← Chapters

အခန်း(၅၀) အတူတူနေထိုင်ခြင်း

Vol. 4 Ch. 50

အခန်း(၅၀) အတူတူနေထိုင်ခြင်း

Vol. 4 Ch. 50

အခန်း(၅၀) အတူတူနေထိုင်ခြင်း

"မြောင် မြောင်" ရှားဝမ်ချွေ့က လင်းဖန်ကို ချစ်ဖို့ကောင်းသော အမူအယာလေး လုပ်ပြလိုက်သည်။ တခစ်ခစ်ရယ်မောရင်း သူမ မျက်နှာလေးကလည်း အနည်းငယ် နီရဲနေ၏။

"နို့လက်ဖက်ရည်သောက်ဦးမလား" လင်းဖန်က ပြုံးကာ နို့လက်ဖက်ရည်တစ်ခွက် ပေးလိုက်ပါသည်။

"အင်း~" ရှားဝမ်ချွေ့က ခေါင်းငြိမ့်လိုက်ပြီး နို့လက်ဖက်ရည်ကို ယူလိုက်ပါသည်။

"အာဝူး လင်းဖန် ငါ့နို့လက်ဖက်ရည်ကော ဘယ်မှာလဲ" စုရှောင်းယွီက နှုတ်ခမ်းစူကာ လင်းဖန်ကို ကြည့်လိုက်ပါသည်။

"မပါဘူး" လင်းဖန်က ပြုံးကာ ပြောလိုက်၏။

"ဘက်လိုက်တယ်၊ ဘက်လိုက်တယ်" စုရှောင်းယွီက စိတ်ဆိုးပြီး ဝမ်းနည်းသွားပါသည်။ လင်းဖန်ရဲ့ အရသာရှိသော ဟင်းလျာများကိုသာ မစားချင်လျှင် သူမ ဒေါသထွက်သွားနိုင်သည်။

ရှုယန်တစ်ယောက် သူ့ဘဝကြီးတစ်ခုလုံး မှောင်မိုက်သွားသလို ခံစားလိုက်ရပါသည်။

လင်းဖန်က သူ့ထက်ပိုချောလျှင်တောင် လက်ခံနိုင်သေးသည်။

ရေမဆာဘူးဆိုတာ ဘယ်ရောက်သွားလဲ။ နို့လက်ဖက်ရည်သောက်ရင် ဝလိမ့်မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ နှစ်ယောက်စလုံး နို့လက်ဖက်ရည်ပေးထားတာချင်း အတူတူ ဘာလို့ ခြားနားချက်က ဒီလောက်ကြီးမားရတာလဲ။

အဓိကအချက်က ရှားဝမ်ချွေ့မှာ လင်းဖန်ရှေ့တွင် ချစ်ဖို့ကောင်းသော အမူအယာလေးလုပ်ပြသည်။ သူ့ရှေ့မှာဆိုရင်တော့ အလွန် တည်ငြိမ်ပြီး ခပ်ခွာခွာ နေတတ်၏။

ရှုယန်တစ်ယောက် အနည်းငယ် ဝမ်းနည်းသွားကာ လင်းဖန်ကို မနာလိုဖြစ်မိပါသည်။

"နင်တို့ စားကြမလား။ ငါ ဒကာခံမှာပါ" လင်းဖန်က ပြုံးကာ ပြောလိုက်သည်။

"ဟုတ်ပြီ ဟုတ်ပြီ အခုမှ ရောက်လာတယ်။ ငါက ဗိုက်ဆာနေပြီ" စုရှောင်းယွီ ပျော်ရွှင်နေသည့်ပုံပင်။ နောက်ဆုံးတော့ လင်းဖန်ရဲ့ အရသာရှိတဲ့ အစားအစာတွေကို သူမ စားနိုင်ပါပြီ။ "အမ်း ငါးပေါင်းလေး" ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်ကာ ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ "သွားကြမယ်လေ ကားထဲဝင်” လင်းဖန်က ပြောလိုက်သည်။

ရှုယန်ကို တစ်ယောက်တည်းထားခဲ့ကာ ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ကို ကားပေါ် ခေါ်သွားခဲ့ပါသည်။

ရှုယန် သက်ပြင်းချလိုက်၏။ "နင်တို့ ဗိုက်မဆာဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား"

အစကတော့ လင်းဖန်က ဆင်းရဲသည်ဟု ရှုယန် ထင်ခဲ့မိသော်လည်း လင်းဖန်၏ ကားက Rolls-Royce Cullinan ကားကြီး ဖြစ်သဖြင့် ဒါက ဘယ်လိုလုပ်ပြီး ဆင်းရဲနိုင်မည်နည်း။

လင်းဖန်က အရပ်ရှည်သည်။ ချမ်းသာပြီး ရုပ်ရည်လည်း ချောမော၏။

ရှုယန်တစ်ယောက် သူ ရှုံးနိမ့်သွားပြီဟု ခံစားလိုက်ရပါသည်။

သူ လုံးဝ ရှုံးနိမ့်သွားပါပြီ။

သူ့ကို ခွေးစာကျွေးခံလိုက်ရသလို ခံစားလိုက်ရသည်။ ဘဝက သူ့အတွက် ခက်ခဲလွန်းသည်ဟု ထင်မိသွားပါသည်။

"ဝိုး ဆရာဆရာ နင်က Rolls- Royce Cullian ကားကြီး မောင်းလာတာပဲ။ ဒီကားက သန်းချီပြီး ပေးရမှာပဲနော်၊ ဟုတ်တယ်မလား" စုရှောင်းယွီက လင်းဖန်၏ ကားထဲတွင် ဝင်ထိုင်ကာ အံ့အားသင့်နေသည့်ပုံ ပေါက်နေပါသည်။

"ထိုင်ခုံလေးက ပျော့ပြောင်းနေတာပဲ။ ဒီလောက်ကောင်းတဲ့ ကားမျိုး တစ်ခါမှ မစီးဖူးဘူး" စုရှောင်းယွီက တခစ်ခစ် ရယ်မောရင်း ရှားဝမ်ချွေ့နဲ့ အတူအနောက်ခုံတွင် ထိုင်လိုက်ပါသည်။

"အေး၊ ယွမ် ၆.၄ သန်းလေ" လင်းဖန်က ပြောလိုက်သည်။

"ဝိုးဝိုးဝိုး ဆရာ။ ငါ့ရဲ့ ရှူးဂါးဒယ်ဒီ လုပ်ပေးပါ" စုရှောင်းယွီ ပို၍ပင် အံ့အားသင့်သွားခဲ့သည်။

လင်းဖန်မှာ Bugatti ကားကြီး ရှိပြီးသားဆိုတာ သူမသိပါသည်။ သူမနဲ့ ရှားဝမ်ချွေ့တို့ကို လာခေါ်ဖို့အတွက် ကားသစ်တစ်စီး ဝယ်ခဲ့၏။  Rolls-Royce Cullinan SUV ကားကြီးတစ်စီး ဖြစ်ပါသည်။ ယွမ် ၆.၄ သန်းတန် ဇိမ်ခံကားကြီး ဖြစ်၏။

"နင်တို့ကို ငါ့ရှူးဂါးမာမီလုပ်ခိုင်းရမယ်။ ရှောင်းယွီ ရုပ်သံစီးရီးတစ်ခု ရိုက်ကူးကြေး နင် ယွမ် သန်းဆယ်ချီပြီး ရမှာပဲ။ နောက်ထပ် ရုပ်ရှင်တွေနဲ့ ရသစုံရုပ်သံအစီအစဉ်တွေ ထပ်ရိုက်ရင် ပိုပြီးတောင် ရဦးမယ်" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

ယွမ် ၆.၄ သန်းဆိုတာ သာမန်လူတွေ တစ်သက်လုံး မရနိုင်မည့် ပမာဏ ဖြစ်ပါသည်။

သို့သော်လည်း ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ အတွက်တော့ ရုပ်ရှင် တစ်ကား နှစ်ကားလောက် ရိုက်ကူးလိုက်လျှင် ရနိုင်ပါသည်။

၎င်းတို့၏ ကြော်ငြာခများကလည်း အလွန်  များပြားလှပါသည်။

"အာဝူး အေးပါ။ ဒါဆို ငါနင့် ရှူးဂါးမာမီ လုပ်ပေးမယ်" စုရှောင်းယွီက သူမ၏ ရင်ဘတ်ကို ပုတ်လိုက်ပါသည်။

ရှားဝမ်ချွေ့၏ စိတ်ဆိုးနေသော မျက်နှာကို မြင်သောအခါ စုရှောင်းယွီ လည်ပင်းလေးကျုံ့သွားပါသည်။

ကြောင်မလေးတော့ စိတ်ဆိုးတော့မည်။ "ငါက ကုန်းဆင်းတတ်တဲ့လူနဲ့ တူလို့လား" လင်းဖန်က ပြုံးလိုက်ပါသည်။

"ဘယ်သိမလဲ" ရှားဝမ်ချွေ့က နို့လက်ဖက်ရည်ဘူးကို ကိုင်ကာ အနည်းငယ် ပျော်ရွှင်သွားပါသည်။

"အစ်မ ဝမ်ချွေ့ နင် နို့လက်ဖက်ရည် မသောက်ဘူးလို့ ထင်နေတာ။ ခုနက ရှုယန် နင့်ကို နို့လက်ဖက်ရည် ပေးတယ်လေ" စုရှောင်းယွီက တခစ်ခစ် ရယ်မောရင်း ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။ "အရူးမ" ရှားဝမ်ချွေ့ ဒေါသထွက်သွားပြီး စုရှောင်းယွီကို စိတ်ဆိုးစွာ ကြည့်လိုက်ပါသည်။

"အာဝူး~~~"

"ငါ အမှန်တိုင်း ပြောနေတာ ဆရာ။ အစ်မဝမ်ချွေ့က နင်ပေးတဲ့ နို့လက်ဖက်ရည်ပဲသောက်တာ။ ရှုယန်ရဲ့ နို့လက်ဖက်ရည်ကို မသောက်ဘူး။ သူက ဝလာမှာစိုးလို့ဆိုပြီးတောင် ပြောခဲ့သေးတယ်။ ရှုယန်ကို ငါထိန်းပေးထားတာကို ငါ့ကို နို့လက်ဖက်ရည်တောင် မတိုက်ဘူး။ ဘက်လိုက်လိုက်တာ"

စုရှောင်းယွီက လျှာထုတ်ပြလိုက်ပါသည်။

"မပြောစမ်းပါနဲ့" ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားပါသည်။

လင်းဖန်သာ ဒီအကြောင်းတွေ အကုန်သိသွားပါက နောက်ကို လင်းဖန်ရှေ့မှာ ဘယ်လိုလုပ်ပြီး ခေါင်းမော့နိုင်တော့မည်နည်း၊။

သူတို့ မီးပွိုင့်လမ်းဆုံတွင် ကားရပ်လိုက်ကြသည်။ လင်းဖန်က အနောက်သို့လှည့်ကာ လက်ကို ဆန့်တန်းလိုက်၏။ သူက ပြုံးကာ ပြောလိုက်ပါသည်။ "နို့လက်ဖက်ရည်သောက်ရင် နင်ဝလိမ့်မယ်။ ငါ့ကိုပေး။ လွှင့်ပစ်လိုက်မယ်။"

ရှားဝမ်ချွေ့က နို့လက်ဖက်ရည်ကို ကာကွယ်လိုက်သည်။ "မပေးဘူး"

ရှားဝမ်ချွေ့က နို့လက်ဖက်ရည်ကို သူမလက်ထဲတွင် ဆုပ်ကိုင်ထားသည်။ "ဒါက တက္ကသိုလ်က ဘွဲ့ရပြီးကတည်းက နင်ငါ့ကို ဝယ်တိုက်ဖူးတဲ့ ပထမဆုံး နို့လက်ဖက်ရည်ပဲ။ ငါ ဝလည်း ဘာမှမဖြစ်ဘူး။ ညဘက် လေ့ကျင့်ခန်းနည်းနည်းလောက် ပိုလုပ်လိုက်မှာပေါ့။"

လင်းဖန်က ပြုံးကာ ပြောလိုက်၏။ "ငါလည်း အတူတူ လုပ်ပေးမယ်လေ။"

စုရှောင်းယွီ : "အာဝူး ကလေးများနေ့က ပြီးသွားပြီနော်။ နင်တို့နှစ်ယောက်က ခွေးလေးတွေကို ဘယ်လိုအနိုင်ကျင့်ရမလဲဆိုတာပဲ သိတယ်။ ငါလည်း လေ့ကျင့်ခန်းလုပ်မယ်။ အဲ့တာဆို လေ့ကျင့်ခန်း အတူတူလုပ်လို့ရတယ်။"

လင်းဖန်၏ အိမ်တွင် ဂျင်မ်ပစ္စည်းကိရိယာ မျိုးစံရှိသည်။ သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ အတော်လေး ကောင်းမွန်သည်။

နယ်မြေဝင်ပေါက်သို့ ရောက်လာကြသောအခါ လုံခြုံရေးအစောင့်တချို့က လင်းဖန်၏ ကားထဲသို့ ကြည့်လိုက်ကြသည်။

"လခွမ်း မင်းတို့မြင်လိုက်လား။ ညီလေးဖန်ရဲ့ ကားထဲမှာ ကောင်မလေး နှစ်ယောက်တောင် ပါသွားတယ်။”

"ဒါက ဒုတိယမျိုးဆက် သူဌေးသား တစ်ယောက်ရဲ့ ဘဝမျိုးလား။"

"ဘယ်သိမလဲ။ မမြင်ချင်ယောင် ဆောင်လိုက်ပါ့မယ်။ ဒါပေမယ့် ညီလေးဖန်ရဲ့ ကားက တကယ်မိုက်တာပဲ။"

ညနေခင်းအချိန်ဖြစ်သည်။

ရေကန်ကြီးက တလက်လက် တောက်ပနေပြီး နေလည်း ဝင်နေပါပြီ။

နှလုံးသား ရေကန် ဗီလာပေါ်မှ ခပ်လှမ်းလှမ်းက ပင်လယ်ကြီးကို သူမြင်နိုင်သည်။ ကောင်မလေး များစွာက ဘစ်ကနီလေးများ ဝတ်ထားကြပြီး ကလေးတချို့ကလည်း ဆော့ကစားနေကြသည်။ အလွန်လှပပါသည်။

"ဝိုးဆရာ နင့်အိမ်က အကြီးကြီးပဲ~"

"တော်တော်ကြီးတဲ့ ဗီလာကြီးပါလား။ စုစုပေါင်း အထပ် ၃ ထပ်နဲ့ ရေကူးကန်လည်း ပါတယ်" စုရှောင်းယွီက လင်းဖန်၏ အိမ်ထဲ ဝင်လာပြီးနောက် အဘွားအိုလေး တစ်ယောက်လို လျှောက်ကြည့်နေပါသည်။

နာမည်ကျော် သရုပ်ဆောင်များက ပတ်ဝန်းကျင်ကောင်းများတွင် နေထိုင်ကြသော်လည်း သူတို့အများစုက အလွန်အလုပ်များကြ၏။ လင်းဖန်၏ အိမ်ထဲတွင် စုရှောင်းယွီနှင့် ရှားဝမ်ချွေ့တို့ အလွန်အမင်း သက်တောင့်သက်သာ ရှိနေကြပါသည်။

ဒီမှာ သူတို့ စိတ်အေးလက်အေး နေနိုင်သည်။

"မြောင်~"

ကြောင်ကလေးက စုရှောင်းယွီနှင့် ရှားဝမ်ချွေ့တို့ကို မြင်သောအခါ ရှားဝမ်ချွေ့၏ လက်ပေါ် ခုန်တက်လိုက်ပြီး သူမ၏ ရင်ဘတ်ကို လက်ဖြင့် ပွတ်သပ်နေပါသည်။

"လင်းဖန် ငါဗိုက်ဆာတယ်" ရှားဝမ်ချွေ့က လင်းဖန်ကိုကြည့်ရင်း ကြောင်ကလေး၏ ပြုမူပုံကို ဂရုမစိုက်ဘဲ ပွတ်ပေးနေပါသည်။

"ဆရာ ငါလည်း ဗိုက်ဆာတယ်။ ဒီကိုလာဖို့က ရှားပါးတော့ ဒီနေ့ အများကြီး စားချင်တယ်~" စုရှောင်းယွီက ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ သူမ၏ နှင်းလို ဖြူဖွေးပြီး နူးညံ့လှပသည့် ခြေထောက်လေးများက ဆိုဖာပေါ်တွင် ရောက်နေကြပါပြီ။ သူမအိမ်ကို သူမ ပြန်လာသလို ဘာမှ ထိန်းထိန်းသိမ်းသိမ်း မနေခဲ့ပါ။

လင်းဖန်က ခေါင်းငြိမ့်လိုက်၏။ ရှားဝမ်ချွေ့ လက်ထဲက ကြောင်လေးကို သူကြည့်လိုက်ပြီး အနည်းငယ် ဒေါသထွက်နေ၏။ သူတောင် တစ်ခါမှ မထိဖူးသေးဘဲ ဒီကြောင်က ပထမဆုံး ထိရတဲ့ကောင် ဖြစ်သွားပြီလားး။ ဒီကြောင်ကို ဝှေးသင်းဖို့ အမြန်စီစဥ်ပြီး လူသားသဘာဝ၏ အကျင့်ယုတ်မှုကို ပြသဖို့ အချိန်တန်ပြီ ထင်သည်။

ဗီလာထဲတွင် စုရှောင်းယွီက ကြောင်လေးကို ပွတ်သပ်ပေးနေပြီး ရှားဝမ်ချွေ့က ရေချိုးနေ၏။ ထိုအချိန်တွင် လင်းဖန်က စားကောင်းသောက်ဖွယ်များ ချက်ပြုတ်နေါပသည်။

ငါးပေါင်း၊ ငါးစွပ်ပြုတ်၊ ကျောက်ပုစွန်၊ ဘဲကင်၊ တို့ဟူး၊ သခွားသီးထောင်းနဲ့ ကြက်ဥပြုတ်များကို ပြင်ဆင်ပြီးပါပြီ။ နောက်ဆုံး ဟင်းလျာက စုရှောင်းယွီ၏ အကြိုက်ဆုံးဟင်း ယုရှန်းဝက်သားမွှေကြော်ဖြစ်သည်။

လင်းဖန်က ဝက်သားများကို အချောင်းလေးများ ဖြစ်သွားအောင် လှီးဖြတ်လိုက်ပြီး ဝိုင်နည်းနည်း ထည့်လိုက်၏။ ကြက်ဥအကာ၊ ကော်ရည်နှင့် ဆားတို့ကို ထည့်လိုက်သည်။ အသားကို အညီအမျှ နယ်လိုက်ပြီး မိနစ် ၂၀ လောက် အရသာစိမ်ထားပြီး ဖြစ်သည်။

မီးဖိုဖွင့်ပြီး အိုးထဲကို ဆီထည့်လိုက်သည်။ ဆီကို ၅၀ ရာခိုင်နှုန်းလောက် အပူပေးပြီးသွားသောအခါ အပူကို လျှော့လိုက်ပြီး ငါးအရသာ ဟင်းခတ်အမှုန့်များ၊ မှို၊ မျှစ်တို့ကို ထည့်လိုက်ပါသည်။ ထို့နောက် ငါးအနှစ်ကို လောင်းထည့်ကာ ဟင်းခတ်အမှုန့်များ ထည့်လိုက်၏။

မွေးပျံ့သည့် ရနံ့တစ်ခုက ထွက်လာခဲ့သည်။ လင်းဖန််က အသားမျှကြော်ကို ကြော်လိုက်ပြီး ဆက်တိုက်ဆိုသလို ဟင်းအနှစ်များကို လောင်းထည့်နေသည်။ အညီအမျှ မွှေကြော် ပြီးနောက် အသင့်ဖြစ်နေပါပြီ။

အသားက ပျော့ပြောင်းသည်။ လတ်ဆတ်ပြီး နူးညံ့၏။ အရသာရှိသည့်ပုံ ပေါက်နေပါသည်။ လင်းဖန်က ယုရှန်းဝက်သားမွှကြော်ကို ယူလာခဲ့၏။

ဘာမှန်းမသိလိုက်ဘဲ ၈နာရီတောင် ကျော်သွားပါပြီ။ လင်းဖန်က စားပွဲအပြည့် ဟင်းလျာများ ချက်ပြုတ်ခဲ့ပြီး ထိပ်တန်းအဆင့် ဟင်းလျာများဖြစ်ကြသည်။

"ဝိုး... ဆရာ နင့်အစားအသောက်တွေက ဘာလို့ ဒီလောက်ထိ အရသာရှိရတာလဲ" စုရှောင်းယွီက လုံးဝ လင်းဖန်ကို သဘောကျသွားပါပြီ။

လင်းဖန်က ချောရုံတင်မကသေးဘဲ သူ့ ဟင်းချက် စွမ်းရည်ကလည်း အံ့သြဖို့ ကောင်းမွန်ပါသည်။ "ဟုတ်တယ် အရသာရှိလိုက်တာ" ရှားဝမ်ချွေ့က ရေချိုးပြီးပြီ ဖြစ်ပြီး ဘောင်းဘီရှည်ကို ဝတ်ဆင်ထားကာ သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို ပေါ်လွင်နေစေပါသည်။

ကောင်မလေးနှစ်ယောက်တွင် နှင်းလိုဖြူဖွေးသော ခြေတံသွယ်သွယ်များရှိကြသည်။ လင်းဖန်က စိတ်ဓာတ်ခိုင်မာသည်။ မဟုတ်ပါက သည်းခံနိုင်မည်မဟုတ်ပါ။

"လင်းဖန် အရှက်မရှိတဲ့ကောင်" ရှားဝမ်ချွေ့က လင်းဖန်၏ အကြည့်ကို မြင်ကာ မျက်နှာ နီရဲသွားပါသည်။ စောင်တစ်ထည်ကို ယူလိုက်ပြီး သူမ ခြေထောက်ကို ဖုံးကွယ်ထားလိုက်ပါသည်။

"အာဝူး အရှက်မရှိဘူး အရှက်မရှိဘူး~~" စုရှောင်းယွီကတော့ ဂရုမစိုက်ပါ။ အစားသောင်းကျန်းသူလေး တစ်ယောက်လို ယုရှန်းဝက်သားမွှေကြော်ကိုသာ ဆက်စားသောက်နေပါသည်။ သူမ၏ ပါးစပ်က ဆီများ တဝင်းဝင်း ဖြစ်နေ၏။

"ဟွန်း အကျင့်မကောင်းတဲ့ လင်းဖန် နင်ထပ်ခိုးကြည့်ရင် ငါကိုက်မှာနော်" ရှားဝမ်ချွေ့က နူးညံ့စွာ ငေါက်လိုက်ပါသည်။ သို့သော် ရင်ထဲမှာတော့ အနည်းငယ် ပျော်ရွှင်နေမိပါသည်။

"ကြီးတာလည်း မဟုတ်ဘဲနဲ့ ဘာကြည့်စရာ ရှိလို့လဲ" လင်းဖန်က ပြောလိုက်၏။

"အရူးကောင်" ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်လိုက်ပါသည်။ သူမ၏ မျက်နှာက နီရဲသွားပြီး ဒေါသထွက်သွားသည်။ သူမ ရင်ကော့လိုက်၏။ သူမရင်ဘတ်က မသေးပါဘူး။

"အစ်မဝမ်ချွေ့ သူ့ကိုကိုက်လိုက်စမ်း" စုရှောင်းယွီလည်း အလွန်ဒေါသထွက်သွားသည်။ သူမကတော့ အစကတည်းက ရင်ဘတ်သေးသူဖြစ်တာကို လင်းဖန်က ဒီလိုပြောရဲသည်။

တစ်ဖက်တွင် ရှားဝမ်ချွေ့၏ မန်နေဂျာဖြစ်သူ ယန်ချင်းက လှိုင်းပြာပင်လယ်အော်အိမ်ရာ၏ ဝင်ပေါက်တွင် ရှိနေပါသည်။

တံခါးအပြင်ဘက်မှာ အတားခံထားရပြီး လှိုင်းပြာပင်လယ်အော်အိမ်ရာထဲ မဝင်နိုင်ပါ။

ယန်ချင်းတစ်ယောက် အသက်ရှင်စရာ ဘာအကြောင်းမှ မရှိတော့ဘူးဟု ခံစားနေရပါသည်။ သူမ၏ ဘော့စ် အော်ငေါက်တာကို ခံရဖို့ မျှော်လင့်ထားပြီးသားဖြစ်သည်။

ရှားဝမ်ချွေ့ကို သေချာ မစောင့်ကြည့်ခဲ့ရုံတင် မကဘဲ စုရှောင်းယွီကိုလည်း သေချာ မစောင့်ကြည့်ခဲ့မိပါ။

ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ နှစ်ယောက်စလုံးက နတ်သမီးလေးများဖြစ်သည်။ သူတို့၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော အရာများကို သတိထားသင့်သည်။

နောက်ဆုံးတော့ နတ်သမီးလေး နှစ်ယောက်စလုံးက လင်းဖန်နဲ့ ဒီလို အတူတူနေနေကြတာလား။

All Chapters