← Chapters

အခန်း(၃၂) လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ ဆက်ဆံရေး

Vol. 3 Ch. 32

အခန်း(၃၂) လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ ဆက်ဆံရေး

Vol. 3 Ch. 32

အခန်း(၃၂) လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ ဆက်ဆံရေး

တစ်ချိန်တည်းမှာပဲ လင်းဖန်၏ အထက်တန်း ကျောင်း အတန်းဖော် Group ဗြောင်းဆန်သွားခဲ့ပါသည်။

[ကောင်းလိရှောင်း၊ "လခွမ်းပဲ ယောက်ဖ ဖန်က အရမ်းတော်လွန်းတယ်။ သူက ထိပ်ဆုံး ရှာဖွေမှု အမျာဆုံးအကြောင်းအရာဖြစ်နေပြီ။ ပြီးတော့ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကိုတောင် သူ့စားသောက်ဆိုင် ခေါ်နိုင်နေပြီ"]

[ရွှယ်ယောင်ထင်း၊ "ဘုရားရေ အစ်ကိုဖန်။ နင် ရှားဝမ်ချွေ့ကို အဆက်အသွယ်မလုပ်တော့ဘူးလို့ ထင်ထားတာ။ အခုတော့ ရှားဝမ်ချွေ့တင်မကဘဲ စုရှောင်းယွီနဲ့ပါ အဆက်အသွယ်ရှိနေတာလား”]

[ကောင်းလိရှောင်း၊ "၆၆၆၆၆၆ ဒါက နာမည်ကျော်ကြီးတွေရဲ့ လောကပါလား။ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့က ကြယ်ပွင့်ကြီးတွေကွ။ သူတို့မှာ ပရိတ်သတ်တွေ အများကြီး ရှိတယ်။ ယောက်ဖဖန်က သူတို့အတွက် ချက်ပြုတ်ပေးပြီး စကားတောင် အတူတူ ပြောနေနိုင်တယ်။ မနာလိုဖြစ်လိုက်တာကွာ"]

[ကောင်မလေး တစ်ယောက်၊ "ဝိုးဝိုးဝိုး ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ရဲ့ လက်မှတ်ရဖို့ လင်းဖန် ငါ့ကို ကူညီပေးနိုင်မလား မသိဘူးနော်။ ငါသူတို့ကို တကယ် သဘောကျတယ်"]

[ကျောင်းလီလီ၊ "လင်းဖန် နင်ကအရမ်း တော်တာပဲ။ နင်ဘာလို့ ငါတို့ကို စိမ်းနေတာလဲလို့ တွေးနေတာ။ နင့်ဘေးမှာ ရှားဝမ်ချွေ့ တစ်ယောက်လုံးရှိနေတာကိုး။ ရှားဝမ်ချွေ့က နင့်ကောင်မလေး ဖြစ်နေပြီလား။"]

လင်းဖန်၊ "....”

လင်းဖန်ကတော့ ဝေ့ပေါ်ပေါ်မက ရေပန်းစားနေသော အကြောင်းအရာကို ကြည့်ရင်း သက်ပြင်းချလိုက်ပါသည်။

သူ ဇာတ်နိမ့်သာ နေချင်ခဲ့သည်။

ဝေ့ပေါ်ပေါ်တွင် သူရေပန်းစားလာရသည့် အကြောင်းအရင်းက သူ့ရဲ့ ရဲစွမ်းသတ္တိကြောင့်သာမကဘဲ သူ့ရဲ့ ရုပ်ရည်ကြောင့်လည်း ဖြစ်ပါသည်။

တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ ကောင်မလေး တော်တော်များများက သူ့ကိုချစ်မိသွားတတ်ကြသည်။

ထိုအချိန်တွင် လင်းဖန်၏ ဝီချက်တွင် သူငယ်ချင်းအသစ် တောင်းဆိုမှုတစ်ခု ပေါ်လာ၏။

သူမ၏ နာမည်ပြောင်က အလွန်ရိုးရှင်းပါသည်။ စုရှောင်းယွီ ဖြစ်သည်။

စုရှောင်းယွီ၏ ပရိတ်သတ်များသာ စုရှောင်းယွီက ကောင်လေးတစ်ယောက်ကို အရင်ဆုံး စ Add ခဲ့ကြောင်း သိသွားကြပါက မနာလိုဖြစ်ကာ သေသွားနိုင်ပါသည်။

စုရှောင်းယွီ၊ "အာဝူး လင်းဖန်ရေ။ နင်ချက်ပြုတ်ပေးတာ အရမ်းအရသာရှိတာပဲ။ ကျေးဇူးပါ။”

လင်းဖန်၊ "ကိစ္စမရှိပါဘူး”

စုရှောင်းယွီ၊ "အစ်မဝမ်ချွေ့ကလည်း အရမ်း သဘောကောင်းတယ်။ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံနော်”

လင်းဖန်၊ "???”

စုရှောင်းယွီ၊ "Demon Face.jpg”

...

ဖုန်းချလိုက်ပြီး ရှားဝမ်ချွေ့ထံသို့ မက်ဆေ့ချ်ချ်တစ်စောင် ထပ်ပို့လိုက်ပါသည်။

လင်းဖန်၊ "အားလုံး နင့်ကြောင့် ဖြစ်ရတာ”

ရှားဝမ်ချွေ့၊ "~~~~"

လင်းဖန်၊ "ငါစိတ်ဆိုးတယ်နော်”

[ရှားဝမ်ချွေ့၊ "ဘာကို စိတ်ဆိုးတာလဲ"]

လင်းဖန်၊ "ငါအခု နာမည်ကြီးနေပြီ။ နောက်ပိုင်း နင်ဘယ်လို စားသောက်ဆိုင်ကို လာလို့ရတော့မှာလဲ။ နင့်နောက်လိုက်လာတဲ့ ပရိတ်သတ်တွေ အများကြီး ရှိလိမ့်မယ်။ နင် ငါးပေါင်း ဘယ်လိုလုပ် စားလို့ ရတော့မှာလဲ။"

[ရှားဝမ်ချွေ့၊ "ဒါပဲလား"]

လင်းဖန်၊ "ရှိသေးတယ်။ တစ်ယောက်ယောက်သာ ငါနဲ့တွေ့ပြီး ကောလဟာလတွေ ပျံ့သွားရင် နင့်ရဲ့ ပရိတ်သတ် သန်း ၈၀ သတ်တာကို ငါခံရလိမ့်မယ်။"

[ရှားဝမ်ချွေ့၊ "မြောင်~ ဒါပေမယ့် ငါဂရုမစိုက်ပါဘူး"]

[ရှားဝမ်ချွေ့၊ "ဒီနေ့အတွက် ကျေးဇူးနော်"]

လင်းဖန်၊  "ဝက်မလေးကို ကာကွယ်ဖို့က ငါ့တာဝန်ပါပဲ။”

[ရှားဝမ်ချွေ့၊ "နှာဗူးကောင်"]

လင်းဖန်သည် ဘယ်တော့မှ ဇာတ်မြင့်မြင့် မနေချင်ခဲ့ပါ။ နာမည်ကြီးလာပြီးနောက် လက်ရှိ သူ့ဘဝ အခြေအနေကို အနှောင့်အယှက် ဖြစ်စေရုံ သာမကဘဲ ရှားဝမ်ချွေ့ကိုပါ ထိခိုက်သွားနိုင်စေပါသည်။

ကောလဟာလများ ထွက်လာပါက ရှားဝမ်ချွေ့၏ လုပ်ငန်း ထိခိုက်သွားနိုင်သည်။

ရှားဝမ်ချွေ့က ဂရုမစိုက်သော်လည်း သူကတော့ ဂရုစိုက်သည်။

အဓိက အချက်ကတော့ နောက်ပိုင်း ရှားဝမ်ချွေ့ကို တွေ့ရဖို့ မလွယ်ကူတော့ခြင်း ဖြစ်ပါသည်။

နောက်တစ်နေ့ သူအိပ်ရာနိုးလာတော့ ပုံမှန်အတိုင်း Sign-in ဝင်လိုက်ပါသည်။ ငွေသား ကံစမ်းမဲ ကတ်တစ်ကတ်ရခဲ့ပြီး နောက်ထပ် ယွမ် ၁၀၀,၀၀၀ ရခဲ့ပြန်သည်။

လင်းဖန်သည် သုံးဘီး စီးလာပြီး စားသောက်ဆိုင်ကို ပုံမှန်အတိုင်း ဖွင့်ခဲ့ပါသည်။

သို့သော် လင်းဖန် အံ့သြသွားရသည်မှာ...

သူ့စားသောက်ဆိုင် အလွန်အမင်း နာမည် ကြီးနေပြီဖြစ်သောကြောင့်ပင်

လင်းဖန် ဆိုင်ဖွင့်ပြီး သိပ်မကြာလိုက်ဘဲ စားသောက်ဆိုင်ထဲတွင် လူတွေနဲ့ ပြည့်နှက်သွားခဲ့ပါသည်။

ထို့အပြင် စားသောက်ဆိုင် အပြင်ဘက်မှာလည်း လူတန်းရှည်ကြီးက စောင့်ဆိုင်းနေကြ၏။

ထိုလူများထဲက အများစုက ကောင်မလေးများဖြစ်ကြသည်။ သူတို့အများစုက အသက် ၁၆ နှစ် ၁၇ နှစ် အရွယ် ကလေးများ ဖြစ်ကြပြီး ငယ်ငယ်ရွယ်ရွယ် လှလှပပ မိန်းကလေးတွေ ဖြစ်ကြသည်။

သူတို့ ဒီကို လာခဲ့ရသည့်အဓိက အကြောင်းအရင်းက လင်းဖန် အလွန်ချောမောနေခြင်းကြောင့်ပင်။

"အားး... နောက်ဆုံးတော့ ရှင့်ကို တွေ့ခဲ့ပြီပေါ့။ ဘာလို့ ဒီလောက် ချောနေရတာလဲ ကောင်လေး"

"ကောင်လေး ကျွန်မ ဒီမှာ စားရင် လက်မှတ်ထိုးပေးမှာလားဟင်။”

"သူ့ကို ဒီနေ့ လူကိုယ်တိုင် တွေ့ခဲ့တယ်ဟေ့။ အင်တာနက်ပေါ်က ပုံတွေထက်တောင် ပိုကြည့်ကောင်းသေးတယ်။ သူ့စားသောက်ဆိုင်က အစားအသောက်တွေကကော ဘယ်လို အရသာရှိမလဲမသိဘူး။”

ထိုကောင်မလေးများကို ကြည့်ရင်း လင်းဖန် အလွန်ယဥ်ကျေးစွာ ဆက်ဆံခဲ့ပါသည်။

အနည်းဆုံးတော့ ထိုကောင်မလေးများ၏ ခြေတံသွယ်သွယ်များကို မကြည့်ပါ။ သူက တစ်ကိုယ်တည်းသမားဖြစ်သော်လည်း နှာဘူးမထတတ်ပါ။

သူတို့မှာ ခြေတံသွယ်သွယ်လေးများ ရှိနေရင်တောင် ရှားဝမ်ချွေ့လောက် မလှကြပါ။

လင်းဖန် ချက်ပြုတ်ပြီးစီးသောအခါ စားသောက်ဆိုင်လေးထဲတွင် အံ့အားသင့် စကားသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့ပါသည်။

ကောင်မလေးများစွာက လင်းဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြပါသည်။

"ဝိုး အရည်အသွေးကောင်းရင် ကြော်ငြာစရာတောင် မလိုဘူးဆိုတာ တကယ်မှန်တာပဲ။။ ဒီနေ့ ရတနာမြေလေးတစ်ခုကို ရှာတွေ့ခဲ့ပြီ။ ကောင်လေး ရှင်ချက်တဲ့ အစားအသောက်တွေက ဘာလို့ ဒီလောက်ထိ အရသာရှိိရတာလဲ~~”

"နောက်ဆုံးတော့ ချွေ့ချွေ့နဲ့ ရှောင်းယွီတို့ ဒီမှာ ဘာဖြစ်လို့ လာစားကြသလဲ ငါသိခဲ့ရပြီလေ။ ဒီမှာ အရသာရှိတဲ့ ဟင်းလျာတွေ ချက်ပြုတ်တဲ့ ရုပ်ဖြောင့်ဖြောင့် ဘော့စ်တစ်ယောက် ရှိနေတာကိုး။”

"ကောင်လေး ရှင်ချက်တဲ့ အစားအသောက်တွေက အရမ်း ကောင်းတာပဲ။ တခြား စားသောက်ဆိုင်တွေမှာ စားရတာထက်တောင် ပိုကောင်းသေးတယ်။ ပြီးတော့လည်း ဒီက စျေးတွေက တန်တယ်။ သဘောကျတယ်ရှင်။”

"ကောင်လေး ရှင့် စားသောက်ဆိုင်က စားပွဲထိုး လိုသေးလား။ ကျွန်မ စားပွဲထိုး လုပ်ပေးနိုင်ပါတယ်ရှင်။”

ကောင်မလေးများစွာက စားသောက်ပြီးနောက် ထပ်စားချင်နေကြဆဲဖြစ်သည်။

လင်းဖန်၏ မာစတာ အဆင့် အချက်အပြုတ်စကေးအား ဒီနေရာတွင် ပြီးပြည့်စုံစွာ ပြသနိုင်ခဲ့ပါသည်။

မနက်ပိုင်း ၂ နာရီအတွင်းမှာပဲ သူ ယွမ် ၁,၀၀၀ ရခဲ့ပြီဖြစ်ပါသည်။

တစ်ရက်ကို စားသောက်ဆိုင် ၈ နာရီလောက် ဖွင့်ပါက အနည်းဆုံး တစ်ရက်ကို ယွမ် ၄,၀၀၀ လောက် ရနိုင်သည်။ ထိုအခါ စားသောက်ဆိုင် ဖွင့်ရုံနဲ့ တစ်လကို ယွမ် ၁၂၀,၀၀၀ လောက်ရနိုင်ပါသည်။

သို့သော်လည်း လင်းဖန်က ငပျင်းတစ်ယောက်ဖြစ်၏။ သူ့မိဘများ ပေးအပ်ထားသည့်အရာများကို ဆက်လက်ထိန်းသိမ်းဖို့သာ စားသောက်ဆိုင်ကို ဖွင့်ထားခြင်းဖြစ်ပါသည်။

ထိ့အပြင် လောလောဆယ် သူ ငွေလည်း မလိုအပ်သေးပါ။ စားသောက်ဆိုင်ဖွင့်ဖို့အတွက် ကြိုးစားပမ်းစား လုပ်ကိုင်နေစရာ မလိုပေ။

"ဘာစားပွဲထိုးမှ ငှားဖို့ မလိုပါဘူးဗျာ။ ကျွန်တော်တစ်ယောက်တည်း နိုင်ပါတယ်။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

"အမ် ကောင်လေး ကျွန်မ ရှင့်ကို ဝီချက်မှာ အပ်လို့ရမလားဟင်။ ကျွန်မ ရှင့်ကို... သဘောကျလို့ပါ” ကောင်မလေးတစ်ယောက်က ရှက်သွေးဖြာလျက် ပြောလိုက်ပါသည်။

ဘာာပဲဖြစ်ဖြစ် သူမက အသက် ၁၆ နှစ် ၁၇ နှစ်အရွယ်သာ ရှိသေးသည့် ကောင်မလေး တစ်ယောက်သာဖြစ်သည်။ လင်းဖန် ဘယ်လောက်ချောပြီး အချက်အပြုတ် ဘယ်လောက် တော်မှန်း မြင်ပြီးသောအခါ သူမ အနည်းငယ် စွဲလမ်းသွားခဲ့ပါသည်။ သို့သော် မိန်းကလေးအများစုက သူ့ကို သဘောကျနေကြပြီး တချို့က ဖွင့်ပြောဖို့အထိ ရဲတင်းကြသည်။

သူမ ထိုသို့ ပြောပြီးသွားသောအခါ စားသောက်ဆိုင်ထဲ အံ့အားသင့်အသံများ၊ အော်သံများဖြင့် ပြည့်နှက်သွားခဲ့ပါသည်။

တစ်ယောက်ယောက်က လင်းဖန်ကို ဖွင့်ပြောလိုက်ပြီ။

"WeChat မှာ အပ်ဖို့ မလိုပါဘူးဗျာ။ ဒီက အစားအသောက်တွေစားရတာ ကြိုက်ရင် အဆင်ပြေပါပြီ။ ကျွန်တော် စားသောက်ဆိုင် ဖွင့်ရတာလည်း ဒီအကြောင်းအရင်းကြောင့်ပဲလေ။ ကျွန်တော့်ကို သဘောကျတဲ့ လူတွေက အမျာကြီးရှိတယ်။ ကျွန်တော်လည်း ဒီမှာ လာစားတဲ့ လူတိုင်းကို သဘောကျပါတယ်ဗျာ” လင်းဖန်က ပြန်ပြောလိုက်ပါသည်။

ဒီလိုလုပ်လိုက်ခြင်းအားဖြင့် တဖက်လူကို ငြင်းလိုက်တာဟု သတ်မှတ်နိုင်ပါသည်။

လင်းဖန်က သူ့ကို ဖွင့်ပြောသည့် မည်သည့် ကောင်မလေးကိုမဆို လက်ခံမည် မဟုတ်ပါ။

သူလိုချင်တာက သက်တောင့်သက်သာရှိပြီဂ ပျော်ဖို့ကောင်းသောာ ဘဝမျိုးဖြစ်သည်။ မိန်းကလေး တစ်ယောက်ဖွင့်ပြောတာကို ခံရတာမျိုးကတော့ သူ အကြိမ်ကြိမ် ကြုံခဲ့ဖူးပါပြီ။

ကောင်မလေးက ခေါင်းကို ပျော်ရွှင်စွာ ငြိမ့်လိုက်ပါသည်။ သူမ အငြင်းခံလိုက်ရသော်လည်း လင်းဖန်ကို စကားပြောလိုက်ရသည့်အတွက် ပျော်ရွှင်နေဆဲဖြစ်ပါသည်။

"ကောင်လေး ကျွန်မကို လက်မှတ်ထိုးပေးပါလာားဟင်" ကောင်မလေးက ဆက်ပြောသည်။

လင်းဖန်က သူမကို ထပ်မငြင်းတော့ပါ။ သူမကို လက်မှတ်ထိုးပေးပြီးနောက် အလုပ်ပြန်လုပ်တော့သည်။

လက်မှတ်ရသွားသည့် ကောင်မလေးကတော့ ရတနာတချို့ ရလိုက်သလိုပင်။ လင်းဖန် လက်မှတ်ထိုးပေးထားသည့် ကတ်လေးကို လက်နှစ်ဖက်စလုံးဖြင့် ကိုင်တယ်ရင် ရင်ဘတ်ပေါ်တွင် ထိထားလိုက်သည်။ သူမ အနည်းငယ် ပျော်ရွှင်သလို ခံစားနေရပါသည်။

သူမမှာ ညှို့အားပြင်းတဲ့ မင်းသားလေးရဲ့ လက်မှတ် ရှိနေပြီ။

နောက်ထပ် ၂ နာရီလောက် ကြာသောအခါ လင်းဖန်၏ ဒီနေ့ ရောင်းအားက ယွမ် ၂,၀၀၀ အထိရောက်ရှိလာပြီဖြစ်ပါသည်။

ယွမ် ၂,၀၀၀ ရဖို့ ၄ နာရီသာ ကြာမြင့်ခဲ့၏။

အပြင်ဘက်တွေ စောင့်နေသည့် လူများစွာ ရှိသော်လည်း လင်းဖန်က တံခါးကို ပိတ်လိုက်ပြီ ဖြစ်ပါသည်။

"ဟေး ဘော့စ် ။ ဘာလို့ ဆိုင်ကို ပိတ်နေတာလဲရှင့်။ ဒီက အစားအသောက်တွေက အရမ်းအရသာရှိတယ်လို့ကြားလို့ လာတာကို” ကောင်မလေး တစ်ယောက်က မေးလိုက်ပါသည်။

"ကျွန်တော်က တစ်ရက်ကို စားသောက်ဆိုင် ၄ နာရီလောက်ပဲ ဖွင့်တာပါ။ မနက် ၁၀ နာရီကနေ နေ့လည် ၂နာရီအထိပဲ ဖွင့်ပါတယ်ခင်ဗျ။ ကျန်တဲ့အချိန်တွေမှာ ပိတ်ပါတယ်ခင်ဗျ။” လင်းဖန်က ပြုံးကာ ပြန်ပြောလိုက်ပြီး သုံးဘီးဖြင့် လှည့်ထွက်သွားပါသည်။

လင်းဖန်သည် နေ့စဥ် ခေတ္တ အလုပ်လုပ်ပြီးနောက် ကျန်အချိန်များက သူ့ဘဝကို ပျော်ပျော်နေဖို့ ဖြစ်ပါသည်။

ကတ်စတမ်မာများစွာက နောင်တရစွာဖြင့် ပြန်သာ ပြန်နိုင်တော့သည်။ သူတို့ မနက်ဖြန်လည်း လာတန်းစီဦးမည်ဟု ပြောသွားကြပါသည်။

ညဘက်တွင် လင်းဖန်၏ စားသောက်ဆိုင်က ရေပန်းစားသော ရှာဖွေမှုတစ်ခု ဖြစ်လာခဲ့ပြန်ပါသည်။

အဘယ့်ကြောင့်ဆိုသော် လင်းဖန်၏ စားသောက်ဆိုင်မှ အစားအသောက်များက အလွန်အရသာရှိလွန်းနေသောကြောင့် ဖြစ်ပါသည်။

တစ်ချိန်တည်းမှာပဲ ပေါက်သွားသည့် သတင်းတစ်ခုရှိလာသည်။

လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ သတင်းအကြောင်း ဖြစ်သည်။

ရေပန်းစားသော ရှာဖွေမှု၏ အမည်မှာ...

[လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က အထက်တန်းကျောင်းတုန်းက ဘေးချင်းကပ်လျက်ထိုင်ခဲ့သူတွေတဲ့။]

ရေပန်းစားနေသည့် အကြောင်းအရာကို သူနှိပ်လိုက်သည်။ ပထမဆုံး ဓာတ်ပုံက လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ အထက်တန်းကျောင်းတုန်းက ဓာတ်ပုံဖြစ်ပါသည်။

နေဝင်နေပြီး စာအုပ်များများ၏ သင်းရနံ့ကလည်း လေထဲတွင် ပြန့်လွင့်နေခဲ့သည်။ စာသင်ခန်းထဲတွင် ရှားဝမ်ချွေ့က လင်းဖန်၏ ပခုံးပေါ်တွင် အနားယူနေကာ အလွန်လှပသည့် ပန်းချီကားတစ်ချပ်အသွင် ဖြစ်ပေါ်သွားစေပါသည်။

ရှားဝမ်ချွေ့က ဖန်သားပြင်ပေါ်တွင် ယောက်ျားလေး သရုပ်ဆောင်များနှင့် ဘယ်လို ချစ်ရေးချစ်ရာ ထိတွေ့မှုမျိုးမှ မပြုလုပ်ခဲ့ပါ။ သူတို့နဲ့ ဖက်လည်း မဖက် လက်တောင် မကိုင်ခဲ့ဖူးပါ။

ထို့အပြင် ဒီဓာတ်ပုံက ဝေ့ပေါ်တွင် လုံးဝ ပေါက်သွားခဲ့သည်။

ရှားဝမ်ချွေ့တစ်ယောက် ကောင်လေးတစ်ဦး၏ ပခုံးပေါ်တွင် မှီနေတာကို မရေမတွက်နိုင်သော ပရိတ်သတ်များစွာ ပထမဆုံး မြင်လိုက်ရခြင်းဖြစ်ပါသည်။

ကောင်မလေးက အထက်တန်းကျောင်းမှာကတည်းက အလွန်လှပခဲ့သည်။ ကောင်လေးကလည်း အထက်တန်းကျောင်းမှာကတည်းက ချောမောလွန်းခဲ့ပါသည်။

သူတို့နှစ်ယောက်က နေနဲ့လ ရွှေနဲ့မြ စုံတွဲတစ်တွဲလိုပင်...။

All Chapters