← Chapters

အခန်း(၃၀) မင်းမလွန်လွန်းဘူးလား

Vol. 2 Ch. 30

အခန်း(၃၀) မင်းမလွန်လွန်းဘူးလား

Vol. 2 Ch. 30

အခန်း(၃၀) မင်းမလွန်လွန်းဘူးလား

"နင်က ခွေး၊ မဟုတ်ဘူး နင်က ကြောင် ငါက ခွေး။ အာဝူးး...” စုရှောင်းယွီက ပြုံးကာ ပြောလိုက်ပါသည်။

"အာဝူးဆိုတာ ဝံပုလွေအသံလေ~” ရှားဝမ်ချွေ့က ပြောလိုက်ပါသည်။

"မသိဘူးဟာ ဂရုမစိုက်ဘူး။ အာဝူးဆိုတဲ့ အသံက ပိုကြမ်းတယ်လေ။ ဒါပေမယ့် ဝုလို့တော့ အော်လို့မရဘူးမလား” စူရှောင်းယွီက သရော်လိုက်ပါသည်။

"ဝုဝု ဆိုလည်း မဆိုးပါဘူး ခွေးနဲ့လိုက်ပါတယ်။”

"ဝူးး ငါ ဝု မလုပ်ချင်ဘူး။ နင်အရိုက်ခံချင်နေပြီလား။”

"ငါနင့်ကို ပြန်ကုတ်မှာ~~"

ကောင်မလေးနှစ်ယောက်က ပျော်ရွှင်နေကြပါသည်။

အမှန်ပင်။ ဒါကလည်း လင်းဖန်သာ ရှိပြီး ဆိုင်ထဲမှာ တခြားဘယ်သူမှ မရှိသောကြောင့် ဖြစ်ပါသည်။

နာမည်ကျော်နှစ်ယောက်က ကလေးတွေလို ကစားနေကြသည်။

သို့သော်လည်း တကယ် မျက်စိကျစရာ ကောင်းလှပါသည်။

ဒီမြင်ကွင်းက ကြာရှည်တော့ မခံခဲ့ပါ။

ဟင်းလျာများ အသင့်ဖြစ်နေပြီ ဖြစ်သောကြောင့်ပင်။

စုစုပေါင်း ဟင်းလျာ ၉ မျိုးကို စားပွဲပေါ်တွင် တည်ခင်းပေးလိုက်ပါသည်။

သခွားသီးများ၊ ယန်ကျိုးထမင်းကြော်၊ ပြောင်ဖူးကြော်နှင့် မြေပဲများ၊ ခွန်းပေါင် ကြက်ကြော်များ၊ ငါးအရသာ ဝက်သားမွှကြော်များ၊ ဝက်နံရိုးချဥ်စပ်နှင့် အာလူးချဥ်စပ်ဟင်းပွဲများ၊ ခရမ်းချဥ်သီး ကြက်ဥစွပ်ပြုတ်နှင့် ကြောင်ကလေးများ ကြိုက်တတ်သည့် ငါးပေါင်းဟင်းတို့ ပါဝင်ကြပါသည်။

မွှေးရနံ့က သူမ၏ နှာခေါင်းထဲ ဝင်လာခဲ့သည်။ ငရုတ်သီးတချို့နှင့် ပေါင်းလိုက်သောအခါ အာနိသင်က ပို၍ပင် ကောင်းနေပါသေးသည်။ ထို့အပြင် ဒီက ငရုတ်သီးများကိုလည်း လင်းဖန်ကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

ရှားဝမ်ချွေ့က ထိုနေရာတွင် ဣန္ဒြေရှိစွာ ထိုင်နေဆဲဖြစ်ပြီး သူမ၏ မျက်လုံးများက ငါးပေါင်းဟင်းတွင် ပုံသေတည်ရှိနေသည်။

သူမ အပြင်ထွက်ပြီး ငါပေါင်းစားရဖို့က ရှားပါးသည်။ လင်းဖန်၏ ငါးပေါင်းက အလွန် အရသာရှိလွန်းသောကြောင့် ဖြစ်ပါသည်။ ဒီလိုငါးပေါင်းမျိုးကို ဘယ်လိုနေရာမှာမှ ရှာမတွေ့နိုင်လောက်ပါ။

ရှားဝမ်ချွေ့က စုရှောင်းယွီကို ကြည့်လိုက်သည်။ စုရှောင်းယွီကို ခေါ်လာရခြင်းမှာ ထိုအစားပုပ်လေးအား ဒီက အစားအသောက်များက ဘယ်လောက် အရသာ ရှိကြောင်း သိစေဖို့ ဖြစ်ပါသည်။

ထိုအခါ စုရှောင်းယွီက သူမနဲ့ ဒီကိုအတူတူ လာစားဖို့ တောင်းပန်လိမ့်မည်။ ထို့နောက် လင်းဖန်ကို လာတွေ့ဖို့ အကြောင်းပြချက် ရှိလာပါလိမ့်မည်။

ရှားဝမ်ချွေ့က ရှက်သွေးဖြာသွား၏။ သူက ဘာလို့ လင်းဖန်ကို လာတွေ့ရမှာလဲ။

သူမ သဘောကျလို့မဟုတ်သော်လည်း ဒီက အစားအသောက်များက အရသာရှိလွန်သောကြောင့် ဖြစ်ပါသည်။ အလွန်အရသာ ရှိလွန်းပါသည်။ သူမ သူ့ကို သဘောကျခြင်း မကျခြင်းကတော့ သူမ ဘယ်တော့မှ ဝန်ခံမည်မဟုတ်ပေ။

ဝက်တစ်ကောင်တောင် လင်းဖန်ကို မကြိုက်နိုင်ပါ။

"ဝိုးဝိုးဝိုး... အရသာရှိမယ့်ပုံပဲ။ လင်းဖန် ငါ့အိမ်မှာ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေက စားဖိုမှူးတွေရှိတယ်။ သူတို့ချက်သမျှတွေက အရသာရှိနေတာပဲ။ နင်ကောင်းကောင်း ချက်မထားရင် နောက်ပိုင်း အစ်မဝမ်ချွေ့ကို နင့်ဆီ လာခွင့်မပေးတော့ဘူး” ရှုရှောင်းယွီက ပြောလိုက်ပါသည်။ သူမ၏ မိသားစုက တကယ်ပဲ အလွန်ချမ်းသာပြီး စားဖိုမှူးလည်း မလစ်ဟာပါဘူး။

"စိတ်မပူဘဲ စားကြည့်လိုက်စမ်းပါ။ နင်တို့ ဒီကိုခဏခဏ ထပ်လာဖို့ အားကိုးရဦးမယ်။ နင်တို့လာတိုင်း ၄၀၀ ယွမ် ရပြီး တစ်လဆို ၁၂,၀၀၀ ယွမ်ရမှာ။ တော်တော်ကောင်းတယ်” လင်းဖန်က ပြုံးလိုက်ပါသည်။

သူက အခု ချမ်းသာနေသော်လည်း ငွေမလိုတဲ့လူ မရှိပါ။ များနိုင်သမျှ များများ ရှာထားတာပိုကောင်းပါသည်။ မဟုတ်ပါက နောက်ပိုင်း မိန်းမ ဘယ်လိုယူနိုင်မည်နည်း။

လင်းဖန်တွင် စုငွေ ယွမ် ၂ သန်းသာ ရှိသေးသည်။ သူက ငွေလိုအပ်နေဆဲ ဖြစ်ပါသည်။

ပြိုင်ကားနှစ်စီးကိုလည်း ရောင်းလို့မရဘဲ လင်းဖန်က ငှားလည်း မငှားရမ်းချင်ပါ။ သူ့ဘဝကို ထိန်းထားနိုင်ရုံသာ ရှိသေးသည်။

စားသောက်ဆိုင်ငယ်၏ စီးပွားရေးက ဒီလိုပဲဖြစ်သည်။ လင်းဖန်က စီးပွားရေးအကြောင်း တကယ် ဂရုမစိုက်ပါ။ လူအများကြီး လာစားပါက အလွန်ပင်ပန်းနိုင်ပါသည်။

"သြော် အဲ့တာ ငါ့တစ်နေ့တာ မုန့်ဖိုးရက် တစ်ဝက်လောက် ရှိတယ်" စုရှောင်းယွီက တခစ်ခစ် ရယ်မောလိုက်ပါသည်။

"သူဌေးမလေး စားဖို့အချိန်ကျပြီ” ရှားဝမ်ချွေ့က သူမ၏ တူကို ကိုင်လိုက်ပြီး ငါးပေါင်းစားဖို့ အသင့်ဖြစ်နေပါပြီ။

"စားဖို့ အချိန်ကျပြီဟေ့ အာဝူး” စုရှောင်းယွီလည်း စစားလိုက်ပါသည်။

ငါးပေါင်းကို ပါးစပ်အပြည့် ပထမဆုံးတစ်လုတ်စားပြီးသွားသောအခါ စုရှောင်းယွီက လင်းဖန်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ပါသည်။

နူးညံ့လွန်းသည်၊ အရသာရှိလွန်းသည်၊ မွှေးပျံ့လွန်းပါသည်။ ပျော့ပြောင်းပြီး နူးညံ့လှ၏။ တကယ်... အရသာရှိလွန်းပါသည်။

ပြောစရာမလိုအောင် ဝလာမည်ဆိုရင်တောင် ရှားဝမ်ချွေ့ ငါးပေါင်းစားပါလိမ့်မည်။

ကြောင်များက ငါးခြောက်စားရတာကို သဘောကျပြီး သူမက ငါးပေါင်းစားရတာကို ကြိုက်နှစ်သက်သည်။ လင်းဖန်၏ ဒီနေ့ ငါးပေါင်းက ပို၍ပင် စားလို့ ကောင်းနေပါသေးသည်။

ယုရှန်းဝက်သားမွှကြော်၊ ခွန်းပေါင်ကြက်ကြော်၊ ဝက်နံရိုးချဥ်စပ်နှင့် အာလူးချဥ်စပ်ဟင်းတို့ကလည်း အလွန်စားချင်စဖွယ် ကောင်းလှပြီး စားလိုက်သောအခါ အရသာက ပို၍ပင် ကောင်းပါသေးသည်။

"ဝိုး... အရသာရှိလိုက်တာ”

"လင်းဖန် နင်ချက်သမျှ ဟင်းလျာတိုင်းက တကယ် အရသာရှိတယ်။ ဒီလောက်ထိ အရသာ ရှိတဲ့ ဟင်းလျာမျိုးတွေကို တစ်ခါမှ မစားဖူးဘူး။”

"ငါ့မိသားစုက စားဖိုမှူးတွေတောင် နင့်ကို မယှဥ်နိုင်လောက်ဘူး။ ဟွန်း အဖေက ငါတို့ စားဖိုမှူးကြီးရဲ့ အချက်အပြုတ်က အကောင်းဆုံးပဲလို့ ငါ့ကိုလိမ်တယ်။ နောက်ဆုံးတော့လည်း နင့်အချက်အပြုတ်က သူ့ထက်တောင် ပိုကောင်းနေတာပဲ" ရှုရှောင်းယွီက အံ့အားသင့်စွာ ပြောလိုက်ပြီး လင်းဖန်၏ အချက်အပြုတ်ကို ချီးကျူးလိုက်ပါသည်။

"မှန်တယ် မြောင်မြောင်။ ငါ့ငါးပေါင်းကို လာလုမစားနဲ့နော်” ရှားဝမ်ချွေ့က ပြောလိုက်ပါသည်။

"နင် ဝလာလိမ့်မယ်။ ကြောင်လေးရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပေးပါရစေ” စုရှောင်းယွီက နောက်ထပ် ငါးပေါင်းတစ်စကို လုလိုက်ပြန်ပါသည်။

"ငါ့ငါးပေါင်းကိုလုစားရင် နင် ဝိတ်တက်မှာနော်” ရှားဝမ်ချွေ့က စုရှောင်းယွီကို ကြည့်လိုက်ပါသည်။ သူမက ကြမ်းတမ်းပြီး ချစ်ဖို့ကောင်းကာ စိတ်ဆိုးနေသည့် ပုံလည်း ပေါ်သည်။ သူမ၏ ငါးကင်ကို ကြောင်ကလေး တစ်ကောင်လို ကာကွယ်နေပါသည်။

သူမ ငါးပေါင်းစားရဖို့က လွယ်တာ မဟုတ်ပေ။ ထို့နောက် လေ့ကျင့်ခန်း အများကြီး လုပ်ရဦးမည်။ ဒီလောက် အရသာရှိသည့် ဟင်းလျာကို ချက်ပြုတ်ပေးသည့် လင်းဖန်၏ အပြစ်သာ ဖြစ်ပါသည်။

"ကောင်းတာပေါ့ ကောင်းတာပေါ့ ဝိတ်တက်ရင် ရင်ဘတ်ကြီးလာလိမ့်မယ်” စုရှောင်းယွီက ပိုပြီး ပျော်ရွှင်လာသည့်ပုံပင်။

"နင့်ခြေထောက်နဲ့ ခါးတွေပဲ ပိုကြီးလာမှာ။ ကုမ္ပဏီသာ သိသွားရင် ငါတို့ ဝေဖန်ခံရဦးမယ်” ရှားဝမ်ချွေ့က ပြောလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် နာမည်ကျော် အမျိုးသမီး တစ်ဦး၏ ဝိတ်နှင့် ခန္ဓာကိုယ်ပုံစံက အလွန်အရေးပါသည်။

ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့က ဒီလောက် များပြားသည့် အရသာရှိသော ဟင်းလျာများကို ခိုးမှာခဲ့ကြသည်။ သူတို့ကိုသာ လူမိသွားပါက ကြောင်မလေးနဲ့ ခွေးမလေး အကြာကြီး အစားအသောက် ဆင်ခြင်ရတော့မည်။

သူတို့ စားသောက်ပြီးသွားသောအခါ ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့က ထပ်စားချင်နေသေးသည့်ပုံပင်။

ထို့အပြင်... လင်းဖန်အံ့အားသင့်သွားရလောက်အောင် ကောင်မလေးနှစ်ယောက်က ဟင်းလျာအားလုံးကို ကုန်စင်အောင် စားပစ်ခဲ့ကြပါသည်။

ဟင်းလျားများကို ဖြုန်းတီးရာ မကျစေချင်သဖြင့် လင်းဖန်က ငါးပေါင်းကလွဲပြီး ကျန်ဟင်းလျာများကို အများကြီး ချက်မပေးခဲ့ပါ။

သို့သော်လည်း ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့က တကယ့် အစားကြီးသူများဖြစ်ကြသည်။ သူတို့ တကယ်ပြောင်အောင် စားသောက်ခဲ့ကြပါသည်။

ကောင်မလေးနှစ်ယောက် ရန်ဖြစ်နေတုန်း လူကောင်ထွားထွား ယောက်ျားတစ်ယောက် ဝင်လာပြီး စားသောက်ဆိုင်ထဲတွင် ထိုင်ကာ ဆေးလိပ်သောက်လိုက်ပါသည်။

ထိုလူဝင်လာသည့် အခိုက်အတန့်တွင် ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ ဦးထုပ်ဆောင်းလိုက်ကြပြီး ဇာတ်နိမ့်နိမ့် နေထိုင်ခဲ့ကြသည်။

တစ်ယောက်ယောက် ဝင်လာနေပြီ။

သူတို့ကို တစ်ယောက်ယောက်တော့ တွေ့သွားတော့မှာပဲ။

သူတို့၏ အဆင့်အတန်းနှင့် နာမည်တို့ကြောင့် လူများစွာက သူတို့ကို မှတ်မိသွားနိုင်ပါသည်။

သိပ်မကြာခင် ပရိတ်သတ်များ ဒီနေရာကြီးကို ဝန်းရံလာနိုင်သည်။

ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး ထွက်သွားဖို့ ပြင်လိုက်ကြပါသည်။

ပုံမှန်ဆို လင်းဖန်၏ စားသောက်ဆိုင်ထဲ လူများများစားစား မရှိတတ်ပါ။ သို့သော် တစ်ယောက်မှ မရှိနိုင်ပါဟု မဆိုလိုပါ။

ယခု တစ်ယောက်ယောက် ရောက်လာပြီ ဖြစ်သဖြင့် သူတို့ကိုတွေ့မသွားအောင် ကောင်မလေးနှစ်ယောက် စားသောက်ဆိုင်ထဲမှ ထွက်သွားကာ ကားထဲဝင်ပြီး ပြန်ကြဖို့ ပြင်လိုက်ပါသည်။

သို့သော် တံခါးမှ ထွက်သွားချိန်တွင် ထိုလူက သူတို့ကို ချက်ချင်းမှတ်မိသွား၏။

"လခွမ်း... ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီ စူပါစတာားတွေပါလား။”

"ငါ တကယ်ကြီး ဒီမှာ စူပါစတားတွေနဲ့ လာတွေ့တာပဲ။ အားး ဘုရားသခင်။ ကျွန်တော့်ကို လက်မှတ်လေး ထိုးပေးလို့ ရမလား” ခပ်ထွားထွား ယောက်ျားကြီးက လေးစားအားကျမှု၊ အရူးအမူးဖြစ်သည့်ပုံစံမျိုးဖြင့် အမြန်ပြေးလိုက်လာပါသည်။

ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့၏ ရေပန်းစားမှုက အလွန်မြင့်မားသည်။ သူတို့ကို သဘောကျသည့် ပရိတ်သတ်လည်း များစွာ ရှိပါသည်။

ခပ်ထွားထွား ယောက်ျားကြီးက သူတို့နောက် လိုက်လာပြီးနောက် ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ကို ပြုံးကာ ကြည့်လိုက်ပါသည်။

"ခင်ဗျားတို့ နှစ်ယောက်က အရမ်းလှတာပဲ။ တီဗီထဲက ထက်တောင် ပိုလှနေသေးတယ်။ ဟီးဟီး ကျွန်တော့်ကို လက်မှတ်လေး ထိုးပေးလို့ရမလားဟင်” ထိုယောက်ျားကြီးက ဘောပင်တစ်ချောင်းနှင့် စာရွက်တစ်ရွက်တို့ကို ထုတ်လိုက်ပြီး ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့အား ကြည့်လိုက်ပါသည်။

အထူးသဖြင့် ရှားဝမ်ချွေ့ကို ဖြစ်သည်။ သူမ၏ ပုံစံက အလွန်ကြည့်ကောင်းလွန်းလှသည်။ ဒီနေ့ မိတ်ကပ်တချို့ပင် လိမ်းခြယ်လာ၏။ထို့အပြင် သူမ၏ ရောင်ဝါကလည်း ပိုမို ထက်မြက်လာသည်။ ကောင်မလေးနှစ်ယောက် အတူတူ လမ်းလျှောက်သောအခါ ဘယ်ပဲသွားသွား အာရုံစိုက်ခံရပါသည်။

လင်းဖန်သည် ထိုခပ်ထွားထွား ယောက်ျားကြီးကို မြင်လိုက်သောအခါ ရင်ထဲတွင် မကောင်းသော ခံစားချက်ကြီး ရနေ၏။ သူ တိုးတိုးတိတ်တိတ် လိုက်ထွက်လာပြီး ရှားဝမ်ချွေ့တို့၏ နောက်သို့ လိုက်လာခဲ့သည်။

ပရိတ်သတ်များကို ရင်ဆိုင်ရင်း စုရှောင်းယွီက ရှားဝမ်ချွေ့၏ လက်မောင်းကို ကိုင်ကာ နူးညံ့စွာ ပြုံးလိုက်ပါသည်။ "ဟုတ်ပါပြီ။ ကျွန်မတို့ကို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။”

ရှားဝမ်ချွေ့ကလည်း ခေါင်းငြိမ့်လိုက်ပါသည်။ သူမ၏ လှပသော မျက်လုံးလေးများက လင်းဖန်ကို တောင်းပန်စွာ ကြည့်လိုက်သည်။ သူတို့နောက်တစ်ခါမှ တွေ့နိုင်တော့မည်ဆိုသည့် အကြည့်မျိုး။

လင်းဖန်ကလည်း ခေါင်းငြိမ့်ပြလိုက်ပါသည်။ သူတို့နှစ်ယောက် အကြည့်ချင်း ဖလှယ်ပြီး တစ်ယောက်ဆိုလိုရင်း တစ်ယောက် နားလည်ခဲ့ကြပါသည်။

"ပြီးပါပြီ။ အစ်မဝမ်ချွေ့နဲ့ ကျွန်မတို့ လုပ်စရာရှိသေးလို့ အရင်သွားနှင့်တော့မယ်နော်” စုရှောင်းယွီက ယောက်ျားကြီးကို ယဥ်ယဥ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ ပြောလိုက်ပါသည်။ သူမတွင် ခွေးလေးတစ်ကောင်လို စိတ်မျိုးမရှိပါ။

"မသွားပါနဲ့ဦး။ နတ်သမီးလေး လက်မှတ်မထိုးရသေးဘူးလေ” ယောက်ျားကြီးက ရှားဝမ်ချွေ့ကို စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် ကြည့်လိုက်ပါသည်။

"အမ် ဟုတ်ကဲ့ပါ” ရှားဝမ်ချွေ့က ရိုးရှင်းစွာ ပြန်ပြောခဲ့ပါသည်။ သူမ ဘောပင်နှင့် စာရွက်ကို ယူလိုက်ပြီး လက်မှတ်ထိုးပေးဖို့ ပြင်လိုက်ပါသည်။

ထိုအချိန်တွင် ပတ်ဝန်းကျင်က လူတချို့လည်း သတိထားမိသွားပုံရသည်။

"အားး လခွမ်း နာမည်ကျော်တွေ။ ငါတို့ နာမည်ကျော်တွေနဲ့ တွေ့ပြီဟေ့။”

"သူတို့က ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ မဟုတ်လား။ ဒီနေ့ တကယ်ကြီး လူကိုယ်တိုင် တွေ့ခဲ့ရတာပဲ။”

"ငါလည်း လက်မှတ်လိုချင်တယ်။”

လူများစွာက ဖုန်းများကို ထုတ်ကာ ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့၏ ဓာတ်ပုံများကို ရိုက်ယူကြလေသည်။ တချို့က လက်မှတ်ပင် သွားတောင်းကြသည်။

သူတို့က နာမည်ကျော်များနှင့် တွေ့ပြီ ဆိုသဖြင့် ပတ်လည်ဝိုင်းကာ လက်မှတ်များတောင်းတာ ပုံမှန်ပဲ ဖြစ်ပါသည်။ ထို့အပြင် သူတို့က ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ မဟုတ်ပါလား။

လက်မှတ်ထိုးပြီးနောက် ရှားဝမ်ချွေ့က နူးညံ့စွာ ပြုံးလိုက်ပါသည်။

ထိုအပြုံးလေးကြောင့် ခပ်ထွားထွား ယောက်ျားကြီး၏ အသည်းနှလုံး အရည်ပျော်သွားခဲ့ရသည်။

နတ်သမီးလေးက အလွန်လှပလွန်းပါသည်။ သူ့ကို လက်မှတ်ပင် ထိုးပေးခဲ့၏။။

ထို့နောက် ထိုလူက ရှားဝမ်ချွေ့ကို ကြည့်ကာ စိတ်လှုပ်ရှားစွာ မေးလိုက်ပါသည်။ "နတ်သမီးလေး ကျွန်တော် သဘောကျနေတာ ကြာပါပြီ။ ကျွန်တော့်ကို တစ်ခါလောက် ဖက်ပေးလို့ ရမလား။”

ထိုစကားပြောပြီးသွားသောအခါ လင်းဖန်၏ အကြည့် အေးစက်သွားပြီး ထိုခပ်ထွားထွား ယောက်ျားကြီးကို မျက်လုံးသေကြီးဖြင့် စိုက်ကြည့်လိုက်ပါသည်။

အမှန်ပင်။ ရှားဝမ်ချွေ့ကလည်း ခေါင်းခါလိုက်ပါသည်။ သူမ ဖန်သားပြင်ပေါ်မှာတောင် တခြားသူများနဲ့ ချစ်ခန်းကြိုက်ခန်း မရိုက်ဖူးသဖြင့် ဘာကြောင့် သူစိမ်းတစ်ယောက်ကို ဖက်ရမှာလဲ။

ထို့အပြင် သူတို့ဘေးပတ်လည်တွင် ဓာတ်ပုံရိုက်ယူနေကြသည့် လူများစွာရှိသည်။ တစ်ယောက်ယောက်ကို လူသိရှင်ကြား ဖက်လိုက်ပါက လူဘယ်လောက်များများ သူမကို ဝေဖန်ကြမလဲ မပြောတတ်ပါဘူး။

ထို့အပြင် လင်းဖန်လည်း သူမဘေးတွင် ရှိနေသည်။

အနားမှာ လင်းဖန် ရှိမနေရင်တောင် ဘယ်ယောက်ျားကိုမှ ဖက်မည် မဟုတ်ပေ။

"စိတ်မကောင်းပါဘူးရှင်။ အစ်မဝမ်ချွေ့ရဲ့ ကျန်းမာရေးက သိပ်မကောင်းလို့ အရင်ပြန်မှ ဖြစ်မှာမို့လို့ပါ” စုရှောင်းယွီက ရှားဝမ်ချွေ့အား ရပ်တည်ကာကွယ်ပေးလိုက်ပါသည်။ ထိုလူထွားကြီးကို ကြည့်ရင်း ယဥ်ကျေးစွာ ပြန်ပြောလိုက်ပါသည်။

ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့နှစ်ယောက် နောက်လှည့်ပြန်ဖို့ ပြင်လိုက်စဥ်မှာပင် လူထွားကြီးက သည်းမခံနိုင်တော့ပါ။

သူ့နတ်သမီးလေးက သူ့ရှေ့မှာရှိနေတာကို ဘာလို့ မဖက်ဘဲ နေနိုင်မှာလဲ။

၁၀ ရက်ကျော်ကျော်လောက် ထောင်ကျသွားမယ်ဆိုရင်တောင် သူမကို တစ်ခါလောက် ဖက်လိုက်ရပါက တန်ပါသည်။

ဒီလောက်ထိ နီးကပ်သောအကွာအဝေးတွင် သူမကို ဖက်လိုက်ပါက ၁၀ ရက်ကျော်ကျော်သာ နောင်တရမည်ဖြစ်ပြီး မဖက်လိုက်ရပါက တစ်သက်လုံး နောင်တရသွားရမည်ဖြစ်ပါသည်။

ထို့အပြင် သူမ၏ ရင်ဘတ်ကို တိုက်ခိုက်ပြီး ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ နှစ်ယောက်စလုံးကို တစ်ချိန်တည်းမှာ ဖမ်းဆုပ်လိုက်နိုင်သည်။ ကောင်မလေးနှစ်ယောက် အပြင်ထွက်လာတာ သက်တော်စောင့်တောင် မပါပေ။ ဒီလောက် ကောင်းတဲ့ အခွင့်အရေး ရှိပါဦးမလား။

"နတ်သမီးလေး ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်ကို ဖက်ခွင့်မပြုဘူးဆိုတော့ အတင်းအကျပ်လုပ်ရုံပဲ ရှိတော့တာပေါ့” ထိုသို့ ပြောပြီးနောက် ယောက်ျားကြီးက သူ့နှုတ်ခမ်းကို လျက်လိုက်ပါသည်။ ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့က အလွန်လှပလွန်းသဖြင့် သူသည်းမခံနိုင်တော့ပါ။

ထို့နောက်...

ထိုလူထွာားကြီးက အလှပဆုံး ရှားဝမ်ချွေ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးလာသည်။

ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ နှစ်ယောက်စလုံးက မိန်းကလေးများ ဖြစ်ကြသဖြင့် ဒီလူထွားကြီးကို ဘယ်လိုလုပ် တားနိုင်မည်နည်း။

ဘေးပတ်လည်က ပရိတ်သတ်မျာကလည်း ကြောင်သွားကြသည်။ ထိတ်လန့်သွားကြသော်လည်း အချိန်မှီမတားနိုင်ခဲ့ပါ။

ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ ခြေနှစ်လှမ်း နောက်ဆုတ်လိုက်ပါသည်။

ထိုအချိန်တွင် ကားဒရိုင်ဘာက တစ်ခုခုလွဲနေသည်ကို မြင်ကာ တံခါးကိုဖွင့်လိုက်သည်။

သို့သော် ထိုလူထွားကြီးကို တားဖို့က မဖြစ်နိုင်တော့ပါ။

ဒီလို အရေးပေါ်အခြေအနေတွင်။

လင်းဖန် ထွက်လာခဲ့၏။

ယောက်ျားကြီးကို လင်းဖန် နောက်သို့ ပြန်ဆွဲလိုက်ပြီး ဘေးဘက်သို့ တွန်းထုတ်လိုက်သည်။

လင်းဖန်က ရှားဝမ်ချွေ့ရှေ့သို့ လျှောက်သွားလိုက်ပြီး သူ့နောက်တွင် သူမကို ကာကွယ်ပေးထားလိုက်ပါသည်။ လူထွားကြီးကို အေးစက်စွာ သူကြည့်လိုက်သည်။

"ခင်ဗျား မလွန်လွန်းဘူးလား။”

All Chapters