အခန်း(၄၉) လင်းဖန်က ဘာလို့ အရမ်းချောရတာလဲ
Vol. 4 Ch. 49
အခန်း(၄၉) လင်းဖန်က ဘာလို့ အရမ်းချောရတာလဲ
လင်းဖန် : "ငါ အခုချက်ချင်း လာခေါ်မယ်နော်။ ခုနက အလုပ်များနေလို့ပါ။"
ရှားဝမ်ချွေ့ : "~~~"
စုရှောင်းယွီ : "ဆရာ မြန်မြန်လာပါတော့။ မလာရင် အစ်မဝမ်ချွေ့ အနိုင်ကျင့်ခံရလိမ့်မယ်။"
လင်းဖန် : "???"
စုရှောင်းယွီ : "ငါရှိရင် အစ်မဝမ်ချွေ့ကို တခြားသူတွေ အနိုင်ကျင့်လို့မရဘူး။ ဆရာ ငါဗိုက်ဆာတယ်။ အာဝူး အများကြီး စားချင်တယ်~"
စုရှောင်းယွီ၏ မက်ဆေ့ချ်ချ်ကို လင်းဖန်မြင်သောအခါ အနည်းငယ် ဒေါသထွက်သွား၏။
ကြောင်မလေးက အနိုင်ကျင့်ခံရမယ် ဟုတ်လား။
ဘယ်သူက သူ့ကြောင်မလေးကို အနိုင်ကျင့်ရဲတာလဲ။
ရှုယန်... ရှုယန်ဖြစ်မယ်။
အရင်တစ်ခေါက် ရှုယန်က လင်းဖန်ကို ယွဲ့ဟွာအင်တာတိန်းမန့်ကို ဖိတ်ကြားလိုက်တာက စစ်ကြေညာလိုက်ခြင်း ဖြစ်သည်။
လင််းဖန်က Rolls-Royce Cullinan ထဲသို့ ဝင်လိုက်၏။ လီဗာကိုနင်းပြီး ယွဲ့ဟွာအင်တာတိန်းမန့်သို့ လာခဲ့ပါသည်။
လမ်းတစ်လျှောက်တွင် အားလုံးက အံ့အားသင့်သွားခဲ့ကြသည်။ ရှန်ဟိုင်းမြို့ကြီးက အလွန်ကြီးမားသည်။ သို့သော် နေ့တိုင်း ပြိုင်ကားကို မြင်နိုင်သည့်လူက အလွန်နည်းပါသည်။
SUV ကားအင်ဂျင်ကြီး၏ ဟိန်းသံနှင့် ၎င်း၏ မိုက်မိုက်လန်းလန်း တန်ဖိုးကြီးသော ပုံသဏ္ဌာန်က ရှန်ဟိုင်းလမ်းမများပေါ်တွင် ပြိုင်ဘက်ကင်းသော မြင်ကွင်းတစ်ခု ဖြစ်လာစေခဲ့၏။
ယွဲ့ဟွာအင်တာတိန်းမန့်။
ထိပ်တန်း ဖျော်ဖြေရေး ကုမ္ပဏီကြီးတစ်ခု ဖြစ်သောကြောင့် ယွဲ့ဟွာလက်အောက်တွင် ထိပ်တန်း နာမည်ကျော်များစွာ ရှိပါသည်။
ရှုယန်၊ ရှားဝမ်ချွေ့၊ စုရှောင်းယွီနှင့် တခြား နာမည်ကျော်များစွာမှာ ယွဲ့ဟွာအင်တာတိန်းမန့်၏ လက်အောက်တွင် ရှိပါသည်။ မိန်းကလေးအိုင်ဒေါအုပ်စုအဖြစ် ပွဲဦးထွက်ရဖို့ မျှော်လင့်ချက်ဖြင့် ပါဝင်ကြသည့် ထရိန်နင်များကိုလည်း ပြုစုပျိုးထောင်ပေးကြသည်။
ကုမ္ပဏီကြီးထဲတွင် နာမည်ကျော်တိုင်းက အလောတကြီး ကြိုးစားနေကြရ၏။
ရှုယန်လည်း ထိုနည်းလည်းကောင်းဖြစ်ပါသည်။
ရှားဝမ်ချွေ့ကတော့ ခြွင်းချက်ဖြစ်၏။ သူမ တစ်နှစ်နီးပါးလောက် ဇာတ်ညွှန်းလက်မခံရသေးဘဲ မကြာသေးခင်က ရသစုံ အစီအစဉ်တစ်ခုကိုသာ လက်ခံရိုက်ကူးရပါသေးသည်။
စုရှောင်းယွီကလည်း အလုပ်အားနေပြီး ရှားဝမ်ချွေ့နှင့်အတူတူ နားနေသည်။
ရှုယန်က ဆွယ်တာ၊ ဂျင်းဘောင်းဘီ၊ အဖြူရောင် ရှူးဖိနပ်တို့ကို ဝတ်ဆင်ထားသည်။ သူက အရပ်ရှည်ပြီး ရုပ်ရည် ချောမော၏။ သူက ယွဲ့ဟွာအင်တာတိန်းမန့်၏ ထိပ်တန်း သရုပ်ဆောင်တစ်ယောက် ဖြစ်သည်။ ထို့အပြင် ရှားဝမ်ချွေ့ထက်ပင် ပို၍ နာမည်ကြီးပါသေးသည်။
သူ ကုမ္ပဏီထဲသို့ ဝင်လိုက်တာနဲ့ လူများစွာက သူ့ကို လေးစားသမှုဖြင့် ကြည့်လိုက်ကြသည်။
"မင်္ဂလာ နေ့လည်ခင်းပါ ဆရာရှု"
"ဆရာရှု အလုပ်က ပြန်လာပြီလား။ အလုပ်ကြိုးစားခဲ့မှာပဲ။ လက်ဖက်ရည် သောက်ဦးမလား။"
"ဆရာရှု ရုံးခန်းကို သန့်ရှင်းရေး လုပ်ပေးပြီးသွားပါပြီ။ ဆရာ့အတွက် ဖျော်ပေးထားတဲ့ လက်ဖက်ရည်လည်း ရှိပါတယ်။ နို့လက်ဖက်ရည်နှစ်ခွက် ကျွန်မ အထူးတလည် ယူလာပေးပါတယ်" လက်ထောက်က လမ်းလျှောက်လာပြီး ရှုယန်ကို ကြည့်လိုက်သည်။ သူမ၏ လက်ထဲတွင် နို့လက်ဖက်ရည်နှစ်ခွက် ရှိနေ၏။
"အင်း" ရှုယန်က နို့လက်ဖက်ရည်ကို ယူကာ သူ့ရုံးခန်းထဲတွင် ထိုင်လိုက်သည်။
ခဏလောက် အနားယူပြီးသောအခါ နို့လက်ဖက်ရည်ကို ကိုင်လျက် ရှားဝမ်ချွေ့၏ တံခါးကို ခေါက်လိုက်ပါသည်။
"ဝမ်ချွေ့ နို့လက်ဖက်ရည်သောက်ဦးမလား" ရှုယန်က နူးညံ့စွာ ပြုံးလိုက်ပါသည်။ သူ့အပြုံးက ကူးစက်တတ်သည်။ ရှားဝမ်ချွေ့ကို သူ့ဘက်က အရင် နို့လက်ဖက်ရည်လာပေးခြင်းဖြစ်သည်။
ကုမ္ပဏီထဲတွင် ရှုယန်က နွေးထွေးသော လူတစ်ယောက်ဖြစ်မှန်း လူတိုင်း သိပါသည်။ လူများစွာကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး မကြာခဏ အားလုံးကို နို့လက်ဖက်ရည် ဝယ်တိုက်တတ်သည်။
အမှန်ပင်။ ရှားဝမ်ချွေ့ကိုတော့ ရှုယန်က အထူးသတ်မှတ်ထား၏။ လူများစွာအပေါ် ကောင်းထားသဖြင့် သူမကို နို့လက်ဖက်ရည်ပေးလို့ အဆင်ပြေပါသည်။
"ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်မ ရေမဆာလို့ပါရှင့်။"
"ပြီးတော့ နို့လက်ဖက်ရည် သောက်လိုက်ရင် ကျွန်မ ဝလာလိမ့်မယ်" ရှားဝမ်ချွေ့က ပြုံးကာ ယဥ်ယဥ်ကျေးကျေး ပြန်ပြောလိုက်ပါသည်။
"ဟုတ်တယ် ဟုတ်တယ်။ ရှုယန် ရှင် အစ်မဝမ်ချွေ့ကို နို့လက်ဖက်ရည် လာတိုက်တယ်ပေါ့။ ကျွန်မတို့ကို ဝလာအောင် လုပ်နေတာလား။ ဟွန်း..."
စုရှောင်းယွီက ရှားဝမ်ချွေ့၏ လက်မောင်းကို ကိုင်ကာ ရှုယန်၏ နို့လက်ဖက်ရည်ကို ငြင်းလိုက်ပါသည်။
"ဟုတ်သားပဲ" ရှုယန်က တောင်းပန်စွာ ပြုံးလိုက်ပြီး သူ့ နို့လက်ဖက်ရည်ကို ပြန်ယူလိုက်ပါသည်။
"ဝမ်ချွေ့နဲ့ ရှောင်းယွီတို့။ ကျွန်တော် ရက်နည်းနည်းလောက် အလုပ်များနေမှာမို့လို့ပါ။ Keep Runningက အရမ်းနာမည်ကြီးတဲ့ ရသစုံ အစီအစဉ်တစ်ခုနော်။ ကျွန်တော့် အကူအညီ လိုသေးလား" ရှုယန်က တွေးကာ မေးလိုက်ပါသည်။
ရှားဝမ်ချွေ့က ခေါင်းကို ညင်သာစွာ ခါလိုက်၏။ သို့သော် စုရှောင်းယွီက အရင်ပြောလိုက်ပါသည်။ "ရတယ် ရတယ်။ ကျွန်မ အစ်မဝမ်ချွေ့ကို ကောင်းကောင်း ဂရုစိုက်မှာပါ"
ရှားဝမ်ချွေ့က စုရှောင်းယွီကို သူမ၏ လှပသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူမကို စုရှောင်းယွီက နားလည်၏။
အမြဲလိုလို သူမ တစ်ခုခုကို ငြင်းချင်တိုင်း စုရှောင်းယွီက သူမအတွက် ငြင်းပေးလေ့ရှိသည်။
ရှုယန်ကလည်း သိပ်ပြီး ဂရုမစိုက်ပါ။ သူက အလွန် သဘောထားကြီးသည်။ ပြုံးသာပြုံးလိုက်ပြီး ပြောလိုက်၏။ "ဝမ်ချွေ့ မင်းဇာတ်ညွှန်းကောင်းကောင်း လက်မခံတာ တစ်နှစ်နီးပါးလောက်ရှိပြီနော်။ အကြင်နာပေးတဲ့အခန်းကို တကယ်မရိုက်ချင်လို့လား။"
"ဟုတ်တယ်။ ကျွန်မ မရိုက်ချင်ဘူး" ရှားဝမ်ချွေ့က ပြန်ဖြေလိုက်သည်။
ရှုယန်က ခေါင်းငြိမ့်လိုက်သည်။ "ရပါတယ်။ အလျင်မလိုပါဘူး။ ဇာတ်ညွှန်းကောင်းကောင်း ရှာဖို့ ကူညီပေးမယ်။"
ရှားဝမ်ချွေ့က ထိုနေရာတွင်သာ တိုးတိုး တိတ်တိတ် ထိုင်နေခဲ့ပါသည်။ သူမသည် လင်းဖန်နှင့် အတူရှိနေချိန်မှာ ရှိနေတတ်သည့် ပုံစံနှင့် အလွန် ခြားနားနေပါသည်။
အနည်းငယ်လည်း စိတ်တိုနေခဲ့၏။
အဲ့ဒီ အကျင့်မကောင်းတဲ့လင်းဖန်က သူမကို စောစောစီးစီး လာမခေါ်ဘူး။
"ဟုတ်ပြီ၊ ဘာပြောစရာရှိသေးလဲ။ အစ်မ ဝမ်ချွေ့နဲ့ ကျွန်မတို့ အလုပ်ဆင်းဖို့ ပြင်နေကြတာ" စုရှောင်းယွီက ရှုယန်ကို ကြည့်လိုက်ပါသည်။
"ကျွန်တော်လည်း အလုပ်ဆင်းတော့မှာလေ။ ဒီရက်ပိုင်းထဲ အလုပ်တွေ အရမ်းများနေတာ။ ဒီနေ့ည မင်းတို့တွေကို ညစာကျွေးမယ်လေ" ရှုယန်က ပြုံးလိုက်သည်။
ရှုယန်၏ အဓိက ရည်ရွယ်ချက်က သူတို့ကို ညစာခေါ်ကျွေးဖို့ ဖြစ်သည်။
စုရှောင်းယွီ၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ အစားအသောက်အကြောင်းကြားလျှင် သူမ အနည်းငယ် မထိန်းသိမ်းနိုင်ပါ။
ရှားဝမ်ချွေ့က ချက်ချင်းပဲ စုရှောင်းယွီကို ပခုံးဖြင့် တို့လိုက်ပါသည်။
စုရှောင်းယွီက ရှားဝမ်ချွေ့ကို သနားစရာ ကောင်းစွာ ကြည့်လိုက်သည်။ ရှုယန် သူတို့ကို ကျွေးမွေးဖို့ ခေါ်သွားလည်း လင်းဖန်ရဲ့ စားတော်ပွဲလောက် အရသာရှိပါ့မလား။
ရှားဝမ်ချွေ့က နူးညံ့စွာ ပြုံးလိုက်ပြီး ပြောလိုက်၏။ "ကျွန်မ ဗိုက်မဆာသေးလို့ပါ။"
စုရှောင်းယွီကလည်း ချက်ချင်းလိုက်ပြော၏။ "အာဝူး ကျွန်မလည်း ဗိုက်မဆာသေးဘူး။"
ဘာလိုလိုနဲ့ သူတို့သုံးယောက်စလုံး ကုမ္ပဏီ၏ ဝင်ပေါက်နားသို့ပင် ရောက်လာခဲ့ကြသည်။
ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ နှစ်ယောက်စလုံး ရှုယန်ကို ငြင်းလိုက်ပါသည်။
ထိုအချိန်တွင် ကုမ္ပဏီ ဝင်ပေါက်၌ Rolls-Royce Cullinan ကားတစ်စီး ရပ်တန့်သွားခဲ့သည်။
အလုပ်ဆင်းသည့် အချိန်ဖြစ်သဖြင့် ယွဲ့ဟွာအင်တာတိန်းမန့်က ဝန်ထမ်းတချို့တောင် အံ့အားသင့်သွားခဲ့ရပါသည်။
ကုမ္ပဏီ၏ လုံခြုံရေးအစောင့်များလည်း ထိုနည်းလည်းကောင်းဖြစ်ကြ၏။ ဒီကားကို သူတို့သိသည်။
Rolls-Royce Cullinan SUV ကားကြီး ဖြစ်သည်။
"လခွမ်း... ဇိမ်ခံကားကြီးပဲကွ။"
"အဲ့တာ ယွမ် ၆ သန်း ၇ သန်းလောက်တန်တဲ့ Rolls-Royce Cullinan ကားကြီး မဟုတ်လား။ ဘုရားရေ သူ့ကို မတားနဲ့ဦး။ ဒရိုင်ဘာ ဘာလုပ်မလဲ ကြည့်ရအောင်"
"နင်တို့ မြင်လိုက်လား။ ကားပိုင်ရှင်က ခပ်ချောချော ကောင်လေးထင်တယ်။ အရမ်းချောတဲ့ပုံပဲ..."
"အဲ့ဒီလူကို မြင်ဖူးသလိုပဲ... ဟုတ်သားပဲ၊ သူက လင်းဖန်ပဲ။"
အားလုံး အံ့အားတသင့်ဖြစ်နေချိန်တွင် လင်းဖန်က ကားထဲမှ ဖြည်းညင်းစွာ ထွက်လာခဲ့ပါသည်။
ဘေးပတ်လည် သစ်ပင်များပေါ်မှ သစ်ရွက်များ ကြွေကျလာသည်။ ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခန်းလိုပင်။ ပတ်ဝန်းကျင် လောကကြီးတစ်ခုလုံး ရပ်တန့်သွားရ၏။
လင်းဖန်တစ်ယောက် ကားထဲက ထွက်လိုက်ပါသည်။ သူက ရိုးရိုးရှင်းရှင်း မီးခိုးရောင် ဟူဒီတစ်ထည်သာ ဝတ်ထား၏။ သို့သော် သူက သာမန်ထက် ထူးကဲသော ရုပ်ဆင်းသွင်ပြင်နှင့် ပြိုင်ဘက်ကင်းသော အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားပါသည်။
ကောင်မလေးများစွာ၏ ညှို့အားပြင်းသော မင်းသားလေးတစ်ယောက်လို တစ်လှမ်းချင်း လျှောက်လာခဲ့သည်။ သူပ ဖြည်းဖြည်းချင်း လျှောက်လာစဥ် ကမ္ဘာကြီးထဲက အရာအားလုံး အရောင်အဆင်း ကင်းမဲ့သွားသလိုပင်။ ဘေးပတ်လည်က ကောင်မလေးများနှင့် လုံခြုံရေး ဝန်ထမ်းများက အစစ အရာရာကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ပါသည်။
သူတို့က လင်းဖန်၏ ဓာတ်ပုံကို အရင်က မြင်ဖူးသည်။ သို့သော် လူကိုယ်တိုင် တွေ့လိုက်ရသောအခါမှ သူတို့ နားလည်သွားကြရ၏။
လင်းဖန်၏ အရှိန်အဝါမှာ ထူးကဲလှသည်။ စကားလုံးများဖြင့် ဖော်ပြလို့မရသည့် အရှိန်အဝါမျိုး ဖြစ်၏။ သူ့အသွင်အပြင်က နွေလယ်ညတစ်ညကို အလှများ ထပ်မံဖြည့်ဆည်းနေသလိုမျိုး ဖြစ်ပါသည်။
ကောင်မလေးများစွာက အရာရာကို ရီဝေစွာ ကြည့်နေကြသည်။ ရုပ်ရှင်တွေထဲက အမျိုးသား ဇာတ်လိုက်များကတောင် ဒီလို အရှိန်အဝါမျိုးနဲ့ လင်းဖန်လို ရုပ်ချောချော မျက်နှာမျိုး မရှိကြပါ။ လုံခြုံရေးအစောင့်များက လင်းဖန်ကို မတားကြပါ။ လုံခြုံရေး အစောင့်အားလုံးက လင်းဖန်ကို တိတ်ဆိတ်စွာသာ ကြည့်နေကြပါသည်။
ဘယ်သူမှ စကားမပြောခဲ့ကြပါ။
လင်းဖန်၏ အကြည့်က ကုမ္ပဏီဝင်ပေါက်ရှိ ရှားဝမ်ချွေ့ထံသို့ ရောက်ရှိသွား၏။ သူတို့၏ မျက်လုံးတွေက အကြည့်ချင်း ဆုံသွားခဲ့ကြပါသည်။
တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားပါသည်။
လင်းဖန်က ... ဘာလို့ ဒီလောက်တောင် ကြည့်ကောင်းရတာလဲ။
သူမ ယောက်ျားလေး နာမည်ကြီးများစွာကို မြင်ဖူးသည်။ ဖျော်ဖြေရေး လောကထဲက ယောက်ျားလေး နာမည်ကျော်အများစုမှာ အလွန် ရုပ်ချောပါသည်။ သို့သော် လင်းဖန်လိုလူမျိုးကတော့ ရှားပါး၏။
လင်းဖန်က လှေကားပေါ်သို့ တစ်လှမ်းချင်း တက်လာခဲ့သည်။ အားလုံး၏ မျက်လုံးများက သူ့ကို အာရုံစိုက်နေခဲ့ကြ၏။
လင်းဖန် ရှားဝမ်ချွေ့ ရှေ့သို့ ရောက်လာသောအခါ ရှုယန်တစ်ယောက် လုံးဝ အရောင်အဆင်း မှေးမှိန်သွားရ၏။
အားလုံးတွင် အတွေးတစ်ခုသာရှိသည်။
ဒါက... လုံးဝ အလဲထိုးပစ်လိုက်တာပဲ။