အခန်း(၃၇) ရေပန်းအစားဆုံးလူ
Vol. 3 Ch. 37
အခန်း(၃၇) ရေပန်းအစားဆုံးလူ
လင်းဖန်မျက်လုံး မှိတ်လိုက်သည်။ သူ့ရင်ထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
ရှားဝမ်ချွေ့က ဖန်သားပြင်ပေါ်မှာ ဘယ်လို ယောက်ျားလေးမျိုးနဲ့မှ မထိတွေ့ဖူးပါ။
ဒါက သူမ၏ ပထမဆုံး အနမ်းဖြစ်နိုင်ပါသည်။
ရှားဝမ်ချွေ့က လှပသော သူမ၏ မျက်လုံးလေးများကို မော့ကြည့်ရင် သတ္တိမွေးလိုက်သည်။ သူမ၏ နှလုံးသား တစ်ဒုတ်ဒုတ် အခုန်မြန်နေပြီး ရှေ့သို့ တိုးကာ ဖြည်းဖြည်းချင်း လင်းဖန်နား ကပ်လာခဲ့ပါသည်။
သူမ လင်းဖန်နှင့် နီးသွားသောအခါ သူ့မျက်လုံးကို ဖွင့်လိုက်ပြီး ရှားဝမ်ချွေ့၏ မျက်လုံးလေးများကို ကြည့်လိုက်သည်။
ရှားဝမ်ချွေ့လင်းဖန်ကို မြင်သောအခါ သူမ၏ မျက်နှာ နီရဲသွားရ၏။
သူမ မတုန့်ပြန်လိုက်နိုင်ခင်မှာပဲ လင်းဖန်က သူမ၏ နဖူးကို နူးညံ့စွာ နမ်းလိုက်ပါသည်။ မွှေးပျံ့သည့် ရနံ့တစ်ခုက သူမနှာခေါင်းထဲ တိုးဝင်လာပြီး နွေးထွေးသည့် ခံစားချက် တစ်ခုက သူမနှလုံးသားထဲ ဝင်ရောက်လာခဲ့သည်။
"ငါနင့်အတွက် ညစာချက်ပေးမယ်။ နင်ဘာစားချင်လဲ” လင်းဖန်က သူ့ရှေ့ကကောင်မလေးကို ကြည့်ကာ နူးညံ့စွာ မေးလိုက်ပါသည်။
"အမ်း... ဘာဖြစ်ဖြစ် ရပါတယ်” ရှားဝမ်ချွေ့က ခေါင်းငြိမ့်လိုက်ပါသည်။ သူမ၏ လှပသော မျက်လုံးလေးများက ညစာချက်ပြုတ်နေသည့် လင်းဖန် နောက်ကျောကို ကြည့်နေပါသည်။ ထိုအခါမှ ခုလေးတင် လင်းဖန်သူမ၏ နှဖူးကို နမ်းသွားမှန်း သတိရသွား၏။
'လူဆိုးကောင် လင်းဖန်။ နင်ငါ့ကို ထပ်အနိုင်ကျင့်ပြီးရင်း ကျင့်ပြန်ပြီ၊ ချီးထုပ်ပဲ။” ရှားဝမ်ချွေ့က နှုတ်ခမ်းစူလိုက်ပါသည်။ သို့သော် သူ့ကိုတော့ ပိုသဘောကျသွားမိသည်။
လင်းဖန်နှင့် အဆင်ပြေရသည့် ခံစားချက်က တကယ်ကောင်းမွန်ပါသည်။
လင်းဖန်က ရုပ်ချောပြီး သဘောလည်း ကောင်းသည်။ ယောက်ျားလေးတစ်ယောက်ကို သူမဘက်က အရင်ဆုံးနမ်းရတာ ရှက်ဖို့ အရမ်းကောင်းသဖြင့် လင်းဖန်က သူမကို အရင်နမ်းလိုက်ခြင်းဖြစ်ပါသည်။
"ညစာအတွက် ငါးပေါင်းဆိုရင်ကော” လင်းဖန်က နောက်လှည့်ကာ ပြုံးလိုက်ပါသည်။
ငါးပေါင်းဆိုသည့် အသံကိုကြားသောအခါ ရှားဝမ်ချွေ့ ချက်ချင်း ပျော်ရွှင်လာပါသည်။
"မြောင် မြောင်~” ရှားဝမ်ချွေ့က ချစ်ဖို့ကောင်းသော လက်ဟန်အနေအထားလေးနှင့် မျက်နှာထားလေး လင်းဖန်ကို လုပ်ပြလိုက်ပါသည်။
"လင်းဖန် ငါ ဝေ့ပေါ်မှာ ပို့စ်တင်လိုက်မယ်နော်။ မဟုတ်ရင် အင်တာနက်ပေါ်က ရေပန်းအစားဆုံး ရှာဖွေမှုတွေ တိုးလာလိမ့်မယ်” ရှားဝမ်ချွေ့က လင်းဖန်၏ သဘောထားကို မေးနေသည့် ပုံပင်။
"အင်း တင်လိုက်လေ။ ငါတို့က အတွဲတွေ မဟုတ်ဘူးလို့ ရှင်းလိုက်။ နင်က ငါ့ဝက်မလေးဆိုတာ ရှင်းနေတာပဲကို” လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
"ဟွန်း နင်ကမှ ငါမွေးထားတဲ့ ဝက်လေး။ ပြီးတော့ ငါ့ရဲ့ ပါဆင်နယ်စားဖိုမှူးပဲ" ရှားဝမ်ချွေ့က လင်းဖန်ကို ကြမ်းကြမ်းတမ်းတမ်း ကြည့်လိုက်ပါသည်။
"နင့်ကြမ်းတမ်းတဲ့ ပုံစံကလည်း နည်းနည်း ချစ်ဖို့ ကောင်းနေတယ်" လင်းဖန်က အတည်ပေါက် ပြောလိုက်ပါသည်။
"မြောင် မြောင်။ ချီးထုပ် လူဆိုးကောင် လင်းဖန်။ ငါနင့်ကို ကုတ်မှာ ကုတ်မှာ ~~~” ထိုစကားကို ကြားသောအခါ ရှားဝမ်ချွေ့ ပို၍ပင် စိတ်ဆိုးသွားခဲ့ပါသည်။
လင်းဖန် သူမအတွက် ညစာချက်ပေးနေတာကို ကြည့်ရင်း ရှားဝမ်ချွေ့ ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ သူမဖုန်းကို ယူပြီး ဆယ်ဖီဆွဲလိုက်၏။ သူမ တကယ်ကြည့်ကောင်းပါသည်။
တစ်ချိန််တည်းမှာပြ ရှားဝမ်ချွေ့ ဝေ့ပေါ်ကိုဖွင့်လိုက်ပြီး ရိုးရိုးရှင်းရှင်း စကားလုံးတချို့ကို ရေးလိုက်ပါသည်။
[ကျွန်မတို့က ချစ်သူတွေ မဟုတ်သေးပါဘူး]
အမှားမရှိကြောင်း စစ်ဆေးပြီး တင်လိုက်ပါသည်။
ရှားဝမ်ချွေ့နှင့် လင်းဖန်တို့က စုံတွဲမဟုတ်သေးပါ။ အွန်လိုင်းပေါ်က ဗြောင်းဆန်မှုနဲ့ ရင်ဆိုင်ရပြီးနောက် ထိုစကားလုံးအချို့က အင်တာနက်အတွက် ရှားဝမ်ချွေ့၏ တုန့်ပြန်မှုဖြစ်ပါသည်။
သူမ ပို့စ်တင်လိုက်စဥ်မှာပဲ မရေမတွက်နိုင်သော ပရိတ်သတ်များက Repost ပြန်တင်ပြီး ကောမန့်ရေးကြသည်။
၁၀,၀၀၀
၁၀၀,၀၀၀
၂၀၀,၀၀၀
ကောမန့်နှင့် ရေပန်းစားမှုတို့လည်း တိုးလာကြသည်။
ငါးမိနစ်အတွင်း ရှားဝမ်ချွေ့၏ ဝေ့ပေါ်ပို့စ်မှာ ရေပန်းစားနေပါပြီ။
"ချွေ့ချွေ့က အလှဆုံးပဲ။”
"ငါတို့ ချွေ့ချွေ့လေးက ရည်းစားမထားသေးပါဘူးလို့ ငါပြောသားပဲ။ ကောလဟာလတွေ လွှင့်မနေကြနဲ့တော့။”
"ချစ်တယ် ချွေ့ချွေ့လေး~ အဲ့ဒီ Hater တွေ လာကြည့်ရမယ့် အချိန်ပဲ။ ချွေ့ချွေ့ရဲ့ တရားဝင် ထုတ်ပြန်ချက်က သူရည်းစားမရှိသေးဘူးတဲ့။ မင်းတို့ ကောလဟာလတွေ ဖြန့်ခွင့်မရှိဘူး။ တရားမဝင်ဘူးနော်။”
"ချွေ့ချွေ့က စားသောက်ဆိုင်မှာ ဒီတိုင်း သွားစားတာပါ။ ပြီးတော့လည်း အဲ့ဆိုင်က အစားအစာတွေက တကယ်အရသာရှိတယ်။ တခြားသူတွေရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်တွေကြောင့် လှည့်စားမခံရစေနဲ့။”
ပရိတ်သတ်များစွာက ပျော်ရွှင်စွာ ကောမန့် ရေးနေကြပါသည်။ ဘာပဲဖြစ်ဖြစ် ရေပန်းစားနေသည့် အကြောင်းအရာမှာ တစ်နေ့လုံးနီးပါး ရေပန်းစားနေခဲ့တာဖြစ်ပြီး နောက်ဆုံးတော့ ရှားဝမ်ချွေ့က တုန့်ပြန်လာခဲ့ပြီဖြစ်သည်။
ရှားဝမ်ချွေ့ တုန့်ပြန်လိုက်သောအခါ ယွဲ့ဟွာ ဖျော်ဖြေရေး၏ တရားဝင် ဝေ့ပေါ်အကောင့်က ချက်ချင်းပဲ Repost ပြန်လုပ်လိုက်ပါသည်။
တစ်ဖက်တွင်လည်း စုရှောင်းယွီက သကြားလုံးကိုက်ရင်း ရှားဝမ်ချွေ့၏ ဝေ့ပေါ်တွင် ကောမန့်ဝင်ရေးလိုက်သည်။
[အစ်မဝမ်ချွေ့နဲ့ ကျွန်မတို့က ဒီတိုင်း သွားစားသောက်ကြတာပါ။ အဲ့ဒီစားသောက်ဆိုင်က အစားအသောက်တွေက တကယ်အရသာရှိတယ်။]
စုရှောင်းယွီ၏ ကောမန့်များက အရှေ့သို့ မြန်မြန်တက်လာခဲ့ပါသည်။
စုရှောင်းယွီတောင် ကောလဟာလများကို တုန့်ပြန်ဖို့ ရပ်တည်ခဲ့သည်။
ကောမန့်ရေးပြီးနောက် စုရှောင်းယွီ အိပ်စက်ဖို့ ပြင်လိုက်သည်
"ဟုတ်တယ် အစ်မဝမ်ချွေ့။ နင်တို့တွေကို ဒီအထိပဲ ကူညီနိုင်တယ်။ အာဝူး ခွေးကလေး အိပ်တော့မယ်။” စုရှောင်းယွီ ပြောလိုက်ပါသည်။ ထို့နောက် အဝတ်အစားများကို ချွတ်လိုက်သောအခါ သူမ၏ သွယ်သွယ်လျလျ နှင်းလိုဖြူဖွေးသော ခြေတံလေးများပေါ်လာ၏။ သူမ ရေချိုးဖို့ ပြင်နေခြင်းဖြစ်သည်။ ရေချိုးပြီးနောက် ကောင်းကောင်းမွန်မွန် အိပ်စက်အနားယူပါတော့မည်။
တစ်ဖက်တွင် နောက်ထပ် ရေပန်းစားသော အကြောင်းအရာတစ်ခုက ဒုတိယနေရာအထိ တက်လာခဲ့သည်။
လင်းဖန်ရဲ့စားသောက်ဆိုင် - ရသာ ၁၀၀ ဥယျာဥ်။
အောက်က ကောမန့်အားလုံးက လင်းဖန်၏ စားသောက်ဆိုင်ကို ချီးကျူးနေကြပါသည်။
"ဝိုး မင်းတို့ကောင်တွေသိလား။ ဘော့စ်လင်းရဲ့ စားသောက်ဆိုင်က တကယ် အရသာရှိတာကွ။ ချွေ့ချွေ့နဲ့ ရှောင်းယွီတို့လည်း အရသာ ရှိတာတွေစားဖို့ စားသောက်ဆိုင်ကို သွားခဲ့ကြတာထင်တယ်။”
"အမှန်ပဲ။ ဒီနေ့တောင် စားကြည့်ခဲ့သေးတယ်။ တကယ်အရသာရှိလွန်းပါတယ်။ တစ်ရက်ကို ၄ နာရီပဲဖွင့်တာတော့ နှမြောစရာပဲ။ တခြားအချိန်တွေမှာ လင်းဖန်က စားသောက်ဆိုင် မဖွင့်ဘူး။”
"ဝိုင်ကောင်းတစ်လုံးကို ကြော်ငြာစရာမလိုဘူးလို့ ပြောကြတယ်မလား။ လင်းဖန်ရဲ့စားသောက်ဆိုင် ဘယ်နေရာမှာလဲ ငါ့ကိုပြောပြလို့ ရမလား။”
"ငါလင်း ဘော့စ်လင်းဖန်ရဲ့ စားသောက်ဆိုင်ကို သွားစားဖူးတယ်။ တကယ် အံ့သြဖို့ ကောင်းတယ်ကွာ။ လင်းဖန်ရဲ့ ဟင်းလျာတွေက နာမည်ကျော်စားဖိုမှူးကြီးတွေထက်တောင် ပိုကောင်းတယ်။ ဒါပေမယ့် တည်နေရာကတော့ နည်းနည်းလေး ချောင်ကျတယ်။ သူ့မှာ ပိုက်ဆံသိပ်မရှိလို့ထင်တယ်။ ငါလင်းဖန်ကို စပွန်ဆာ ပေးလို့ရမလား။”
ရှားဝမ်ချွေ့ ဝေ့ပေါ်ပေါ်တွင် ပို့စ်တင်ပြီးနောက် ကောမန့်များက ဆန့်ကျင်ဘက် ဖြစ်သွားခဲ့ပါသည်။
ဘယ်သူမှ လင်းဖန်ကို မဆူမဆဲကြတော့ပါ။ ထို့အစား လင်းဖန်၏ စားသောက်ဆိုင်ကို ချီးကျူးခဲ့ကြပါသည်။
ဒီလိုနဲ့ စားသောက်ဆိုင် ရေပန်းစားလာရုံသာ မကဘဲ လင်းဖန်တောင် ရေပန်းစားလာနိုင်ပါသည်။
အင်တာနက်ပေါ်က ပရိတ်သတ်ပေါင်းစုံက လင်းဖန်၏ ဓာတ်ပုံကို ရိုက်ယူကာ မိန်းကလေးပရိတ်သတ်များစွာ၏ သဘောကျမှုကို ဆွဲဆောင်နိုင်ခဲ့ပါသည်။
ထိုအချိန်တွင် လင်းဖန်၏ ဝေ့ပေါ်ကိုလည်း ပရိတ်သတ်များ ရှာတွေ့သွားကြ၏။
ပရိတ်သတ်အရေအတွက်က ၁၃၂ ယောက်မှ ၁၀,၀၀၀၊ ထို့နောက် ၁၀၀,၀၀၀၊ ... ထို့နောက် ၁ သန်း
တစ်ညတည်းနဲ လင်းဖန်၏ ပရိတ်သတ် အရေအတွက်မှာ တစ်သန်းရောက်ရှိသွားပါပြီ။
ထိုအချိန်တွင် လင်းဖန်က ငါးပေါင်းကို တည်တည်တံ့တံ့ ချက်ပြုတ်နေဆဲဖြစ်သည်။ သူ့ပရိတ်သတ် သန်းချီသွားပြီမှန်းလည်း မသိသေးပေ။
တစ်ချိန်တည်းမှာပဲ ကုမ္ပဏီများစွာက လင်းဖန်ကို စတင်ဆက်သွယ်လာကြပါသည်။
စားသောက်ဆိုင်များ၊ စီမံခန့်ခွဲရေး ကုမ္ပဏီများ၊ Live Streaming ကုမ္ပဏီများစသည်တို့ဖြစ်ကြသည်။ လင်းဖန်ကို ဆက်သွယ်ချင်သည့်လူများ အလွန်များပြားလွန်းပါသည်။
"တစ်လကို ယွမ် ၂၀၀,၀၀၀ ပေးမယ်။ လင်းဖန်ကို ငါတို့ ကုမ္ပဏီမှာ စားဖိုမှူးလုပ်ဖို့ ဖိတ်ပြီး ကုမ္ပဏီနဲ့ ရှယ်ယာတချို့ကို လင်းဖန်ကို လွှဲပြောင်းပေးလိုက်။ မြန်မြန်လုပ်။ လင်းဖန်ကို ဆက်သွယ်ကြ။”
"လင်းဖန် သရုပ်ဆောင်လုပ်ဖို့ အစီအစဥ်တွေ ဘာတွေရှိလား။ အခွင့်အရေးကို အရယူပြီး လင်းဖန်ကို ဆက်သွယ်ဖို့ နည်းလမ်းတစ်ခုခု ရှာကြ။ လင်းဖန်သာ သရုပ်ဆောင်ဖြစ်လာရင် သေချာပေါက် ညတွင်းချင်း နာမည်ကြီးသွားမှာပဲ။ လင်းဖန်က ရှားဝမ်ချွေ့နဲ့လည်း အတူတူ ရုပ်ရှင်ရိုက်လို့ရတယ်။ အဲ့တာဆိုရင် သေချာပေါက်ကို ပေါက်မှာပဲ။”
"လင်းဖန်ရဲ့ ဖုန်းနံပါတ်ကို ဘယ်သူသိကြလဲ။ မသိရင် စားသောက်ဆိုင်ကိုသွားပြီး သူ့ကို တားကြ။ ငါတို့ကုမ္ပဏီက တစ်နှစ်ကို ယွမ် ၅ သန်းနဲ့ Live Broadcasting စာချုပ်တစ်ခု ချုပ်ချင်တယ်လို့ ပြီးတော့ လင်းဖန်ကို အမြန်စာချုပ်ချုပ်ခိုင်းလိုက်။ လင်းဖန် စျေးပိုလိုချင်လည်း တစ်နှစ်ကို ယွမ် ၁၀ သန်းအထိ ပေးနိုင်တယ်။”
"မြန်မြန် မြန်မြန်လုပ်ကြ။ လင်းဖန်ရဲ့ သတင်းကို မြန်မြန် Repost တင်ကြ။ လင်းဖန်ရဲ့ သတင်းမှန်သမျှကို Repost ချက်ချင်း တင်ရမယ်။ လင်းဖန်ရဲ့ အလားအလာက ကောင်းလွန်းတယ်။ ကုမ္ပဏီက ဒီလိုပါရမီရှင်မျိုးကို အမိအရ ဖမ်းယူနိုင်မှဖြစ်မယ်။”
ဒီခေတ်တွင် နာမည်ကြီးလျှင် အရင်းအနှီးရှိလာမည်ဖြစ်သည်။
လင်းဖန်က ချောမောပြီး သူ့အချက်အပြုတ် စွမ်းရည်ကလည်း ကောင်းမွန်လှ၏။ ပိုအံ့သြဖို့ ကောင်းတာက လင်းဖန် ရှားဝမ်ချွေ့နဲ့ သိနေတာပင်။
ဒီလို ဆက်ဆံရေးတစ်ခုတည်းနဲ့ မရေမတွက်နိုင်သော လူများစွာ လင်းဖန်းကို သဘောကျသွားစေပါသည်။
အစားသောင်းကျန်းသူ ပရိတ်သတ်များနှင့် ရုပ်ရည်ကြောင့် ကြိုက်သည့် ပရိတ်သတ်များသာ မကသေးဘဲ လင်းဖန်၏ စီးပွားရေး တန်ဖိုးကလည်း ဆက်တိုက် မြင့်တက်သွားခဲ့ပါသည်။
လက်ရှိ လင်းဖန်၏ ရေပန်းစားလာတာကို ရပ်တန့်ဖို့ ခက်ခဲလွန်းပါသည်။
လင်းဖန်တစ်ယောက် ညစာ ချက်ပြုတ်ပြီးသောအခါ တိုးတိတ်စွာဖြင့် ဖုန်းကို ဖွင့်လိုက်ပါသည်။
သူ့ ဝေ့ပေါ်တွင် မရေမတွက်နိုင်အောင် များပြားသော သီးသန့်မက်ဆေ့ချ်များစွာ ဝင်နေပြီး လင်းဖန်နှင့် အတူတူ အလုပ်လုပ်ချင်သည့် ကုမ္ပဏီပေါင်းစုံ၏ ကောမန့်များကိုတွေ့လိုက်ရပါသည်။ ပထမအဆင့် Live Broadcast ကုမ္ပဏီကြီး Bilibli, Douyu, Huya အစရှိသည်တို့လည်း အပါအဝင်ဖြစ်ပါသည်။
လင်းဖန်ကို ဖိတ်ကြားချင်သည့် Variety Show ပေါင်းစုံပင် ရှိနေပြီး အားလုံးက ၎င်းတို့၏ တရားဝင် ဝေ့ပေါ်အကောင့်များမှ သီးသန့်မက်ဆေ့ချ်ပို့ထားခြင်းဖြစ်သည်။
အဓိက အကြောင်းပြချက်ကတော့ ထိုကုမ္ပဏီများထဲက ဘယ်သူမှ လင်းဖန်၏ ဖုန်းနံပါတ်ကို မသိသောကြောင့်ဖြစ်ပါသည်။
ယခု လင်းဖန် လုံးဝ ရေပန်းစားသည့် လူတစ်ယောက်ဖြစ်လာခဲ့ပါပြီ။