← Chapters

အခန်း(၃၅) ကောင်မလေး အယောင်ဆောင်ခြင်း

Vol. 3 Ch. 35

အခန်း(၃၅) ကောင်မလေး အယောင်ဆောင်ခြင်း

Vol. 3 Ch. 35

အခန်း(၃၅) ကောင်မလေး အယောင်ဆောင်ခြင်း

အကြာကြီး ပြေးလွှားပြီးကြသောအခါ။

ရှားဝမ်ချွေ့၏ မျက်နှာ နီရဲနေပြီး အသက်မရှူနိုင်တော့ပါ။ လင်းဖန်ဘေးတွင်လိုက်လာခဲ့ပြီး အချိန်မရွေး ပေါ်လာနိုင်သည့် ပရိတ်သက်နှင့် မီဒီယာများထံမှ ပုန်းကွယ်ခဲ့ပါသည်။

တခြားသူများတွေ့သွားလည်း သူမ ဂရုမစိုက်ပါ။ သို့သော် လင်းဖန်က သူမ၏ အနာဂတ်အတွက် ထည့်တွက်ပေးနေသဖြင့် ရှားဝမ်ချွေ့၏ နှလုံးသား နွေးထွေးသွားခဲ့ပါသည်။

"ရပြီ။ ဒီလောက်ဆို ဘယ်သူမှ မရှိလောက်တော့ဘူး။" လင်းဖန်က ပြုံးလိုက်ပြီး ရှားဝမ်ချွေ့ကို ပြန်လှည့်ကြည့်လိုက်ပါသည်။ သူမ၏ လက်ကို ကိုင်ထားဆဲဖြစ်ပြီး သူမ၏ နွေးထွေးမှုကို ခံစားနေရဆဲဖြစ်သည်။

"ဟာ ငါ့ကိုလွှတ်တော့လေ” ရှားဝမ်ချွေ့က ခေါင်းငုံ့ကာ နူးနူးညံ့ညံ့လေး ပြောလိုက်ပါသည်။

"ဆောရီး လောနေတာနဲ့ သတိမထားမိလိုက်ဘူး” လင်းဖန်က ခေါင်းကုတ်ရင်း ရှားဝမ်ချွေ့၏ လက်ကို လွှတ်လိုက်ပါသည်။ သူ ရှားဝမ်ချွေ့လက်ကို ကိုင်ထားသည့် ဓာတ်ပုံတစ်ပုံသာ ထွက်လာပါက သူတို့ဆက်ဆံရေးကို အွန်လိုင်းပေါ်မှာ အတည်ပြုပြီးသား ဖြစ်သွားပါလိမ့်မည်။

"အခုချိန်ကစပြီး... ငါ့ခွင့်ပြုချက်မရရင် လက်မကိုင်နဲ့။”

"ငါနင့်ကောင်မလေး မဟုတ်သေးဘူး” ရှားဝမ်ချွေ့က နူးညံ့စွာ ပြောလိုက်ပါသည်။ သူမ၏ ပါးပြင်လေးများ နီရဲနေ၏။

"နင်သာ ငါ့ကောင်မလေးဆိုရင် နင့်ပရိသတ် သန်း ၈၀ က ငါ့ကိုဓားတွေနဲ့ တိုက်ခိုက်နေလောက်ပြီ” လင်းဖန်က ပြုံးကာ အတည်မယူခဲ့ပါ။ သူနဲ့ရှားဝမ်ချွေ့တို့က အတော်လေး အဆင်ပြေကြသော်လည်း ရည်းစား အဆင့်တော့ မဟုတ်သေးပေ။

လင်းဖန် ချောကြောင်း ဝေ့ပေါ်တွင် ချီးကျူးသူများရှိသောာ်လည်း လင်းဖန်ကို နာမည်ဖျက်နေသော လူတချို့လည်း ရှိပါသေးသည်။ သူတို့ဆက်ဆံရေးကိုသာ အတည်ပြုလိုက်ပါက လင်းဖန်နောက်ကို တကယ်လူတွေ လိုက်လာနိုင်ပါသည်။

ဘာပဲဖြစ်ဖြစ် ရှားဝမ်ချွေ့ကို သဘောကျသည့် လူအများစုက ယောက်ျားလေး ပရိတ်သတ်များဖြစ်ကြသည်။

ရှားဝမ်ချွေ့က လင်းဖန်ကို တောင်းပန်သည့် မျက်နှာမျိုးဖြင့် ကြည့်လိုက်ပါသည်။ ထို့နောက် လင်းဖန်၏ လက်မောင်းကို ဆွဲလိုက်ပါသည်။ "လင်းဖန် ငါတောင်းပန်ပါတယ်။”

"ဝေ့ပေါ်ပေါ်မှာ ကောလဟာလတွေအများကြီး ထွက်လာတာ ငါ့အပြစ်ပါ။ ဒီလောက် လူတွေ အများကြီး နင့်ကို ဝေဖန်နေတာ အခုလောလောဆယ် နင့်စားသောက်ဆိုင်ကို ဖွင့်ဖို့ လွယ်မှာ မဟုတ်ဘူးနော်။" ရှားဝမ်ချွေ့က ပြောလိုက်ပါသည်။ လင်းဖန်ကို သူမနှစ်နှစ်ကာကာ တောင်းပန်နေခြင်း ဖြစ်သည်။

"အဲ့တာကြောင့် ခုနက လက်ကိုင်တာက... နင့်ကို အလျော်ပေးတာ” ရှားဝမ်ချွေ့၏ အပြုံးက လှပသည်။ လင်းဖန်၏ မျက်နှာကို ကြည့်ရင်း ကြောင်နားရွက်ဦးထုပ်ကို ဆောင်းလိုက်ပါသည်။ အလွန်ချစ်ဖို့ကောင်းသည်ဟု ခံစားရသဖြင့် လင်းဖန်နှင့် စုရှောင်းယွီတို့ ရှေ့မှာသာ ကြောင်လို မြောင်တတ်ခြင်း ဖြစ်သည်။

"ဘာလို့ ငါရှုံးတယ်လို့ ခံစားနေရပါလိမ့်” လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်ကာ တမင်တကာ ပြောလိုက်ပါသည်။ သူ့ကို သဘောကျသည့် ကောင်မလေးများစွာရှိပါသည်။

"အရူးကောင် လင်းဖန်။ ယုံချင်ယုံ မယုံချင်နေ။ ငါနင့်ကို တကယ်ကိုက်မှာနော်” ရှားဝမ်ချွေ့၏ မျက်နှာနီသွားပြီး လင်းဖန်၏ ရင်ဘတ်ကို ထိုးလိုက်ပါသည်။

"နင့်အိမ်က ဘယ်မှာလဲ” ရှားဝမ်ချွေ့က ဘေးပတ်လည်ကို အကဲခတ်ကြည့်လိုက်ပါသည်။

"ခုနက နင်ငါ့ကို အနိုင်ကျင့်ထားတယ်။ အဲ့တာကြောင့် ဒီနေ့ည ငါးပေါင်းနဲ့ အစားပြန်လျော်ပေးရမယ်။။ ငါးစွပ်ပြုတ်နဲ့ ငါ့အတွက် လုပ်ပေးနေကျ အသီးအရွက်သုပ်လည်း လုပ်ပေးရမယ်”

"ငါ့အိမ်က ဗီလာကြီးလေ။ အရမ်းကြီးတာ” လင်းဖန်က ပြောလိုက်ပါသည်။

"နင်ပြောတာ ဝက်ပဲယုံမယ်။ ငါတောင် ဗီလာ တစ်လုံး မဝယ်ရသေးဘူး" ရှားဝမ်ချွေ့က လျှာထုတ်ပြလိုက်ပါသည်။ "ငါတို့ အိမ်ရောက်ခါနီးနေပြီကို ခုထိလိမ်တုန်းပဲလား။”

ရှားဝမ်ချွေ့က လင်းဖန်အကြောင်း ကောင်းကောင်းသိပါသည်။ သူတို့က အလယ်တန်းနှင့် အထက်တန်းကတည်းက အတန်းဖော်များ ဖြစ်ခဲ့ကြသည်။ လင်းဖန်၏ မိသားစုက ကျေးရွာမှ ဖြစ်သည်။ ဘယ်လိုလုပ်ပြီး ဗီလာဝယ်နိုင်မှာလဲ။

ရှန်ဟိုင်းမြို့က ဗီလာကြီးများက အနည်းဆုံး ယွမ် ၁၀ သန်း တန်ကြေး ရှိပါသည်။ ထို ယွမ် ၁၀ သန်းတန် ဗီလာများမှာ သာမန်လူများ ဝယ်ယူနိုင်သော ဗီလာများ မဟုတ်ပါ။

"ကြယ်ပွင့်ကြီးတစ်ယောက်ရဲ့ ဝင်ငွေက ယွမ် သန်းရာကျော်မှာ မဟုတ်ဘူးလား။ နင့်ဝင်ငွေ ဘယ်လောက်ရှိလဲ” လင်းဖန်က လှည့်မေးလိုက်ပါသည်။ သူ့စိတ်ထဲတွင်တော့ ဒါက အရေးကြီးပါသည်။ ထို့အပြင် ရှားဝမ်ချွေ့က အလွန်လည်း နာမည်ကြီးသည်။

"ငါမင်္ဂလာဆောင်ရင် ခန်းဝင်ပစ္စည်းအတွက် စုထားတာ” ရှားဝမ်ချွေ့က မျက်တောင်ခတ်ကာ ပြုံးလိုက်ပါသည်။

"လက်ထပ်တဲ့အခါကျရင် တင်တောင်းတဲ့ ပစ္စည်းတွေများတယ်။ ခန်းဝင်ပစ္စည်းက အရမ်းနည်းပါတယ်။”

"နင်လက်ထပ်ရင် နင့်မိသားစုက သမီးတစ်ယောက် ဆုံးရှုံးသွားရုံတင်မကသေးဘူး ခန်းဝင်ပစ္စည်းတွေလည်း အများကြီး ပေးရဦးမယ်” လင်းဖန်က ရှားဝမ်ချွေ့အား ခေါင်းခေါက်လိုက်ပါသည်။

"အိမ်ပြန်ကြစို့" လင်းဖန်က ရှေ့သို့ လျှောက်သွားသည်။

လင်းဖန်၏ နောက်ကျောကိုကြည့်ရင်း ရှားဝမ်ချွေ့ အံကြိတ်ကာ ရင်ဘတ်ကလည်း နိမ့်ချည် မြင့်ချည် ဖြစ်နေပါသည်။ သူမ အနည်းငယ် စိတ်ဆိုးနေ၏။

ဖျော်ဖြေရေးလောကတွင် သရုပ်ဆောင်တစ်ယောက်ကို နာမည်ဖျက်သည့် အဖြစ်အပျက်မျိုး ရှိလာပါက သရုပ်ဆောင်က ချက်ချင်းပဲ သေချာပေါက် သူ့နာမည်သူ ရှင်းလင်းပါလိမ့်မည်။ အထူးသဖြင့် ရှားဝမ်ချွေ့လို နာမည်ကျော်မျိုးဖြစ်သည်။

သို့သော် သူမကတော့ အခုထိ သဘောထားကို ထုတ်မပြသေးပါ။ အဲ့တာ ဘာအတွက်လဲ။ လင်းဖန်က တကယ့်ငတုံးအကြီးစားပင်။

...

"Mask နဲ့ ဦးထုပ် အရင်ဝတ်လိုက်ဦး။ ပြီးရင် ငါ့ကောင်မလေးလို ဟန်ဆောင်နော်။ ဘယ်သူမှ မှတ်မိသွားလို့မဖြစ်ဘူး။ မဟုတ်ရင် မနက်ဖြန်ကျ ရေပန်းအစားဆုံးရှာဖွေမှုမှာ ငါက နင့်ကို အိမ်ခေါ်ပြီး အတူတူနေတဲ့အကြောင်း ပါသွားလိမ့်မယ်” လင်းဖန်က သူ့ဘေးက ကောင်မလေးကို ကြည့်ရင် ပြုံးကာ ပြောလိုက်ပါသည်။

ရှားဝမ်ချွေ့ ဘာကိုဆိုလိုသလဲ သူသိပါသည်။ ရှားဝမ်ချွေ့က ဒုတိယအဆင့်ဖြစ်ပြီး သူကတော့ ပဉ္စမအဆင့် ဖြစ်နေပါပြီ။

ကောင်မလေးတစ်ယောက်က အိမ်ကို အတူတူ လိုက်လာဖို့ ဆန္ဒရှိတယ်ဆိုတာနဲ့တင် တစ်ခုခုကို သက်သေပြနိုင်နေပြီဖြစ်သည်။ လင်းဖန်က ငတုံး မဟုတ်ပါ။သို့သော်လည်း အခုအချိန် သူ့ဆန္ဒတွေကို ထုတ်ဖော်ပြသလိုက်ပါက သူ့ကို အထင်သေးမသွားနိုင်ဘူးလာား။

ကောင်မလေးတစ်ယောက်ကို အတူတူ အိပ်ဖို့အတွက်လောက်နဲ့ အိမ်ကို ခေါ်လာရမှာလား။

အနည်းဆုံး လင်းဖန်တော့ ဒါမျိုးမလုပ်ပါ။

ရှားဝမ်ချွေ့က တကယ်လှပပြီး အားလုံးက သူမနဲ့ အိပ်ချင်နေသော်လည်း တစ်ခေါက် အတူတူအိပ်ခြင်းနှင့် ထာဝရ အတူတူအိပ်ခြင်းတို့၏ ခြားနားချက်ကို သူတို့ နားလည်ပါသည်။

ထို့အပြင် သူမနှင့် ယခု အတူတူ မအိပ်နိုင်ပါက ဘယ်တော့မှ အိပ်နိုင်မည်မဟုတ်တော့ပေ။

ဆက်ဆံရေးဆိုတာ အချိန်ယူပြီး တည်ဆောက်ရသော အရာမျိုးဖြစ်သည်။ ပိုပြီးနက်ရှိုင်းလေလေ ပိုပြီးခိုင်မာလာလေလေ ဖြစ်သည်။ လင်းဖန်က အချိန်မှန်မရောက်သေးဘူဟု ခံစားမိသောကြောင့်ဖြစ်သည်။

သူလည်းရှားဝမ်ချွေ့ကို သဘောကျပါသည်။ သို့သော် သူမနဲ့ အတူတူ နေချင်ပါက သူ့ကို ချစ်ရေးစကားဆိုပြီး သူက ရှားဝမ်ချွေ့နှင့် ချစ်သူဖြစ်နေကြောင်း တရားဝင် ကြေညာရပါလိမ့်မည်။

ဒါတင်မကသေးဘဲ ထိုနေ့က ရှားဝမ်ချွေ့ကို ကာကွယ်ခွင့်ရှိသည်ဟု အားလုံးကို အသိပေးချင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်လည်း လင်းဖန်က တခြားကောင်မလေးများ ရှေ့တွင် တုံးအချင်ယောင် ဆောင်ခဲ့ရခြင်းဖြစ်သည်။ ရှားဝမ်ချွေ့ကလွဲပြီး တခြားကောင်မလေးများနဲ့ မပွေရှုပ်ပါ။

"ဘယ်သူက နင်နဲ့အတူအိပ်ချင်မှာလဲ။ အရှက်ကို မရှိဘူး” ရှားဝမ်ချွေ့က နှုတ်ခမ်းစူလိုက်ပြီး ဦးထုပ်နှင့် Mask တို့ကို ဝတ်လိုက်ပါသည်။

"စကားမစပ် ဒါဘယ်အိမ်ရာလဲဟင်။ ဒီက အဆောက်အဦးတွေက တော်တော် အဆင့်မြင့်တယ်လို့ ခံစားရတယ်" ရှားဝမ်ချွေ့ကနူးညံ့စွာ ပြောလိုက်ပါသည်။ နေနဲ့လ ရွှေနဲ့မြ စုံတွဲတွေလို သူမ လင်းဖန််၏ လက်မောင်းကို တွဲထားပါသည်။

"ခဏနေရင် သိရပါလိမ့်မယ်၊။ အခုတော့ တိတ်တိတ်နေပြီး ဒီအိမ်ရာထဲကို ဝင်လိုက်။ ငါ့ကောင်မလေးနဲ့ တူအောင် ပိုသရုပ်ဆောင်ရမှာလေ။ ဒီလိုလုပ်နေလို့မရဘူး” လင်းဖန်ကပြောလိုက်ပါသည်။

"ဒါဆို နင်ကဘာလုပ်စေချင်သေးလို့လဲ” ရှားဝမ်ချွေ့က လင်းဖန်ကိုကြည့်လိုက်ပါသည်။ လင်းဖန်၏ ကောင်မလေးလို ဘယ်လိုသရုပ်ဆောင်ရမလဲ သူမဘယ်လိုလုပ်သိမှာလဲဲ။

"ငါ့ကို လက်နှစ်ဖက်စလုံးနဲ့သာ ကိုင်ထားလေ” လင်းဖန်က ရယ်လိုက်ပါသည်။

"ဒီလိုလား” ရှားဝမ်ချွေ့က မေးလိုက်သည်။ သူမ၏ မျက်နှာလှလှလေးပေါ်က ရှက်သွေးဖြာမှုမှာ ပိုပြီး နက်ရှိုင်းလာခဲ့ပါသည်။

"အင်း တော်တယ်” လင်းဖန်က ခေါင်းငြိမ့်လိုက်ပါသည်။

"နင်ငါ့ကို ထပ်အနိုင်ကျင့်နေပြန်ပြီလို့ ဘာလို့ ခံစားနေရပြန်ပါလိမ့်” ရှားဝမ်ချွေ့က နူးညံ့စွာ ပြောလိုက်ပါသည်။ လင်းဖန်၏ လက်မောင်းကို ချိုမြိန်စွာ ကိုင်ထားဆဲဖြစ်သည်။

"သွားကြစို့။ နယ်မြေဝင်ပေါက်ကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်ရင် အဆင်ပြေပါပြီ။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ လှိုင်းပြာပင်လယ်အော်အိမ်ရာ၏ လုံခြုံရေးက အလွန်ကောင်းမွန်သည်။ သူစိမ်းများကို နယ်မြေထဲဝင်ခွင့်ပြုမည် မဟုတ်ပေ။

သူတို့ကိုသာ မိသွားကြပါက လုံခြုံရေးဝန်ထမ်းများ သတင်းမဖြန့်နိုင်ဘူးဟု လင်းဖန် အာမမခံနိုင်ပေ။ သူ့အတွက်သူ မတွေးရင်တောင် သူ့ဇနီးလောင်းလေးအတွက် တွေးပေးရပါမည်။

သူတို့ နယ်မြေ၏ ဝင်ပေါက်သို့ ရောက်သောအခါ လုံခြုံရေးအစောင့်များစွာ မျက်လုံးများ ဝိုင်းစက်သွားခဲ့ကြပါသည်။

လင်းဖန်၏ ကောင်မလေးက တော်တော်လှသည်။

"မင်္ဂလာညနေခင်းပါ ညီလေးလင်း” လုံခြုံရေး အစောင့်တစ်ယောက်က လင်းဖန်ကို မနာလိုစွာ ကြည့်လိုက်ပါသည်။

"မင်္ဂလာညနေခင်းပါ” လင်းဖန်က ခေါင်းငြိမ့်ပြလိုက်ပါသည်။

"ညီလေးဖန် မင်းကောင်မလေးက တကယ်လှတာပဲ" နောက်ထပ် လုံခြုံရေး အစောင့်တစ်ယောက်ကပြောလိုက်ပြန်ပါသည်။ လင်းဖန််ရှေ့တွင် ရှားဝမ်ချွေ့ကို အကြာကြီး စိုက်မကြည့်ရဲပါ။

"ကိစ္စမရှိပါဘူး။ တခြား ဘာကိစ္စမှ မရှိရင် ကျွန်တော် ဝင်တော့မယ်နော်” လင်းဖန်က လက်ရမ်းပြကာ ရှားဝမ်ချွေ့ကို နယ်မြေ၏ ဝင်ပေါက်ထဲသို့ ခေါ်လာခဲ့ပါသည်။

"ဟုတ်ပါပြီ၊ ဂရုစိုက်ပါ ညီလေးဖန်” လုံခြုံရေးအစောင့်က သဘောကောင်းသော ပုံစံဖြင့် ပြောလိုက်ပါသည်။

လင်းဖန်ဝင်သွားသောအခါ လုံခြုံရေးအစောင့် တချို့ စုစုရုံးရုံးဖြစ်လာကြ၏။

"မင်းတို့တွေ မြင်လိုက်လား။ ညီလေးလင်းဖန်ရဲ့ ကောင်မလေးက တကယ် အရမ်းလှတာပဲ။ သူက ဦးထုပ်နဲ့ Mask တပ်ထားတယ်ဆိုပေမယ့် ညီလေးဖန်ရဲ့ ကောင်မလေး အရမ်းလှတာကိုတော့ ငါခံစားမိတယ်ကွာ။”

"အေး အရင်တစ်ခေါက်က အဝတ်အစား လာပို့ပေးတဲ့ ကောင်မလေးထက်တောင် အများကြီး ပိုလှသေးတယ်။ ညီလေးဖန်က အရမ်း ကံကောင်းတာပဲ။ ဒီနေ့ည လှုပ်ရှားတော့မယ် ထင်တယ်နော်။”

"ဒီကောင်မလေးကို ရင်းနှီးနေတယ်လို့ ငါခံစားမိတယ်သိလား။ ဟူး ဂရုတော့မစိုက်ပါဘူးကွာ။ ဒါက ဒုတိယမျိုးဆက် သူဌေးသား တစ်ယောက်ရဲ့ ဘဝပဲလေ။ သူလိုချင်တဲ့ ဘယ်မိန်းမလှလေးကိုမဆို ရနိုင်တာပဲ။”

"ငါလည်း ညီလေးဖန်လိုမျိုး ကောင်မလေး လှလှလေး တစ်ယောက်လောက် လိုချင်လိုက်တာကွာ။”

"ဟုတ်ပြီ ဟုတ်ပြီ ညီလေးဖန်ရဲ့ ကိစ္စတွေကို ဆက်မပြောကြရအောင်။ ညီလေးဖန်ရဲ့ ကောင်မလေးကိစ္စဆို ပိုဝေးသေး။ မဟုတ်ရင် ညီလေးဖန် စိတ်ဆိုးသွားရင် ငါတို့တွေအကုန် အကျိုးဆက်ကို ခံစားသွားရမယ်နော်”

...

အိမ်ရာထဲသို့ ဝင်လာပြီးနောက်။

ရှားဝမ်ချွေ့ ရယ်မောလိုက်ပါသည်။၊ လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်များက သူမထက်ပင် ပိုကောင်းနေသည်ဟု ခံစားလိုက်ရ၏။

ရှားဝမ်ချွေ့ ဘေးပတ်လည်ကို ကြည့်လိုက်ပါသည်။

လင်းဖန်က အရမ်းသေးတဲ့ တိုက်ခန်းလေးမှာ နေရမယ့်လူ မဟုတ်ဘူးလား။

ဘာလို့ လုံခြုံရေးအစောင့်တွေကကော လင်းဖန်ကို အရမ်း ယဥ်ယဥ်ကျေးကျေး ဆက်ဆံနေကြတာလဲ။

သူမ မြင်နိုင်သလောက် ဒီက အဆောက်အဦးတိုင်းက အဆင့်မြင့်အိမ်ရာများဖြစ်ကြသည်။ ပတ်ဝန်းကျင်ကလည်း လှပ၏။ သစ်ပင်များကလည်း အရိပ်ပေးသည်။ လမ်းတစ်လျှောက်တွင် လမ်းမီးတိုင်များရှိ၏။ ဘေးပတ်လည်တွင်လည်း ဥယျာဥ်ကြီးများ ရှိသည်။ ပင်လယ်ပြင်ရှုခင်း ကောင်းကောင်းကိုလည်း မြင်နိုင်ပါသည်။

သူမလာခဲ့သည့် နေရာကို နတ်ပြည်လို ခံစားလိုက်ရသည်။ လင်းဖန်နေမည်ဟု သူမထင်ခဲ့သည့် ကြမ်းတမ်းသော ပတ်ဝန်းကျင်နှင့် ခြားနားနေပါသည်။

လင်းဖန်က ဒီလိုနေရာမျိုးမှာ နေတာတဲ့လား။

All Chapters