← Chapters

အခန်း(၄၀) အကျင့်မကောင်းတဲ့ လင်းဖန် ငါ့ကြောင်ကို ခိုးသွားပြီ

Vol. 3 Ch. 40

အခန်း(၄၀) အကျင့်မကောင်းတဲ့ လင်းဖန် ငါ့ကြောင်ကို ခိုးသွားပြီ

Vol. 3 Ch. 40

အခန်း(၄၀) အကျင့်မကောင်းတဲ့ လင်းဖန် ငါ့ကြောင်ကို ခိုးသွားပြီ

ရှားဝမ်ချွေ့ ခေါင်းငြိမ့်ပြီးခါမှ သူမ၏ မျက်နှာ နီရဲသွားလေသည်။

"အရူးကောင်လင်းဖန် နင်ငါ့ကို အနိုင်ထပ်ကျင့်ဖို့ ကြိုးစားနေပြန်ပြီလား” ရှားဝမ်ချွေ့က သူမ၏ လှပသော မျက်လုံးလေးများဖြင့် မော့ကြည့်နေသည်။ လင်းဖန်က တကယ်ကြီး သူမနဲ့ သရုပ်ဆောင်ချင်သည်။ ဒါသူမကို အနိုင်ကျင့်ဖို့ ကြိုးစားနေတာပဲမဟုတ်လား။

"ငါက အဲ့လိုလူမျိုးမို့လို့လား” လင်းဖန်က အေးအေးဆေးဆေး မေးလိုက်ပါသည်။

"ဘယ်ပြောလို့ရမလဲ” ရှားဝမ်ချွေ့က နူးညံ့စွာ ပြောလိုက်ပါသည်။

"ငါဇာတ်ညွှန်းရေးနိုင်မယ်လို့ နင်တကယ်ထင်လား။ တက္ကသိုလ်က ဘွဲ့ရပြီးတော့ ၃ နှစ်လောက် ငါစာတွေရေးခဲ့တာ။ ငါရေးတဲ့စာတွေကို ဘယ်သူမှ မဖတ်ကြဘဲ ထုတ်ဝေသူတွေကလည်း ငြင်းဆိုကြတယ်။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်လိုက်ပြီး ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ "အင်း ငါနင့်ကို ယုံတယ်။”

သူမ အကြင်နာပေးခန်း မရိုက်ချင်တာ မဟုတ်ပါ။ လူမှန်နှင့် အကြင်နာပေးခန်းကို ရိုက်ချင်လို့သာ ဖြစ်ပါသည်။

သို့သော်လည်း ထိုလူမှန်ဆိုတာ ဘယ်တော့မှ ပေါ်မလာခဲ့ပေ။

မှန်ကန်သည့် ဇာတ်ညွှန်းကလည်း ဘယ်တော့မှ ပေါ်မလာခဲ့ပါ။

သို့သော်လည်း လင်းဖန်အပေါ် သူမနားလည်းရခက်သော ယုံကြည်မှုမျိုး ရှိနေသည်။ လင်းဖန်က သေချာပေါက် ဇာတ်ညွှန်းကောင်းတစ်ခုကို ရေးနိုင်လိမ့်မည်ဟု သူမ ယုံကြည်ထားပါသည်။

"ဒါဆို နင်စိတ်မပျက်စေရပါဘူး။ လိုအပ်ချက်ကတော့ ဇာတ်ညွှန်းအတွက် ငါပိုက်ဆံယူရမယ်” လင်းဖန်က ပြုံးလိုက်သည်။ သူနောက်ဆုံးတော့ ဇာတ်ညွှန်းတစ်ပုဒ်ရေးရပြီဖြစ်ပြီး အမှန်ပင်၊ ပိုက်ဆံတော့ ရမှဖြစ်ပါမည်။ အလကားသက်သက် ရေးမပေးပါ။

"အေးပါ နင်အမြတ်ရအောင် ငါကူညီပေးမယ်” ရှားဝမ်ချွေ့က ချစ်ဖို့ကောင်းသော မျက်နှာထားလေး လုပ်ပြလိုက်ပါသည်။

"နောက်ရက်နည်းနည်းလောက်ကြာရင် ရှောင်းယွီနဲ့ ငါနဲ့ ကြော်ငြာရိုက်တော့မှာ။ မကြာခင် Variety Show လည်း ရိုက်ရတော့မယ်။ ဒါပေမယ့် ငါနားတဲ့အခါကျရင် ကုမ္ပဏီမှာ ငါနဲ့ ရှောင်းယွီကို လာခေါ်ပြီး ညစာကျွေးရမယ်။”

"ငါပေးပြီးပြီနော်” ရှားဝမ်ချွေ့က လင်းဖန်ကို မျက်စိမှိတ်ပြလိုက်ပါသည်။ "ငြင်းခွင့်မရှိဘူး။ ငါ့အတွက် နေ့တိုင်း အသီးအရွက်သုပ် လုပ်ပေးတော့~”

"သွားကြမယ်လေ။ ငါ့ကို ရှောင်းယွီအိမ်ကို လိုက်ပို့ပေး။ ငါဒီနေ့ အလုပ်လုပ်စရာ ရှိသေးတယ်။ ဒီမှာ လိပ်စာ” ရှားဝမ်ချွေ့က လင်းဖန်ထံသို့ လိပ်စာပို့လိုက်ပါသည်။

"ကားထဲဝင်” လင်းဖန်က ရှားဝမ်ချွေ့ကို အပြင်ခေါ်လာပြီး ကားဂိုထောင်သို့ သွားလိုက်ပါသည်။

ကားဂိုထောင်ကို ဖွင့်လိုက်သောအခါ ရှားဝမ်ချွေ့ ကြက်သေသေသွားခဲ့ရပါသည်။

သူမရှေ့တွင် ရှိနေတာက ပြိုင်ကားအလန်းစား ၂ စီးနဲ့ သုံးဘီး ၁ စီး။

ဒီကားနှစ်စီးကို သူမ သိပါသည်။ ပထမ ကားက Bugatti La Voiture Noire ဖြစ်ပြီး ဒုတိယကားက Koenigsegg Onee ဖြစ်သည်။

ပြိုင်ကားနှစ်စီးစလုံးက ယွမ် သန်းရာကျော်တန်ဖိုးရှိသည်။

နှစ်စီးစလုံးက Limited Edition ကားများဖြစ်တာကိုလည်း သံသယဖြစ်ဖို့ မလိုပါ။

လင်းဖန် ဘယ်တုန်းက ဗီလာတစ်လုံးမှာ ပြိုင်ကားတစ်စီးနဲ့ နေနိုင်သွားတာလဲ။

ရှားဝမ်ချွေ့ မြင်ယောင်နေပါသည်။

သူမ၏ လှပသော မျက်လုံးလေးများက အနည်းငယ် စိုစွတ်နေ၏။ ဒီလောက်အထိ တိုက်ခိုက်ဖို့ လင်းဖန် တက္ကသိုလ်ကာလနဲ့ ဘွဲ့ရပြီး ၃ နှစ်တာအတွင်း ဘယ်လောက်တောင် ကြိုးစားခဲ့ရမလဲ။

သူမက တခြား အော်ဟစ်ဆူညံပြီး ပြိုင်းကားကြီးများကို သဘောကျတတ်သော သို့မဟုတ် လင်းဖန်နား အတင်းကပ်ကြသော ကောင်မလေးများလို မဟုတ်ပါ။ သူမက ပစ္စည်းမက်သော မိန်းကလေး မဟုတ်ပေ။

လင်းဖန်အတွက် မသိစိတ်ကြောင့် သူမ ရင်ထဲ နာကျင်သလိုသာ ခံစားမိပါသည်။ သန်းရာချီသည့် ပိုင်ဆိုင်မှုများ ရအောင် တိုက်ခိုက်ခဲ့တာ မှန်လျှင် သေချာပေါက် စိတ်တောင်မကူးနိုင်သည့် အခက်အခဲများစွာကို သူကျော်ဖြတ်ခဲ့ရလောက်ပါသည်။

ရှားဝမ်ချွေ့က နောက်လှည့်လိုက်ပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။ သူမ၏ လေသံက နူးညံ့လာပြီး ပြောလိုက်၏။ "လင်းဖန် ဒီနှစ်တွေအားလုံးမှာ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် သိပ်ပြီး မဆက်သွယ်ခဲ့ကြဘူးနော်။ နင် ခက်ခဲခဲ့မှာပဲ။”

လင်းဖန်က ပြုံးကာ Bugatti ကားတံခါးကို ဖွင့်လိုက်သည်။ "ဘာမှ အပန်းမကြီးပါဘူး။ အထဲဝင်။ နင် Mask နဲ့ ဦးထုပ်ဆောင်းဦး။ ဘယ်သူမှ မှတ်မိမသွားစေနဲ့။”

ရှားဝမ်ခချွေ့က နှုတ်ခမ်းစူလိုက်ပါသည်။ သူမတွင် ပိုင်ဆိုင်မှု ယွမ် သန်းနဲ့ချီပြီး ရှိပါသည်။ အဲ့လို ရလာဖို့လည်း ဖြတ်သန်းခဲ့ရသည့် အခက်အခဲများကို သူမ သိ၏။ သူမကလည်း သုည မှ အခုလို အခြေအနေအထိ ကြိုးစားခဲ့ရခြင်း ဖြစ်သည်။

အရူးကောင် လင်းဖန်။ ဒီလောက်ထိ ကြိုးစားပြီး သူမကို ဘာမှမပြောခဲ့ဘူး။

စီးပွားရေးလုပ်ငန်းအရ သူမ လင်းဖန်ကို ကူညီပေးချင်သည်။ သို့သော်လည်း လင်းဖန်က တစ်ခါမှ အကူအညီ လာမတောင်းခဲ့ပါဘူး။

သူတို့ ကားထဲဝင်ပြီး ထိုင်ခုံခါးပတ်များ ပတ်ပြီးကြသောအခါ လင်းဖန်က ရှားဝမ်ချွေ့ကို ရှန်ဟိုင်းမြို့ဆီသို့ ခေါ်လာခဲ့ပါသည်။

လမ်းတွင် ကောင်မလေး များစွာက အော်ဟစ်နေကြ၏။

"အောင်မယ်လေး Bugatti ကြီး။ အဲ့ဒီကောင်လေး Bugatti ကားကြီး စီးနေတာ တွေ့ရပြန်ပြီ။ အဲ့ဒီကောင်လေးက အရမ်းချောတာပဲ။”

"ဘာတွေ အရမ်းမိုက်နေလို့လဲ။ ကားထဲမှာ ကောင်လေးရှိချင်ရှိမယ်။ ကားကလည်း တန်ဖိုး သန်းနည်းနည်းလောက်ပဲ ရှိမှာ။ ကားအဟောင်းကြီးတောင် ဖြစ်နိုင်တယ်။ ဘာတွေ ချီးကျူးစရာလိုလို့လဲ။”

"ဖွီးး နင်ဘာသိလို့လဲ။ အဲ့တာ Limited Edition ပြိုင်ကားကြီးဟဲ့။ ဘယ်လိုလုပ် ကားအဟောင်းဖြစ်နိုင်မှာလဲ။ ပြီးတော့ စျေးက ယွမ် ၁၂၆ သန်းတဲ့။”

"လွန်ခဲ့တဲ့ ရက်နည်းနည်းတုန်းက ကောင်လေးတစ်ယောက် လမ်းမပေါ်မှာ Bugatti ကားကြီး မောင်းနေတာ မြင်ခဲ့တယ်။ သူ့မှာ ကောင်မလေး မရှိလောက်သေးဘူးထင်တယ်။”

"အောင်မယ်လေး အဲ့လို ချောမောတဲ့ ကောင်လေးမျိုးသာ ရလိုက်လို့ကတော့။ အဓိကက ငါBugatti လို ပြိုင်ကားကြီး စီးချင်တယ်။ ဒီကောင်လေးရဲ့ သက်လုံက အရမ်းကောင်းပြီး ကားထဲမှာတောင် ဟိုဟာ လုပ်နိုင်လောက်တယ်...”

...

ရှားဝမ်ချွေ့က ကားပြတင်းအပြင်က လူတွေကို မြင်သော်လည်း အပြင်က လူတွေက သူမကို မမြင်နိုင်ပါ။

ထိုကောင်မလေးများ၏ မျက်နှာထားများကို မြင်လိုက်တိုင်း သူမ မနေနိုင်ဘဲ ပြုံးမိပါသည်။

လင်းဖန် ဘာကြောင့် နာမည်မကြီးချင်တာလဲ သူမ နားလည်သွား၏။ လင်းဖန် ဘာကြောင့် ကုမ္ပဏီရဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ ရှုယန်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းခဲ့ရတာလဲ သူမ နားလည်သွားပါပြီ။

ဒီလိုပြိုင်ကား ထုတ်မောင်းပြလိုက်ရုံနဲ့ ကောင်မလေးတွေအများကြီး လင်းဖန်နောက် လိုက်လာနိုင်သည်။ သူသာ နာမည်ကြီးလာလျှင် ကောင်မလေးတွေ ပိုများမလာနိုင်ဘူးလား။

ရှားဝမ်ချွေ့ ရင်ထဲတွင် နွေးထွေးသွားပါသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း လင်းဖန် ရည်းစားတစ်ခါမှ မထားခဲ့ဖူးပါဘူး။ သူမကြောင့်များလား။

မကြာမီ လင်းဖန်၏ ကား စုရှောင်းယွီအိမ်သို့ ရောက်လာ၏။

စုရှောင်းယွီက စောင့်နေတာကြာပြီဖြစ်သည်။ လက်ထဲတွင် သခွားသီး အကြီးကြီးတစ်လုံးကို ကိုင်ထားပြီး ဘေးမှာလည်း ဘယ်သူမှ မရှိပါ။

သခွားသီးကို ကိုက်စားရင်း အောက်ထပ်တွင် Bugatti ကားတစ်စီး ပါကင်လာထိုးတာကို မြင်လိုက်ရသည်။

ကားတံခါးကိုဖွင့်လိုက်သောအခါ လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ ဖြစ်နေသဖြင့် စိတ်အေးသွား၏။

စုရှောင်းယွီက ကြက်သေသေသွားရပါသည်။

သူမ လင်းဖန်ကို လှပသောမျက်လုံးလေးများဖြင့် ကြည့်ရင်း တုတ်တုတ်မှ မလှုပ်ဘဲ ရပ်နေမိ၏။

လင်းဖန်က သုံးဘီးတစ်စီးသို့မဟုတ် သာမန်ကားတစ်စီး မောင်းလာလိမ့်မည်ဟု သူမ ထင်ခဲ့သည်။ သို့သော် Bugatti ကားကြီး မောင်းလာလိမ့်မည်ဟု သူမ ဘယ်လိုလုပ်ပြီး ထင်ထားခဲ့မည်နည်း။

စုရှောင်းယွီက Bugatti ကားကြီးကို သိပ်မမှတ်မိသော်လည်း ဖုန်းရှိသဖြင့် ရှာကြည့်လိုက်သောအခါ သူမ သိလိုက်ရသည်။

ဖြစ်ချင်တော့ ဒီ Bugatti ကားကြီးက ကမ္ဘာပေါ်တွင် တစ်စီးတည်းသော Limited Edition ကားကြီး ဖြစ်သည်။ စျေးနှုန်းအားဖြင့် ယွမ် ၁၂၆ သန်းရှိပြီး ဒုတိယမျိုးဆက် သူဌေးသားများစွာကို တုန်လှုပ်သွားစေနိုင်သည်။

စုရှောင်းယွီတောင် ဒီလိုကားမျိုးကို မတတ်နိုင်ပါဘူး။ သူမမှာ ပြိုင်ကားတစ်စီးဝယ်ဖို့ အပိုငွေ သန်း ၁၀၀ ကျော်ရှိနေရင် လင်းဖန် ဘယ်လောက်တောင် ချမ်းသာနေလိုက်မလဲ။

လင်းဖန်၏ ပိုင်ဆိုင်မှုက အနည်းဆုံး သန်း ၅၀၀ ကျော် သို့မဟုတ် ၁ ဘီလီယံတောင် ရှိလောက်ပါသည်။

ဒါက စုရှောင်းယွီ၏ ခန့်မှန်းချက်သာဖြစ်သည်။ လင်းဖန်က သူမထက်ပင် ချမ်းသာနေမည်ဟု မည်သူက ထင်မည်နည်း။

"အစ်မ ဝမ်ချွေ့ လင်းဖန်ရဲ့ ကားကြီးက ကောင်းလိုက်တာ။ ယွမ် ၁၂၆ သန်းတောင် ပေးရတယ်။ အရင်တုန်းက ဘာလို့ မကြားဖူးတာပါလိမ့်” စုရှောင်းယွီ အသိစိတ်ပြန်ဝင်လာပြီး ရှားဝမ်ချွေ့၏ လက်ကို လာကိုင်လိုက်ပါသည်။

"သူ့မှာ လှိုင်းပြာပင်လယ်အော်အိမ်ရာထဲက ယွမ် သန်း ၂၀၀ ကျော်တဲ့ နှလုံးသားရေကန်ဗီလာကြီးလည်း ရှိတယ်။ သူက ဘဝအတွေ့အကြုံယူဖို့သက်သက် စားသောက်ဆိုင်လေးကို ဖွင့်ထားတာလေ။ လင်းဖန်က ငါတို့နှစ်ယောက်ထက်တောင် ပိုတော်သေးတယ်” ရှားဝမ်ချွေ့က လင်းဖန်ကို သူမ၏ မျက်လုံးလှလှလေးများဖြင့် ကြည့်လိုက်ပြီး ချီးကျူးလိုက်ပါသည်။ သို့သော်လည်း သူမ၏ ရင်ထဲတွင် ပျော်ရွှင်နေပါသည်။ ဘယ်သူက ကိုယ့်ဝက်ပေါက်လေးကို မထူးချွန်စေချင်ဘဲ နေမှာလဲ။

"ဝါးး ဝါးးး ဝါးးး ဝါးး အာဝူးး လင်းဖန် နင့်ကို ငါ့ဆရာအဖြစ် တင်လို့ရမလား။”

"ဆရာက အထက်စီးကပါ။ ငါက အောက်ခြေကပါ။ ငါ့ကို အမှုထမ်းခွင့်ပြုပါ” စုရှောင်းယွီ အံ့အားသင့်သွားသည်။ ယွမ် သန်း ၂၀၀ တန် နှလုံးသား ရေကန် ဗီလာကြီးနဲ့ ယွမ် သန်း ၁၀၀ တန် ပြိုင်ကားကြီးကို ပိုင်ဆိုင်ထားမှတော့ လင်းဖန်က အရမ်းထူးချွန်သူဖြစ်နေသည်။

သူမကလည်း ကြယ်ပွင့်ကြီးတစ်ယောက် ဖြစ်သော်လည်း သူမ ရသည့် ဝင်ငွေက ကုမ္ပဏီနဲ့ ခွဲယူရသည်။ သူမလည်း ဗီလာတစ်လုံးနဲ့ ပြိုင်ကားတစ်စီး ဝယ်ယူနိုင်သော်လည်း ဝယ်ပြီးရင် လုံးဝ မွဲသွားပါလိမ့်မည်။

ယွမ် သန်း ၄၀၀ - ၅၀၀ ကို ငွေသားဖြင့် ရဖို့က ကြယ်ပွင့်ကြီးများ ဖြစ်ရန် လိုအပ်ပြီး ဖျော်ဖြေရေးလောကထဲ ဝင်ရောက်တာ နှစ်အတော်ကြာပြီဖြစ်သည့် သူမနဲ့ ရှားဝမ်ချွေ့တို့အတွက်တောင် ခက်ခဲပါသည်။

"ရှောင်းယွီ ကိုယ့်ကိုယ်ကို ထိန်းဦး” ရှားဝမ်ချွေ့က တခစ်ခစ် ရယ်မောလိုက်ရင်း နီရဲသောမျက်နှာဖြင့် စုရှောင်းယွီကို ကုတ်လိုက်ပါသည်။

"အာဝူး လင်းဖန် ငါနင့်အိမ်ကို နောက်ပိုင်းလာလည်လို့ ရမလား။ ဟီးဟီး နင့်ဗီလာကြီးကို အစ်မဝမ်ချွေ့နဲ့ အတူတူလာပြီး ကုန်းဆင်းဦးမယ်” စုရှောင်းယွီက ရင်ထဲက စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ဘဲ ပျော်ရွှင်နေပါသည်။

"ဒါပေါ့” လင်းဖန်က ပြုံးလိုက်၏။

လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ကို ကြည့်ရင်း စုရှောင်းယွီ မျက်တောင်တဖြတ်ဖြတ် ခတ်ကာ တစ်ခုခုကို နားလည်သွားသည်။ ရှားဝမ်ချွေ့နှင့် လင်းဖန်တို့ကို ကြည့်လိုက်ပြီး ပျော့ပျောင်းစွာ မေးလိုက်ပါသည်။ "အစ်မဝမ်ချွေ့ မနေ့ညက လင်းဖန်ရဲ့အိမ်မှာ နေခဲ့တာလား။”

စုရှောင်းယွီ၏ စကားကို ကြားသောအခါ ရှားဝမ်ချွေ့ ခေါင်းငုံ့သွားပြီး ပိုရှက်သွားပါသည်။

ရှားဝမ်ချွေ့၏ တုန့်ပြန်မှုကို ကြည့်ပြီး စုရှောင်းယွီ နားမလည်ဘဲ နေနိုင်ပါဦးမလား။

ဒီအကျင့်မကောင်းတဲ့ လင်းဖန်ကတော့ သူမ၏ ကြောင်လေးကို ဒီလောက် မြန်မြန် ခိုးယူသွားခဲ့ပြီ။

All Chapters