွီက သူမ၏ လျှာကို ထုတ်ပြလိုက်သည်။ "တကယ်လား။ နင်တို့နှစ်ယောက်က တကယ်လိုက်ဖက်တယ်နော်။”
လင်းဖန်နှင့် ရားဝမ်ချွေ့တို့ တစ်ပြိုင်တည်း ထပ်ပြောလိုက်ပါသည်။ "ငါတို့ တကယ် မကြိုက်ဘူး။”
လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။ "နင်ငါ့စကားကို ခိုးသွားတယ်။"
ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်ပြီး ခြေကို ဆောင့်နင်းလိုက်သည်။ "နင်ကမှ ငါ့စကားကို ခိုးတာ...”
သူတို့ တစ်ယောက်ကိုယ်တစ်ယောက် ကျောခိုင်းလိုက်ကြပြီး လျစ်လျူရှုလိုက်ကြသည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ။ ဝူအာ့လင်နေ့ရက်ကို ကျော်နေပြီနော်။ ငါက ဒီတိုင်း လာစားတာ နင်တို့နှစ်ယောက် ဘာလို့ တစ်ကိုယ်တည်းသမားတွေကို အနိုင်ကျင့်နေတာလဲ။ တစ်ကိုယ်တည်းသမားတွေကို အနိုင်ကျင့်လို့ မရဘူးနော်” စုရှောင်းယွီက ပြောလိုက်ပါသည်။
"ခုနက ဟင်းပွဲတွေ အကုန်လုံးကို ပေါင်းလိုက်မယ်။ ၃၂၈ ယွမ်ကျတယ်။ ဒီမှာ ၄၀၀ ယွမ်။ ပြန်မအမ်းနဲ့တော့” စုရှောင်းယွီက စားပွဲပေါ်တွင် ယွမ် ၄၀၀ ကိုတင်ပေးလိုက်ပါသည်။
စူပါစတား တစ်ယောက်ဖြစ်သည့်အပြင် စုရှောင်းယွီက သူဌေးမလေးတစ်ယောက်လည်း ဖြစ်ပါသည်။ သူမက မိသားစုကောင်း တစ်ခုမှ ဆင်းသက်လာခြင်းဖြစ်ပြီး အလွန်ချမ်းသာသည်။ လိုလီတာ အဝတ်အစားများကို ဝတ်ဆင်နိုင်သည့် ကောင်မလေး တစ်ယောက်က ဘာကြောင့် ဆင်းရဲမှာလဲ။
"နင်တို့တွေ တကယ် အများကြီး မှာကြတာလား” လင်းဖန်က တိုးတိတ်စွာဖြင့် ပိုက်ဆံကို သိမ်းလိုက်ပါသည်။ ရှားဝမ်ချွေ့က သူနဲ့ ဆက်ဆံရေး ကောင်းမွန်သော်လည်း အစားအသောက်အတွက် ငွေရှင်းရပါမည်။
"ဟုတ်တာပေါ့ လင်းဖန်။ အရသာမကောင်းရင် ငါစိတ်ဆိုးပြီး နင့်ကို ခွေးလိုကိုက်ပစ်မှာ။ အာဝု..." စုရှောင်းယွီက ဗိုက်ကို ပွတ်လိုက်ပြီး မစောင့်နိုင်တော့ပေ။
"အဲ့တာ ဝံပုလွေအူသံမလား” ရှားဝမ်ချွေ့က ပြုံးလိုက်ပြီး လက်နှစ်ဖက်စလုံးဖြင့် ကြောင်လက်သည်းထုတ်သလို လုပ်ပြလိုက်သည်။ "ငါ့လိုလေ မြောင်~ ကုတ်မှာနော်။”
"ရှူးး ကြောင်နဲ့ ခွေးက အကုန်တူတူပဲကို။ အာဝု။ ဝံပုလွေတွေတော့ သဘောမကျဘူး။ သူတို့က လူသားစားတယ်" စုရှောင်းယွီက ချစ်ဖို့ကောင်းသော လက်ဟန်အနေအထားလေး လုပ်ပြလိုက်ပါသည်။
"ငါ့မှာ ခေါက်ဆွဲချဥ်စပ်ကော ကြက်ကင်ကော မရှိဘူး။ တခြား ဟင်းတွေကို မကြာခင် ပို့ပေးပါ့မယ်” လင်းဖန်က ပိုက်ဆံကို သိမ်းကာ မီးဖိုချောင်ထဲ ဝင်သွားလိုက်ပါသည်။
အခု သူ့ဘဝ၏ ပျော်ရွှင်မှုက စားသောက်ဆိုင်ငယ်လေးအား အပန်းဖြေဖို့နဲ့ အနားယူဖို့ ဖွင့်ရန်ဖြစ်ပါသည်။
မကြာခဏဆိုသလို ကောင်းတာ တစ်ခုခု ပြန်ရပြီး ကောင်မလေးများနှင့် ကြူနိုင်ပါသည်။၊ လင်းဖန် လိုချင်တာလည်း ဒီလိုဘဝမျိုးပဲ ဖြစ်သည်။
မာစတာအဆင့် အချက်အပြုတ်စကေးကို ရပြီးကတည်းက ထိုရိုးရှင်းသည့် ဟင်းချက်နည်းများက သူ့အာရုံထဲတွင် အကြိမ် ၁၀၀၀ လောက် ချက်ပြုတ်ဖူးသလို ခံစားရသည်။ အသုံးပြုသည့် ပါဝင်ပစ္စည်းများနှင့် ဟင်းခတ်ပစ္စည်းများကလည်း အဆင့်အမြင့်ဆုံးဖြစ်ပါသည်။ သူ ဘယ်လို ဟင်းလျာမျိုးကိုပဲ ချက်ချက် သူ့အတွက် အလွန်လွယ်ကူနေပါသည်။
သာမန် ကြယ်ငါးပွင့် ဟိုတယ်ကြီးများ၏ ဟင်းလျာများကတောင် လင်းဖန်၏ ဟင်းလျာများလောက် အရသာမရှိနိုင်ပါဘူး။ လင်းဖန်၏ အချက်အပြုတ်စကေးများက နိုင်ငံတော်ရတနာအဆင့်ကို ရောက်ရှိနေပါပြီ။
သူ စတင် ချက်ပြုတ်လိုက်ပြီဆိုတာနဲ့ လင်းဖန်က လေးလေးနက်နက် ချက်ပြုတ်တတ်ပါသည်။
ယနေ့၏ ပထမဆုံး မှာယူမှု ယွမ် ၄၀၀။
ပါဝင်ပစ္စည်းတွေနဲ့ ဓားတွေလာကြစမ်း၊ စလိုက်ကြစို့။
လင်းဖန်တစ်ယောက် မီးဖိုချောင်ထဲမှာ အလုပ်များနေတာကို ကြည့်ရင်း ရှားဝမ်ချွေ့ ရီဝေနေမိပါသည်။
တစ်ခါတုန်းက အချက်အပြုတ်ကို အတည် ချက်ပြုတ်တတ်သည့် ယောက်ျားများက ဆွဲဆောင်မှုအရှိဆုံးဟု သူမ၏ အမေ ပြောခဲ့ဖူးသည်။ ထို့အပြင် လင်းဖန်ကလည်း ချောမောပြီးသားဖြစ်ပါသည်။
"အစ်မဝမ်ချွေ့ နင့်အကြိုက်တာ တကယ်မိုက်တာပဲ။ ငါစားတောင်မစားရသေးဘူး၊ အနံ့လေး မွှေးနေတာကို ခံစားနေရပြီ။ နင်ထပ်ချက်တဲ့ ဟင်းလျာတွေလည်း သေချာပေါက် အရသာရှိမှာပဲမလား” စုရှောင်းယွီလည်း လင်းဖန်ကို မျက်လုံးကျယ်ကျယ်ဖြင့် ကြည့်နေပြီး စပ်စုစွာဖြင့် ပြောလိုက်ပါသည်။
ရှားဝမ်ချွ့က သူမ၏ စကားကို မကြားဘဲ လင်းဖန်ကို ဆက်ကြည့်နေပါသည်။
"ဟဲ့ အစ်မဝမ်ချွေ့” စုရှောင်းယွီက ရှားဝမ်ချွေ့၏ လက်ကို ဆွဲလိုက်ပြီး သူမ၏ နားထဲသို့ တီးတိုးပြောလိုက်ပါသည်။ "မဟုတ်မှလွဲရော နင်လင်းဖန်ကို တကယ်ကြိုက်နေတာလား။”
ရှားဝမ်ချွေ့က စုရှောင်းယွီကို ကြည့်လိုက်သည်။ ဘာကြောင့်မှန်းမသိဘဲ သူမ လိပ်ပြမလုံသလို ခံစားလိုက်ရသည်။ ချက်ချင်း ခေါင်းကို ခါပြီး ပြောလိုက်၏။ "မဟုတ်ဘူး။ သူဘယ်လိုချက်လဲ ကြည့်နေတာပါ။”
"အစ်မ ဝမ်ချွေ့ နင့်ကြည့်ရတာ နည်းနည်း ရီဝေနေသလိုပဲနော်။”
"မဟုတ်ဘူး။ ငါမကြိုက်ဘူးပြောရင် မကြိုက်ဘူးပေါ့ ခွေးမလေး အဓိပ္ပာယ်မရှိတာတွေ ဆက်ပြောနေရင် နင့်ကို တကယ် မသိချင်ယောင် ဆောင်နေတော့မှာနော်။”