← Chapters

အခန်း(၅၁) ဇာတ်ညွှန်းလိုတယ်

Vol. 4 Ch. 51

အခန်း(၅၁) ဇာတ်ညွှန်းလိုတယ်

Vol. 4 Ch. 51

အခန်း(၅၁) ဇာတ်ညွှန်းလိုတယ်

ဒင်... ဂုယ်ယူပါတယ် သခင်လေး။ အောင်မြင်စွာ Sign-in လုပ်နိုင်ခဲ့ပြီး [အဆိုတော်နတ်ဘုရား : မာစတာ အဆင့်] ကိုရရှိခဲ့ပါပြီ။

သက်ဆိုင်ရာ အချက်အလက်များ သခင်လေး၏ စိတ်အာရုံထဲ ဝင်ရောက်သွားပြီဖြစ်ပြီး မှတ်ဉာဏ်ထဲ ပုံသေရှိနေပါပြီ။

စနစ်အသံထွက်လာခဲ့သည်။

နေ့သစ်တစ်နေ့တွင် လင်းဖန်နိုးလာပြီး စကေးအသစ်တစ်ခုကို ရခဲ့သည်။

အဆိုတော်နတ်ဘုရား မာစတာအဆင့်တဲ့။

သို့သော်လည်း လင်းဖန်က သီချင်းဆိုရတာနဲ့ ရင်းနှီးပြီး တူရိယာအားလုံးကိုလည်း ကောင်းကောင်း သိသဖြင့် အလကား ဖြစ်သွားပါသည်။

သူက အလွန်ချောမောသည်။ ဂစ်တာနှင့် စန္ဒရားများကို တီးခတ်နိုင်ခြင်းနှင့် ပေါင်းစည်းလိုက်ပါက တက္ကသိုလ်တွင် မရေမတွက်နိုင်အောင် များပြားသော ကောင်မလေးများ၏ အာရုံစိုက်မှုကို ခံခဲ့ရနိုင်သည်။

ကျောင်းတွင်း အနုပညာ ဖျော်ဖြေပွဲတွင် မိန်းကလေးများစွာက လင်းဖန်ကို သဘောကျခဲ့ကြသည်။

ယခု မာစတာအဆင့် သီချင်းဆိုစကေးကို ရလိုက်ပြီဖြစ်သောကြောင့် သူ့သီချင်းဆို စကေးများလည်း အများကြီး တိုးတက်သွားလောက်ပါပြီ။ ဂီတသီအိုရီမျိုးစုံနှင့် ဒီကမ္ဘာကြီးထဲမှာ တစ်ခါမှ ပေါ်မလာတတ်သည့် သီချင်းမျိုးစုံတို့က လင်းဖန်၏ စိတ်ထဲ ဝင်ရောက်လာပါသည်။ "ဒီမာစတာအဆင့် သီချင်းဆိုစကေးကိုရလည်း ငါ့အတွက် ဘာမှ အသုံးမဝင်ဘူး။ ငါ စူပါစတား မလုပ်ချင်ဘူး" လင်းဖန်က ပြုံးကာ ပျင်းကြော ဆန့်လိုက်ပါသည်။ လင်းဖန်သည် အဝတ်အစားများကို ဝတ်ဆင်လိုက်ပြီး မျက်နှာသစ်လိုက်သည်။ ထို့နောက် ဂျင်မ်ဆီ သွားခဲ့ပါသည်။

လင်းဖန်၏ နှလုံးသား ရေကန်ဗီလာထဲတွင် ဂျင်မ်တစ်ခုရှိ၏။ ဂျင်မ်ကိရိယာမျိုးစုံ ရှိပါသည်။

ဒီလိုကြည့်ကောင်းသည့် ပုံစံမျိုးကို ထိန်းသိမ်းနိုင်ဖို့အတွက် အိပ်စက်ခြင်းနှင့် စောစောထခြင်းတို့အပြင် အရေးအကြီးဆုံးက လေ့ကျင့်ခန်း ပြုလုပ်ဖို့ပင် ဖြစ်သည်။

လင်းဖန်တွင် ဝမ်းဗိုက်ကြွက်သား လေးခုရှိနေပြီ ဖြစ်ပြီး ကိုယ်လုံးကိုယ်ပေါက်ကလည်း ကြည့်ကောင်းသည်။ တောက်ပသည့် သူ့ပုံစံနှင့် ချောမောမှုတို့ဖြင့် ပေါင်းလိုက်လျှင် ရိုးရှင်းသည့် ဝတ်စုံတစ်ခုတည်းနဲ့ လူများစွာကို ကြွေဆင်းသွားအောင် ပြုလုပ်နိုင်စွမ်းရှိပါသည်။

ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ လင်းဖန်၏ အိမ်တွင် ညအိပ်ခဲ့ကြပါသည်၊။ လင်းဖန်၏ အိမ်က ကြီးမားလွန်းပြီး အခန်းတွေ အများကြီးရှိတာ နှမြောဖို့ကောင်းပါသည်။ သူ့အငှားတိုက်ခန်းလေးမှာသာဆိုရင် သူတို့နဲ့ တစ်အိပ်ယာတည်း အတူတူ အိပ်နိုင်မှာ မဟုတ်လောက်ပါ။ လင်းဖန်တစ်ယောက် ကြမ်းပြင်ပေါ်မှာ အိပ်ရလောက်ပါသည်။

အပြေးစက်ပေါ်တွင် ၂ မိနစ်လောက် လေ့ကျင့်ခန်း လုပ်ပြီးသွားသောအခါ အနောက်ဘက်မှ ချစ်ဖို့ကောင်းသော အသံတစ်သံ ထွက်လာခဲ့ပါသည်။

"မြောင် မြောင်~" ရှားဝမ်ချွေ့က အဝတ်အစားများ ဝတ်ထားပြီးပါပြီ။ လင်းဖန်၏ အနောက်တွင် ချစ်ဖို့ကောင်းသော အမူအယာလေး လုပ်ပြလိုက်ပြီး ချိုမြိန်စွာ ပြုံးလိုက်သည်။

"ဟင်" လင်းဖန် အပြေးရပ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်၏။

"ငါ... ဗိုက်ဆာလို့" ရှားဝမ်ချွေ့က ရှက်သွေးဖြာသွားပြီး မျက်တောင်ခတ်လိုက်ပါသည်။

"ဘာစားချင်လဲ" လင်းဖန်က ရှားဝမ်ချွေ့၏ ချစ်ဖို့ကောင်းသော ကြောင်နားရွက်လေးကို ကိုင်လိုက်ရင်း မေးလိုက်ပါသည်။

"အကုန်စားချင်တယ်" ရှားဝမ်ချွေ့က မနေ့ညက စားပွဲတော်ကြီးကို ပြန်သတိရနေဆဲဖြစ်ပြီး နှုတ်ခမ်း စူပြလိုက်ပါသည်။

"ဒါပေမယ့် ထပ်စားရင် ငါဝသွားလိမ့်မယ်။ အသီးအရွက်သုပ်ပဲ စားပါတော့မယ်~" ရှားဝမ်ချွေ့က သူမ၏ ပါးလှပ်နေသော ဗိုက်ကို ကိုင်လိုက်ပါသည်။

"ဒါကို ဝတယ်လို့ ခေါ်တယ်ပေါ့" လင်းဖန်က ရှားဝမ်ချွေ့၏ ဗိုက်ကို ကိုင်လိုက်ပါသည်။ မဝပါ။

"အရူးကောင် လင်းဖန် ငါ့ကို အနိုင်ကျင့်ပြန်ပြီ" ရှားဝမ်ချွေ့က ရှက်သွေးဖြာသွားပြီး လင်းဖန်ကို မောင်းထုတ်လိုက်သည်။

"ဝါး မနက်အစောကြီး သာယာနေကြပါလား။ နင်တို့နှစ်ယောက်က ခွေးလေးတွေကို ဘယ်လိုအနိုင်ကျင့်ရမလဲဆိုတာပဲသိတယ်" စုရှောင်းယွီက တံခါးမှ ခေါင်းပြူကြည့်လိုက်ပြီး သခွားသီးတစ်ကိုက် ကိုက်လိုက်သည်။ အရသာရှိလှပါသည်။

ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားပြီး လင်းဖန်ကို ကြည့်လိုက်၏။ "ဟွန်း ရှောင်းယွီနဲ့ ငါ အသီးအရွက်သုပ် စားမယ်။ မစားရရင် ရှောင်းယွီကို ကိုက်ခိုင်းလိုက်မှာ၊ ခွေးတွေက အရမ်းအကိုက်ကြမ်းတာနော်။"

"ဟီးဟီး ငါတို့ ထပ်စားရဦးမယ်ကွ" စုရှောင်းယွီက မျှော်လင့်တကြီးနှင့် သခွားသီးကို လျက်လိုက်ပါသည်။

ကောင်မလေးနှစ်ယောက် မနက်စာ စားပြီးသွားသောအခါ စုရှောင်းယွီက လင်းဖန်ကို လေးစားစွာ ကြည့်လိုက်ပါသည်။

ငါးပေါင်း၊ ငါးစွပ်ပြုတ်၊ ငါးအရသာ ဝက်သားမွှကြော်၊ ကျောက်ပုစွန်၊ အကင်၊ ဟော့ပေါ့ စသဖြင့် လင်းဖန် ချက်ပြုတ်သမျှ ဟင်းလျာတိုင်းက အရသာရှိလှပါသည်။

သို့သော်လည်း အသီးအရွက်သုပ်ကို ဒီလောက်အရသာရှိအောင် သုပ်နိုင်သည့်လူမျိုး သူမ တွေ့ဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။

"ဆရာ တကယ်တော့လေ နင်နိုင်ငံတော်အဆင့် ဘွဲ့လက်မှတ်ကို ရနိုင်မယ်ထင်တယ်။ နိုင်ငံတော်အဆင့် စားဖိုမှူးဆိုတာ အရမ်းမိုက်တယ်နော်" စုရှောင်းယွီက ပြုံးကာ ပြောလိုက်ပါသည်။

"ဒီလို တော်တဲ့ ဆရာမျိုး ရထားတာ တကယ်ကောင်းတာပဲ။ အစားအသောက်တွေကလည်း အရမ်း အရသာရှိတယ်။ ငါသာ ဒီမှာ တကယ်နေချင်ရင် မပြန်တော့ဘူး" စုရှောင်းယွီက သက်ပြင်းချလိုက်သည်။

ရှားဝမ်ချွေ့၏ စိတ်ဆိုးသော အကြည့်ကို မြင်လိုက်ရသောအခါ ချက်ချင်း စကားပြောင်းသွားပါသည်။ "မဟုတ်ပါဘူး၊ ဒီမှာ တစ်သက်လုံးနေလို့မဖြစ်ပါဘူး။ အလုပ်က အရေးကြီးတယ်လေ။"

မနက်စာ စားပြီးနောက် သူတို့သုံးယောက် ဂျင်မ်တွင် လေ့ကျင့်ခန်း ခဏလုပ်ခဲ့ကြသည်။

ထိုအချိန်တွင် ယန်ချင်းက ဖုန်းဆက်လာ၏။

ယန်ချင်းက စိတ်ဖိစီးမှုများဖြင့် တောက်လောင်နေပါပြီ။ နတ်သမီးလေးနှစ်ယောက်စလုံးကို လင်းဖန်က ခေါ်သွားသည်။ တစ်ယောက်ယောက်သာ ဒါကိုဖော်လိုက်လျှင် သူတို့နာမည်ပျက်သွားနိုင်ပါသည်။

လူအများကြီးဖြင့် ပလူးခြင်းက တားမြစ်ကိစ္စဖြစ်ပြီး အထူးသဖြင့် ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့က နာမည်ကြီးနှစ်ယောက် ဖြစ်နေသည်။

ဒီကိစ္စ၏ အရေးပါမှုကို ယန်ချင်း နားလည်ရင်တောင် သူတို့ကို ဖျောင်းဖျရုံသာ တတ်နိုင်ပါသည်။

ဖုန်းဆက်ပြီးနောက် ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ အလုပ်သွားခဲ့ကြသည်။

ယန်ချင်း ကောင်မလေးနှစ်ယောက်ကို ကြိုပြီးသွားသောအခါ ကားထဲတွင် သက်ပြင်းချလိုက်မိပါသည်။

"ဝမ်ချွေ့နဲ့ ရှောင်းယွီတို့ နင်တို့ကို မဝေဖန်ချင်ပါဘူး။  ဒါပေမယ့် နင်တို့တွေလုပ်နေတဲ့ ပုံစံကြောင့် ငါတကယ်လန့်နေရတယ်။"

"ကံကောင်းလို့ အဲ့ဒီနေ့က ကုမ္ပဏီအပေါက်ဝမှာ လူအများကြီး ရှိမနေတာ။ မဟုတ်ရင် နင်တို့ လင်းဖန်နဲ့ အတူတူနေနေကြတာကိုသာ သိသွားရင်... ပြီးတော့ နင်တို့နှစ်ယောက် လင်းဖန်ရဲ့ စရိုက်ကိုကော သိကြရဲ့လား" ယန်ချင်းက ပြောလိုက်သည်။

"သူ့စရိုက်က အရမ်းကောင်းပါတယ်" ရှားဝမ်ချွေ့က ကားပြတင်းပေါက် အပြင်ဘက်ကို ကြည့်ရင်း ပြောလိုက်ပါသည်။

"ဟုတ်တယ် လင်းဖန်ရဲ့ စရိုက်က အရမ်းကောင်းတယ်။ သူလုပ်တဲ့ အစားအသောက်တွေကလည်း အရမ်း အရသာရှိတယ်။ သူက နိုင်ငံတော်အဆင့် စားဖိုမှူးတစ်ယောက်နဲ့တောင် ညီမျှတယ်" စုရှောင်းယွီကလည်း ခေါင်းငြိမ့်လိုက်သည်။

ကောင်မလေးနှစ်ယောက် လင်းဖန်ကို အလွန် ကာကွယ်ပေးနေတာကို မြင်သောအခါ ယန်ချင်း ခေါင်းခါလိုက်ရပါသည်။

လင်းဖန်ရဲ့ စရိုက်က ကောင်းနေရင်တောင် ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့က အသက် ၂၀ အစောပိုင်းသာ ရှိကြသေးသည်။ ၎င်းတို့၏ အလုပ်အကိုင်က အခုမှ မြင့်တက်နေရုံသာရှိသေး၏။

ဒီတစ်ခေါက် တခြား သတင်းဆိုးများ ထွက်လာခဲ့ပါက သေချာပေါက် ရှားဝမ်ချွေ့၏ အလုပ်အကိုင်ကို ထိခိုက်စေပါလိမ့်မည်။ မိန်းကလေး နာမည်ကျော်တစ်ယောက်အဖို့ ထိုသတင်းဆိုးများမှာ ကြောက်ဖို့အလွန်ကောင်းပါသည်။

လင်းဖန်သာ မရေမတွက်နိုင်အောင် များပြားသော ပရိတ်သတ်များ၏ ထောက်ခံမှုကို ရလောက်သည့် အဆင့်အတန်းရှိလျှင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ သတင်းဆိုးထွက်လာလည်း ကြီးကြီးမားမား ပြဿနာမရှိပါ။

သို့သော် ယန်ချင်း၏ မျက်လုံးထဲမှာတော့ လင်းဖန်က ထင်သလောက် မထက်မြက်ပါဘူး။

လင်းဖန်က ဘယ်လောက်ပဲ ရုပ်ချောချော၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ပရိတ်သတ်များ၏ မျက်လုံးထဲမှာတော့ ရုပ်ချောချော စားသောက်ဆိုင်ပိုင်ရှင်လေးတစ်ယောက်သာ ဖြစ်ပါသည်။ ရှားဝမ်ချွေ့၏ အဆင့်အတန်းနှင့် မကိုက်ညီပါ။

ထို့အပြင် ဒီလို အမှားအယွင်းမခံသည့် ကာလတွင် ရှားဝမ်ချွေ့ ဇာတ်ညွှန်း လက်မခံတာ တစ်နှစ်နီးပါး ရှိနေပါပြီ။ ကောလဟာလများသာ ပျံ့နှံ့သွားခဲ့ရင် သူမ၏ ပြိုင်ဘက်များက ဒီအခွင့်အရေးကို ယူပြီး သူမ၏ အလုပ်အကိုင်ကို တိုက်ရိုက်တိုက်ခိုက်လာနိုင်သည်။

ရှားဝမ်ချွေ့ကို ပြောလို့မရလျှင် လင်းဖန်ကို သူမ သွားပြောမည်။

လင်းဖန် ဘယ်လောက်ပဲ ချောပါစေ၊ သူ့မိသားစု ဘယ်လောက်ပဲ ချမ်းသာပါစေ ယန်ချင်း ဂရုမစိုက်ပါ။ သူမက ရှားဝမ်ချွေ့၏ မန်နေဂျာဖြစ်ပြီး သူမကိုသာ ဂရုစိုက်ပါသည်။

တစ်ချိန်တည်းမှာပင် ဝေ့ပေါ် ပေါ်တွင် သတင်းတစ်ပုဒ် တရားဝင်ကြေညာခဲ့သည်။

ရှားဝမ်ချွေ့က ဒီတစ်ခေါက် Keep Running ရိုက်ကူးရေးတွင် ပါဝင်မည်။ စုရှောင်းယွီလည်း ပါဝင်မည့် တခြား ကြယ်ပွင့်များထဲ အပါအဝင်ဖြစ်ပါသည်။

Keep Running က နာမည်ကျော် ရသစုံရုပ်သံအစီအစဉ်တစ်ခုဖြစ်ပြီး ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့က တစ်ပြိုင်တည်း ပါဝင်ကြမည်ဖြစ်သဖြင့် အွန်လိုင်းပေါ်တွင် ဗြောင်းဆန်သွားခဲ့ကြပါသည်။

ရှားဝမ်ချွေ့ ဖန်သားပြင်ပေါ်မှာ ပေါ်မလာတာ တစ်နှစ်လောက် ရှိနေပါပြီ။ ဒါက ရသစုံရုပ်သံအစီအစဉ်တစ်ခုတွင် သူမ ပထမဆုံး ပါဝင်ဖူးခြင်းဖြစ်ပြီး ရှားဝမ်ချွေ့၏ မရေမတွက်နိုင်သော ပရိတ်သတ်များစွာကို အံ့အားသင့်သွားစေခဲ့ပါသည်။

သူတို့ ကုမ္ပဏီထဲ ဝင်ရောက်လာခဲ့ကြ၏။

ယန်ချင်းက ရှုယန်နှင့် တွေ့ခဲ့သည်။

ရှုယန်က ထိုင်နေပြီး လက်ဖက်ရည်တစ်ငုံ သောက်လိုက်၏။ ရှားဝမ်ချွေ့နှင့် လင်းဖန်တို့က သူ့ကို မျက်နှာပျက်အောင် လုပ်ခဲ့သော်လည်း တည်ငြိမ်နေဆဲ ဖြစ်ပါသည်။

"ဆရာရှု" ယန်ချင်းက ယဥ်ကျေးစွာ ပြုံးလိုက်ပါသည်။

"အင်း ရှားဝမ်ချွေ့အတွက် ဇာတ်ညွှန်းကောင်းရထားပြီလား" ရှုယန်က မေးလိုက်သည်။

"မရသေးပါဘူး" ယန်ချင်းက သက်ပြင်းချကာ ခေါင်းခါလိုက်ပါသည်။

"ငါတို့ ဒီအတိုင်းဆက်သွားလို့ မဖြစ်ဘူးလေ။"

"ဒီနေ့ ကုမ္ပဏီတစ်ခုက ရှားဝမ်ချွေ့နဲ့ ကြော်ငြာရိုက်ကူးဖို့ ရပ်တန့်လိုက်ပြီး ကျားရှင်း ဖျော်ဖြေရေးက နာမည်ကျော်တစ်ယောက်ကို သူတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ရွေးချယ်သွားတယ်။ အနုပညာလောကထဲမှာ ဝမ်ချွေ့ရဲ့ နာမည်က တဖြည်းဖြည်း ကျလာပြီ" ရှုယန်၏ အကြည့်များက နက်ရှိုင်းနေသည်။

ကုမ္ပဏီတစ်ခုက ရှားဝမ်ချွေ့နှင့် ကြော်ငြာကဏ္ဍကို ရပ်တန့်ခဲ့သည်။

ဘာကြောင့်လဲ။ ရှားဝမ်ချွေ့တွင် တစ်နှစ်လောက်အထိ မည်သည့် အလုပ်အသစ်မှ မရှိခဲ့သဖြင့် သူမ၏ နာမည် ကျလာသောကြောင့်ဖြစ်ပါသည်။

ကျားရှင်း ဖျော်ဖြေရေးကလည်း ဖျော်ဖြေရေးလောကထဲတွင် အလွန်စွမ်းဆောင်ရည်ရှိသော ကုမ္ပဏီတစ်ခုဖြစ်သည်။ သူတို့လက်အောက်တွင် အနုပညာရှင်များစွာ ရှိသဖြင့် ပြိုင်ဆိုင်မှုများစွာ ရှိပါသည်။

၎င်းတို့၏ ကြော်ငြာထုတ်ကုန်က ဦးတည်ချက် ပြောင်းလဲသွားခဲ့ပြီ။ ရှားဝမ်ချွေ့ကို သဘောမကျတော့သည့် ကြော်ငြာ ကုမ္ပဏီများ ရှိနေပြီဟု ဆိုလိုခြင်းဖြစ်သည်။ ဒီလိုအချိန် နောက်ထပ် မကောင်းသတင်းများပါ ထွက်လာပါက ရှားဝမ်ချွေ့ထက် အခွင့်အလမ်းများ ပိုနည်းပါးသွားနိုင်ပါသည်။

"စီအီးအိုလီက ရှားဝမ်ချွေ့ကို တခြား ဇာတ်ညွှန်းတွေ လက်ခံစေချင်နေတယ်။ အခုလက်ရှိ ပရိတ်သတ်တွေရဲ့ အကြိုက်နဲ့ ကိုက်ညီတဲ့ ဇာတ်ညွှန်းမျိုးတွေပေါ့။ ပြီးတော့ စီအီးအိုလီက ရှားဝမ်ချွေ့ကို ဘာမကောင်းသတင်းမှ ထပ်မထွက်စေချင်ဘူးနော်။"

"မဟုတ်ရင် အခုကြော်ငြာ ကုမ္ပဏီတစ်ခု ရပ်စဲသွားတာက အစပဲဖြစ်သွားမယ်။ နောက်ထပ် ၆လအတွင်း ရှားဝမ်ချွေ့သာ ဇာတ်ညွှန်းကောင်းကောင်းတစ်ခုမရနိုင်ရင် နောက်ထပ် ကြော််ငြာတွေပါ ရပ်စဲကုန်မှာ စိုးမိတယ်။ အဲ့အချိန်ကျရင် နင်မပြောနဲ့၊ ငါတောင် သူ့ကိုမကူညီနိုင်ဘူး" ရှုယန်က ပြောလိုက်သည်။

"ဆရာရှု ကျွန်မ နားလည်ပါတယ်" ယန်ချင်းက ခေါင်းငြိမ့်လိုက်သည်။

တကယ်ပဲ ဇာတ်ညွှန်းက ပြဿနာရှိနေပါသည်။

ရသစုံရုပ်သံအစီအစဉ်များတွင် ပါဝင်ခြင်းက မဆိုးသော်လည်း အလုပ်လုပ်မှသာ နာမည်ကျော်တစ်ယောက်ကို ဖျော်ဖြေရေးလောကတွင် ခိုင်ခိုင်မာမာ ရပ်တည်စေနိုင်မည်ဖြစ်ပါသည်။

သူ အခု အလိုအပ်ဆုံးက အလွန်ကောင်းမွန်သော ဇာတ်ညွှန်းတစ်ခုဖြစ်သည်။

All Chapters