အခန်း(၃၄) ပြေးတော့
Vol. 3 Ch. 34
အခန်း(၃၄) ပြေးတော့
"ဝမ်ချွေ့လေး၊ ဘာလို့ လင်းဖန်ရဲ့စားသောက်ဆိုင်မှာ ရှောင်းယွီနဲ့ အတူတူ သွားစားခဲ့တာလဲ။”
"အခု အထက်တန်းကျင်းတုန်းက ဖြစ်ခဲ့သမျှတွေ အကုန်ပေါ်ကုန်ပြီ။ နင်နဲ့ လင်းဖန်တို့ အခန်းတစ်ခန်းတည်း အတူတူ ရှိခဲ့ကြတာကိုသာ လူတွေသိသွားလို့ကတော့...” ယန်ချင်းသည် ရှားဝမ်ချွေ့၏ လက်ကို ကိုင်ကာ လေးလေးနက်နက် ပြောလိုက်ပါသည်။
ရှားဝမ်ချွေ့၏ မန်နေဂျာတစ်ယောက် အနေနဲ့ ဒီလိုကိစ္စမျိုး ဖြစ်လာပါက သေချာပေါက် ကုမ္ပဏီဘော့စ်၏ အပြစ်တင်တာကို ယန်ချင်း ခံရပါလိမ့်မည်။
ကံကောင်းစွာဖြင့် ပြဿနာများက ထိန်းသိမ်းနိုင်နေဆဲဖြစ်သည်။ ညဘက်ကြီး လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ တစ်ခန်းတည်း အတူတူ ရှိခဲ့ကြတာကိုသာ ပရိတ်သတ်တွေ သိသွားပါက ယန်ချင်း အလုပ်ပြုတ်သွားနိုင်ပါသည်။
"မြောင်မြောင် ကျွန်မ အဆင်ပြေပါတယ်” ရှားဝမ်ချွေ့က ချိုချိုသာသာ ပြုံးလိုက်ပြီး ချစ်ဖို့ကောင်းသော ခြေဟန်လက်ဟန်နှင့် မျက်နှာထားလေး လုပ်ပြလိုက်သည်။
"ဝမ်ချွေ့ ဒါက အရေးကြီးတဲ့ ကိစ္စနော်” ယန်ချင်း ပြောလိုက်ပါသည်။
ရှားဝမ်ချွေ့က သူမ၏ လှပသော ကောက်ကြောင်းများ ပေါ်လွင်အောင် ထိုင်နေသည်။ သူမ ယန်ချင်းကိုကြည့်လိုက်ပြီး မေးလိုက်၏။ "စီအီးအိုလီက အစ်မကို တစ်ခုခု ပြောခိုင်းလိုက်လို့လား။”
စီအီးအိုလီမှာ ယွဲ့ဟွာဖျော်ဖြေရေး၏ အဓိက ဘော့စ်ဖြစ်ပါသည်။
ဒီအဖြစ်အပျက်ဖြစ်ပြီးနောက် ကုမ္ပဏီ၏ ဘော့စ်က ရှားဝမ်ချွေ့ကို စကားမပြောတော့ပါ။ သူမ၏ မန်နေဂျာကိုသာ ခေါ်ခဲ့ပါသည်။
ရှားဝမ်ချွေ့က လှပြီး မကြာခဏ ချစ်ဖို့ကောင်းသော မျက်နှာထားမျိုးလုပ်တတ်သော်လည်း အလွန်ဉာဏ်ထက်မြက်ပါသည်။
သူမ ရင်ဆိုင်ရမှာကို ရင်ဆိုင်ရမည်။
ဒိလိုကိစ္စမျိုးဖြစ်လာပြီ ဖြစ်သဖြင့် ကုမ္ပဏီက ကန့်ကွက်မှုများ ရှိလိမ့်မည်။ သို့သော် ဘော့စ်ကိုယ်တိုင် ရှားဝမ်ချွေ့ကို ဝေဖန်လို့မရပါ။
ပွင့်ပွင့်လင်းလင်း ပြောလို့မရသည့် ကိစ္စတချို့ရှိနေ၏။ ဒီတစ်ခေါက် ယန်ချင်း သူမကို စကားလာပြောခြင်းက စီအီးအိုလီကိုယ်စား ဖြစ်ပါသည်။
"စီအီးအိုလီ ပြောလိုက်တာက နင့်အောင်မြင်မှုက အခုမှ တက်လာခါစရှိသေးပြီး ကုမ္ပဏီကလည်း နင့်ကို အစွမ်းကုန် ထောက်ပံ့ပေးမယ်တဲ့။ ဒီနေ့ ဝေ့ပေါ်ပေါ်မှာ ပို့စ်တင်ပြီး ထိခိုက်မှုတွေ အကုန်လုံးကို ရှင်းပေးဖို့ ငါမျှော်လင့်တယ်” ယန်ချင်းက ပြောလိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် အင်တာနက်ပေါ်မှာ ရှားဝမ်ချွေ့နဲ့ လင်းဖန်တို့ အလွန်နီးစပ်ကြသည်ဟူသည့် ကောလဟာလတချို့ ထွက်နေပြီဖြစ်သည်။ သူတို့ အတူတူ နေနေကြသည်ဟုပင် ကောလဟာလလွှင့်သူ တချို့ပါ ရှိနေကြသည်။
ပရီတ်သတ် ပိုများလေလေ မုန်းတီးသူတွေလည်း ပိုများလေလေ ဖြစ်ပါသည်။ ရှားဝမ်ချွေ့က အလွန်လှပ၏။ သို့သော်လည်း သူမကို ဒုက္ခပေးချင်သည့် တိုက်ခိုက်ရေးသမားများ နောက်ကွယ်က အဖွဲ့အစည်းများစွာလည်း ရှိနေပါသည်။
"ကျန်တာ ဘာမှ ပြောစရာမရှိတော့ဘူးလား” ရှားဝမ်ချွေ့က ထပ်မေးလိုက်သည်။ သူမ ယန်ချင်းကိုကြည့်လိုက်သည်။ တစ်ခုခုကို ပြောချင်သော်လည်း တွန့်ဆုတ်နေပုံရ၏။
ယန်ချင်းက သက်ပြင်းချကာ ပြောလိုက်ပါသည်။ "ဝမ်ချွေ့ နင် သရုပ်မဆောင်တာ တစ်နှစ်နီးပါး ရှိနေပြီ။ နင်စိတ်ကျေနပ်တဲ့ ဇာတ်ညွှန်းကို အခုထိ ရှာလို့မတွေ့သေးဘူး။ ဒီခေတ်ကြီးမှာ နာမည်က ရွှေပဲ။ နင် သရုပ်မဆောင်ရင် ... “
ရှားဝမ်ချွေ့က သူမ၏ လှပသောမျက်လုံးလေးများကို မော့လိုက်ပြီး ယန်ချင်းကို တည်တံ့စွာ ကြည့်လိုက်သည်။ "စီအီးအိုလီက ကုမ္ပဏီ ပိုက်ဆံပိုရအောင် ကျွန်မကို Show တွေ၊ Variety Showတွေ ထပ်ရိုက်စေချင်လို့လား။”
"မဟုတ်ဘူး မဟုတ်ဘူး” ယန်ချင်းက ခေါင်းခါလိုက်ပါသည်။
"ဝမ်ချွေ့ စီအီးအိုလီကလည်း နင့်အတွက် စဥ်းစားပေးနေတာပါ။ နင် အချစ်ဇာတ်လမ်းတစ်ခု ရိုက်ဖို့ စဥ်းစားပါလား။ ဘာပဲဖြစ်ဖြစ် စျေးကွက်ထဲမှာ အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်ကြားက အချစ်ဇာတ်လမ်းတွေက ရေပန်းပိုစားတယ်လေ။ 'The Journey of Flower' လိုပေါ့။”
"ပြောင်းလဲမှုအသစ်ကို ကြိုးစားကြည့်မယ်ဆိုရင် နင့်တိုးတက်မှုက အခုထက်တောင် ပိုပြီး မြင့်မားသွားမယ်လို့ စီအီးအိုလီက ယုံကြည်နေတယ်။” ယန်ချင်းက ပြောလိုက်ပါသည်။
ရှားဝမ်ချွေ့က လှပစွာ ပြုံးလိုက်ပါသည်။
စီအီးအိုလီရဲ့ ရည်ရွယ်ချက် အစစ်က ဒီလိုဟုတ်လို့လား။
ဒီတစ်ခေါက် ကိစ္စကို အသုံးချပြီး သူမကို သတိပေးနေခြင်းဖြစ်ပါသည်။
သူမနှင့် လင်းဖန်တို့၏ အထက်တန်းကျောင်းတုန်းက ဓာတ်ပုံများ အွန်လိုင်းပေါ် တက်လာခဲ့သည်။ ဒါသူမ ကိစ္စဖြစ်သည်။
လင်းဖန်အတွက် သူမ အကြင်နာပေးခန်းများ မရိုက်ချင်တာ သူမ၏ သဘောဖြစ်သည်။
ကုမ္ပဏီဘော့စ်က သူမကို ပွင့်ပွင့်လင်းလင်း မပြောချင်လျှင် ဘာကြောင့် ယန်ချင်းကိုကျတော့ ပြောရတာလဲ။
"အစ်မယန် စီအီးအိုလီပြောတာကို ကျွန်မနားလည်တယ်။ ဒါပေမယ့် အစ်မက ကျွန်မရဲ့ မန်နေဂျာပါ။ စီအီးအိုလီရဲ့ မန်နေဂျာ မဟုတ်ဘူး” ရှားဝမ်ချွေ့က ယန်ချင်း၏ လက်ကို ကိုင်ရင်း တည်ကြည်စွာ ပြောလိုက်ပါသည်။
"ဝမ်ချွေ့ ငါတောင်းပန်ပါတယ်။ ငါနားလည်ပါပြီ။" ယန်ချင်းက ချက်ချင်း ခေါင်းငြိမ့်လိုက်ပါသည်။
သူမက ဝမ်ချွေ့၏ လက်အောက်ငယ်သားဖြစ်သည်။ စီအီးအိုလီနှင့်မဆိုင်ပါ။
ရှားဝမ်ချွေ့ အကြင်နာပေးခန်း မရိုက်ချင်ပါက ကုမ္ပဏီက သူမကို ဘာမှမပြောလောက်ပါ။
သို့သော်လည်း မန်နေဂျာတစ်ယောက်ဆိုတာ သရုပ်ဆောင်တစ်ယောက်အတွက် တိုက်ရိုက် တာဝန်ရှိသည်။ ရှားဝမ်ချွေ့သာ သဘောမကျပါက သူမ၏ မန်နေဂျာကို အချိန်မရွေး ပြောင်းလဲပစ်နိုင်ပါသည်။
ရှားဝမ်ချွေ့ ကုမ္ပဏီက ထွက်သွားရင်တောင် သူမ၏ တိုးတက်မှုက ပိုကောင်းနိုင်ပါသေးသည်။ ယန်ချင်းက သူမ၏ ဘော့စ်စကားကို နားထောင်ချင် နားထောင်မည်။ သို့သော် သူမက ခြွင်းချက်မရှိ ရှားဝမ်ချွေ့၏ လက်အောက် ငယ်သားသာ ဖြစ်သည်.
"မြောင် မြောင် ~ အစ်မယန်က အတော်ဆုံးဆိုတာ ကျွန်မသိပြီးသား။ အစ်မယန် အချိန်ရရင် ကျွန်မကို Variety Show တစ်ခု ကူရွေးပေးပါဦး။ကျွန်မ အလုပ်မလုပ်တာ ကြာပြီမို့လို့ မကြာခဏ အလုပ်လုပ်ပေးတာ ကောင်းတယ်” ရှားဝမ်ချွေ့က ယန်ချင်း၏ လက်မောင်းကို ကိုင်ရင်း ပြောလိုက်ပါသည်။
"Keep Running ဆိုရင် ဘယ်လိုသဘောရလဲ” ယန်ချင်း မျက်လုံးများ ဝန်းစက်သွားပါသည်။
"ကောင်းပြီ၊ ကျန်တာကို အစ်မပဲ တာဝန်ယူလိုက်နော်။” ရှားဝမ်ချွေ့က ချိုမြိန်စွာ ပြုံးလိုက်ပါသည်။
ရှားဝမ်ချွေ့က အမြဲလိုလို အလွန်ချစ်ဖို့ကောင်းပါသည်။
သို့သော်လည်း အရာရာကို အလျှော့ပေးတတ်သည်ဟု မဆိုလိုပါ။
ယန်ချင်းထွက်သွားသောအခါ သူမ ချွေးစေးများ ပြန်လာခဲ့ပါသည်။
သူမ၏ ကိုယ်ပိုင်အစွမ်းအစကြောင့် ဒီနေရာအထိ တက်လာနိုင်ခဲ့ခြင်းဖြစ်သည်။
စကားလုံးအနည်းငယ်လောက်နဲ့ သူမ၏ သဘောထားကို ပြတ်ပြတ်သားသား ဖော်ပြပြီးပြီ ဖြစ်သည်။
သူမ ဘယ်တော့မှ အချစ်ဇာတ်လမ်း တစ်ခန်းကို ရိုက်မှာမဟုတ်ပါ။ အကြင်နာပေးခန်းဆို ပိုဆိုးပါသေးသည်။ ကုမ္ပဏီဘော့စ်၏ သဘောထားဆိုရင်တောင် ပြောင်းလဲသွားမည်မဟုတ်ပါ။
ယန်ချင်းသာ ဆက်ပြီး တောင်းဆိုရဲပါက ရှားဝမ်ချွေ့ သူမ၏ မန်နေဂျာကို ပြောင်းလဲပစ်လိုက်မည် ဖြစ်ပါသည်။
ရှားဝမ်ချွေ့၏ စကားနောက်ကွယ်က အဓိပ္ပာယ်ကို ယန်ချင်းနားလည်သဖြင့် သူမ၏ သစ္စာရှိမှုကို ချက်ချင်း ပြသခဲ့ပါသည်။ ရှားဝမ်ချွေ့ကလည်း ယန်ချင်းကို ဂရုစိုက်ပုံပြသလိုက်ပါသည်။ သူမက Variety Show တချို့တွင် ပါဝင်ဖို့ စိတ်ကူးရှိပြီး "Keep Running" ကနာမည်ကြီးပါသည်။
ယန်ချင်း ဘာမှ မတတ်နိုင်ဘဲ သက်ပြင်းသာချလိုက်မိပါတော့သည်။
သူမ သိချင်မိသည်။
လင်းဖန်ဆိုတာ ဘယ်လိုလူမျိုးမို့လို့လဲ။
ရှားဝမ်ချွေ့ကို ကုမ္ပဏီ၏ ဘော့စ်အား တိုက်ခိုက်ရဲစေရုံသာမက အကြင်နာပေးခန်း မရိုက်ဘူးဟူသည့် သူမ၏ သဘောထားအတိုင်း ဆက်လက် ကျင့်ကြံစေခဲ့သည်။
ယန်ချင်းက လင်းဖန်ကို ပိုပိုပြီး စိတ်ဝင်စားလာပါပြီ။
ရှားဝမ်ချွေ့ကို သဘောကျသွားအောင် လုပ်နိုင်သည့် တစ်ယောာက်တည်းသောသူမှာ လင်းဖန်သာ ဖြစ်ပါသည်။
"လင်းဖန်ကို မကြိုက်ဘူးဆိုတာ ဘာကိုပြောချင်တာလဲ။ ဒီလိုတောင်ဖြစ်နေမှတော့ လင်းဖန်ကို မကြိုက်တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
"ငါ့သာ အခွင့်အရေးရရင် အဲ့ဒီလင်းဖန်ကို တွေ့ပြီး ငါ့ဂေါ်ဖီထုပ်လေးကို ဘယ်လို အခွင့်ကောင်း ယူသွားလဲ ကြည့်ပါဦးမယ်" ယန်ချင်းက တစ်ယောက်တည်း တွေးလိုက်ပြီး ရှားဝမ်ချွေ့အတွက် အလုပ်များကို စတင်ပြင်ဆင်လိုက်ပါသည်။
...
ည ၁၀ နာရီတွင် စားသောက်ဆိုင်သို့ လင်းဖန်တစ်ယောက် တိတ်တိတ်လေး သွားခဲ့ပါသည်။
ဒီလို မလုပ်လို့မရပေ။ ယခု သူက ရေပန်းစားလွန်းနေပါပြီ။
ထို့အပြင် မရေမတွက်နိုင်သော ပရိတ်သတ်များ၏ ရင်ထဲတွင် အချစ်ပြိုင်ဘက်တစ်ယောက် ဖြစ်နေလေပြီ။
ဘာပဲဖြစ်ဖြစ် သူနဲ့ ရှားဝမ်ချွေ့၏ ဓာတ်ပုံက ကြမ်းတမ်းလွန်းပါသည်။
စားသောက်ဆိုင်သို့ လာရသသည့် အဓိကအကြောင်းအရင်းက ချွေ့ချွေ့တစ်ကောင် စားသောက်ဆိုင်ထဲတွင် ရှိနေဆဲဖြစ်ပြီး အိမ်ကို ပြန်ခေါ်သွားချင်လို့ဖြစ်ပါသည်။
လင်းဖန်က ဒီကြောင်ကို အစာကျွေးရမည်။ မဟုတ်ပါက ငတ်သေသွားပါလိမ့်မည်။
"မြောင်~” ကြောင်လေးက လင်းဖန်ကို တွေ့သောအခါ ဝမ်းနည်းသွားပုံပေါ်သည်။ သူ တစ်နေကုန် အစာမစားရသေးပါ။
"ဟုတ်ပါပြီ၊ ဘာမှမဖြစ်တော့ဘူး။” လင်းဖန်က ကြောင်လေးကို ဖက်လိုက်ပြီး ခေါင်းကို ပွတ်ပေးကာ ပြန်ဖို့ ပြင်လိုက်သည်။
သူပြန်ခါနီးဆဲဆဲတွင် ရင်းနှီးနေသော ကြောင်နားရွက် ဦးထုတ်လေး သူ့ဘေးတွင် ပေါ်လာတာကို လင်းဖန်မြင်လိုက်ရပါသည်။
ရှားဝမ်ချွေ့ဖြစ်နေပါသည်။
"နင် ဘာလို့ ဒီရောက်လာတာလဲ” လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်ပြီး ဆွဲခေါ်လာလိုက်သည်။
"ငါချွေ့ချွေ့ကို လာတွေ့တာလေ။ နင်ကော...” ရှားဝမ်ချွေ့က လင်းဖန်၏ လက်ထဲက ကြောင်လေးကို ကြည့်ကာ ချိုမြိန်စွာ ပြုံးလိုက်ပါသည်။
"ငါနင့်ကို စောင့်နေတာ” လင်းဖန်က ပြောလိုက်သည်။
"တကယ်လား” ရှားဝမ်ချွေ့က လင်းဖန်ကို စပ်စုစွာ ကြည့်လိုက်ပါသည်။ သူမ၏ မျက်နှာလှလှလေးက ရှက်သွေးဖြာနေသည်။
အစကတော့ ရေပန်းစားသော ရှာဖွေမှုထဲတွင် ပါဝင်နေသဖြင့် စားသောက်ဆိုင်တောင် ဖွင့်လို့ မရတော့သောကြောင့် လင်းဖန်အနည်းငယ် စိတ််ဆိုးနေခဲ့ပါသည်။ သို့သော် ရှားဝမ်ချွေ့ကို မြင်ပြီးနောက် လင်းဖန် စိတ်မဆိုးနိုင်တော့ပါ။
ရှားဝမ်ချွေေ့က သူ့ကို ညဘက်ကြီး လာတွေ့ခဲ့သည်။ အန္တရာယ်အလွန်များလွန််းပါသည်။ လင်းဖန်စဥ်းစားကြည့်လိုက်ပြီး စိတ်ဆိုးသင့်တယ်လို့ ခံစားသွားရပါသည်။
သူနဲ့ ရှားဝမ်ချွေ့တို့၏ ရေပန်းစားမှုက ၅ သန်းအထိပင် ရောက်နေပြီဖြစ်သည်။ ဒီအချိန်ကြီး သူတို့နှစ်ယောက်အတူတူရှိနေတာကိုသာ သူမ၏ ပရိတ်သတ်များ မြင်သွားပါက.... အကျိုးဆက်က စဥ်းစား၍မရနိုင်လောက်အောင် ရှိပါလိမ့်မည်။
ပတ်ဝန်းကျင်က မှောင်မှဲနေပြီး ရှားဝမ်ချွေ့က လင်းဖန်နှင့် နီးကပ်နေ၏။ သူမ၏ အသက်ရှူသံနှင့် ခန္ဓာကိုယ်အပူချိန်များကိုပင် လင်းဖန် ခံစားမိပါသည်။
ဒီအကျင့်မကောင်းတဲ့ ရှားဝမ်ချွေ့ကတော့။ လုံလုံခြုံခြုံမဝတ်ဘဲ အရမ်းလည်းလှနေသည်။ သူနဲ့လည်း အရမ်းနီးကပ်နေ၏။ သူစိတ်မထိန်းနိုင်တော့ပါ။
"နောက်ကို ညဘက် တစ်ယောက်တည်း လာခွင့်မပြုဘူး နားလည်လား” လင်းဖန်က စိတ်ဆိုးချင်ယောင်ဆောင်ပြီး ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။ ရှားဝမ်ချွေ့သာ တစ်ခုခု ဖြစ်သွားလျှင် လင်းဖန် စိတ်အေးနိုင်မည် မဟုတ်ပေ။
"သိပါပြီ သိပါပြီ။ နင့်စကား နားထောင်ပါ့မယ်။" ရှားဝမ်ချွေ့က လက်နှစ်ဖက်ကို ရှေ့ထုတ်ပြီး အလွန်ဝမ်းနည်းပုံလုပ်ပြလိုက်သည်။ သူ့ကိုတွေ့ဖို့ပဲ လာခဲ့တာ မဟုတ်ဘူးလား။
"ငါတို့ ဒီကနေ အရင်ထွက်ရမယ်။ ဒီမှာ မလုံခြုံဘူး။ တစ်ယောက်ယောက်သာ တွေ့သွားရင်..." လင်းဖန်က ပြောလိုက်သည်။
"ငါတို့ကို တွေ့သွားတော့ ဘာဖြစ်လဲ” ရှားဝမ်ချွေ့က လင်းဖန်၏ တုန့်ပြန်မှုကို ကြည့်ရင်း ပြောလိုက်ပါသည်။
"မဟုတ်ဘူး နင်ဂရုမစိုက်ပေမယ့် ငါဂရုစိုက်တယ်” လင်းဖန်က အတည်ပေါက်ပြောလိုက်သည်။ အခု ရှားဝမ်ချွေ့၏ အောင်မြင်မှုကို သူမထိခိုက်စေလိုပါ။ သူမကိုယ်တိုင် အချစ်ရေးကိစ္စကို ဝန်ခံခြင်းနဲ့ တခြားသူများ ဓာတ်ပုံခိုးရိုက်တာနဲ့ မတူပေ။
"အင်းပါ” ရှားဝမ်ချွေ့က ခေါင်းကို နူးညံ့စွာ ငြိမ့်လိုက်ပါသည်။သူမ၏ အသံက ခြင်အော်သံလောက်သာ ရှိသည်။ သူမ၏ နှုတ်ခမ်းလေးက အနည်းငယ်ပြုံးသွားပြီး ရင်ခုန်သွားပါသည်။
သူက ဂရုစိုက်တယ်ပေါ့။
"နောက်ကျနေပြီ။ ငါအိမ်ပြန်လိုက်ပို့ပေးမယ်” လင်းဖန်က ပြောလိုက်သည်။ ရှားဝမ်ချွေ့ကို ဒီမှာတစ်ယောက်တည်းထားခဲ့ပြီး အိမ်မပြန်ခိုင်းနိုင်ပါ။
"မဟုတ်ဘူး။ နင့်အိမ်ကို သွားကြမယ်လေ။ ဟိုမှာဆို ပရိတ်သတ်တွေ စောင့်နေကြလိမ့်မယ်။"
"နင့်အိမ်က သေးပေမယ့် ငါဂရုမစိုက်ပါဘူး။ ပြီးတော့လည်း နင့်အိမ်ကို ငါတစ်ခါမှ မရောက်ဖူးဘူးနော်” ရှားဝမ်ချွေ့က နူးညံ့စွာ ပြောလိုက်ပါသည်။
"ငါက ဗီလာကြီးမှာ နေတာ။ အခန်းတွေကလည်း အကျယ်ကြီးပဲ။” လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
"နင်ပြောတာ ဝက်ပဲ ယုံမယ်။” ရှားဝမ်ချွေ့က လျှာထုတ်ပြလိုက်ပါသည်။
"လောင်းမလား” လင်းဖန်က မေးလိုက်သည်။
"ဘာကြေးလောင်းမှာလဲ” ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်လိုက်ပါသည်။
"နင်ရှုံးရင် ငါ့ကို နမ်း။ ငါရှုံးရင် နင့်ကို နေ့တိုင်း ချက်ကျွေးမယ်” လင်းဖန်က ပြုံးကာ ပြောလိုက်သည်။
"အရူးကောင် လင်းဖန်။ နင့်ကို ဘယ်သူက နမ်းချင်လို့လဲ။ ဒါပေမယ့် ငါရှုံးမှာ မဟုတ်ပါဘူးလေ” ရှားဝမ်ချွေ့က မျက်နှာနီနီရဲရဲဖြင့် ယုံကြည်ချက်ရှိစွာ ပြောလိုက်ပါသည်။
"နင် ငါးပေါင်း စားချင်လား” လင်းဖန်က သူ့ရှေ့က ကောင်မလေးကို ကြည့်ရင်း ပြုံးလိုက်ပါသည်။ သူ ဘယ်လောက် လောင်းလောင်း သူရှုံးမှာ မဟုတ်ပါ။ သူ့မိန်းမအတွက် နေ့တိုင်း ချက်မကျွေးသင့်ဘူးလား။
"..." ရှားဝမ်ချွေ့
ထိုအချိန်တွင် ဖြတ်သွားဖြတ်လာများ၏ အသံကို ကြားလာရသည်။ ရှားဝမ်ချွေ့၏ ပရိတ်သတ်များနှင့် သတင်းသမားတချို့ ဖြစ်ပုံရသည်။ မနက်ဖြန် ဆိုင်ဖွင့်လျှင် လင်းဖန်ကို အင်တာဗျူးချင်နေကြသည့်ပုံပင်။
"ရှူး.... တစ်ယောက်ယောက် ရှိတယ်” လင်းဖန်က တီးတိုးပြောလိုက်ပါသည်။
"အင်း...” ရှားဝမ်ချွေ့က ခေါင်းကို အမိန့်နာခံစွာ ငြိမ့်လိုက်သည်။ လင်းဖန်ကို သူမ၏ လှပသောမျက်လုံးလေးများဖြင့် ကြည့်ကာ ဘာလုပ်ရမလဲမေးလိုက်သည်။
"မြောင်~" ကြောင်လေးကလည်း လင်းဖန်၏ လက်ထဲတွင် အော်နေပါသည်။
အစကတော့ လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ ချောင်ပိုကျသော နေရာတစ်ခုတွင် ပုန်းအောင်းနေဆဲဖြစ်သည်။ သို့သော် ကြောင်လေး အော်လိုက်တာနဲ့ ချက်ချင်းဆိုသလိုပဲ အာရုံစိုက်ခံရပါလိမ့်မည်။
လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
သေပြီ။
သူတို့ကို လူမိတော့မယ်။
သူတို့ကို မီဒီယာက လက်ပူးလက်ကျပ်မိတော့မယ်။
ဆုံးဖြတ်ချက်တစ်ခု ချက်ချင်းချလိုက်ပြီး လင်းဖန် ရှားဝမ်ချွေ့၏ လက်ကို ဆုပ်ကိုင်ကာ လမ်းသွယ်လေးထံသို့ တဟုန်ထိုး ပြေးလေတော့သည်။
"ပြေးတော့”