← Chapters

အခန်း(၃၉) ဟုတ်ပြီ

Vol. 3 Ch. 39

အခန်း(၃၉) ဟုတ်ပြီ

Vol. 3 Ch. 39

အခန်း(၃၉) ဟုတ်ပြီ

နောက်တစ်နေ့ လင်းဖန် နိုးလာသောအခါ Sign-in ဝင်လိုက်ပါသည်။

ဒင်... [စာရေးဆရာအဆင့်၊ မာစတာ အဆင့်] ကိုရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်။

ဒင်... [ဇာတ်ညွှန်းဆရာအဆင့်၊ မာစတာအဆင့်]ကို ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်။

"သက်ဆိုင်ရာ အချက်အလက်တွေအားလုံး သခင်လေးရဲ့ စိတ်ထဲ အလိုအလျောက် ဝင်ရောက်သွားပြီး မှတ်ဉာဏ်ထဲ တွယ်ကပ်သွားပါပြီ။”

လင်းဖန်က ဇိမ်ခံကားတစ်စီး သို့မဟုတ် ကျောင်းခရိုင် အိမ်တစ်လုံး ထပ်ရလိမ့်ဦးမည်ဟု ထင်ထားသော်လည်း ဒီတစ်ခေါက် စကေးနှစ်ခု ရလိမ့်မည်ဟု မထင်ခဲ့ပါ။

တက္ကသိုလ်က ဘွဲ့ရပြီးနောက် ၃ နှစ်တာလောက် ရေးခဲ့သည့် လင်းဖန်၏ ဝတ္ထုအားလုံးမှာ ကျရှုံးခဲ့ရပါသည်။ ထို့နောက် စားသောက်ဆိုင်ငယ်လေး တစ်ဆိုင်ကို ဖွင့်ကာ အခုလို အဆင့် ရောက်လာဖို့ ဖြည်းဖြည်းချင်း လုပ်ဆောင်ခဲ့ရပါသည်။

ထိုစကေးနှစ်ခုကို တတ်မြောက်ပြီးသောအခါ သူ့စိတ်ထဲ ပရော်ဖက်ရှင်နယ်ဆန်သည့် ဗဟုသုတတချို့ အများကြီး ပိုတိုးလာသည်ဟု လင်းဖန် ခံစားလိုက်ရပါသည်။ စာအုပ်တစ်အုပ်၏ အားနည်းချက် အားသာချက်များကို နားလည်နိုင်သည်။ ဇာတ်ညွှန်းများကို နားလည်နိုင်စွမ်းတောင် တစ်ဆင့် မြင့်တက်သွားခဲ့ပါသည်။

သို့သော်လည်း ထိုစကေးများက အများကြီး အသုံးဝင်သည့်ပုံမပေါ်ပေ။ ယခု လင်းဖန်တွင် အိမ်တစ်လုံး ကားတစ်စီးနဲ့ ဖြစ်နေပြီဖြစ်သဖြင့် နေ့တိုင်း အိမ်လခ ကောက်ခံရင်းနဲ့သာ နေလိုတော့သည်။ လင်းဖန်တစ်ယောက် စိတ်အေးလက်အေးနှင့် ကျေနပ်နေပါသည်။ မကြာခဏ ကောင်မလေးများကို ဖွန်ကြောင်မည်။ သိပ်ပြီး မဆိုးလှပါဘူး။

ထိုအချိန်တွင် လင်းဖန်၏ ဖုန်းသံ မြည်လာခဲ့၏။

"မင်္ဂလာပါ မစ္စတာလင်း။ ကျွန်မက ဆရာရှုရဲ့ လက်ထောက်ပါ။ ယွဲ့ဟွာဖျော်ဖြေရေးကိုယ်စား ရှင်နဲ့ စာချုပ်တစ်ခု ဆွေးနွေးချင်လို့ ဖုန်းဆက်လိုက်တာပါ" အမျိုးသမီး အသံတစ်သံ ထွက်လာခဲ့ပါသည်။

"ယွဲ့ဟွာ ဖျော်ဖြေရေးနဲ့ ရှုယန် ဟုတ်လား။”

ရှုယန်ကလည်း အေအဆင့် နာမည်ကျော်တစ်ယောက်ဖြစ်ပြီး အလွန်နာမည်ကြီးပါသည်။

လင်းဖန်က ရှားဝမ်ချွေ့နှင့် သတင်းထွက်ပြီး တစ်ည အတူတူအိပ်ခဲ့သူဖြစ်၏။ အဲ့တာ ရှုယန်နဲ့ ဘာဆိုင်လဲ။

ရှုယန်က သူ့ကြောင်မလေးကို ခိုးချင်တာလား။

လင်းဖန် ချက်ချင်းနားလည်သွားပါသည်။ ဘာပဲဖြစ်ဖြစ် အရင်တုန်းကလည်း ဝေ့ပေါ်တွင် ဒီလိုကောမန့်များကို မြင်ဖူးသည်။ ရှားဝမ်ချွေ့နှင့် လိုက်ဖက်နိုင်သော တစ်ဦးတည်းသော လူက ရှုယန်ပဲ ဆိုသည့် ကောမန့်များ ဖြစ်သည်။

လင်းဖန်ကို ဝေဖန်သည့် Hater တချို့လည်း ရှိပါ၏။ လင်းဖန်က လက်ရှိ ရှားဝမ်ချွေ့နှင့် မတန်ဘူးဆို ဆိုကြသည်။

လင်းဖန်က ထိုကောမန့်များကို ဂရုမစိုက်ပါ။ သို့သော် ရှုယန်၏ လက်ထောက်ဖုန်းခေါ်ဆိုမှုကြောင့် ချက်ချင်း ခေါင်းထောင်သွားရပါသည်။

သူနဲ့အလုပ်တူတူလုပ်ရတာ ကိစ္စမရှိသော်လည်း သူ့ကြောင်မလေးကို လာတောင်းလို့တော့မရပါ။

"ဟုတ်ပါတယ် မစ္စတာလင်း ကျွန်မတို့ ကုမ္ပဏီက ရှင့်မှာ အလားအလာအများကြီး ရှိပြီး ကျွန်မတို့ကုမ္ပဏီက အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ စာချုပ်ချုပ်ဆိုချင်လို့ပါ။”

"တစ်နှစ်ကို Show ပွဲနဲ့ Variety Show ငါးပွဲအောက် မနည်းဘဲ ပေးပါ့မယ်ဆိုတဲ့ ကတိကိုလည်း စာချုပ်ထဲမှာ ထည့်သွင်းပေးသွားပါ့မယ်။ ဆရာရှုကိုယ်တိုင်ကလည်း ရှင်နဲ့အတူ ရုပ်ရှင်ရိုက်ဖို့ ပူးပေါင်းသွားမှာပါ။”

"ရှင် ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဖို့ကို ဆရာရှုက မျှော်လင့်နေပြီး ရှင့်အတွက် စာချုပ်တန်ကြေးက... တစ်နှစ်ကို ယွမ်တစ်သန်းပါ။ တစ်ချိန်တည်းမှာပဲ ဒါက အခြေခံ စာချုပ်ကြေးပဲ ရှိပါသေးတယ်။ Variety Show တွေနဲ့ ရုပ်ရှင်တွေထဲမှာ ပါတဲ့အတွက် ရလာတဲ့ အမြတ်တွေကိုလည်း ရာခိုင်နှုန်းတစ်ခုနဲ့ ပေးအပ်သွားဦးမှာပါ။ တစ်နှစ်ကို ဒရာမာ ငါးကား သို့မဟုတ် Variety Show ငါးခုကို ပါဝင်ပေးမယ်ဆိုရင် ရှင်ရနိုင်မယ့် စုစုပေါင်းဝင်ငွေက ယွမ် ၅ သန်းကျော်ပါတယ်။”

"မစ္စတာလင်းသာ ထူးချွန်မယ်ဆိုရင် ကုမ္ပဏီက ရှင့်အတွက် [ကြယ်ပွင့် ဖန်တီးခြင်း] ပရိုဂရမ်ကို တည်ဆောက်ပေးပြီး ရှင်နဲ့ ရှင့်ပါရမီတွေကို အကောင်းဆုံးဖြစ်အောင် ပျိုးထောင် ပေးသွားဦးမှာပါ။ ဝင်ငွေကလည်း ရှင့်ရဲ့ ကိုယ်ပိုင် အစွမ်းအစပေါ်မူတည်ပြီး တိုးမြင့်သွားဦးမှာပါ။ ရှင်သာ အေအဆင့်ရှိတဲ့ နာမည်ကျော်တစ်ယောက်ဖြစ်လာရင် ရှင့်ရဲ့ နှစ်စဥ် ဝင်ငွေက သန်းဆယ်ချီ သွားနိုင်ပါတယ်။”

"ဟုတ်ပါတယ်။ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့လို အဆင့်ရောက်နိုင်ရင်တော့ ဇာတ်ကားတစ်ကားရဲ့ သရုပ်ဆောင်ကြေးက ယွမ် သန်း ၅၀ ကနေ၊ ဒါမှမဟုတ် ယွမ် သန်း ၁၀၀ ကနေတောင် စနိုင်ပါတယ်။” လက်ထောက်က ယွဲ့ဟွာဖျော်ဖြေရေး၏ သဘောထားကို ဖော်ပြရင်း ပြောလိုက်ပါသည်။

အနည်းဆုံး နှစ်စဥ်ဝင်ငွေ ယွမ် ၁ သန်း၊ ရုပ်ရှင် အရင်းအနှီးများ၊ Variety Shows များနှင့် [ကြယ်ပွင့် ဖန်တီးခြင်း] ပရိုဂရမ်တောင် ပါသေးသည်။ ဘယ်သူမဆို ဒီလိုအခွင့်ထူးများကြောင့် ဆွဲဆောင်ခံရနိုင်ပါသ်ည။

အဓိကအချက်က ကုမ္ပဏီထဲ ဝင်ရောက်ပြီးနောက် ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ ရှုယန်နှင့် တခြား နာမည်ကျော်ကြီးများကို မကြာခဏ တွေ့နိုင်လိမ့်မည်။ အခွင့်အရေးရလာပါက အတူတူ အလုပ်ပင်တွဲလုပ်နိုင်ပါလိမ့်မည်။

ယွဲ့ဟွာဖျော်ဖြေရေး၏ သဘောထားကို သိလိုက်ရသောအခါ လင်းဖန်က ပြုံးရုံသာ ပြုံးနေနိုင်တော့သည်။

လင်းဖန်က ပိုက်ဆံသိပ်မရှိဘဲ ဘဏ်အကောင့်ထဲမှာလည်း ယွမ် ၂ သန်းသာရှိသည်။ သို့သော် အရေးအကြီးဆုံးက လင်းဖန် ပိုက်ဆံလည်း မလိုအပ်ပါ။

ခေတ်သစ်လီရှန်း ကြယ်ငါးပွင့်ဟိုတယ်ကြီး၏ ဒုတိယအများဆုံးရှယ်ယာဝင်ဖြစ်ပြီး နှစ်တိုင်း ယွမ်သန်းဆယ်ချီပြီး ရရှိမည့်သူ ဖြစ်သည်။

"လောလောဆယ်တော့ ကျွန်တော် ယွဲ့ဟွာ ဖျော်ဖြေရေးကို ဝင်ဖို့ စိတ်ကူးမရှိသေးပါဘူး။ စိတ်မကောင်းပါဘူးဗျ။”

"လောလောဆယ် ကျွန်တော်က အိမ်ငှားခတွေလိုက်ကောက်၊ စားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး ရိုးရိုးရှင်းရှင်း အေးအေးချမ်းချမ်း ဘဝမျိုးမှာပဲ နေချင်တာပါ။ ပြီးတော့ ကျွန်တော် ငွေလည်း မလိုပါဘူး” လင်းဖန်က ပြုံးလိုက်ပါသည်။

"ဟုတ်ကဲ့ပါ။ ပူးပေါင်းချင်တဲ့ အတွေးများ ပေါ်လာခဲ့ရင် ကျွန်မကို ပြန်ဆက်သွယ်နိုင်ပါတယ်” လက်ထောက်က ပြန်ပြောလိုက်ပါသည်။ သူမ အနည်းငယ် အံ့အားသင့်သွားသော်လည်း ထုတ်မပြောခဲ့ပါ။

အဘယ့်ကြောင့်ဆိုသော်... လင်းဖန်က ရှုယန်၏ ဖိတ်ကြားမှုကို ငြင်းဆန်လိုက်တာ ဖြစ်သောကြောင့်ပင်။

...

"မြောင် မြောင်” ကောင်မလေး၏ အသံ အနောက်ဘက်မှ ထွက်လာခဲ့သည်။

"နင့်ကို ဘယ်သူက စာချုပ်ချုပ်ဖို့ ကမ်းလှမ်းတာလဲ” ရှားဝမ်ချွေ့၏ လှပေသော မျက်လုံးလေးများက လင်းဖန်ကို ကြည့်လိုက်သည်။ သူမက မျက်နှာပေါင်းတင်ထားပြီး အနည်းငယ် စိတ်ဝင်စားနေပါသည်။

"ရှုယန်" လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်ကာ ပြုံးလိုက်ပါသည်။

"ငါ့ကြောင့် နင်ခက်ခဲသွားတာတော့ မဟုတ်ပါဘူးနော်” ရှားဝမ်ချွေ့က မျက်တောင်ခတ်လိုက်သည်။ သူမ၏ အသံက နူးညံ့လာခဲ့၏။

"မဟုတ်ပါဘူး။ စာချုပ်ကြေးက တစ်နှစ်ကို ယွမ်တစ်သန်းတဲ့။ ကြယ်ပွင့်ဖန်တီးခြင်းပရောဂျက်နဲ့ အရင်းအနှီးတွေလည်း အများကြီး ရှိသေးတယ်။ ငါငြင်းလိုက်တယ်” လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

ထိုစကားကြားသောအခါ ရှားဝမ်ချွေ့ အနည်းငယ် ဒေါသထွက်သွားပါသည်။ သူမက ကြမ်းတမ်းပြီး ချစ်ဖို့ကောင်းသည့်ပုံပေါ်နေသည်။

"ဟွန်း နင်က ငါ့ပါဆင်နယ် စားဖိုမှူးနော်။ ငါ့လူကို ဘယ်သူက လာမြူဆွယ်ရဲတာလဲ။”

"သူတို့ နင့်ကို မြူဆွယ်ချင်ရင်တောင် တစ်နှစ်ကို ယွမ် တစ်သန်းက နည်းလွန်းတယ်” ရှားဝမ်ချွေ့က နူးညံ့စွာ ပြောလိုက်ပါသည်။ သူမ မျက်နှာပေါင်းတင်ထားတာကို ခွာလိုက်သောအခါ သူမ၏ အသက်ရှူမှားလောက်ဖွယ်အလှက ပေါ်လာခဲ့ပါသည်။

"ငါ့ဝက်မလေးပြောတာ ဟုတ်တယ်” လင်းဖန်က ပြုံးလိုက်သည်။

"အရူးကောင် လင်းဖန်။ ဘယ်သူက နင့်ဝက်မလေးလဲ။ တော်တော်ကို အရှက်မရှိတဲ့ကောင်” ရှားဝမ်ချွေ့က လင်းဖန်ကို စိုက်ကြည့်လိုက်ပြီး သူမ၏ ကျောကို ဆန့်လိုက်ပါသည်။ လင်းဖန်အိမ်မှာ ညအိပ်ရတာ တကယ် ဇိမ်ရှိသည်။

"ငါ့ကို ရှောင်းယွီတို့အိမ် လိုက်ပို့ပေးလို့ရမလား။ သူနဲ့ငါနဲ့ Variety Show တစ်ခု ရိုက်စရာ ရှိသေးတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ကြော်ငြာတစ်ခု လက်ခံထားသေးတယ်။ ငါတို့ အလုပ်နည်းနည်း များနေတယ်” ရှားဝမ်ချွေ့က ပင်ပန်းနေသော မျက်နှာမျိုးဖြင့် ပြောလိုက်ပါသည်။

"အင်း ငါသိပါတယ်။ နင်အလုပ်ပြီးတဲ့အခါကျရင် ကောင်းကောင်း အနားယူရမယ်နော်။ အလုပ်ကို အလွန်အကျွံလုပ်လို့ မဖြစ်ဘူး” လင်းဖန်က ပြောလိုက်ပါသည်။ ဒီရက်ပိုင်းထဲ ရှားဝမ်ချွေ့ အရမ်းပင်ပန်းနေတာ သူသိသည်။ သူ့နားရောက်မှ သူမ အေးအေးဆေးဆေး နေနိုင်ခြင်းဖြစ်သည်။

လင်းဖန်၏ စကားလုံးများကို ကြားသောအခါ ရှားဝမ်ချွေ့ အနည်းငယ် ရှက်ရွံ့သွားပါသည်။ သူမ၏ လှပသော မျက်လုံးလေးများက လင်းဖန်ကို ကြည့်လိုက်သည်။ "အရူးကောင် လင်းဖန် ဘာလို့ ရုတ်တရက်ကြီး ငါ့အတွက် အဲ့လောက် စိုးရိမ်ပေးတတ်လာတာလဲ။”

"နင်ကငါ့ရဲ့ ရှူးဂါးမာမီကြီးကိုး။ နင် ငါးပေါင်းစားတာ ပိုက်ဆံအများကြီး ကုန်တယ်။ ငါစားသောက်ဆိုင်တောင် ဖွင့်လို့ရမှာ မဟုတ်တော့ဘူး။ နင့်အစားအသောက်တွေကို လုစားဖို့ ကြံနေတာလေ” လင်းဖန််က ပြုံးကာ ပြောလိုက်ပါသည်။

ရှားဝမ်ချွေ့က နှုတ်ခမ်းစူကာ လင်းဖန်အား သနားဖို့ကောင်းအောင် ကြည့်လိုက်ပါသည်။ "မြောင်~”

ရှားဝမ်ချွေ့ကို ကြည့်ရင်း သူမကို ဒီလိုပုံစံမျိုးဖြင့် ဆက်မကြည့်နိုင်တော့ပါ။

မိန်းကလေးတွေက သရုပ်ဆောင်ကောင်းကြပြီး အလွန်လှပသဖြင့် ယောက်ျားလေးတွေ ဘယ်လို ခံနိုင်ရည်ရှိမှာလဲ။

လင်းဖန်လို ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းမြင့်မားသူ မို့လို့ တော်သေးသည်။ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်စွမ်း နည်းပါးသည့် တခြားသူတစ်ယောက်သာဆို သူမကို ဝါးစားပစ်ပြီးလောက်ပါပြီ။

"အဲ့တာက... နင်က ကြည့်ကောင်းလို့ပေါ့” လင်းဖန်က အမှန်တိုင်း ပြောလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် ရှားဝမ်ချွေ့က ၁၀ မှတ်တွင် ၉.၉ မှတ်လောက် ရနိုင်လောက်သည့်အထိ ကြည့်ကောင်းပြီး အလွန်အမင်း ချောမောလှပပါသည်။ မကြာခဏဆိုသလိုလည်း ချစ်ဖို့ကောင်းသေးပြီး သူမ၏ သရုပ်ဆောင်စကေးများက အလွန် ကောင်းမွန်သည်။ သူမ၏ ခြေတံရှည်ရှည်လေးများက မျက်စိကျစရာကောင်းပြီး ရင်ဘတ်ကလည်း ဖွံ့ထွားပါသည်။

"တကယ်လား” ရှားဝမ်ချွေ့က ပို၍ပင် ရှက်လာပါသည်။ သူမ၏ မျက်နှာ အနည်းငယ် နီမြန်းလာပြီး ခေါင်းငုံ့ကာ အပြစ်ကင်းစင်ပြီး ချိုမြိန်သည့် ကောင်မလေးတစ်ယောက်လို နှုတ်ခမ်းကို ကိုက်ထားသည်။

"အလကား နောက်တာ ဝက်ပေါက်တစ်ကောင်က ဘယ်လိုလုပ် လှမှာလဲ” လင်းဖန်က ဝေဖန်လိုက်ပါသည်။ ရှားဝမ်ချွေ့ကိုသာ သူထပ် ချီးကျူးလိုက်လျှင် သူ ခံနိုင်ရည်ရှိမှာ မဟုတ်တော့ပေ။

"မြောင်မြောင်~ ငါနင့်ကို ကိုက်ပစ်မယ်~” ရှားဝမ်ချွေ့ သူ့ကို ခုန်ကိုက်လိုက်ပါသည်။ ခုနက ရိုးသားပြီး ဖြူစင်သည့် သူမ၏ ပုံစံ လုံးဝ ပျောက်ကွယ်သွားပါပြီ။

သူတို့နှစ်ယောက် ခဏလောက် ဗြောင်းဆန်သွားပြီးနောက်တွင် ရှားဝမ်ချွေ့၏ မျက်နှာ ပန်းရောင်သန်းသွားပြီး မောဟိုက်သွားပါသည်။

လင်းဖန်လည်း ထိုနည်းလည်းကောင်းဖြစ်၏။ ဆိုဖာကြီးလည်း ရှုပ်ပွနေပါပြီ။

"နင် ဘယ်တော့ ရုပ်ရှင်ပြန်ရိုက်မှာလဲ။ နင့်ရုပ်ရှင်မမြင်ရတာ တစ်နှစ်လောက်ရှိပြီနော်” လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်ကာ မေးလိုက်ပါသည်။

"အင်း... ဇာတ်ညွှန်းကောင်းကောင်း မရှိဘူးလေ။ တချို့ ဇာတ်ညွှန်းတွေကတော့ ကောင်းပါရဲ့။ ဒါပေမယ့် သရုပ်ဆောင်ဖို့ သင့်တော်တဲ့ လူလည်းမရှိလို့။ အဲ့တာကြောင့် ငါတစ်နှစ်လောက် ရုပ်ရှင်မရိုက်ရ သေးတာ” ရှားဝမ်ချွေ့က ဂရုမစိုက်သလို သူမ၏ ဆံပင်ရှည်ရှည်ကို ခါရင်း ပြောလိုက်ပါသည်။

"လင်းဖန် နင်အရင်တုန်းက စာအုပ်တွေရေးတာ ငါမှတ်မိတယ်နော်။ အချိန်ရရင် ငါ့အတွက် ဇာတ်ညွှန်း ရေးပေးပါလား။ အမ်... နမ်းတာမပါတဲ့ ဟာမျိုးပေါ့” ရှားဝမ်ချွေ့က လင်းဖန်ကို မျှော်လင့်တကြီး ကြည့်လိုက်ပါသည််။

"ဇာတ်ညွှန်းရေးပေးရမယ်ဟုတ်လား။ ငါကြိုးစားကြည့်လို့တော့ ရပါတယ်။ အရင်တုန်းက ဇာတ်ညွှန်းတွေ အများကြီး ရေးဖူးတယ်။ ဒါပေမယ့် တစ်ခါမှ မထုတ်ဝေဖူးဘူး။”

"ဒါပေမယ့် အချစ်ဇာတ်လမ်းတွေမပါရင် ဇာတ်ညွှန်းက ထူးခြားဖို့ ခက်ခဲတယ်။ ဘာပဲဖြစ်ဖြစ် စျေးကွက်တစ်ခုလုံးက ယောက်ျားလေးနဲ့ မိန်းကလေး ဇာတ်လိုက်တွေရဲ့ ချောချောမောမော ရုပ်တွေ၊ အချစ်ဇာတ်လမ်းတွေကို ကြည့်ရတာပဲ ပိုစိတ်ဝင်စားတယ်လေ။ ဒါပေါ့ ဒါပေါ့ ဇာတ်ကွက်ကလည်း အရေးအကြီးဆုံးပဲ” လင်းဖန်က ပြောလိုက်ပါသည်။

"ဟင့်အင်း ငါတခြား ဘယ်သူ့မှ မနမ်းချင်ဘူး” ရှားဝမ်ချွေ့က နှုတ်ခမ်းစူလိုက်ပါသည်။ ဒါသူမ၏ နောက်ဆုံးစကားပဲဖြစ်သည်။ စျေးကွက်က ပြောင်းလဲနေတာကို သူမသိသော်လည်း သူမ၏ ပထမဆုံး အနမ်းကို တခြား သရုပ်ဆောင်များအား မပေးချင်ပါ။

လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်ရင်းး အလွန်စိတ်ဆိုးနေပါသည်။ သူမသာ နှစ်အနည်းငယ်လောက် ကြာအောင် ဖျော်ဖြေရေးလောကမှာ ဘာမှမထုတ်လုပ်နိုင်ပါက သူမကို အလွန်လျှင်မြန်စွာ မေ့ပျောက်သွားကြပါလိမ့်မည်။

Variety Shows များနှင့် ကြော်ငြာများကို အားကိုးရုံနဲ့ လူတွေရဲ့ မှတ်ဉာဏ်ထဲ ဖောက်ထွင်းနိုင်မှာ မဟုတ်ပေ။

အလုပ်လုပ်မှသာ သရုပ်ဆောင်တစ်ယောက်ကို ဖျော်ဖြေရေးလောကထဲမှာ ခိုင်ခိုင်မာမာ ရပ်တည်စေနိုင်မည် ဖြစ်ပါသည်။

သို့သော်လည်း ရှားဝမ်ချွေ့က မနမ်းချင်ပါ။

လင်းဖန် နားလည်ပါသည်။

သူလည်း မကြာသေးခင်ကမှ မာစတာအဆင့် စာရေးဆရာနှင့် ဇာတ်ညွှန်းရေးဆရာ စကေးတို့ကို ရရှိထားသဖြင့် ဇာတ်ညွှန်းကောင်းကောင်း ရေးဖို့ မခက်ခဲလှပါ။

ရှားဝမ်ချွေ့ရဲ့ အနာဂတ်အတွက် ငါမှ  ဝင်မပါရင် ဘယ်သူ ဝင်ပါမှာလဲ။

နှုတ်ခမ်းစူနေဆဲဖြစ်သည့် ရှားဝမ်ချွေ့ကို ကြည့်ရင်း သူမ၏ ခေါင်းကို ပုတ်လိုက်ပါသည်။ ထို့နောက်ပြုံးကာ ပြောလိုက်၏။ "ဇာတ်ညွှန်းကို ကူရေးပေးပြိး အဲ့ဒီဇာတ်ဝင်ခန်းကို နင်နဲ့အတူရိုက်ပေးမယ်လေ။ ဘယ်လိုလဲ။”

ရှားဝမ်ချွေ့က အတည်ပေါက်ပြောနေသော လင်းဖန်ကို သူမ၏ လှပသော မျက်လုံးလေးများဖြင့် မော့ကြည့်လိုက်ပါသည်။ သူမ၏ အပြုံးက ယစ်မူးလောက်သည်။

"~~~~"

"ကောင်းပြီ”

All Chapters