← Chapters

အခန်း(၃၃) ရှားဝမ်ချွေ့ မဖွင့်ဟခဲ့တဲ့ အချစ်ဦးလေး

Vol. 3 Ch. 33

အခန်း(၃၃) ရှားဝမ်ချွေ့ မဖွင့်ဟခဲ့တဲ့ အချစ်ဦးလေး

Vol. 3 Ch. 33

အခန်း(၃၃) ရှားဝမ်ချွေ့ မဖွင့်ဟခဲ့တဲ့ အချစ်ဦးလေး

ဒုတိယ ရေပန်းအစားဆုံး ရှာဖွေမှုက...

လင်းဖန်၊ ရှားဝမ်ချွေ့။

တတိယ ရေပန်းအစားဆုံး အကြောင်းအရာက [ရှားဝမ်ချွေ့၏ မဖွင့်ဟခဲ့တဲ့ အချစ်ဦးလေး] ဖြစ်သည်။

စုစုပေါင်း ရေပန်းစားနေသည့် အကြောင်းအရာ ၃ ခုရှိပါသည်။ အားလုံးကလည်း စာရင်း၏ ထိပ်ဆုံးတွင် တန်းစီ တည်ရှိနေကြသည်။

အင်တာနက်အသုံးပြုသူများ၏ စွမ်းအားက ကြီးမားလွန်းသဖြင့် လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ အထက်တန်းကျောင်းတုန်းက ပုံတွေကိုတောင် ပြန်တူးဆွခဲ့သည်။

ကျောင်းဖွင့်ပွဲ အခမ်းအနားများ၊ စကားရည် လုပွဲများ၊ သီချင်းဆိုပြိုင်ပွဲများ၊ ဒုတိယနှစ် ကျောင်သားများ၏ ရှေးဟောင်း ကဗျာပြိုင်ပွဲများ၊ ရက်တစ်ရာ သစ္စာဆိုပွဲများ၊ ဘွဲ့နှင်းသဘင် အခမ်းအနားများ ရှိခဲ့သည်။ ထိုပွဲတော်ကြီးများမှတဆင့် အဖြစ်အပျက်တစ်ခုကို မြင်နိုင်ပါသည်။

အထက်တန်းကျောင်း လှုပ်ရှားမှုများတွင် လင်းဖန်နှင့် ရှားဝမ်ချွေ့တို့က အမြဲတမ်း ဓာတ်ပုံ အတူတူ ရိုက်ခဲ့ကြသည်။

အထက်တန်းကျောင်းက စပြီး နောက်ပိုင်းအထိ သူတို့နှစ်ယောက်က ချစ်သူအစစ်အမှန်များလိုပင်။

သူတို့အထက်တန်းကျောင်းတုန်းက လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ အဆင့်များက ကောင်းလွန်းသဖြင့် ဆရာ ဆရာမများက ဘာမှသိပ်မပြောခဲ့ကြပါ။

အထက်တန်းကျောင်းတက်စဥ်တုန်းက သူတို့နှစ်ယောက် အတူတူရှိနေတာ ပုံမှန်ပဲဖြစ်သည်။ သို့သော် အခုတော့ တက္ကသိုလ်မှ ဘွဲ့ရပြီးတာ ၃ နှစ်ကြာပြီဖြစ်ပြိး ရှားဝမ်ချွေ့က လင်းဖန်၏ စားသောက်ဆိုင်တွင် ပေါ်လာကာ အဆက်အသွယ် ရှိနေကြဆဲဖြစ်သဖြင့် ပုံမှန် မဟုတ်တော့ပါ။

လင်းဖန်ရှိသည့် နေရာတိုင်း ရှားဝမ်ချွေ့ရှိသည်။

ရှားဝမ်ချွေ့ရှိသည့်နေရာတိုင်း လင်းဖန်ကို တွေ့ရသည်။

အဓိပ္ပာယ်က တစ်ခုတည်းသာ ဖြစ်နိုင်ပါသည်၊။ လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ ဆက်ဆံရေးက သာမန် မဟုတ်ပါဘူး။

ဝေ့ပေါ်တွင် ဒီလို လူထု အထင်အမြင်မျိုးက ဆွဲငင်အားရှိသည်။

ထို့ကြောင့်ပဲ ရေပန်းစားသော ရှာဖွေမှု [ရှားဝမ်ချွေ့၏ မဖွင့်ဟခဲ့တဲ့ အချစ်ဦးလေး] ပေါ်လာခဲ့ရပါသည်။

[ရှားဝမ်ချွေ့ လွန်ခဲ့တဲ့ သုံးနှစ်တာလုံး အကြင်နာပေးခန်း မရိုက်ခဲ့ရတဲ့ အကြောင်းအရင်းမှန်]

ရေပန်းစားသောအကြောင်းအရာတိုင်းက လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ထံသို့ ဦးတည်နေပါသည်။

နာမည်ကြီးမှုက ပိုပို မြင့်တက်လာပြီး ၂ သန်း၊ ၃ သန်း၊ ၄ သန်းအထိ ရောက်လာခဲ့သည်။

ဒီလိုနာမည်ကြီးတာမျိုးကို ပထမဆုံးမြင်ဖူးတာဖြစ်ပါသည်။

ရှားဝမ်ချွေ့၏ နာမည်ကြီးမှုက မြင့်လွန်းသည်။ မရေမတွက်နိုင်လောက်အောင် များသော လူများက ရှားဝမ်ချွေ့ကို သဘောကျကြ၏။ ယခု ဒီလိုသတင်းမျိုး ထွက်လာသဖြင့် မရေမတွက်နိုင်အောင် များပြားသော လူများစွာ၏ အာရုံစိုက်မှုကို ခံရခဲ့ပါသည်။

ပိုစ့်တိုင်းတွင် ကောမန့် ၁၀၀,၀၀၀ ကျော်ရှိနေသည်။

"ဘုရားရေ ... ငါတို့ချွေ့ချွေ့လေးမှ ကောင်လေး ရှိနေတာလား။ ပြီးတော့ အရမ်းလည်း ချောတယ်တဲ့။”

"မဖြစ်နိုင်တာ။ ငါတို့ရဲ့ ချွေ့ချွေ့လေးမှာ ဘာလို့ ရည်းစားရှိရမှာလဲ။ အဲ့ဒီကောင်က အရမ်း ချောနေရင်တောင် မဖြစ်နိုင်ပါဘူးကွာ။”

"ဟားဟား ငါထင်သားပဲ။ ရှားဝမ်ချွေ့က ရေခဲလို သန့်စင်ပြီး ကျောက်စိမ်းလို အပြစ်ကင်းတယ်။ သူ အကြင်နာပေးခန်းတွေ မရိုက်ဘူးမလား။ သန့်ရှင်းစင်ကြယ်မှုနဲ့ ဣန္ဒြေရှိမှုတို့က မင်းတို့အတွက် ဖျော်ဖြေရေးလောကက ဖန်တီးထားတဲ့ စရိုက်တွေပါကွာ။ ကြည့်ပါဦး။ သူက အထက်တန်းကျောင်းမှာကတည်းက ရည်းစားရှိပြီးသားတဲ့။”

"ငါ မယုံနိုင်ဘူး။ ချွေ့ချွေ့က တကယ်ပဲ လင်းဖန်နဲ့ တွဲနေတာလား။”

"ခွေးသား လင်းဖန် ငါ့ချွေ့ချွေ့လေးကို ခိုးရဲတယ်ပေါ့ မင်းသေချင်နေပြီပဲ။”

ဝေ့ပေါ်အောက်တွင် ကောမန့်မျိုးစုံ ရှိနေခဲ့ပါသည်။

ရှားဝမ်ချွေ့ကို သဘောကျသူတိုင်းကော မုန်းသူတိုင်းကော ဝေ့ပေါ်ပေါ်က ဆွေးနွေးမှုများက ရေဆူမှတ်ကို ရောက်ရှိနေခဲ့ပါပြီ။

သို့သော်လည်း တချို့ ကောင်းမွန်သည့် ကောမန့်လေးများလည်း ရှိပါသေးသည်။

"မင်းတို့ကောင်တွေ ချွေ့ချွေ့ရဲ့ ကိုယ်ရေးကိုယ်တာ ဘဝကို ဝင်မစွက်ဖက်လို့ မရဘူးလား။ ချွေ့ချွေ့ကို လွတ်လပ်ခွင့် ပေးလိုက်ပါဦး။”

"ကျေးဇူးပြုပြီး ရှားဝမ်ချွေ့ရဲ့ အလုပ်ကိုပဲ ပိုပြီး ဂရုစိုက်ပေးကြပါ။”

"အထက်တန်းကျောင်းမှာ ဆန့်ကျင်ဘက်လိင် သူငယ်ချင်းမရှိတဲ့လူမျိုး ရှိလို့လားကွ။ သူတို့ ဓာတ်ပုံဘယ်နှပုံ တွဲရိုက်ထားတာမို့လို့လဲ။ မင်းတို့ သက်သေပြလို့ရလား။”

"ချွေ့ချွေ့ ကိုယ်တိုင် မဖွင့်ဟသရွေ့ ဒီလို ကိစ္စမျိုးတွေကို ငါကောလဟာလ မဖြန့်ဘူး။”

...

သတင်းများစွာကို မြင်ပြီးနောက် လင်းဖန် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပါသည်။

သူ့ကြောင်မလေးကို ဒီလိုစကားမျိုးတွေ ပြောရဲတဲ့ ကြမ်းကြမ်းတမ်းတမ်း ပရိတ်သတ် တစ်စုတော့ ရှိနေပါသည်။

လင်းဖန်က သူလုပ်နိုင်တာ ဘာမှမရှိသဖြင့် ဒေါသထွက်ရ၏။

ရှားဝမ်ချွေ့က သူ့ပခုံးပေါ်တွင် မှီကာ အနားယူခဲ့ဖူးသည်။ ဒီလိုဓာတ်ပုံမျိုးကို ရှင်းပြဖို့ မဖြစ်နိုင်ပါ။

ဝေ့ပေါ်ထဲက လူများက သူ့ကို ဆဲဆိုတာ ကိစ္စမရှိပါဘူး။ သို့သော် တချို့က ရှားဝမ်ချွေ့ကို သိက္ခာချလျှင် လင်းဖန်၏ နှလုံးသား နာကျင်ရပါလိမ့်မည်။

ယခင်တုန်းက သူ စားသောက်ဆိုင်လေး ဖွင့်ခဲ့စဥ်တုန်းက ရှားဝမ်ချွေ့နှင့် အလွန် ဝေးကွာလွန်းသဖြင့် လူမသိသူမသိ ကောင်လေးတစ်ယောက်ဖြစ်ခဲ့သည်။

သို့သော်လည်း အခုတော့ သူ့မှာ ဇိမ်ခံကားကြီးများ၊ ဗီလာနှင့် ကြယ်ငါးပွင့် ဟိုတယ်ကြီး တစ်ခု၏ ရှယ်ယာများကိုပါ ပိုင်ဆိုင်ထားခဲ့ပါပြီ။ ရှားဝမ်ချွေ့နှင့် အဆင့်အတန်းချင်း တူနေပြီဖြစ်ပြီး သူမ၏ ဘဝထဲ တဖြည်းဖြည်း ချဥ်းကပ်နိုင်လာပြီဖြစ်သည်။

ရှားဝမ်ချွေ့က အလွန်လှပ၏။ သို့သော် ဖျော်ဖြေရေး လုပ်ငန်းထဲမှာ အကြင်နာပေးသည့် အခန်းများလည်း မရိုက်ကူးသလို၊ ယောက်ျားလေး သရုပ်ဆောင်များနဲ့လည်း ခန္ဓာကိုယ်ချင်း ထိတွေ့မှု မရှိခဲ့ပါ။

လင်းဖန်က အလွန်ချော၏။ သူ့ကို သဘောကျသည့် ကောင်မလေးများစွာ ရှိသည်။ သို့သော် သူတို့ကြောင့် တစ်ခါမှ စိတ်မလှုပ်ရှားခဲ့ရပါ။

ဒီတစ်ခေါက်တော့ ဝေ့ပေါ်တွင် ရေပန်းစားနေသည့် အကြောင်းအရာတစ်ခုရှိနေပြီး လူထု၏ ထင်မြင်ချက်များစွာလည်း ရှိနေပါပြီ။

ထိုအချိန်တွင် လင်းဖန်က ရှားဝမ်ချွေ့ထံမှ သတင်းကို စောင့်မျှော်နေခဲ့သည်။

ရှာဝမ်ချွေ့ သူ့အပေါ်ထားသော ခံစားချက်ကို သူ သေချာမသိရသေးပါ။ သူ အလောတကြီး ဖွင့်ပြောလိုက်လျှင် သူငယ်ချင်းကောင်း တစ်ယောက်ကိုပင် ဆုံးရှုံးသွားရနိုင်သည်။

ရှားဝမ်ချွေကလည်း ဘာမှ မပြောခဲ့ပါ။

ရှားဝမ်ချွေ့က ရုံးထဲတွင်ရှိနေပြီး သူမ၏ ဖုန်းကို ကြည့်ကာ သူမလည်း လင်းဖန်ထံမှ သတင်းကို စောင့်မျှော်နေခြင်း ဖြစ်ပါသည်။

ဒီလူဆိုးကောင် လင်းဖန်က ဘာဖြစ်လို့ မက်ဆေ့ချ်ချ်တစ်စောင်မှ မပို့သေးတာလဲ။

လင်းဖန်က... သူမအပေါ် ဘာခံစားချက်မှ မရှိလို့များလား။

သူမက မိန်းကလေးဖြစ်သည်။ ထို့ကြောင့် ဣန္ဒြေထိန်းရမည်ဖြစ်ပြီး အရမ်းကြီး သွက်လက်နေလို့ မဖြစ်ပါဘူး။

ကုမ္ပဏီတွင် သူမက နံပါတစ် အမျိုးသမီး သရုပ်ဆောင်ဖြစ်ပြီး ကုမ္ပဏီက ပျိုးထောင်ပေးဖို့ အာရုံစိုက်ထားသည့် သရုပ်ဆောင် ဖြစ်တာကို သူမကိုယ်တိုင် နားလည်ပါသည်။ ဒီကိစ္စက ပြန့်သွားပါက ကုမ္ပဏီမှ သေချာပေါက် သူမကို ဖိအားပေးပါလိမ့်မည်။

သို့သော်လည်း လင်းဖန် သူမအတွက် ဘယ်လို ခံစားချက်ရှိသလဲဆိုတာ မသေချာသေးပါဘူး။

လင်းဖန်သာ... သူမကို မကြိုက်ရင် ဘယ်လို လုပ်မလဲ။ ရှားဝမ်ချွေ့၏ မျက်လုံးလေးများ အရောင်မှေးမှိန်သွားရသည်။

"မြောင် ~~ ငါကိုက်မှာ။ နင်က စိတ်တိုဖို့ ကောင်းလိုက်တာ။”

"ဟွန်း ငါလည်း နင့်ကို မက်ဆေ့ချ်မပို့ဘူး။ မက်ဆေ့ချ် အရင်ပို့တဲ့လူက ဝက်ဖြစ်မှာပဲ” ရှားဝမ်ချွေ့က ပျင်းကြောဆန့်လိုက်ပါသည်။ သူမ၏ ကောက်ကြောင်းများက လှပပြီး ဆွဲဆောင်မှုရှိသည်။

ရှားဝမ်ချွေ့က လင်းဖန်အကြောင်း စဥ်းစားလိုက်သည်။ သူမိသားစု နောက်ခံကိုလည်း သူမ ဂရုမစိုက်ပါ။

သို့သော် ရုတ်တရက် သူမနားလည်သွား၏။ လင်းဖန်၏ မိသားစုက ဆင်းရဲပြီး သူ့ဘဝက ရိုးရှင်းသည်။ သူမအတွက် ဘယ်လိုလုပ်ရပ်တည်ပေးပြီး ကုမ္ပဏီ၏ ဖိအားကို ဘယ်လို ရင်ဆိုင်နိုင်ပါ့မလဲ”

"ဘယ်သူဖြစ်ဖြစ် ငါ့ဝက်ပေါက်လေးကို အနိုင်ကျင့်လို့ မရဘူး” ရှားဝမ်ချွေ့က သူမ၏ လှပသော မျက်လုံးလေးများကို မော့ကြည့်လိုက်ပါသည်။ သူမတစ်ယောက်တည်း ကုမ္ပဏီရဲ့ ဖိအားတွေကို ရင်ဆိုင်နေရတာ လုံလောက်ပါပြီ။

....

ယွဲ့ဟွာ ဖျော်ဖြေရေးတွင် ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့လို အမျိုးသမီး သရုပ်ဆောင်များရှိသလို ရှုယန်လို ထိပ်တန်းအမျိုးသား သရုပ်ဆောင်များလည်း ရှိပါသည်။

ရှားဝမ်ချွေ့က ယွဲ့ဟွာ၏ ထိပ်တန်း အစ်မကြီး ဖြစ်ပါက ရှုယန်က ယွဲ့ဟွာ၏ ထိပ်တန်း အစ်ကိုကြီးလို ဖြစ်ပါသည်။

ရုံးခန်းထဲတွင် ရှုယန်၏ အမျိုးသမီးလက်ထောက်က တံခါးခေါက်လာ၏။

"ဝင်ခဲ့ပါ” ရှုယန်က ထိုင်ခုံတစ်ခုံတွင် ထိုင်နေပြီး ထူးဆန်းသည့် အရှိန်အဝါမျိုးကို ပေးစွမ်းနေ၏။ သူက အလွန်တည်ငြိမ်၊ ထက်မြက်ပြီး နက်နဲသော ခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။

ကုမ္ပဏီထဲက လူတိုင်းက ရှုယန် ရှားဝမ်ချွေ့ကို သဘောကျနေမှန်း သိကြပါသည်။

ရှားဝမ်ချွေ့၏ ပုံစံက ယွဲ့ဟွာ ကုမ္ပဏီထဲတွင် ပြိုင်ဘက်ကင်းသည်။

ထို့အပြင် ရှားဝမ်ချွေ့က သန့်ရှင်းသော မိန်းကလေးတစ်ယောက်လည်း ဖြစ်ပါသည်။

"ဆရာရှု”

"ဝေ့ပေါ်မှာ ဘာတွေဖြစ်နေလဲ ကြည့်ပါဦး...” လက်ထောက်က ပြောလိုက်ပါသည်။

"ပထမဆုံး သက်ဆိုင်ရာဌာနတွေကို ဆက်သွယ်ပြီး ဝမ်ချွေ့အတွက် ထိခိုက်နစ်နာစေတဲ့ ရေပန်းစားအကြောင်းအရာတွေကို ဖယ်ရှားလိုက်ချေ။”

"ဒုတိယအနေနဲ့ ဝမ်ချွေ့ကို မကောင်းသတင်း ပြောနေတဲ့ အကြောင်းအရာတွေကို စုံစမ်းပြီး အဲ့တာတွေရဲ့ နောက်ကွယ်က ကုမ္ပဏီနဲ့ အဖွဲ့တွေကိုပါ စုံစမ်းစစ်ဆေးပါ။”

"တတိယအနေနဲ့ ဝမ်ချွေ့ရဲ့ အချစ်အရေးအကြောင်း ကောလဟာလတွေကို ပြန်တုန့်ပြန်ဖို့ တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်ပါ။ ငါတို့ ဝမ်ချွေ့နဲ့ဆက်သွယ်ပြီး သူ့အပေါ် လူထုရဲ့ ထင်မြင်ချက်တွေကို လျှော့ချဖို့ လိုတယ်” ရှုယန်က ပြောလိုက်သည်။

"နားလည်ပါပြီ” လက်ထောက်က ခေါင်းငြိမ့်လိုက်၏။ သို့သော် သူက ထွက်မသွားသေးပေ။

"ဘာကျန်သေးလို့လဲ” ရှုရန်က သူ့လက်ထောက်ကို ကြည့်လိုက်ပါသည်။

"ဆရာရှု။ အချစ်ရေးက အတုအယောင် ဆိုပေမယ့် အစ်မဝမ်ရွှေ့ရဲ့ ဓာတ်ပုံတွေကတော့ အစစ်ပါရှင့်။”

"ဌာနမှာ သူ့ကို ဆရာ နှစ်တွေ အကြာကြီး ကူညီပေးခဲ့ပြီးပြီ။ ဒါပေမယ့် သူက..." လက်ထောက်က ပြောလိုက်ပါသည်။

"တော်တော့" ရှုယန်က လက်ကို ရမ်းလိုက်သည်။

"ဝမ်ချွေ့မှာ ကိုယ်ပိုင်စဥ်းစားဉာဏ်ရှိတယ်။ ပြီးတော့ သူက ငါတို့ကုမ္ပဏီကပဲ။ သူ့ရဲ့နောက်ကွယ်မှာ သူ့မကောင်းကြောင်းကို ထပ်ပြောခွင့် မပေးဘူး။”

"ပြီးတော့... မျှမျှတတ ကစားတာက ပိုပြီး စိတ်ဝင်စားဖို့ မကောင်းဘူးလား။”

"ဆရာရှု ကျွန်မအမှားကို သိပါပြီ” လက်ထောက်က သူမ၏ ခေါင်းကို အမြန်ငုံ့ကာ တောင်းပန်လိုက်ပါသည်။

"ဟုတ်ပြီ၊ အလုပ်လုပ်လိုက်ကြစို့။”

"ပြီးတော့ မင်းကို ပြောစရာရှိသေးတယ်။ ဝမ်ချွေ့မှာ တကယ် အချစ်ရေးကိစ္စရှိနေရင်တောင် ကုမ္ပဏီက အမြဲတမ်း သူ့ဘက်မှာ ရှိနေပေးမှာပဲ။ ငါဆိုလိုတာကို နားလည်လား” ရှုယန်က သူ့လက်ထောက်ကို ကြည့်လိုက်ပါသည်။

လက်ထောက်က ခေါင်းငြိမ့်ကာ ထွက်သွားလေ၏။

"လင်းဖန်..." ရှုယန်၏ နက်ရှိုင်းသော မျက်လုံးများက သူ့ဖုန်းထဲက လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ ဓာတ်ပုံကို ကြည့်နေသည်။ တခြားလက်တစ်ဖက်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

သူက ကုမ္ပဏီထဲက ထိပ်တန်း အမျိုးသား သရုပ်ဆောင်တစ်ယောက် ဖြစ်သည်။ ရှားဝမ်ချွေ့လောက် ပရိတ်သတ်တွေလည်း သူ့မှာ ရှိသည်။ မိသားစု နောက်ခံအရကော၊ ရုပ်ရည်အရကော၊ အကျင့်စရိုက်အရကော ဘယ်သူ့ကိုမှ သူ မရှုံးလောက်ဘူးဟု ရှုယန် ခံစားမိသည်။

သို့သော် ဒီနေ့တော့ လင်းဖန်လို့ ခေါ်တဲ့ လူတစ်ယောက်ကို သူရှုံးနိမ့်ခဲ့ပါသည်။

All Chapters