အခန်း(၃၁) ဝေ့ပေါ်ရဲ့ရေပန်းအစားဆုံး ရှာဖွေမှု
Vol. 3 Ch. 31
အခန်း(၃၁) ဝေ့ပေါ်ရဲ့ရေပန်းအစားဆုံး ရှာဖွေမှု
"မင်းကိစ္စ မဟုတ်ဘူး” လူထွားကြီးက လင်းဖန်ကို စိုက်ကြည့်ကာ ထိုးလိုက်၏။
"သူတို့က ငါ့ပရိတ်သတ်တွေကွ။ ငါနဲ့ ဆိုင်တာပေါ့။”
"ပြီးတော့... မင်းရဲ့လုပ်ရပ်ကို ငါသည်းမခံနိုင်ဘူး။”
လင်းဖန်က ယောက်ျားကြီး၏ ထိုးချက်ကို ရှောင်လိုက်ပြီး မျက်လုံးကို ပိတ်ထိုးလိုက်ပါသည်။
ထို့နောက် လူထွားကြီးကို မြေပေါ် လဲကျသွားအောင် ဆောင့်ကန်လိုက်ပါသည်။
သူနဲ့ ရှားဝမ်ချွေ့တို့က နှစ်ပေါင်းများစွာ ကြာအောင် အတန်းထဲက ဘေးချင်းကပ်လျက်ထိုင်ခဲ့သည့် သူငယ်ချင်းများဖြစ်သည်။ သို့သော် ရှားဝမ်ချွေ့ကို သူတစ်ခါမှ မဖက်ခဲ့ဖူးပါ။ သူတောင် တစ်ခါမှ မဖက်ဖူးပါက လူထွားကြီး ဘာလို့ ဖက်လို့ရမှာလဲ။
သိပ်မကြာလိုက်ဘဲ လင်းဖန်က လူထွားကြီးကို မြေပေါ် လဲကျသွားအောင် အနိုင်ယူလိုက်နိုင်ပါသည်။
စုရှောင်းယွီက လင်းဖန်ကို ကြည့်ကာ လက်မ ထောင်ပြလိုက်ပါသည်။
"အစ်မဝမ်ချွေ့ နင့်ကောင်လေးက တော်တော် တော်တာပဲ။ သူက ချောပြီး သက်လုံလည်း ကောင်းတယ်နော်။” စုရှောင်းယွီက ရှားဝမ်ချွေ့၏ နားထဲ တီးတိုးပြောလိုက်ပါသည်။
"ဟွန်း သူက ငါ့ကောင်လေးမဟုတ်ဘူး။ မဟုတ်တာတွေ ပြောမနေနဲ့။" ရှားဝမ်ချွေ့၏ မျက်နှာလေး အနည်းငယ် နီရဲသွားပြီး လင်းဖန်ကို ကျေးဇူးတင်စွာ ကြည့်လိုက်ပါသည်။
"အာဝူး အဲ့လိုဆိုလည်း ရှိပါစေတော့။ လင်းဖန် ငါသွားတော့မယ်နော်။” စုရှောင်းယွီက လက်ရမ်းပြလိုက်ပြီ ရှားဝမ်ချွေ့အား ကားထဲသို့ ဆွဲခေါ်သွားလေသည်။
လင်းဖန်က ပြုံးလိုက်ပြီး ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ ထွက်သွားသည့် အရပ်မျက်နှာကို စောင့်ကြည့်ပြီးမှ စိတ်အေးလက်အေး သက်ပြင်းချနိုင်တော့သည်။
တစ်ယောက်ယောက်သာ သူ့ကြောင်မလေးကို ဖက်ရဲပါက သူဒေါသထွက်မိပါလိမ့်မည်။
သိပ်မကြာခင် ရဲသားတစ်ယောက် ရောက်ရှိလာပြီး လူထွားကြီးကို ဖမ်းသွားလေသည်။ လင်းဖန်ကိုပင် ကျေးဇူးတင်သွားသေးသည်။
ပရိတ်သတ်များက ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့၏ ကားနောက်ကို အသည်းအသန်လိုက်ကာ နာမည်များကို အော်ခေါ်နေကြသည်။
ကံကောင်းစွာဖြင့် ဤအဖြစ်အပျက်ဟာ ရုတ်တရက်ကြီး ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်ကာ လူအများကြီးလည်း ရှိမနေခဲ့ပါ။
ဒီမတော်တဆမှု ဖြစ်ပြီးနောက် ပရိတ်သတ် များစွာက လင်းဖန်ကို သတိပြုမိလာကြသည်။
"ဟယ်... ဒီစားသောက်ဆိုင်ရဲ့ ပိုင်ရှင် အရမ်းချောတာကို သတိထားမိကြလား။”
"အေး သူက အသက် ၂၀ ဝန်းကျင်ပဲ ရှိဦးမယ့်ပုံပဲ။ တကယ် ချောတာပဲ။”
"ခုနက သူ့လုပ်ရပ်အတွက် ကောင်လေးကို ချီးကျူးရမယ်။ အဲ့ဒီကောင်လေးက ချောရုံတင်မကဘူး တိုက်ခိုက်တဲ့အခါမှာလည်း အရမ်းတော်တယ်။ ခုနက လူထွားကြီးက ရွံဖို့ကောင်းလိုက်တာ။ ငါ့ချွေ့ချွေ့လေးကိုများ လမ်းပေါ်မှာ ဖက်ချင်တယ်ပေါ့။”
"ငါ အသေလန့်သွားတာပဲ။ ကောင်လေးက သဘောကောင်းပြီး ချောလိုက်တာ။ အရင်တုန်းက ပုံတွေကို ကြည့်လိုက်ရင် ပရိတ်သတ်တွေ အခွင့်ကောင်းယူတာ ခံရတဲ့ နာမည်ကျော်တွေ အများကြီးရှိတယ်။ လခွမ်းပဲ...”
ပရိတ်သတ်များစွာက စတင်ပြောစမှတ်ပြုလာကြသည်။ သူတို့က လင်းဖန်၏ အကျင့်စရိုက်ကို သိသွားကြပြီး ဒီနေရာမှာ အလွန်ချောမောသည့် ကောင်လေးတစ်ယောက် ရှိကြောင်းလည်း သိသွားကြပါပြီ။
သူ့ကို ကြည့်လိုက်ရုံနဲ့တင် ကျေနပ်ဖို့ ကောင်းလှသည်။
အရင်တုန်းက မြေနေရာက တော်တော်လေး အလှမ်းဝေးကွာသောအကြောင့် လူများများစားစား ဒီနေရာကို သိပ်မသိခဲ့ကြပါ။ သို့သော် အချိန်တော်တော်များများမှာ လင်းဖန်က သုံးဘီးသာစီးပြီး ဇာတ်နိမ့်နေခဲ့ပါသည်။
ယခုတော့ လူတွေ အများကြီး ဒီနေရာကို သတိထားမိသွားကြလေပြီ။
လင်းဖန်က တကယ်ချောမောသည်။
ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ကို လိုက်ပို့ပြီးနောက် လင်းဖန် ဆိုင်တံခါးကို ပိတ်လိုက်ပါသည်။
သူ စားသောက်ဆိုင်တစ်ခု အချိန်ပိုင်း ဖွင့်နေရခြင်းမှာ ငွေနည်းနည်း ရဖို့သာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ့မိဘများက အဆက်အသွယ်များမှ တဆင့် ပေးခဲ့သော အမွေဖြစ်သည်။
ဒါက အခြားတစ်ဖက်တွင်မူ ရှားဝမ်ချွေ့အား စောင့်ဆိုင်းဖို့အတွက် နေရာတစ်ခုလည်း ဖြစ်သည်။
ဒီနေ့ ဖြစ်ပျက်ခဲ့သည့် အရာများက လင်းဖန် မျှော်လင့်ထားတာထက် ပိုဆိုးရွားခဲ့ပါသည်။
လင်းဖန်သည် ဆိုင်တံခါးကို ပိတ်ကာ သုံးဘီးဖြင့် အိမ်ပြန်လာခဲ့သည်။
ကောင်မလေး တစ်စုက လင်းဖန် အနောက်သို့ လိုက်လာကြသည်။ တချို့က လင်းဖန် သုံးဘီး စီးနေသည့် ပုံစံကိုပင် ဓာတ်ပုံရိုက်သွားကြသည်။
"ကောင်လေး မသွားပါနဲ့ဦး။ ရှင့်ဆိုင်မှာ ကျွန်မတို့ စားချင်လို့ပါ။”
"ဟုတ်တယ်၊ ဟုတ်တယ်၊ ကောင်လေး အရမ်းချောတာပဲ။ ဓာတ်ပုံ အတူတူ ရိုက်လို့ရမလားဟင်။”
"အချောလေး မသွားပါနဲ့ဦး။ နေ့ဘက်ပဲ ရှိသေးတာကို ဘာလို့ အလုပ်သိမ်းလိုက်တာလဲ။ မနက်ဖြန် စားသောက်ဆိုင်မှာ စောင့်နေမယ်နော်။”
"ကောင်လေး ဝီချက်မှာ သူငယ်ချင်း အပ်လိုက်လို့ ရမလားဟင်။”
...
လင်းဖန် ချွေးပြန်လာသည်။
အရင်တုန်းက Bugatti ကားကြီး မောင်းစဥ်တုန်းက သူ့ကို လူအုပ်ကြိးတစ်အုပ်က ဝန်းရံခဲ့သည်။
ယခု သုံးဘီးကို စီးပြန်တော့ ကောင်မလေးတစ်စု လိုက်တာကို ခံရပြန်သည်။
မုန်းစရာ ကြောင်မ၊ ခွေးမလေးများကြောင့် ဒီလိုဖြစ်ရခြင်းဖြစ်ပါသည်။
နောက်တစ်ခေါက် ကြောင်မ၊ ခွေးမလေးများကို တွေ့ပါက သေချာပေါက် အလွတ်ပေးမည် မဟုတ်ပါ။
အထူးသဖြင့် အကျင့်မကောင်းသည့် ရှားဝမ်ချွေ့အတွက်ဆို ပိုမှန်ပါသည်။ သူက တစ်ယောက်တည်း လာရတာ အားမရသည့်အပြင် ခွေးမလေး စုရှောင်းယွီကိုပါ ခေါ်လာခဲ့၏။
ကြည့်ကောင်းသော သူ့ပုံစံကြောင့် လင်းဖန်တစ်ယောက် သူ့အနာဂတ်ကို မှန်းဆနေနိုင်ပါပြီ။
လင်းဖန်က အိမ်သို့ပြန်လာခဲ့ပြီး ဝေ့ပေါ်ကို ဖွင့်လိုက်ပါသည်။
ဝေ့ပေါ်တွင် ပထမဆုံး ရေပန်းစားနေသည့် အကြောင်းအရာက ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့၏ အကြောင်းဖြစ်ပါသည်။
[ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို ပရိတ်သတ်များက ဖက်မိမလို ဖြစ်သွားတယ်]
ရေပန်းစားသော ရှာဖွေမှုကို သူနှိပ်ကြည့်လိုက်သောအခါ ပရိတ်သတ်များ ရိုက်ကူးထားသည့် ဗီဒီယိုများ ရှိနေပါသည်။ လူထွားကြီးက ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ကို လက်မှတ်ထိုးခိုင်းသည့် ဗီဒီယိုဖြစ်ပြီး တခြား ဓာတ်ပုံများစွာလည်း ရှိပါသည်။
ပို့စ်အောက်တွင် ကောမန့်ပေါင်း ၃၀,၀၀၀ နီးပါးလောက် ရှိနေ၏။
လင်းဖန်က ကောမန့်များကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ ကောမန့်များက ထိုလူထွားကြီး၏ အကြောင်းပဲ ပြောနေကြခြင်း ဖြစ်ပါသည်။
ကောမန့်များကို ဆက်ဖတ်ကြည့်သောအခါ အပြောင်းအလဲ တစ်ခုခုကို သူမြင်လိုက်ရလေသည်။
"အာအာအာ အဲ့ဒီစားသောက်ဆိုင် ကောင်လေးက အဲ့ကောင်ကို ထိုးလိုက်တာမှန်တယ်။ ငါတို့ ချွေ့ချွေ့နဲ့ ရှောင်းယွီလေးကို အဲ့ဒီလူမျိုးကြောင့် ညစ်ပတ်စေတော့မလို့။”
"နင်တို့တွေ သတိထားမိလိုက်ကြလား။ အဲ့ဒီ စားသောက်ဆိုင်က ကောင်လေးက အရမ်းချောတယ်။”
"ဟုတ်တယ်။ အဲ့ဒီစားသောက်ဆိုင်က ကောင်လေးက အရမ်းချောတာ။ လူထွားကြီးကို လွင့်ထွက်သွားအောင် လုပ်လိုက်တာကို ငါ အရမ်း သဘောကျတာပဲ။”
"ဒီလောက်ချောတဲ့ ကောင်လေးကို ဘာလို့ တစ်ခါမှ မမြင်ဖူးတာပါလိမ့်။ သူ့ကို မြင်ဖူးတာ ပထမဆုံးပဲ။”
ထို့နောက် ဝေ့ပေါ်တွင်ရေပန်းစားနေသည့် ပို့စ်နှစ်ခုကို လင်းဖန် မြင်လိုက်ပါသည်။
[ရှားဝမ်ချွေ့ကို ကယ်သွားတဲ့ ကောင်လေး]
[စားသောက်ဆိုင်က ကောင်လေးတစ်ယောက်က ဘာလို့ ဒီလောက်တောင် ချောရတာလဲ]
လင်းဖန် လန့်သွားပါသည်။ သူတော့ နာမည်ကြီးနေပြီ။
ထို ရေပန်းစားသော ရှာဖွေမှုများမှာ ကြည့်ရှုသူ အယောက် ၁၀၀,၀၀၀ နှင့် စတင်ခဲ့၏။
သူ စာမျက်နှာကို Refresh ပြန်လုပ်လိုက်သောအခါ ကြည့်ရှုသူ အယောက် ၂၀၀,၀၀၀ ဖြစ်သွားပြန်သည်။
ထိုရေပန်းစားနေသည့် ဝေ့ပေါ်အကြောင်းအရာနှစ်ခုကလည်း မြင့်တက်နေဆဲဖြစ်ပါသည်။
၃၀၀,၀၀၀
၄၀၀,၀၀၀
၆၀၀,၀၀၀
နှစ်မိနစ်အတွင်း ထို ဝေ့ပေါ်ပို့စ်နှစ်ခု၏ ရေပန်းစားမှုက တစ်သန်အထိ မြင့်တက်သွားပြီး ရေပန်းစားမှု အဆင့်တွင် အဆင့် ၄ ဖြစ်သွားပါသည်။
ပို့စ်နှစ်ခုအောက်က ကောမန့်များကလည်း ၁၀,၀၀၀ မှ ၂၀,၀၀၀၊ ထို့နောက် ၃၀,၀၀၀ အထိ ပြောင်းလဲသွားခဲ့ပါသည်။
နာရီဝက်အတွင်း ကောမန့် ၁၈၀,၀၀၀ ပင် ရောက်ရှိသွားပြီဖြစ်ပါသည်။
ဒါက မူလစာမျက်နှာပေါ်မှ ပထမဆုံး ဝေ့ပေါ်ပို့စ်သာဖြစ်သည်။ အောက်ကို ဆက်ဆွဲကြည့်ပါက ကောမန့်မှာ ၂၀၀,၀၀၀ ပင်ကျော်နေပါပြီ။
ထို့အပြင် ရေပန်းစားမှုကလည်း မြင့်တက်ဆဲဖြစ်၏။
၁.၅ သန်း
၁.၈ သန်း
ရေပန်းစားမှု ၂ သန်းအထိ ရှိလာခဲ့ပါပြီ။
ကံကောင်းစွာဖြင့် ဝေ့ပေါ်က အကြိမ်ပေါင်းများစွာ ပြုပြင်ပြောင်းလဲထားသည်။ မဟုတ်လျှင် ဒီရေပန်းစားနေသည့် အကြောင်းအရာက ဝေ့ပေါ်ကိုတောင် ပျက်သွားစေပါလိမ့်မည်။
ရေပန်စားနေသည့် အကြောင်းအရာတိုင်း၏ အောက်တွင် ကောမန့် ၁၀၀,၀၀၀ ကျော်ရှိနေသည်။
"ဘုရားရေ ကောင်လေးက ဘာလို့ ဒီလောက်တောင် ချောရတာလဲ။"
"သူက အရမ်းသတ္တိရှိတာပဲ။ တကယ်ကောင်းတယ်။ မကောင်းတဲ့ကောင်တွေကို ကူညီပြီး ရှင်းပေးတယ်။”
"ကောင်လေးရဲ့ နာမည်နဲ့ ဆက်သွယ်ဖို့ လိပ်စာ အသေးစိတ်ကို သိကြလား။ ငါသူ့ကို တွေ့ချင်တယ်။”
"ကောင်လေးရဲ့ ခန္ဓာကိုယ်က အရမ်းမိုက်တယ်။ အရမ်းချောတယ်။ အရမ်းဖြောင့်မတ်တယ်။ ငါသူ့ကို ချစ်မိသွားပြီ~”
"ငါသိပြီ၊ ငါသိသွားပြီဟေ့။ ဒီညီလေးရဲ့ နာမည်က လင်းဖန်တဲ့။ သူက ရှန်ဟိုင်းမြို့မှာ ရသာ ၁၀၀ ဥယျာဥ်လို့ ခေါ်တဲ့ စားသောက်ဆိုင်တစ်ခု ဖွင့်ထားတယ်။ ဒါပေမယ့် သူ့ပုံစံက အရမ်းဆင်းရဲတဲ့ပုံပဲ။ သုံးဘီးစီးပြီး စားသောက်ဆိုင်ကလည်း သိပ်မကြီးဘူး။”
"သူဆင်းရဲတော့ ဘာဖြစ်လဲ။ သူချောတာနဲ့ လုံလောက်ပြီ။ အဲ့စားသောက်ဆိုင်က အရမ်း အရသာရှိမှာပဲ။ သွားကြစို့လေ။”
ထိုအချိန်တွင် မရေမတွက်နိုင်သော လူများစွာက လင်းဖန်၏ ပရိတ်သတ်များ ဖြစ်လာခဲ့ကြပါသည်။
လင်းဖန်၏ ဝေ့ပေါ်ကို အမြန် ဆွဲကြည့်ကြသည့် လူများပင် ရှိကြသည်။ အင်တာနက်အသုံးပြုသူများက အလွန်မြန်ဆန်လွန်းလှပါသည်။
ရှားဝမ်ချွေ့ကို ကာကွယ်ပြီး လင်းဖန် လူထွားကြီးကို ထိုးလိုက်သည့် ဗီဒီယိုအား ကောမန့်များက ပို့ပေးကြသည်။
မကြာမီ ၄ ခုမြှောက် ရေပန်းအစားဆုံး အကြောင်းအရာ ပေါ်လာခဲ့ပါသည်။ ထိုရေပန်းစား အကြောင်းအရာက စကားလုံး နှစ်လုံးသာ ရှိသည်။
လင်းဖန်။
လင်းဖန် သူ့ဖုန်းကို ကြည့်ရင်း ဆိုဖာပေါ် ပစ်လှဲချလိုက်ပါသည်။
ပွဲသိမ်းပြီ။
သူ နာမည်ကြီးပြီ။
သူ လုံးဝ နာမည်ကြီးသွားပြီ