← Chapters

အခန်း(၄၄) ဒါ သူဌေးတွေရဲ့ လောကလား

Vol. 3 Ch. 44

အခန်း(၄၄) ဒါ သူဌေးတွေရဲ့ လောကလား

Vol. 3 Ch. 44

အခန်း(၄၄) ဒါ သူဌေးတွေရဲ့ လောကလား

"မန်နေဂျာကျန်း ကျွန်တော် ညှိနှိုင်းဖို့ စိတ်မဝင်စားဘူး။”

"ကျွန်တော် နှစ်စဥ် ငှားရမ်းခကို သန်း ၈၀ အထိ တိုးမြှင့်ချင်တယ်။ ပြီးတော့လည်း နည်းပညာ အဆောက်အဦးထဲမှာ ရလာတဲ့ ယွင်ဟန်နည်းပညာရဲ့ နှစ်စဥ်အမြတ်ငွေ ၃ ရာခိုင်နှုန်းကို ကျွန်တော်လိုချင်တယ်” လင်းဖန်က ပြောလိုက်ပါသည်။

လွန်ခဲ့သည့် ၅ နှစ်တုန်းက ငှားရမ်းခမှာ တစ်နှစ်ကို ယွမ် ၇၂သန်း ဖြစ်သည်။ ထို့ကြောင့် ဒီနှစ်အတွက် ငှားရမ်းခက သေချာပေါက် တိုးမှ ဖြစ်မည်။

နည်းပညာ အဆောက်အဦးကို ငှားရမ်းချင်သည့် ကုမ္ပဏီကလည်း အများကြီးရှိနေ၏။

လင်းဖန်က ရိုးရိုးရှင်းရှင်း တွက်ချက်လိုက်ခြင်းသာ ဖြစ်သည်။ ယွင်ဟန်နည်းပညာ၏ နှစ်စဥ် အမြတ်ငွေမှာ ယွမ် သန်း ၂၀၀ ရှိ၏။

သူတို့၏ တစ်နှစ်တာ ငှားရမ်းခနှင့် နှစ်စဥ် အမြတ်ငွေ၏ ၃ ရာခိုင်နှုန်းကို တောင်းလိုက်ရင်တောင် ယွမ် သန်း ၁၀၀ ကျော် မြတ်နိုင်ပါသေးသည်။

ယွင်ဟန်နည်းပညာကို သူ မငှားရင်လည်း ပြိုင်ဆိုင်ပြီး ငှားရမ်းမည့် ကုမ္ပဏီများစွာ ရှိနေပါသေးသည်။

"ကောင်းပါပြီ" ကျန်းကျင်းရှို့က ခေါင်းငြိမ့်ကာ ပြုံးလိုက်သည်။

သူမက ယွင်ဟန်နည်းပညာ၏ မန်နေဂျာဖြစ်ပြီး သူမ၏ ဆွေးနွေးညှိနှိုင်းခြင်း စကေးများက ထိပ်တန်းအဆင့်ရှိသည်။ သို့သော်လည်း လင်းဖန် တကယ်ပဲ ညှိနှိုင်းဖို့ စိတ်ကူးမရှိတာကို သူမ မြင်နိုင်ပါသည်။

သူမ ညှိနှိုင်းဖို့ ဆက်ပြီး တိုက်တွန်းပါက နည်းပညာ အဆောက်အဦး၏ အထပ် ၇ ထပ်ကို မငှားရမ်းနိုင်လောက်ပါ။ ဒီလိုသာဖြစ်လာပါက ကုမ္ပဏီ၏ ဘော့စ်က သူမကို သေချာပေါက် မေးခွန်းထုတ်လိမ့်မည်။

အငှားစာချုပ်ကို ပြန်လည် မချုပ်ဆိုနိုင်ပါက ကုမ္ပဏီမှာ နှစ်စဥ်နှစ်တိုင်း ယွမ် သန်း ၁၀၀ ကျော် ဆုံးရှုံးသွားပါလိမ့်မည်။

"မစ္စတာလင်းရဲ့ အကြံပေးချက်အတိုင်းပါပဲ။ တစ်လကို ယွမ် သန်း ၈၀ ငှားရမ်းခနဲ့ စာချုပ် ပြန်ချုပ်ဆိုပါ့မယ်။ ကုမ္ပဏီရဲ့ နှစ်စဥ် အသားတင်အမြတ်ငွေက ယွမ် သန်း ၂၀၀ ရှိပါတယ်။ အမြတ် ၃ ရာခိုင်နှုန်းအရ ယွမ် ၆ သန်းကျော် ရှိပါတယ်။”

"မစ္စတာလင်း စာချုပ်ကို စစ်ကြည့်ပေးပါဦး။ ပြဿနာမရှိရင် စာချုပ်ကို လက်မှတ်ထိုးပြီးတာနဲ့ ဘဏ္ဍာရေးဌာနကို ဆက်သွယ်ပြီး ရှင့်ရဲ့ ဘဏ်အကောင့်ထဲ ငွေလွှဲခိုင်းလိုက်ပါ့မယ်” ကျန်းကျင်းရှို့က ပြုံးလိုက်ပါသည်။ လင်းဖန်က အလွယ်တကူ အရူးလုပ်လို့ရတဲ့လူ မဟုတ်တာကို သူမ သိလိုက်ပါပြီ။

တစ်နှစ်ကို ငှားရမ်းခ ယွမ် ၈၆ သန်းမှာ နှစ်ဦးနှစ်ဖက် လက်ခံနိုင်လောက်သည့်ပမာဏဖြစ်သည်။

စာချုပ်ကို ချုပ်ဆိုပြီးနောက် လင်းဖန်က ကျန်းကျင်းရှို့နှင့် လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။

သူ ယွင်ဟန်နည်းပညာနှင့် စာချုပ်တစ်ခု တရားဝင်ချုပ်ဆိုခဲ့ပါပြီ။

ဟွမ်ဟန်းနည်းပညာကို အများဆုံး ယွမ် သန်း ၉၀ လောက် တောင်းလို့ရကြောင်း လင်းဖန် သိသည်။ သို့သော် လင်းဖန်က ဒီလို အသေးအဖွဲ အမြတ်ငွေလောက်ကို ဂရုမစိုက်ပါ။ ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးက စနစ်က ပေးထားသည့် ပိုင်ဆိုင်မှုများသာ ဖြစ်သည်။

လင်းဖန် အိမ်ပြန်ရောက်တော့ ဘဏ်မှ မက်ဆေ့ချ်ဝင်လာ၏။

[ ၆၁၁၅ နှင့်အဆုံးသတ်သည့် သင့်စုငွေ အကောင့်ထဲ ဇူလိုင် ၁ ရက်နေ့၊ ၁၆ နာရီ ၃၀ မိနစ်တွင် ၈၆,၀၀၀,၀၀၀ ဝင်လာခဲ့ပါတယ်။ လက်ကျန်ငွေ ၈၈,၁၄၀,၀၀၃.၂၈ ယွမ်။ (ဆောက်လုပ်ရေးဘဏ်) ]

အဆိုပါမက်ဆေ့ချ်ကို ဖက်ပြီးနောက် လင်းဖန် ပြုံးသွားပါသည်။

နောက်ဆုံးတော့ ငါ သန်းကြွယ်သူဌေးကြီး ဖြစ်ပြီကွ။

စုငွေထဲမှာ ယွမ် သန်း ၈၀ လောက်ရှိနေပြီဖြစ်သဖြင့် သူ့လက်ကျန်တစ်ဘဝလုံး ငွေရေးကြေးရေးကို စိတ်ပူနေဖို့ မလိုအပ်တော့ပါ။

ရှန်ဟိုင်းမြို့၏ စီးပွားရေးအဆင့်မှာ အလွန်မြင့်မားသည်။ သို့သော် ငွေသားပိုင်ဆိုင်မှု သန်း ၈၀လောက် ရှိတဲ့လူ များများစားစား မရှိပါ။

ပိုင်ဆိုင်မှုအရ ပြောကြေးဆို လင်းဖန်က ပိုင်ဆိုင်မှု ယွမ်  ၅ ဘီလီယံကျော်ရှိသည့် လူတစ်ယောက် ဖြစ်နေပါပြီ။

ဒီလောက် စုငွေအများကြီးနဲ့ နောက်ပိုင်း မိန်းမ ယူဖို့အတွက် သူ့မှာ ယုံကြည်ချက် ပိုရှိသွားပါပြီ။

ပိုက်ဆံတွေ အများကြီးရလာပြီ ဖြစ်သဖြင့် လင်းဖန်၏ ပထမဆုံး ရည်ရွယ်ချက်က ကားရောင်းဝယ်ရေး တစ်ခုဆီသွားပြီး ကားအသစ် တစ်စီးဝယ်ဖို့ပဲ ဖြစ်ပါသည်။

ဘာပဲဖြစ်ဖြစ် ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို ကုမ္ပဏီမှာ လာခေါ်မယ်လို့ လင်းဖန် ကတိပေးခဲ့တာ မဟုတ်လား။ Bugatti ကော Koennigsegg One ကော ထိုင်ခုံ နှစ်ခုံသာ ပါဝင်သည့် ပြိုင်ကားများ ဖြစ်ကြသည်။

သူ အဝတ်အစားတွေကို ဝတ်ပြီးတာနဲ့ လင်းဖန်က ကားရောင်းဝယ်ရေးကုမ္ပဏီတစ်ခုဆီသို့ သွားရောက်ခဲ့သည်။

ကားရောင်းဝယ်ရေးသို့ သူဝင်လာချိန်တွင် ကောင်မလေးတစ်ယောက်က ချက်ချင်း သူ့ထံ ရောက်လာပြီး ဦးညွတ်ကာ ခရီးဦးကြိုပြုလိုက်ပါသည်။

"ကြိုဆိုပါတယ် ဆရာ"

ကောင်မလေး၏ နူးညံ့ပြီး သန့်ရှင်းသည့် အပြုအမူလေးကြောင့် လင်းဖန် အံ့အားသင့်သွားရသည်။ သူက သာမန် အဝတ်အစားများကိုသာ ဝတ်ဆင်လာခဲ့ပြီး တချို့ ဝတ္ထုတွေထဲမှာဆို အလှောင်ခံရပြီးမှ ဇာတ်လိုက်က ပြန်ကြွားကာ အရှက်ကွဲသွားကြမည့် ဇာတ်ကွက်မျိုးဖြစ်သည်။

သို့သော်လည်း လက်တွေ့မှာတော့ ဒီလိုမဟုတ်ပါ။ ဒါက ရှန်ဟိုင်းမြို့မှာ နာမည်ကြီးသည့် ကားရောင်းဝယ်ရေးစင်တာတစ်ခုဖြစ်သည်။ သူတို့၏ အရောင်းဝန်ထမ်းများကိုလည်း သေသေချာချာ လေ့ကျင့်ပေးထားသည်။ ကောင်မလေး၏ ပြုမူပြောဆိုပုံက အလွန် ကောင်းမွန်သည်။ တခြားအရောင်း ဝန်ထမ်းများကလည်း လင်းဖန်ကို အထင်မသေးကြပါ။ ထို့အစား လင်းဖန်ကို အားလုံးက လေးလေးစားစား ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။

လင်းဖန်ကို မြင်သောခါ အရောင်းဝန်ထမ်းမလေးများစွာက အံ့သြစွာ ရေရွတ်မိကြပါသည်။

"ဟယ်... ကြည့်ပါဦး။ တံခါးနားမှာ အဆင်လေးတစ်ယောက် ရောက်နေတယ်။"

"အေး ဟုတ်တယ်။ ချောလိုက်တာဟယ်။ သူ့ပုံစံက နည်းနည်း ရိုးရှင်းနေပေမယ့် ငါတို့ သူ့အတွက် အလုပ်လုပ်ပေးရမှာပဲ။ သူ ဘယ်လိုကားမျိုး လိုချင်တာလဲ မသိဘူးနော်။"

"ချီးပဲ။ ဘာလို့ အဲ့ဒီကောင်လေးကို ခုနက မတွေ့လိုက်ပါလိမ့်။ လင်လင်ကတော့ ငါ့ကို အနိုင်ယူသွားပြီ။"

ထိုကောင်မလေးများက လင်လင်ဟုခေါ်သည့် အရောင်းဝန်ထမ်းမလေးအား မနာလို ဖြစ်နေကြသည်။ သူမက ဒီနေရာကို အလုပ်သင်လာလုပ်သောာ တက္ကသိုလ် ကျောင်းသူတစ်ယောက် ဖြစ်၏။ အသက် ၂၁ နှစ်သာ ရှိသေးပြီး အလွန်ကြည့်ကောင်းပါသည်။

လင်းဖန်၏ ရိုးရိုးရှင်းရှင်း ဝတ်စားဆင်ယင်မှုကိုတော့ ကောင်မလေးများ ဂရုမစိုက်ပါ။ လင်းဖန် ရုပ်ချောနေရင် တော်ပါပြီ။ ထို့အပြင် ကားတစ်စီးဝယ်ဖို့ ကားရောင်းဝယ်ရေးကို ရောက်လာသူ ဖြစ်သဖြင့် ဘာကြောင့် အထင်သေးရမည်နည်း။ အနည်းဆုံးတော့ လင်းဖန်က ကားတစ်စီး ဝယ်နိုင်ပါသေးသည်။ သူမတို့က ကားတစ်စီးတောင် မဝယ်နိုင်ပါ။

"မင်္ဂလာပါ ဆရာ" လင်လင်က လင်းဖန်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပါသည်။

သူမ၏ အလုပ်သင်ကာလ စတာမကြာသေးဘဲ လင်းဖန်လို ရုပ်ချောချော ကောင်လေးနဲ့ တွေ့နေပြီ ဖြစ်သည်။

တက္ကသိုလ်မှာလည်း ယောက်ျားလေးတွေ အများကြီး ရှိသည်။ သို့သော် လင်းဖန်နဲ့တော့ တစ်ယောက်မှ မတူကြပေ။

"ဟယ်လို” လင်းဖန်က ပြုံးလိုက်၏။

"ဆရာ ဘယ်လိုကားမျိုး လိုချင်တာလဲ မသိဘူးရှင့်။ ကျွန်မတို့ဆီမှာ တန်ကြေးငွေ ယွမ် ၈၃,၀၀၀ ဝန်းကျင်ရှိတဲ့ Chery A3  တစ်စီး ရှိပါတယ်” လင်လင်က ဦးစွာ လင်းဖန်ကို ကားများအကြောင်း မိတ်ဆက်ပေးသည်။

လင်လင်၏ မျက်လုံးထဲတွင် လင်းဖန်က သူမနဲ့ သက်တူရွယ်တူလောက်သာ ရှိသည်။ သို့သော် ကားတစ်စီးတောင် ဝယ်နိုင်နေပြီ ဖြစ်သဖြင့် အလွန် အံ့သြဖို့ ကောင်းပါသည်။

သူမ နားလည်မှုအရ လင်းဖန်ကို ယွမ် ၁၀၀,၀၀၀ ဝန်းကျင်ရှိ ကားများကိုသာ မိတ်ဆက်ပေးနေခြင်း ဖြစ်ပါသည်။ ဒါက စျေးသက်သာပြီး သာမန်လူများအတွက် တတ်နိုင်လောက်သည့် စျေးနှုန်း ဖြစ်သည်။

"နေပါစေ။ ကျွန်တော့်ကို ဆိုင်ရဲ့ ရတနာပဲ ပြပေးပါ” လင်းဖန်က ပြုံးလိုက်၏။

ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ကို ကုမ္ပဏီမှာ သွားခေါ်ရန် ကားဝယ်ဖို့ အဓိက လာခဲ့ခြင်း ဖြစ်သည်။ အမှန်ပင်။ ဒီကား၏ အရည်အသွေးက အရမ်းနိမ့်နေလို့ မဖြစ်ဘဲ နောက်ကျရင်လည်း ဒီကားကိုသုံးပြီး သူ့မိဘများကို ခေါ်နိုင်ပါသည်။

လင်းဖန်တွင် စုငွေ ယွမ် သန်း ၈၀ ကျော် ရှိနေပြီ။ အမှန်ပင်။ ယွမ်သောင်းကျော်ကျော်လောက် တန်ဖိုးရှိသည့် ကားများ ဝယ်နေစရာမလိုပါဘူး။ ထို့အပြင် ပြိုင်ကားတစ်စီး၏ သက်တောင့်သက်သာရှိမှုနှင့် ဘေးကင်းမှုတို့က ပိုကောင်းတာ သိသာပါသည်။

"ဆိုင်ရဲ့ ရတနာဟုတ်လား” လင်လင်က လင်းဖန်ကို စိတ်ဝင်စားစွာ ကြည့်လိုက်ပါသည်။ သူမ နားကြားမမှားမှန်း အတည်ပြုပြီးခါမှ သူမ အံ့အားသင့်သွားရပါသည်။

"ကောင်းပါပြီ ဆရာ။ ကျွန်မနောက်ကို လိုက်ခဲ့ပေးပါနော်။”

လင်လင်က လင်းဖန်ကို မယုံရဲသော်လည်း အပေါ်ထပ်သို့ ခေါ်လာပေးခဲ့ပါသည်။

လင်းဖန်ကို လင်လင်က အပေါ်ထပ်သို့ ခေါ်သွားတာ မြင်သောအခါ တခြား အရောင်းဝန်ထမ်းများ မနာလိုဖြစ်သွားကြပါသည်။

လင်းဖန် သူ့ပါးစပ်ကို ဟလိုက်ချိန်တွင် သူတို့ ကားရောင်းဝယ်ရေးတွင် ရှိနေသော ရတနာကိုသာ လိုချင်သည်ဟု ဆိုလိုက်သည်။

လင်လင်တစ်ယောက် ကုမ္ပဏီကို ရောက်လာတာ မကြာသေးဘဲ ရုပ်ချောချော ကောင်လေးတစ်ယောက်နဲ့ တွေ့ရုံသာမကဘဲ သန်းကြွယ်သူဌေးလေး တစ်ယောက်လည်း ဖြစ်နေပါသည်။

သူက အရပ်ရှည်သည်။ ချမ်းသာပြီး ရုပ်ချောသည်။ သေချာပေါက် ဒုတိယမျိုးဆက် သူဌေးသား ဖြစ်ပါလိမ့်မည်။

ကောင်မလေးများစွာက မနာလို ဖြစ်နေကြ၏။ လင်းဖန်လို သူဌေးမျိုးကိုသာ ကပ်နိုင်ပါက အနာဂတ်မှာ သူမ ဘာမှစိတ်ပူဖို့ လိုမှာ မဟုတ်တော့ဘူးမလား။

ကောင်မလေးတချို့က အပေါ်ထပ်ကို တိုးတိုးတိတ်တိတ် လိုက်လာခဲ့ကြပါသည်။

"ဆရာက ကျွန်တို့ဆိုင်ရဲ့ ရတနာကတော့ ဒီ Rolls-Royce Cullinan SUV ပဲ ဖြစ်ပါတယ်။"

"ဒီ Rolls-Royce Cullinan SUV က ကားအထဲမှာလည်း ကျယ်ဝန်းတယ်။ စုစုပေါင်း ထိုင်ခုံက ၄ ခုံ ပါပါမယ်။ ပြီးတော့ ထောင့်မှန်စတုဂံ LED ရှေ့မီးတွေ တပ်ဆင်ထားတယ်။ ဒီကားမှာ Parthenon စတိုင် လေဝင်ပေါက် ပါရှိပြီး၊ ရထားလုံးစတိုင် တံခါးအဖွင့်ဒီဇိုင်းနဲ့ နောက်ခန်းမှာ ဝီစကီထည့်ခွက်နဲ့ အအေးပေးစက်တို့လည်း ပါရှိပါတယ်။ ဒီကားက အရမ်းခမ်းနားပြီး အဆင့်မြင့်တယ်။ ယွမ် သန်းဆယ်ချီ တန်ဖိုးရှိတဲ့ ပြိုင်ကားတွေနဲ့ မယှဥ်နိုင်ပေမယ့် SUV တွေ အားလုံးထဲမှာ စွမ်းဆောင်ရည် အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ စိုစွတ်တဲ့ မြက်ခင်းတွေ၊ ရွှံ့ထူတဲ့လမ်းတွေ၊ နှင်းတွေ၊ သဲတွေပေါ်မှာပါ အလွယ်တကူ မောင်းနှင်နိုင်စွမ်းရှိပါတယ်။ အရမ်းလည်း ဘေးကင်းလုံခြုံပါတယ်။”

"ဒီကားစျေးနှုန်းလေးကတော့ ယွမ် ၆.၄ သန်း ဖြစ်ပါတယ် ဆရာ။ ဘယ်လို သဘောရလဲရှင့်။”

လင်လင်က ကုမ္ပဏီ၏ ရတနာကို လင်းဖန်အား အလွန်တည်တံ့စွာ မိတ်ဆက်ပေးလိုက်ပါသည်။

"ဟုတ်ပြီ။ ကျွန်တော် ဝယ်လိုက်မယ်။ ကတ်နဲ့ ရှင်းမယ်နော်” လင်းဖန်က ပြုံးကာ ပြောလိုက်၏။ ဒီကားက တကယ်ပဲ မဆိုးရွားလှပါ။ စျေးမကြီးသော်လည်း ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို တင်မောင်းဖို့ လုံလောက်ပါသည်။

လင်းဖန်က ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ဘဏ်ကတ်ကို ထုတ်လိုက်တော့ အရောင်းဝန်ထမ်းအားလုံးက လင်းဖန်ကို တစ်ပြိုင်တည်း ကြည့်လိုက်ကြသည်။ သူတို့ပါးစပ်များ အဟောင်းသား ဖြစ်သွားကြပြီး သူတို့၏ မျက်လုံးထဲမှာလည်း ထိတ်လန့်မှုများ မနာလိုဖြစ်မှုများဖြင့် ပြည့်နှက်သွားခဲ့ပါသည်။

ဘုရားသခင်...

လင်းဖန်က တကယ်ပဲ ချမ်းသာ၊ ချောမောတဲ့ လူတစ်ယောက်ပဲ။

လင်းဖန်က ယွမ် ၆.၄ သန်း တန်သည့် ဇိမ်ခံကားတစ်စီးကို အသေးစိတ်ပင် စစ်ဆေးမနေဘဲ ဒီတိုင်း ချက်ချင်းဝယ်သွားသည်။

လင်လင် သူမလက်ထဲက ဘဏ်ကတ်ကို ကြည့်ပြီး မယုံကြည်နိုင်ဖြစ်နေသည်။ သူမ အများကြီး ကြိုတင်ပြင်ဆင်ခဲ့ရသော်လည်း အခုတော့ ဘာမှပင် ထုတ်မသုံးလိုက်ရပါ။

ဒါ... သူဌေးတွေရဲ့ လောကလား။

All Chapters