← Chapters

အခန်း(၃၈) မျှမျှတတ ပြိုင်ပွဲ

Vol. 3 Ch. 38

အခန်း(၃၈) မျှမျှတတ ပြိုင်ပွဲ

Vol. 3 Ch. 38

အခန်း(၃၈) မျှမျှတတ ပြိုင်ပွဲ

"ဟူး ငါလုံးဝ နာမည်ကြီးနေပြီပဲ။”

လင်းဖန်က ရှားဝမ်ချွေ့ဘေးတွင် ထိုင်လိုက်ပြီး ဝေ့ပေါ်ပေါ်က သတင်းတွေအားလုံးကို ဖတ်လိုက်ပါသည်။

သူ့ဖုန်းတောင် ထစ်ငေါ့နေပါပြီ။

သူ ဖုန်းအသစ်တစ်လုံး ဝယ်ရတော့မည်။

သူ ဘယ်လောက်ပဲ ရေပန်းစားလာပါစေ လင်းဖန် ဂရုမစိုက်ပါ။ ဘယ်လောက်ပဲ ရေပန်းစားစား သူ့ 'မိန်းမ'လောက် ရေပန်းစားနိုင်ပါ့မလား။

"လူတွေက နာမည်ကြီးလာရင်း ပျော်ကြတယ်။ နင်က တခြားသူတွေနဲ့ မတူသလိုပဲ” ရှားဝမ်ချွေ့က လင်းဖန်ကို စိတ်ဝင်စားစွာ ကြည့်လိုက်ပါသည်။

"ရုပ်ချောချောလူတွေကတော့ အမြဲတမ်း ပြဿနာရှိတယ်။ လမ်းပေါ်မှာ ကောင်မလေးတွေ ငါနဲ့ ဓာတ်ပုံ အတူတူ ရိုက်ချင်လို့ ငါ့နောက်လိုက်ပြီး လမ်းပိတ်ကြတာတွေ ခဏခဏရှိတယ်။”

"အခုငါက နာမည်အရမ်းကြီးလာပြီဆိုတော့ ဇာတ်နိမ့်နေဖို့ ခက်သွားပြီပေါ့” လင်းဖန်က ပြောလိုက်သည်။ သူက နတ်ဘုရားအဆင့် သူဌေးလေးတစ်ယောက်လို တိုးတိုးတိတ်တိတ် နေပြီး အေးအေးဆေးဆေး ဘဝမျိုး နေချင်သူဖြစ်သည်။ သူအမြဲတမ်းရေပန်းစားနေရသည့် အကြောင်းအရင်းက ချောလွန်းနေသောကြောင့်ဖြစ်ပါသည်။

"မြောင်မြောင် ~~ နင်အပိုတွေပြောပြန်ပြီ” ရှားဝမ်ချွေ့က တခစ်ခစ် ရယ်မောလိုက်ပါသည်။

"နာမည်ကြီးတာ ကောင်းပါတယ်။ တကယ်တော့ ငါလည်း အချစ်ဇာတ်လမ်း တစ်ကားလောက် ရိုက်ကြည့်ချင်ပါတယ်။ ဒါပေမယ့် သင့်တော်တဲ့ ယောက်ျားလေးသရုပ်ဆောင်ကို မတွေ့သေးဘူး ဖြစ်နေတယ်" ရှားဝမ်ချွေ့က သက်ပြင်းချလိုက်သည်။

မိန်းကလေးများက စိတ်ခံစားချက်ပြင်းပြသည်။ တချို့ စိတ်ခံစားချက်ပြင်းပြသော ဇာတ်ဝင်ခန်းများတွင် သူမ ကောင်းကောင်း သရုပ်ဆောင်နိုင်သော်လည်း တခြားနည်းလမ်း မရှိပါဘူး။ ထိုယောက်ျားလေး သရုပ်ဆောင်များက ချောသော်လည်း သူတို့နဲ့ အလုပ်တွဲလုပ်ဖို့ ရှားဝမ်ချွေ့ အစီအစဥ် မရှိပါ။

လက်ကိုင်တာ၊ ပွေ့ဖက်တာ၊ အကြင်နာ ပေးတာတွေက ကိုယ်ချစ်တဲ့လူနဲ့ပဲ လုပ်သင့်တာ မဟုတ်ဘူးလား။

သူမ တကယ်ချစ်တဲ့လူနဲ့ အတူရှိမှ သူမ စိတ်ပိုနှစ်နိုင်ပြီး သရုပ်ဆောင်စကေးကလည်း ပိုပြီး လက်တွေ့ဆန်လာမည်ဖြစ်သည်။

"ဘာမှမဖြစ်ပါဘူး။ နောက်ဆို တစ်ယောက်ယောက်တော့ ရှိလာမှပါ" လင်းဖန်က ပြုံးပြလိုက်ပါသည်။

"အရူးကောင် နောက်ဆို သင့်တော်တဲ့ ယောက်ျားလေး သရုပ်ဆောင်ရှိရင်တောင် ငါသရုပ်မဆောင်ချင်ဘူး” ရှားဝမ်ချွေ့က သူမ၏ ဆံပင်ရှည်ရှည်ကို လက်ဖြင့် လှန်လိုက်ပါသည်။

"ဘာလို့လဲ” လင်းဖန်က မေးလိုက်သည်။ ရှားဝမ်ချွေ့ကို ကြည့်ရင်း သူ့နှလုံးသား နွေးထွေးလာ၏။

"ဟွန်း။ အကြောင်းအရင်း များများစားစားတော့ မရှိပါဘူး။ ငါသရုပ်မဆောင်ချင်ဘူးဆို မဆောင်ချင်ဘူးပေါ့” ရှားဝမ်ချွေ့က လင်းဖန်ကို ပြန်ကြည့်လိုက်သည်။ သူက တကယ့် ငတုံးကောင် ဖြစ်သည်။

သူမ၏ အချစ်ဇာတ်လမ်းများ၊ ဖန်သားပြင်ပေါ်က ပထမဆုံး အနမ်းများကို ဘာကြောင့် ထိုယောကျ်ားလေး သရုပ်ဆောင်တွေကို ပေးရမှာလဲ။ ထိုယောက်ျားလေး သရုပ်ဆောင်များက သရုပ်ဆောင်စွမ်းရည် ကောင်းနိုင်သော်လည်း... သူတို့က လင်းဖန်မှ မဟုတ်တာ။

ရှားဝမ်ချွေ့ ဘာတွေးနေသလဲ လင်းဖန် သိသော်လည်း ထုတ်မပြောခဲ့ပါ။ ရှားဝမ်ချွေ့၏ ကြောင်နားရွက် ဦးထုပ်လေးကိုသာ ကိုင်လိုက်ပြီး ပြောလိုက်ပါသည်။ "တစ်နေ့ကျ ငါသရုပ်ဆောင်ဖြစ်လာရင် နင်နဲ့ အချစ်ဇာတ်လမ်း ရိုက်ပေးပါ့မယ်။ ငါက ယောက်ျားလေး ဇာတ်ဆောင် နင်က မိန်းကလေး ဇာတ်ဆောင်ပေါ့။ ဘယ်လိုလဲ။”

ရှားဝမ်ချွေ့၏ မျက်နှာလှလှလေး နီမြန်းသွားပြီး ရှက်ရွံ့စွာဖြင့် ပြောလိုက်ပါသည်။

"အရှက်မရှိတဲ့ကောင်၊ ဘယ်သူက နင်နဲ့ သရုပ်ဆောင်ချင်တယ် ပြောလို့လဲ။ ငါ့ကို အနိုင်ကျင့်ချင်လို့လား။ သရုပ်ဆောင်နေတုန်း ငါ့ကို ပေါ်တင် အနိုင်ကျင့်ချင်လို့လား။ အကြင်နာပေးခန်းတွေကျရင် ဒါရိုက်တာနဲ့ ပေါင်းပြီး ၁၀ ခါလောက် ပြန်ရိုက်ခိုင်းမလို့လား။”

လင်းဖန်က အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။ "နင်နဲ့ အကြင်နာပေးတဲ့အခန်း ရိုက်ရင် အရှုံးရှိတာက ငါပဲလို့ဘာလို့ ခံစားနေမိပါလိမ့်။”

ထိုစကားကိုကြားသောအခါ ရှားဝမ်ချွေ့၏ ရင်ဘတ် နိမ့်ချည်မြင့်ချည် တက်လာပြီး လင်းဖန်ကို ဒေါသထွက်စွာ ကြည့်ကာ သူ့လက်မောင်းကို ကိုက်လိုက်ပါသည်။

ဒီနေ့တော့ ကြောင်မဖြစ်ချင်တော့ဘဲ ခွေးတစ်ကောင်ဖြစ်ချင်သွားပါပြီ။

သေစမ်း။

"နာတယ် နာတယ်ဟ အသာလုပ်စမ်းပါ..." လင်းဖန်က ပြောလိုက်သည်။ "နင်က ခွေးလား”

"အာဝု အာဝု" ရှားဝမ်ချွေ့က ပြုံးလိုက်သည်။ ခုနက သူမကိုအနိုင်ကျင့်ဖို့ကော လင်းဖန်ကို ဘယ်သူကခိုင်းလို့လဲ။

"နင်အူတဲ့အခါကျရင် ဟက်စကီးနဲ့တူတယ်” လင်းဖန်က ပြောလိုက်သည်။

"သြော်သြော် အကျင့်မကောင်းတဲ့ လင်းဖန် ငါနင်နဲ့ စကားမပြောတော့ဘူး” ရှားဝမ်ချွေ့ စိတ်ဆိုးလွန်းသဖြင့် ရင်ဘတ်ပင် အောင့်လာသည်။ အရူးကောင် လင်းဖန်။ သူမက ချစ်ဖို့ကောင်းတဲ့ ခွေးပေါက်လေးနဲ့တူတာကို ဟက်စကီးလို့ ခေါ်ရဲတယ်ပေါ့။

...

ယွဲ့ဟွာ ဖျော်ဖြေရေးတွင် ရှုယန်က ရုံးထဲတွင်ထိုင်နေပြီး ဝေ့ပေါ်ပေါ်က သတင်းကို တိတ်ဆိတ်စွာ ဖတ်နေခဲ့သည်။ အတွေးထဲ နစ်မြောနေခဲ့၏။

ဒီလိုပဋိပက္ခမျိုးဖြင့် ရင််ဆိုင်ခဲ့ရသောကြောင့် ဘော့စ်လီက အနည်းငယ် ဒေါသထွက်နေပါသည်။

အမျိုးသမီး သရုပ်ဆောင်များအတွက် အရေးအကြီးဆုံးအရာက ကောလဟာလများဖြစ်သည်။

သာမန် တရားဝင်ရည်းစားတွေဆိုရင် ပရိတ်သတ်တွေ ဒီလောက်အထိ ဒေါသမထွက်ဘဲ ဆုမွန်ကောင်း တောင်းပေးနိုင်သည်။

သို့သော်လည်း သာမန်လူတစ်ယောက်နဲ့ အမျိုးသမီးသရုပ်ဆောင်တစ်ယောက်က မကောင်းသတင်း ထွက်လာခဲ့ရင်တော့ အန္တရာယ်ရှိပါသည်။ ဘယ်ပရိတ်သတ်မှ သည်းခံနိုင်မည်မဟုတ်ပေ။ ထို့အပြင် ကုမ္ပဏီကလည်း သည်းခံနိုင်မည် မဟုတ်ပါ။

ကောလဟာလများသာ အမှန်ဆို အမျိုးသမီး သရုပ်ဆောင်၏ လုပ်ငန်းကို ထိခိုက်စေနိုင်ပြီး ၎င်းတို့၏ ထောက်ခံမှုများကိုပင် ဆုံးရှုံသွားနိုင်သည်။ ကုမ္ပဏီများစွာက ထိုအမျိုးသမီး သရုပ်ဆောင်များနှင့် အလုပ်မလုပ်ကြတော့ပါ။

လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ အထက်တန်းကျောင်း ဓာတ်ပုံများ၊ စာသောက်ဆိုင်ရှေ့တွင် ရှားဝမ်ချွေ့ကို ကာကွယ်ပြီး လူထွားကြီးကို ထိုးလိုက်သည့် ဗီဒီယိုတို့က အချိတ်အဆက်မိသွားပြီး ကောလဟာလ တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဝေ့ပေါ်ပေါ်မှာ ထိပ်တန်းရေပန်းစားနေသော အကြောင်းအရာ ဖြစ်သော်လည်း ထိခိုက်မှုက အန္တရာယ်တော့ မရှိသေးပေ။

ဘာကြောင့်လဲ။ ခိုင်လုံသည့် သက်သေ မရှိသေးသောကြောင့်သာ။

အထက်တန်းကျောင်း ဓာတ်ပုံတစ်ပုံက ဘာကို သက်သေပြနိုင်မှာလဲ။ အများဆုံး သူတို့ အထက်တန်းကျောင်းတုန်းက ရင်းနှီးခဲ့တာဟုပဲ ဆိုနိုင်သည်။

အထက်တန်းကျောင်းတုန်းက ဆန့်ကျင်ဘက်လိင် သူငယ်ချင်းနဲ့ ဓာတ်ပုံမရိုက်ဖူးတဲ့ လူကော ရှိနိုင်ပါဦးမလား။

ထို့ကြောင့် စီအီးအိုလီက ရှားဝမ်ချွေ့ကို သတိသာာ ပေးချင်ခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီက ကောလဟာလများကို ချေပဖို့ သာမန်နည်းလမ်းများကိုသာ အသုံးပြုခဲ့သည်၊။

ရှုယန်သည် မဖြစ်နိုင်သည့် အတွေးတစ်ခုကို ခံစားလိုက်ရပါသည်။

ရှားဝမ်ချွေ့ နှစ်ပေါင်းများစွာ အကြင်နာပေးခန်း မရိုက်ခဲ့ရသည့် အကြောင်းအရင်းက လင်းဖန်ကြောင့်များ ဖြစ်နိုင်မလား။

ရှုယန်ရဲ့ မျက်လုံးထဲမှာတော့ လင်းဖန်က စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ထားသည့် သာမန် ပမွှားလေးတစ်ကောင်သာဖြစ်သည်။ လင်းဖန် ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်ပြီး အနုပညာလောကထဲ ဝင်လာရင်တောင် သူ့ကို ကျော်တက်နိုင်ဖို့ အလွန်ခက်ခဲပါလိမ့်မည်။

ဒီလိုသတင်းမျိုး ထွက်လာသောအခါ ကောလဟာလများကို လုံးဝ ချေပဖို့ ရှားဝမ်ချွေ့၏ စကားတစ်ခွန်းပဲ လိုအပ်ပါသည်။

ထင်ထားတဲ့အတိုင်း ရှာဝမ်ချွေ့ရဲ့ ရိုးရှင်းတဲ့ စကားတစ်ခွန်းကြောင့် စားသောက်ဆိုင်၏ ဂုဏ်နာမည် ချက်ချင်း အပြောင်းအလဲ ဖြစ်သွားခဲ့ပါသည်။ ကုမ္ပဏီ၏ လုပ်ဆောင်ချက်တချို့နှင့် ပေါင်းစပ်လိုက်သောအခါ လင်းဖန်၏ စားသောက်ဆိုင် နာမည်လည်း ထွက်လာခဲ့ပါသည်။၊

သို့သော် ရှုယန်တစ်ယောက် သူ့ရင်ဘတ်ထဲ အေးစက်လာသည်ဟု ခံစားမိသည်။

ရှုယန်က ဝေ့ပေါ်ပေါ်က ရှားဝမ်ချွေ့၏ ပို့စ်ကို သေသေချာချာကြည့်နေသည်။ [ကျွန်မတို့ ချစ်သူတွေ မဟုတ်ကြသေးပါဘူး]

သာမန်လူတစ်ယောက်အတွက်တော့ ရိုးရှင်းသည့် တုန့်ပြန်ချက်ဟု ထင်ရသော်လည်း ရှုယန်ကတော့ မထင်ပါ။

ရှားဝမ်ချွေ့၏ ငြင်းဆန်ချက်တွင် တခြား အဓိပ္ပာယ်တစ်ခုခုရှိနေသည်။ "ကျွန်မတို့ ချစ်သူတွေ မဟုတ်ကြသေးဘူးဆိုတော့ နောက်ပိုင်း ချစ်သူတွေဖြစ်မလာနိုင်ဘူးလို့ မဆိုလိုဘူးဆိုတဲ့ သဘောပဲ မဟုတ်ပါလား။”

အင်တာနက်ပေါ်က ကောမန့်များကလည်း သူတို့နှစ်ဦးအကြားက မရေရာသော ဆက်ဆံရေး၊ ဓာတ်ပုံများ၊ Crush များ၊ အချစ်ရေး အကြောင်းများ၊ သို့မဟုတ် ရှားဝမ်ချွေ့ အကြင်နာ ပေးခန်း မရိုက်ရတာက လင်းဖန်ကြောင့်များလား ဆိုသည့်စကားများဖြစ်သည်။

ရှားဝမ်ချွေ့က ကောမန့်အားလုံးကို မတုန့်ပြန်ခဲ့ပါ။

သူမ မျက်စိမှိတ်ခေါင်းငြိမ့်နေခဲ့ပါသည်။

တစ်နည်းအာားဖြင့် ရှားဝမ်ချွေ့ အကြင်နာပေးခန်း မရိုက်ဘဲ ယောက်ျားလေးသရုပ်ဆောင်များနှင့် နီးကပ်ဖို့ ငြင်းဆန်ရသည့် အကြောင်းအရင်းမှာ လင်းဖန်ကြောင့် ဖြစ်နိုင်ခြေ များနေပါသည်။

ရှားဝမ်ချွေ့က ကောလေဟာလများကို မငြင်းပါဘူး။ ထို့အစား သူမ သဘောကျသည့် လူက လင်းဖန် ဖြစ်ကြောင်း ရှုယန်ကို ပြသနေခြင်းဖြစ်ပါသည်။

"ဝမ်ချွေ့ ကိုယ့်ကို လက်လျှော့အောင်လုပ်ဖို့ ကြိုးစားနေတာလား။”

"ကုမ္ပဏီထဲမှာ မင်းနဲ့အတူ နှစ်တွေအကြာကြီး ဖြတ်သန်းခဲ့ပြီးတော့ မင်းကိုအနိုင်ရတော့မယ်လို့ ထင်ခဲ့တာ။ အခုတော့ အိပ်မက် တစ်ခုလိုပါပဲလား။”

"ဒါပေမယ့်... ဆက်ဆံရေးဆိုတာ ကလေး ကစားစားမှ မဟုတ်တာ။ အချစ်ဆုံးဆိုတဲ့ ချစ်သူတွေတောင် ကွဲကြသေးတာပဲ။ မင်းတို့ နှစ်ယောက်က အတူတူလည်း မရှိကြသေးဘူး မဟုတ်လား။”

"လင်းဖန် ငါ့တည်နေရာက မင်းထက် ပိုမြင့်ပြီး၊ ငါ့နောက်ခံက မင်းထက် ပိုနက်ရှိုင်းပြီး၊ ငါ့မိသားစုက မင်းမိသားစုထက် ပိုချမ်းသာတယ်ဆိုပေမယ့်လည်း မျှမျှတတ ပြိုင်ဆိုင်ကြတာပါ့” ရှုယန်က ယုံကြည်ချက်ပြည့်ဝစွာဖြင့် ခေါင်းမော့ကြည့်လိုက််ပါသည်။

လင်းဖန်ရဲ့ အစွမ်းအစမျိုးနဲ့ ရှားဝမ်ချွေ့ရဲ့ လုပ်ငန်းအဆင့်အနားကပ်နိုင်ဖို့ အဝေးကြီး လိုပါသေးသည်။

ထိုအတွေးဖြင့် ရှုယန်က သူ့လက်ထောက်ကို ခေါ်လိုက်သည်။

"ဆရာရှု နောက်ကျနေပြီ။ ဘာဖြစ်လို့လဲ။” လက်ထောက်က မေးလိုက်သည်။

"လင်းဖန်ကို ဆက်သွယ်ပြီး ယွဲ့ဟွာကို သရုပ်ဆောင်အနေနဲ့ လာချင်လား မေးလိုက်။ စာချုပ်စာတမ်းကိစ္စကို ဆွေးနွေးလို့ရတယ်။ သူက အလားအလာကောင်းတဲ့ လူသစ်ပဲ။ ငါသူနဲ့ ဖျော်ဖြေရေးလောကထဲမှာ ပူးပေါင်းနိုင်လောက်တယ်။”

တခြားသူတွေရဲ့ မျက်လုံးထဲမှာတော့ သူ့အာဏာနှင့် နာမည်ကျော်တစ်ယောက်ဖြစ်ခြင်း၏ အားသာချက်ကို အသုံးချပြီး လင်းဖန်ကို ဖိနှိပ်ကာ ရှားဝမ်ချွေ့ကို အနိုင်လိုချင်တာမျိုးဖြစ်နိုင်သည်။

သို့သော်လည်း ရှုယန်က လင်းဖန်ကို ကူညီချင်၏။။ လင်းဖန်ကို ကုမ္ပဏီထဲသို့ ဝင်လာပြီး သူနဲအ့တူလက်တွဲကာ မျှမျှတတ ပြိုင်ဆိုင်ချင်ပါသည်။

လင်းဖန်၏ မိသားစုက ဆင်းရဲပြီး ဖျော်ဖြေရေး လောကထဲ ဝင်ရောက်ဖို့ အရင်းအနှီး မရှိပါက သူ အကောင်းဆုံး ကြိုးစားပြီး ကူညီပေးမည်ဖြစ်သည်။ လင်းဖန်တစ်ယောက် ပြဿနာတွေကို မဖြေရှင်းနိုင်ပါက သူ ကူညီဖြေရှင်းပေးမည်ဖြစ်သည်။

"ဟုတ်ကဲ့ပါ" လက်ထောက်က အနည်းငယ် အံ့အားသင့်စွာဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။

ရှုယန်က ယွဲ့ဟွာ ဖျော်ဖြေရေး၏ နံပါတ်တစ် ယောက်ျားလေး သရုပ်ဆောင်ဖြစ်ရုံသာမကဘဲ ယွဲ့ဟွာ ဖျော်ဖြေရေး၏ နံပါတ်တစ် အနုပညာရှင်လည်း ဖြစ်ပါသည်။

သူ့ရေပန်းစားမှုက ရှားဝမ်ချွေ့ထက်ပင် ပိုမြင့်သေးသည်။ ဖျော်ဖြေရေးလောက တစ်ခုလုံးတွင် သူက အရေးပါသောနေရာတစ်ခုတွင် ရှိနေ၏။ လူသစ်တစ်ယောက်ကိုသာ သူပျိုးထောင်ပေးချင်ပါက ထိုလူသစ်၏ အရင်းအနှီးများမှာ စိတ်ကူးဖြင့် မမှန်းဆနိုင်အောင်ရှိလိမ့်မည်။

ထိုလူသစ် ထူးချွန်သရွေ့ ရှုယန်ကိုယ်တိုင် ၎င်းတို့ကို ပျိုးထောင်ပေးပြီး သေချာပေါက် လျှင်မြန်စွာ တိုးတက်လာနိုင်ကြပါသည်။

လက်ထောက်က လင်းဖန်၏ အနာဂတ်ကို မမှန်းရဲအောင် ရှိလှသည်။

လင်းဖန်က နဂိုကတည်းက ရုပ်ချော၏။ လင်းဖန်က ယွဲ့ဟွာ ဖျော်ဖြေရေးသို့ ဝင်ရောက်ချင်လျှင် ရှုယန်၊ ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့၏ အကူအညီကို ရနိုင်ပါသည်။

လင်းဖန်သည် အေအဆင့် သရုပ်ဆောင်တစ်ယောက် ဖြစ်လာဖို့ အချိန်သိပ်မယူရလောက်ပါ။

သို့သော် အမှန်ပင်။ ရှုယန်တစ်ယောက် သူလိုချင်နေသည့် မျှမျှတတ ပြိုင်ပွဲဆိုတာ မရှိမှန်း မသိခဲ့ရှာပါ။

ရှားဝမ်ချွေ့က ဘယ်သရုပ်ဆောင်နားကိုမှ ကပ်ဖို့ ငြင်းဆန်ခဲ့သော်လည်း လင်းဖန်နှင့် နှစ်ယောက်တည်း အတူတူ ရှိနေသည်။

ရှုယန်သာ ဒါကိုသိလျှင် သူ့ဘဝကို သံသယဖြစ်သွားပါလိမ့်မည်။

သူဘယ်လောက်ပဲကြိုးစားပါစေ၊ လင်းဖန်၏ စမှတ်နှင့် မတူညီနိုင်ပါ။

All Chapters