← Chapters

အခန်း(၄၃) ငှားရမ်းခ တိုးမြှင့်ခြင်း

Vol. 3 Ch. 43

အခန်း(၄၃) ငှားရမ်းခ တိုးမြှင့်ခြင်း

Vol. 3 Ch. 43

အခန်း(၄၃) ငှားရမ်းခ တိုးမြှင့်ခြင်း

အိပ်ယာနိုးလာသောအခါ လင်းဖန် ဒီနေ့အတွက် Sign-in ဝင်ဖို့ ပြင်လိုက်ပါသည်။

"စနစ် ဗားရှင်း ၂.၀ တင်လိုက်တော့ ဘာရမလဲမသိဘူး။ ငွေသားကံစမ်းမဲကြီးပဲ ထပ်မဟုတ်ဖို့ ဆုတောင်းပါတယ်” လင်းဖန် အဝတ်အစားများ ဝတ်ရင်း ပြောလိုက်၏။

သူ ငွေသားကံစမ်းမဲများ ရတာ တော်တော် များနေပြီဖြစ်သည်။ သို့သော် အချိန်တိုင်း ယွမ်နည်းနည်းလေးသာ ပေါက်ပါသည်။

သူ အများဆုံး ရရှိခဲ့သည့် ပမာဏက ငွေသား ယွမ် ၁၀၀,၀၀၀ သာဖြစ်သည်။ လက်ရှိလင်းဖန်အတွင် ထိုပမာဏက အလွန်တန်ဖိုးနည်းလွန်းပါသည်။

သူ့အိမ်မှာ ညစာကျွေးဖို့ ကြောင်မလေးနှင့် ခွေးမလေးကိုလည်း သွားခေါ်ရဦးမည်။ Bugatti ကားကြီးကို မောင်းဖို့က သေချာပေါက် အဆင်မပြေနိုင်ပါ။ Bugatti ကားကြီးတွင် ထိုင်ခုံ ၂ ခုံသာပါသဖြင့် လင်းဖန် ကားတစ်စီး အရေးပေါ်ဝယ်ယူဖို့ လိုအပ်နေပါသည်။

လင်းဖန် စုငွေ ယွမ် ၂ သန်းကျော်ရှိပြီး မနည်းသော်လည်း ဇိမ်ခံကားတစ်စီးတော့ မတတ်နိုင်ပါ။

ကုမ္ပဏီ၏ ရှယ်ယာ အစုပေါ်အမြတ်နှင့် ရှိုးအတွက် ရိုက်ကူးရေးကြေးတို့က မနည်းသော်လည်း ရဖို့ အချိန်လိုပါသေးသည်။ ထို့ကြောင့် လင်းဖန် တန်ဖိုးရှိတာ တစ်ခုခုရဖို့ လိုအပ်နေသည်။

"ဒင်.... အောင်မြင်စွာ Sign-in ဝင်လိုက်ပါပြီ။ နည်းပညာ အဆောက်အဦး၏ ၇ ထပ်ကို ရရှိသွားသည့်အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်။"

"သက်ဆိုင်ရာ ပိုင်ဆိုင်မှုစာချုပ်နဲ့ အချက်အလက်တွေအားလုံး စနစ်သိုလှောင်ခန်းထဲ ထည့်ထားပြီးပါပြီ။ သခင်လေး ကျေးဇူးပြုပြီး မှတ်သားထားပေးပါ။"

လင်းဖန်က စနစ်အသံကို နားထောင်ပြီး နည်းပညာ အဆောက်အဦးနှင့် ပတ်သက်သည့် ပိုင်ဆိုင်မှု စာချုပ်နှင့် တချို့အချက်အလက်များကို ထုတ်ကြည့်လိုက်ပါသည်။

ဒီနည်းပညာအဆောက်အဦးကို သူသိသည်။ လှိုင်းပြာပင်လယ်အော်အိမ်ရာရဲ့ ဘေးနားလေးမှာတင် ဖြစ်သည်။ စုစုပေါင်း အထပ် ၃၇ ထပ်ရှိပြီး သူက ၇ ထပ်ကို ရလိုက်ပါသည်။ ၎င်းတို့တွင် စုစုပေါင်း စတုရန်း မီတာ ၃၈,၀၀၀ လောက်ရှိ၏။

ပျမ်းမျှစျေးနှုန်းက ၁ စတုရန်းမီတာကို ယွမ် ၁၀၀,၀၀၀ ဖြစ်သော်လည်း နည်းပညာ အဆောက်အဦး၏ ၇ ထပ်က ယွမ် ၃.၈ ဘီလီယံလောက် တန်ဖိုးရှိပါသည်။

စနစ်ကို အဆင့်မြှင့်တင်ပြီးနောက် လင်းဖန်၏ ဆုလာဘ်တန်ဖိုးများမှာ အဆပေါင်းများစွာ ပိုပြီး တိုးမြင့်သွားခဲ့ပါသည်။

ရောင်းချလို့တော့ မရသော်လည်း ၇ ထပ်လုံးကို ငှားလိုက်ပါက မခေသော ဝင်ငွေကို ရနိုင်ပါသည်။

ထိုအချိန်တွင် သူ့ဖုန်းသံ မြည်လာ၏။ အမည်မသိ ဖုန်းနံပါတ်တစ်ခုဖြစ်ပါသည်။

"ဟယ်လို” လင်းဖန်က ဖုန်းကိုင်လိုက်သည်။

"မင်္ဂလာပါ မစ္စတာလင်း။ ကျွန်မက ယွင်ဟန်နည်းပညာရဲ့ မန်နေဂျာ ကျန်းကျင်းရှို့ပါရှင့်။ ကျွန်မကို ရှို့ရှို့လို့ ခေါ်လို့ရပါတယ်” ကောင်မလေး တစ်ဦး၏ အသံထွက်လာခဲ့ပါသည်။

"ဘာလို့ ဖုန်းဆက်တာလဲ သိလို့ရမလား” လင်းဖန်က မေးလိုက်၏။

"ဒီလိုပါ မစ်စတာလင်း။ အရင်တုန်းက ကျွန်မတို့ နည်းပညာ အဆောက်အဦးရဲ့ ၇ ထပ်ကို ငှားထားတာပါ၊။ အခု အငှားကာလလည်း ကုန်တော့မှာဖြစ်လို့ စကားပြောဖို့ ဖိတ်ကြားချင်လို့ပါရှင့်” ကျန်းကျင်းရှို့က ယဥ်ကျေးစွာ ပြောလိုက်ပါသည်။

"ရပါတယ်။ ကျွန်တော် ညနေ ၃နာရီလောက် အချိန်အားပါတယ်" လင်းဖန်က ပြောလိုက်သည်။

"ကောင်းပါပြီ မစ်စတာလင်း။ ကျွန်မတို့ ကုမ္ပဏီမှာ ကားတစ်စီး ရှိတယ်။ ရှင့်ကို နည်းပညာ အဆောက်အဦးဆီ လာဖို့ လာကြိုခိုင်းဖို့ လိုအပ်သလားရှင့်" ကျန်းကျင်းရှို့က မေးလိုက်သည်။

"ရပါတယ်။ ကျွန်တော့်မှာလည်း ကားရှိတယ်။ ၃ နာရီမှာ တွေ့မယ်နော်” လင်းဖန်က ပြောလိုက်ပါသည်။

"နားလည်ပါပြီ မစ္စတာလင်း" ကျန်းကျင်းရှို့က ပြောလိုက်သည်။

ဖုန်းချပြီးနောက် ထိုကုမ္ပဏီက အငှားစာချုပ်ကို ဒီလောက် မြန်မြန် စာချုပ်ပြန်ချုပ်ဆိုလိမ့်မည်ဟု လင်းဖန် မထင်ထားခဲ့ပါ။

စာချုပ်ပြန်လည်ချုပ်ဆိုမှုသာ အောင်မြင်သွားလျှင် လင်းဖန် တကယ် ချမ်းသာလာပါလိမ့်မည်။

လင်းဖန်က ပြင်ဆင်ပြီးနောက် စားသောက်ဆိုင်တွင် ၂ နာရီလောက် အလုပ်သွားလုပ်ခဲ့သည်။ မကြာခင် နေ့လည်ခင်း ၃ နာရီအချိန်သို့ ရောက်လာခဲ့၏။

လင်းဖန်က Bugatti ကားကြီးကို မောင်းကာ လီဗာကို နင်းလိုက်ကာ နည်းပညာ အဆောက်အဦးကြီးသို့ သွားဖို့ ပြင်လိုက်၏။

ဘေးက ဖြတ်သွားဖြတ်လာများကလည်း ထပ်ပြီး အံ့အားသင့်ခဲ့ရပြန်ပါသည်။ ဘာပဲဖြစ်ဖြစ် ပြိုင်ကားတစ်စီးက လမ်းမပေါ်တွင် အာရုံစိုက်ခံရနိုင်ပါသည်။

ဝင်ပေါက်သို့ရောက်သောအခါ သပ်ရပ်လှပစွာ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က လင်းဖန်ကို ကြိုဆိုနေပါသည်။

ယွင်ဟန် နည်းပညာ၏ မန်နေဂျာ ကျန်းကျင်းရှို့က လူကြီးလူကောင်းဆန်စွာ ဝတ်စားထားပြီး ယဥ်ကျေးစွာ ပြုမူနေပါသည်။

နည်းပညာ အဆောက်အဦးကြီး၏ ဝင်ပေါက်တွင် ၅၀ မီတာနီးပါးလောက် ရှည်လျားသည့် ကောဇောနီကြီးတစ်ခု ရှိနေ၏။

ဒီနေ့ လူကြီးလူကောင်းတစ်ယောက်ဖြစ်သည့် လင်းဖန် လာမည်ဖြစ်သဖြင့် ကျန်းကျင်းရှို့ကိုယ်တိုင် စောင့်ကြိုနေခြင်းဖြစ်ပါသည်။

လင်းဖန် Bugatti ကားကြီးကို မောင်းပြီး ဝင်လာတော့ ကျန်းကျင်းရှို့၏ လှပသော မျက်လုံးလေးများက အံ့အားသင့်စွာဖြင့် တောက်ပသွားခဲ့ပါသည်။ သို့သော်လည်း သူမသည် မိမိဣန္ဒြေကို အလွန်ထိန်းတတ်ပါသည်။

ဒီလောက် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ လင်းဖန်က နည်းပညာအဆောက်အဦးရဲ့ ၇ ထပ်ကိုတောင် ပိုင်ဆိုင်ထားသည်။ သူ့မှာ အသားတင် ပိုင်ဆိုင်မှု ယွမ် ၃.၈ ဘီလီယံ ရှိနေခြင်းနှင့် ညီမျှပါသည်။

သန်းရာချီတန်ဖိုးရှိသည့် Bugatti ကားကြီး တစ်စီးကိုလည်း မောင်းနှင်နေ၏။ လင်းဖန်၏ ပိုင်ဆိုင်မှုက နက်နဲလွန်းလှပါသည်။

အရေးအကြီးဆုံးက လင်းဖန် အလွန်ချောမောခြင်းပင်။ ကျန်းကျင်းရှို့ကလည်း ကောင်မလေး တစ်ယောက်ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီးတာတောင် တစ်ယောက်ယောက်၏ ပုံပန်းသဏ္ဌာန်ကို အထင်ကြီးဖူးတာ ဒါပထမဆုံးဖြစ်သည်။

လင်းဖန်က... ချောလွန်းပါသည်။

အလွန်ချောမောလွန်းသဖြင့် ကျန်းကျင်းရှို့က လင်းဖန်ကို သဘောကျသွားပါသည်။

လင်းဖန် ဒီကို ကားမောင်းလာစဥ် သူ့ကိုကြိုဆိုဖို့ ယွင်ဟန်နည်းပညာက လူတွေလွှတ်ထားမယ်ဆိုတာ သိထားပါသည်။ ဒီမြင်ကွင်းကြောင့် လင်းဖန်လည် ယွင်ဟန်နည်းပညာကို သဘောကျသွားခဲ့ရပါသည်။

"ဟယ်လို မစ္စတာလင်းဖန်လား မသိဘူး” ကျန်းကျင်းရှို့က လမ်းလျှောက်သွားပြီး ဦးစွာ လက်ကမ်းပေးလိုက်ပါသည်။

"ဟုတ်ပါတယ်။ ခင်ဗျားက ယွင်ဟန်နည်းပညာရဲ့ မန်နေဂျာဖြစ်မယ်ထင်တယ်” လင်းဖန်က ရင်းနှီးမှုကို ပြသရန်အတွက် လက်ချင်းဆွဲကာ နှုတ်ဆက်လိုက်ပါသည်။

"ကျေးဇူးပြုပြီး ကျွန်မနဲ့ လိုက်ခဲ့ပေးပါရှင့်။"

"မစ္စတာလင်း ရှင့်ကြောင့် ကျွန်မ တကယ် အံ့သြသွားတာပဲ။ ရှင်က ငယ်ရွယ်ပြီး ချောတယ်။ ဒါ့ထက် အရမ်းအောင်မြင်တယ်” ကျန်းကျင်းရှို့က ယဥ်ကျေးစွာ ချီးကျူးလိုက်သည်။

"ကျွန်တော် အောင်မြင်ဖို့ အများကြီး လိုပါသေးတယ်” လင်းဖန်က ပြုံးလိုက်ပါသည်။

"ရှင်က နှိမ့်ချတတ်လိုက်တာ။ နည်းပညာ အဆောက်အဦးမှာ အထပ် ၇ ထပ်ကို ပိုင်ဆိုင်ထားရုံနဲ့တင် လူအများစုထက် ပိုတော်တယ်ဆိုတာကို သက်သေပြပြီးသားဖြစ်နေပါပြီ” ကျန်းကျင်းရှို့က ပြောလိုက်၏။

ကျန်းကျင်းရှို့က လင်းဖန်ကို ရုံးခန်းထဲ ကြိုဆိုလိုက်ပြီး ထိုင်လိုက်၏။။

သူ့ကို ဧည့်ခံပြီးနောက် ကျန်းကျင်းရှို့က လင်းဖန်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပါသည်။

လုပ်ငန်းကိစ္စ အတည်ပေါက် ပြောဆိုဖို့ စတင်တော့မည်ဖြစ်သည်။

လင်းဖန်က အရင် စမပြောခဲ့ပါဘူး။ ကျန်းကျင်းရှို့ စပြောမှာကိုသာ သူက စောင့်နေခဲ့ပါသည်။

ဒီတစ်ခေါက် နည်းပညာအဆောက်အဦးကို သူ အဓိကလာခဲ့ခြင်းက အငှားစာချုပ်ကို ပြန်လည်ချုပ်ဆိုဖို့ အဓိကဖြစ်သည်။ နောက်တစ်နည်း ပြောရလျှင် ငှားရမ်းခကို ဆွေးနွေးညှိနှိုင်းဖို့ဖြစ်၏။

ဆွေးနွေးညှိနှိုင်းမှု အောင်မြင်သွားပါက အားလုံး ဝမ်းသာရမည်။ မအောင်မြင်ပါက ယွင်ဟန်နည်းပညာ၏ မန်နေဂျာတစ်ယောက်ဖြစ်သောာ ကျန်းကျင်းရှို့သည်လည်း အခြေအနေ မကောင်းနိုင်ပါ။

နည်းပညာ အဆောက်အဦးထဲတွင် လုပ်ငန်းအတွက် ငှားရမ်းလိုက်တာနဲ့ အကျိုးအမြတ် များစွာ ရတတ်ကြသည်။

နှစ်စဥ်နှစ်တိုင်း မရေတွက်နိုင်သော ကုမ္ပဏီများက နည်းပညာ အဆောက်အဦးကြီးထဲတွင် ငှားရမ်းချင်ကြသည်။ ဒီနေရာကြီးက အဆင့်မြင့် ခမ်းနားကြီးကျယ်မှုကို ကိုယ်စားပြုကာ ကတ်စတမ်မာများကို ပြီးပြည့်စုံသော ရသများ ပေးစွမ်းနိုင်၏။ နည်းပညာ အဆောက်အဦးကြီးထဲတွင် အထပ်များ ငှားရမ်းနိုင်သော ကုမ္ပဏီများမှာ နှစ်စဥ်နှစ်တိုင်း ငွေအများကြီး ရကြပါသည်။

"ဒီလိုပါ။ ကျွန်မတို့ အရင်က ၅နှစ်စာ စာချုပ် ချုပ်ဆိုခဲ့တယ်။ ပြီးတော့ ဒီနှစ်ဆိုရင် သက်တမ်းကုန်ဆုံးပါပြီ။ အဲ့တာကြောင့် စာချုပ်အသစ် ချုပ်ဆိုဖို့အတွက် ရှင်နဲ့ ဆွေးနွေးဖို့ပါ။ ဘယ်လောက်ဆို သင့်တော်တဲ့ ပမာဏဖြစ်မယ်ထင်လဲ” ဟု ကျန်းကျင်းရှို့က မေးလိုက်ပါသည်။

ဒီနေရာက ငှားရမ်းမှု အခြေအနေများကို လင်းဖန်တစ်ယောက် အရင်ဆုံး နားလည်ထားချင်မိ၏။ ထို့ကြောင့် သူ မေးလိုက်သည်။

"ခင်ဗျားတို့ အရင် ငှားရမ်းတုန်းက ငှားရမ်းခ ဘယ်လောက်လဲ။”

ကျန်းကျင်းရှို့က မတွန့်မဆုတ် ဖြေလိုက်ပါသည်။ "အရင်တစ်ခေါက် ကျွန်မတို့ ချုပ်ဆိုခဲ့တဲ့ ငှားရမ်းခက တစ်နှစ်ကို ယွမ် ၇၂ သန်းပါ။ ဒီနှစ် မူလစာချုပ်အတိုင်းပဲ ကျွန်မတို့ နောက်ထပ် ၅ နှစ်စာ စာချုပ်ချုပ်ဆိုပါ့မယ်။ နှစ်စဥ် ငှားရမ်းခကို လွှဲပေးသွားပါ့မယ်။ မစ်စတာလင်း ဘယ်လို သဘောရလဲရှင့်။”

လင်းဖန်က ဘာမှမပြောခဲ့ပါ။

သူ ဒီကို မလာခဲ့က အချက်အလက်များကို စစ်ဆေးထားပြီးသား ဖြစ်သည်။ နည်းပညာ အဆောက်အဦးက လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ပြိုင်ဆိုင်မှုများ ပိုမို ပြင်းထန်လာခဲ့သည်။ ထို့အပြင် ထိုမှ ရရှိသော အမြတ်အစွန်းများကလည်း တိုးမြင့်လာခဲ့၏။ တစ်နည်းအားဖြင့် နည်းပညာ အဆောက်အဦးမှာ ကြွေပန်းဥယျာဥ်အိမ်ရာရှိ ကျောင်းခရိုင် အိမ်များထက်ပင် ပိုမို ရေပန်းစားပါသည်။

စာချုပ်ပြန်လည်ချုပ်ဆိုဖို့ ကိစ္စကို ယွင်ဟန် နည်းပညာကုမ္ပဏီနဲ့ ပြောဆိုခဲ့တော့ တစ်ဖက်က မန်နေဂျာ ကျန်းကျင်းရှို့ကို ပို့ခဲ့သည်။

ကျန်းကျင်းရှို့ စကားပြောလိုက်သည့် အချိန်တွင် သူမ ယွင်ဟန်နည်းပညာ၏ သဘောထားကိုပါ ဖော်ပြပြီးသား ဖြစ်သွားခဲ့ပါသည်။

ကျန်းကျင်းရှို့က အသက် ၂၀ ဝန်းကျင်သာ ရှိသေးသည့် ကောင်မလေး တစ်ယောက်ဟု ထင်ရ၏။ သူမက ကြည့်ကောင်းပြီး ထက်မြက်သူတစ်ယောက်ဖြစ်သည်။

ငှားရမ်းခကို မပြောင်းလဲဘဲ နောက်ထပ် ၅ နှစ်တာ စာချုပ် ထပ်ချုပ်လိုက်ပါက သေချာပေါက် ယွင်ဟန်နည်းပညာအတွက် အကျိုးကျေးဇူး ရရှိသွားပါလိမ့်မည်။

လင်းဖန်က ပြုံးလိုက်သည်။ ကျန်းကျင်းရှို့ကို ယွင်ဟန်နည်းပညာက စေလွှတ်လိုက်ခြင်း ဖြစ်၏။ သူမက ဆွေးနွေးရာတွင် အတော်လေး ထက်မြက်ပြီး ကုမ္ပဏီကိုလည်း ကာကွယ်ပေးတတ်သူဖြစ်သည်။

သို့သော်လည်း သူက အရှုံးပေးဖို့ မဖြစ်နိုင်ပါ။

အနည်းငယ် စဥ်းစားပြီးလောက် လင်းဖန်က ကျန်းကျင်းရှို့ကို ကြည့်လိုက်ပါသည်။

"ကျွန်တော်ကတော့... ငှားရမ်းခကို တိုးမြှင့်ဖို့ အကြံပေးချင်တယ်။"

All Chapters