← Chapters

အခန်း(၄၁) ငွေရေးကြေးရေး စိတ်မဝင်စားဘူး

Vol. 3 Ch. 41

အခန်း(၄၁) ငွေရေးကြေးရေး စိတ်မဝင်စားဘူး

Vol. 3 Ch. 41

အခန်း(၄၁) ငွေရေးကြေးရေး စိတ်မဝင်စားဘူး

"အစ်မ ဝမ်ချွေ့ နင်..." စုရှောင်းယွီက တခစ်ခစ် ရယ်မောရင်း ရှားဝမ်ချွေ့ကို မျက်တောင် ခတ်ကာ ကြည့်လိုက်သည်။

"မဟုတ်တာတွေ။ ပေါက်ကရတွေ မပြောနဲ့။"

"မနေ့ညက... ငါ ငါးပေါင်းပဲစားခဲ့တာ” ရှားဝမ်ချွေ့၏ မျက်နှာက နီရဲနေပြီး စုရှောင်းယွီကို စိတ်ဆိုးစွာ ကြည့်နေပါသည်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ အစ်မဝမ်ချွေ့ ဘာမှ မလုပ်ခဲ့တာ ငါသိပါတယ်။”

"လင်းဖန် အစ်မဝမ်ချွေ့နဲ့ ငါအလုပ်လုပ်တော့မယ်နော်။ သြော် ဟုတ်သားပဲ။ ကုမ္ပဏီက ရှုယန်ကလည်း အစ်မဝမ်ချွေ့ကို သဘောကျနေတဲ့ပုံပဲနော်။ ဒီရက်ပိုင်းအတွင်း နင်ကုမ္ပဏီကို လာပြီး ငါတို့ကို ညစာကျွေးဖို့ လာခေါ်ရမယ်။ မဟုတ်ရင် အစ်မဝမ်ချွေ့ကို ခေါ်သွားတာ တခြားတစ်ယောက်ယောက် ဖြစ်သွားမယ်နော်” စုရှောင်းယွီက အပြစ်ကင်းပြီး ချစ်ဖို့ကောင်းသည့် အပြုံးတစ်ခု ပြုံးပြလိုက်ပါသည်။

"ရှောင်းယွီ အဓိပ္ပာယ် မရှိတာတွေ ထပ်ပြောမယ်ဆိုရင် ကုတ်မှာနော်" ရှားဝမ်ချွေ့က စုရှောင်းယွီကို ကြည့်လိုက်ပါသည်။

"အင်းပါ ငါနင်တို့တွေကို လာခေါ်ပါ့မယ်” လင်းဖန်က ခေါင်းငြိမ့်လိုက်ပါသည်။

လင်းဖန် လှည့်ပြန်ဖို့ ပြင်လိုက်စဥ် နူးညံ့သည့် အသံလေးတစ်ခု ထွက်လာခဲ့၏။

"မြောင်~”

ရှားဝမ်ချွေ့က လင်းဖန်ကို သူမ၏ လှပသော မျက်လုံးလေးများဖြင့် ကြောင်လေးတစ်ကောင်လို ကြည့်လိုက်ပါသည်။ ချစ်ဖို့ကောင်းသော လက်ဟန်ပုံစံလေးလုပ်လိုက်ပြီး လင်းဖန်၏ အင်္ကျီထောင့်လေးကို နူးညံ့စွာ ဆွဲလိုက်ပါသည်။

"ဟင်” လင်းဖန်က နောက်လှည့်ကာ ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။

"လင်းဖန် ဇာတ်ညွှန်းရေးပြီးရင် ငါ့ကို ပို့ပေးဖို့ မမေ့နဲ့နော်။"

"ငါ့အတွက် ဇာတ်ညွှန်းကောင်းကောင်း ရေးပေးပြီး... ငါနဲ့ အတူတူ သရုပ်ဆောင်မယ်လို့ နင်ကတိပေးထားတယ်နော်” ရှားဝမ်ချွေ့၏ မျက်နှာလေးက အနည်းငယ် နီရဲနေခဲ့ပါသည်။ သူမက ရေလို ဖြူစင်ပြီး နူးညံ့လွန်းပါသည်။

"အေးပါ နင်နဲ့အတူ သရုပ်ဆောင်မှာပါ။ အဲ့တာဆို ဇာတ်ညွှန်းထဲမှာ အကြင်နာပေးတဲ့ အခန်းတွေ နည်းနည်းလောက် ထပ်ရေးလိုက်မယ်နော်” လင်းဖန်က ပြုံးကာ ရှားဝမ်ချွေ့၏ ခေါင်းကို နူးညံ့စွာ ပုတ်လိုက်ပါသည်။

"အရူးကောင်လင်းဖန်။ ငါနဲ့ သရုပ်ဆောင်ရင်တောင် ငါ့ကို အနိုင်ကျင့်လို့မရဘူးနော်။"

"မဟုတ်ရင် ငါကြောင်လို နင့်ကို ကိုက်မှာ” ရှားဝမ်ချွေ့က ကြမ်းတမ်းသော မျက်နှာထားမျိုး လုပ်ပြလိုက်သည်။ သို့သော်လည်း သူမက အလွန်လှပသဖြင့် အနည်းငယ် ချစ်ဖို့ကောင်းနေပါသည်။

စုရှောင်းယွီက ဘေးဘက်က ကြည့်နေပြီး စိတ်ပျက်အားလျော့နေပါသည်။

"အာဝူး နင်တို့တွေက စင်ဂယ်ခွေးလေးတွေကို ဘယ်လို ဘယ်လိုနှိပ်စက်ရမလဲပဲ သိကြတယ်နော်။ ကိုယ်ချင်းစာတရားကို မရှိကြဘူး” စုရှောင်းယွီက ရှားဝမ်ချွေ့ကို အနောက်ဘက်မှ ဖက်လိုက်ကာ ပြောလိုက်သည်။ "ဟွန်း။ လင်းဖန် ဒီကြောင်လေးက ငါ့ဟာနော်။ နင်သူ့ကို အနိုင်ကျင့်ခွင့်မရှိဘူး။”

လင်းဖန်က ပြုံးကာ Bugatti ကားကြီးထဲတွင် ထိုင်လိုက်ပါသည်။ ထို့နောက် လီဗာကိုနင်းပြီး စုရှောင်းယွီ၏ အိမ်မှ ထွက်သွားတော့သည်။

သူ့ဘဝကို အေးအေးချမ်းချမ်း နေနိုင်သော်လည်း သူမ ဝင်ရောက်လာသောကြောင့် ပြောင်းလဲမှု ရှိခဲ့ပါသည်။

သို့သော်လည်း လင်းဖန်က ထိုပြောင်းလဲမှုကို သိပ်ပြီး မအံ့သြမိပါ။

ဘာပဲဖြစ်ဖြစ် ရှားဝမ်ချွေ့က စူပါစတားတစ်ယောက် ဖြစ်ပြီး သူမကို သဘောကျသည့် မရေမတွက်နိုင်သော ပရိတ်သတ်များစွာ ရှိသည်။

လင်းဖန်က အမြဲတမ်း အေးချမ်းသော ဘဝတွင် နေထိုင်ချင်ခဲ့သည်။ အိမ်ငှားခ ကောက်ခံပြီး ကောင်မလေးများနှင့် ပလူချင်၏။ ဒီလိုဆို ကောင်းပါသည်။

သို့သော် ကြောင်မလေးကို လုယူဖို့ ကြိုးစားလာပါက သူ ဒီတိုင်းနေမှာ မဟုတ်ပေ။

သူမ၏ ပေါ်ပေါက်လာမှုက လင်းဖန်၏ စိတ်ကို ပြောင်းလဲပေးခဲ့ပါသည်။

ရှုယန်လို ပြိုင်ဘက်တစ်ယောက်နဲ့ဆို လင်းဖန် လျစ်လျူရှုမှာ မဟုတ်ပေ။

ရှုယန်က အရင်တစ်ခေါက် သူ့ကိုဖုန်းခေါ်ပြီး မျှမျှတတ ပြိုင်ဆိုင်ဖို့အတွက် မျှားခေါ်ဖို့ ကြိုးစားခဲ့သည်။ ဒါကို လင်းဖန် သိပါသည်။

သို့သော်လည်း ရှုယန်၏ စေတနာကို လင်းဖန် ငြင်းဆန်ခဲ့ပြီး ကုမ္ပဏီကို မဝင်ခဲ့ပါ။ သို့သော်လည်း ဒါကြောင့် ရှုယန် ရှားဝမ်ချွေ့ကို လိုက်နေတာ ရပ်တန့်သွားမည်ဟု မဆိုလိုပေ။

မင်းက ငါ့ကြောင်မလေးကို ခိုးချင်တယ်ပေါ့။ ဆုတောင်းနေလိုက်လေ။

ရှုယန်က ကြယ်ပွင့်ကြီးတစ်ပွင့်ဖြစ်ပြီး အားသာချက် ကြီးကြီးမားမား ရထားရင်တောင် လင်းဖန်က ခြေတစ်လှမ်းမှ နောက်ဆုတ်မှာ မဟုတ်ပေ။

ရှုယန် မင်းက ပြိုင်ချင်တယ်ဆိုတော့လည်း ပြိုင်ကြတာပေါ့။

"ဒင်... သခင်လေးရဲ့ စိတ်ဓာတ် ပြောင်းလဲမှု တချို့ကို တွေ့ရှိပါတယ်။ စနစ် အဆင့်မြှင့်တင်နေပါပြီ။ ဒင်... စနစ်ကို ဗားရှင်း ၂.၀ သို့ မြှင့်တင်လိုက်ပါပြီ။"

"စနစ်အား အဆင့်မြှင့်တင်ပြီးနောက် မစ်ရှင်ကို အောင်မြင်မှ သခင်လေး Sign-in ဝင်နိုင်ပါမယ်။ Sign-in ဝင်ပြီး ရလာတဲ့ ပစ္စည်းတွေကလည်း တန်ဖိုးပိုမြင့်ပါလိမ့်မယ်။”

"မစ်ရှင် : စားသောက်ဆိုင်ထဲမှာ အော်ဒါ ၂၀ ကိုပြီးမြောက်အောင် ဆောင်ရွက်ပြီး သခင်လေး Sign-in ဝင်နိုင်ပါတယ်။”

စနစ်၏ အသိပေးသံ ထွက်လာခဲ့သည်။ လင်းဖန် ခေါင်းငြိမ့်လိုက်ပါသည်။ လွန်ခဲ့သော ရက်ပိုင်းအတွင်း တန်ဖိုးကြီးတာ ဘာမှ သူ မရခဲ့ပါဘူး။ စနစ်အား အဆင့်မြှင့်ပြီးနောက် ပို၍ပင် ခြားနားသွားပါသေးသည်။

စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ခြင်းက လင်းဖန် နေ့တိုင်းလုပ်ရသည့် အရာဖြစ်သည်။ စနစ်အဆင့်မြှင့်တင်ခြင်း သတင်းကို ကြားပြီးသောအခါ လင်းဖန် Bugattti ကြီးဖြင့် စာသောက်ဆိုင်သို့ မောင်းလာခဲ့ပါသည်။

စားသောက်ဆိုင်ဝင်ပေါက်တွင် ပရိတ်သတ် များစွာက စောင့်နေခဲ့၏။

ဒီနေရာမှာ အချိန်အကြာကြီး စောင့်နေခဲ့သည့် လှလှပပ မိန်းကလေး ပရိတ်သတ်တချို့လည်း ရှိပါသည်။ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ထားသဖြင့် လင်းဖန်က အရမ်းဆင်းရဲလိမ့်မည်ဟု သူတို့ထင်ခဲ့ကြသည်။ သို့သော် Bugatti ကားကြီးပေါ်က လင်းဖန် ဆင်းလာတာကို မြင်သောအခါ သူတို့ ကြက်သေ သေသွားခဲ့ကြပါသည်။ ကောင်မလေးများက လင်းဖန်၏ နောက်ကျောကိုကြည့်ရင်း အလွန် ထိတ်လန့်သွားကြပါသည်။

လင်းဖန်တစ်ယောက် Bugatti ကားကြီး မောင်းလာလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပါ။

ထို့နောက် ကောင်မလေး တချို့က လင်းဖန်၏ ကားမော်ဒယ်ကို ရှာဖွေကြည့်လိုက်ကြသည်။

“ဘုရားရေ အစ်ကိုလင်းဖန်က Bugatti La Voiture Noire ကြီး မောင်းနေတာပဲ။ ဒါက ယွမ်သန်း ၁၀၀ ကျော်တဲ့ ပြိုင်ကားကြီး မဟုတ်လား။”

"ကမ္ဘာကြီးထဲမှာ ဒီလို Limited Edition ပြိုင်ကားမျိုးက တစ်စီးပဲ ရှိတယ်။ အရမ်းမိုက်တာပဲ။ ဝိုး... ပြိုင်ကားတစ်စီးမြင်ဖူးတာ ဒါပထမဆုံးပဲ။”

"လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်က ရှန်ဟိုင်းမြို့မှာ Bugatti ပြိုင်ကားတစ်စီးကို ရုပ်ချောချော ကောင်လေးတစ်ယောက် မောင်းနေတယ်လို့ ပြောတဲ့လူတွေရှိတယ်။ သူက ဘယ်လောက် ချောလဲဆိုတာကို တွေ့ချင်နေတဲ့လူတွေ အများကြီးပဲ။ ဒီနေ့တော့ အဲ့တာက လင်းဖန်ပဲဆိုတာ သိလိုက်ရပြီ။”

"အစ်ကိုလင်းဖန်က အရမ်းလျှို့ဝှက်ထားတာပဲ။ ဖြစ်ချင်တော့ အစ်ကိုက ဟင်းချက်တော်ရုံတင် မကဘူး။ အရမ်းလည်း ချမ်းသာတာပေါ့။ အစ်ကိုလင်းဖန်မှာ ကောင်မလေး ရှိလားဟင်။”

ကောင်မလေးများစွာက အံ့အားသင့်သွားကြပြီး လင်းဖန်ကို အမြန်ဝိုင်းလိုက်ကြပါသည်။

ကောင်မလေး တစ်ယောက်က သတင်းသမား တစ်ယောက်ဖြစ်ပြီး လင်းဖန်ကို အင်တာဗျူးလိုက်ပါသည်။ "လင်းဖန် ရှင်က အရမ်းချမ်းသာနေတာကို ဘာဖြစ်လို့ စားသောက်ဆိုင် ဖွင့်ထားတာလဲ မသိဘူးရှင့်။”

လင်းဖန်က လှည့်ကြည့်ကာ နူးနူးညံ့ညံ့ ပြုံးလိုက်ပါသည်။ "ကျွန်တော်က ငွေရေးကြေးရေး စိတ်မဝင်စားပါဘူး။ ကျွန်တော် ပိုက်ဆံလိုချင်လို့ စားသောက်ဆိုင် ဖွင့်ထားတာ မဟုတ်ဘူး။ ဘဝအတွေ့အကြုံယူရင်း အားလုံးအတွက် အရသာရှိတဲ့ အစားအစာတွေ ချက်ပြုတ်ပေးချင်လို့ပါ။”

"ငွေရေးကြေးရေး စိတ်မဝင်စားဘူးဆိုတော့ ပိုင်ဆိုင်မှုပစ္စည်းတွေ ဘယ်လောက်တောင် ရှိနေမလဲမသိဘူး။”

"ရှင်မောင်းတဲ့ ပြိုင်ကားက သန်းရာကျော် တန်ဖိုးရှိတယ်။ လင်းဖန်မှာ ပိုက်ဆံဘယ်လောက် ရှိလဲ ကျွန်မတို့မသိနိုင်ဘူး။ ဟုတ်တာပေါ့၊ သူက ငွေရေးကြေးရေး ဘယ်စိတ်ဝင်စားပါ့မလဲ။”

"အဲ့တာတွေ ဘာမှ ဂရုမစိုက်ဘူးဟယ်။ ငါစားချင်တာပဲသိတယ်။ လင်းဖန်ရဲ့ အစားအသောက်တွေက အရမ်းအရသာရှိတာာ။ ကျွန်မက ပရိတ်သတ်ပါ~”

"ကောင်လေး ရှင်နဲ့ ချွေ့ချွေ့တို့က နီးစပ်ကြတာလား။ အထက်တန်းကျောင်းမှာတုန်းက သူရှင့်ပခုံးပေါ် မှီအိပ်နေတာ မြင်ဖူးတယ်။ အဲ့ဒီဓာတ်ပုံလေးက အရမ်းလှတာပဲ။ ရှင်တို့နှစ်ယောက် အရမ်းလိုက်ဖက်တယ်လို့ ကျွန်မတော့ မြင်တယ်။”

ကောင်မလေးများစွာက လင်းဖန်၏ စားသောက်ဆိုင်ထဲတွင် ဝင်ထိုင်ရင်း မေးမြန်းနေကြပါသည်။

လင်းဖန်လည်း အလုပ်များလာခဲ့သည်။ ရှားဝမ်ချွေ့နှင့် ပတ်သက်သည့် မေးခွန်းများကိုတော့ သူရှောင်ရှားခဲ့ပါသည်။

သူ့စားသောက်ဆိုင်ကို ပြန်ဖွင့်ခဲ့ပြီ ဖြစ်ပြီး ဝေ့ပေါ် ပေါ်တွင်လည်း ရေပန်းစားသော အကြောင်းအရာတစ်ခု ထပ်ပေါ်လာနိုင်သည်။ အမှန်ပင်။ သူ့ကို ရှာနေကြသည့် သတင်းသမားများစွာရှိပြီး သူ့ထံမှ သတင်းများ နှိုက်ယူချင်ကြလိမ့်မည်။

လောလောဆယ် လင်းဖန်ကို ကြယ်ပွင့်တစ်ပွင့်ဖြစ်သည်ဟု ပြောနိုင်နေပါပြီ။

နှစ်နာရီလောက် အလုပ်လုပ်ပြီးသောအခါ လင်းဖန် အော်ဒါ ၆၀ လောက် ပြီးဆုံးခဲ့ပါသည်။

"ဟုတ်ပြီ ကျွန်တော် ဒီနေ့တော့ ဆိုင်ပိတ်ပါတတော့မယ်။ စားချင်သေးရင် နောက်တစ်ကြိမ် ပြန်လာခဲ့ကြပါခင်ဗျာ” လင်းဖန်က ပြုံးလိုက်ကာ သိမ်းဆည်းဖို့ ပြင်လိုက်ပါသည်။ လင်းဖန် ရွေးချယ်စရာမရှိပါ။ သူက ရေပန်းစားလွန်းနေသည်။ ဆိုင်ဖွင့်ချိန်ကို ၂ နာရီလောက်ထိ လျှော့ချပစ်ရုံသာ ရှိတော့သည်။

"အစ်ကိုလင်းဖန် ဆိုင်ကို ၄ နာရီလောက် ဖွင့်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ ၂ နာရီပဲ ဖွင့်တာလဲ။”

"ဟင့်အင်း ဟင့်အင်း မပိတ်ပါနဲ့ဦဦး။ ကျွန်မ စားချင်သေးတယ်။ ဒီက ဝက်နံရိုးချိုချဥ်ကို စားချင်သေးတယ်။ ပြီးတော့ ဝက်နံရိုး ရိုးရိုးကိုလည်း စားချင်သေးတယ်။”

"ဟုတ်တယ် ဟုတ်တယ်။ ဟော့ပေါ့ ဟော့ပေါ့ စားချင်တယ်။ အစ်ကိုလင်းဖန် မသွားပါနဲ့။ ပိုက်ဆံ ပိုပေးပါ့မယ်။”

မိန်းကလေး ပရိတ်သတ်များစွာက လင်းဖန်ကို ပတ်လည်ဝိုင်းလိုက်ကြသည်။

လင်းဖန် သက်ပြင်းသာချနိုင်တော့သည်။

သူက စားသောက်ဆိုင်ငယ်လေးတစ်ခုကို တတိုးတိုးတိတ်တိတ်သာ ဖွင့်ချင်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးမှာတော့ ကောင်မလေး များစွာ၏ အိုင်ဒေါတစ်ယောက် ဖြစ်လာခဲ့ပါသည်။

ငါ မတော်တဆ ရေပန်းစားလာခဲ့တယ်။ ငါဘာလုပ်ရမလဲ။ ငါအဖြေကို စောင့်နေတုန်းပဲ။

All Chapters