အခန်း(၅၂) အငယ်ဆုံး စီးပွားရေး လုပ်ငန်းရှင်
Vol. 4 Ch. 52
အခန်း(၅၂) အငယ်ဆုံး စီးပွားရေး လုပ်ငန်းရှင်
ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ကို လင်းဖန်တစ်ယောက် လိုက်ပို့ပြီးသွားသောအခါ စားသောက်ဆိုင်ကို ယာယီပိတ်ထားမည်ဟု ဝေ့ပေါ် တွင်ပို့စ်တင်ခဲ့သည်။
ဝေ့ပေါ် တွင် ဝမ်းနည်းကြောင်း ပြသနေသည့် ကောမန့်များစွာ ရှိ၏။
အခု အရေးအကြီးဆုံး အရာက ရှားဝမ်ချွေ့အတွက် သင့်တော်သည့် ဇာတ်ညွှန်းတစ်ခုကို ရေးသားပေးဖို့ ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် လင်းဖန်လည်း ဝေ့ပေါ်တွင် ရေပန်းစားနေသည့် အကြောင်းအရာကို မြင်ပြီးသောကြောင့်ဖြစ်သည်။
ရှားဝမ်ချွေ့၏ ကြော်ငြာကုမ္ပဏီက တခြား နာမည်ကျော်တစ်ယောက်ကို ပြောင်းလဲသွားပါသည်။
ထိခိုက်မှုက သိပ်ပြီးမကြီးမားသော်လည်း တစ်ခုခု မှားယွင်းနေသည်ဟု လင်းဖန်ခံစားနေရဆဲဖြစ်၏။
ပျော်ပျော်နေတတ်သော သူ့စရိုက်ကို လင်းဖန် ထိန်းသိမ်းထားချင်မိခဲ့သည်။ အိမ်ငှားခများ ကောက်ခံမည်။ ကောင်မလေးများနှင့် ပလူးမည်။ စားသောက်ဆိုင်ဖွင့်မည်။ ဒီလိုဆို ကောင်းပါသည်။
သို့သော်လည်း သူ ဒီ့ထက် ပိုထူးချွန်လာသင့်သည်ဆိုတာကိုလည်း လင်းဖန် ကောင်းကောင်း သိပါသည်။
ရှုယန်၏ ကမ်းလှမ်းချက်ကို လက်ခံပြီး ယွဲ့ဟွာအင်တာတိန်းမန့်မှာ သရုပ်ဆောင်တစ်ယောက် လုပ်လိုက်ရမလား။ ထိုသို့လုပ်ပါက ရှားဝမ်ချွေ့ကို သိပ်ပြီး အကူအညီ မဖြစ်နိုင်ပါ။
လင်းဖန် လုပ်ချင်တာက သူ့ကိုယ်သူ ထူးချွန်လာအောင် ပြုလုပ်ဖို့ပင် ဖြစ်သည်။
ရှားဝမ်ချွေ့က သရုပ်ဆောင်ခြင်းကို သဘောကျပြီး သူမ၏ လုပ်ငန်းကို မျှော်လင့်ချက် မြင့်မြင့်ထားသည်။ ထိုကမ္ဘာထဲမှာ သူမရဲ့ တန်ဖိုးကို ထုတ်ပြရတာလည်း သဘောကျပြီး ပရိတ်သတ်များကို သဘောကျလာအောင် လုပ်ဆောင်နိုင်သည်။
ထို့ကြောင့်လည်း လင်းဖန်တစ်ယောက် အစွမ်းကုန် ကြိုးစားပြီး ဇာတ်ညွှန်းကောင်းတစ်ခု ရေးသားခဲ့ရခြင်း ဖြစ်သည်။
စနစ်၏ Sign-in ဆုလာဘ်များကို အားကိုးနေရုံနဲ့ လင်းဖန်တစ်ယောက် သန်မာလာနိုင်ဖို့ မလုံလောက်ပါ။
ပိုသန်မာလာဖို့ အစွမ်းအစက အရေးအကြီးဆုံးဖြစ်သည်။ ထို့နောက် အဆက်အသွယ်က ဒုတိယ ဖြစ်၏။
ပိုသန်မာလာမှသာ ရှားဝမ်ချွေ့ အနိုင်ကျင့်မခံရအောင် သူ ကာကွယ်ပေးနိုင်ပါလိမ့်မည်။
ရှားဝမ်ချွေ့နှင့် ပတ်သက်ဆက်နွယ်မှုကြောင့် လင်းဖန်၏ စိတ်ဓာတ် ပြောင်းလဲသွားခဲ့၏။
ရှားဝမ်ချွေ့ကို အနိုင်ကျင့်လို့ရတာ သူပဲဖြစ်ရမည်။ တခြား ဘယ်သူမှ အနိုင်ကျင့်လိုမရပါ။
ရက်ပေါင်းများစွာ ရေးသားပြီးနောက် လင်းဖန် ဇာတ်ညွှန်းကို အဆုံးသတ်နိုင်လုနီးပါး ဖြစ်နေပါပြီ။
ယခင် တက္ကသိုလ်အပြီး ၃ နှစ်တာ ကာလအတွင်းတွင် လင်းဖန်က ဝတ္ထုများကို စာလုံးရေ ၅သန်း ၆သန်း နီးပါးလောက် ရေးသားခဲ့သော်လည်း ဘယ်သူမှ မဖတ်ကြပါ။ ဒီတစ်ခေါက် လင်းဖန်၏ အရေးအသားစွမ်းရည်က မာစတာအဆင့်သို့ ရောက်သွားပြီဖြစ်သဖြင့် ထိုဇာတ်ညွှန်းများကို အလွယ်လေး ပြန်ပြုပြင်နိုင်ပါသည်။
ဒါက ပထမဆုံးအကြောင်းအရင်းသာ ရှိသေး၏။ ဇာတ်လမ်း၏ ကျန်အပိုင်းများကလည်း စိတ်ဝင်စားဖို့ ကောင်းပါသည်။
သို့သော်လည်း ဒီလို စာလုံး ၄၀၀,၀၀၀ ရှိသည့် ဇာတ်ညွှန်းကို အပိုင်းများစွာဖြင့် တီဗီစီးရီးတစ်ခု ရိုက်ကူးလို့ရနိုင်သည်။ ထိုရုပ်သံဇာတ်လမ်းတွဲသာ နာမည်ကြီးလာနိုင်ပါက အတွဲနှစ်ကိုပင် ဆက်ရေးနိုင်ပါသည်။
"ပြီးခါနီးနေပြီ၊ နည်းနည်းလောက်ပဲ ထပ်ပြုပြင်ဖို့ လိုတော့တယ်" လင်းဖန်က တစ်နေကုန်နီးပါး အလုပ်များနေခဲ့ပြီး တော်တော်လည်း နေလို့ကောင်းပါသည်။
ဇာတ်ညွှန်းကိုကြည့်လိုက်လျှင် လင်းဖန် ထိုဇာတ်လမ်းထဲ ချက်ချင်း နစ်ဝင်သွားရသည်။
ဇာတ်လမ်းကို အလွန်ပြောင်မြောက်စွာ ရေးသားထားသည်။ ဇာတ်ညွှန်းထဲတွင် အမျိုးသားဇာတ်လိုက်၏ အသက်ရှူမှားလောက်စရာ ဇာတ်ကြောင်းနှင့် မြို့တော်ရှိ အမျိုးသမီးဇာတ်လိုက်ဖြစ်သော လင်းဝမ်အာတို့၏ ဆက်ဆံရေးအကြောင်း ရေးသားထားခြင်း ဖြစ်သည်။ အကြင်နာပေးခန်းများလည်း များစွာ ပါဝင်နေ၏။
လင်းဖန်က ထိုအကြင်နာပေးခန်းများကို မျှော်လင့်စောင့်စားနေပါသည်။
ဘာပဲဖြစ်ဖြစ် ဒါက ဖန်သားပြင်ပေါ်တွင် ရှားဝမ်ချွေ့၏ ပထမဆုံး အနမ်းပဲ မဟုတ်ပါလား။
ရှားဝမ်ချွေ့နဲ့အတူတူ အကြင်နာပေးခန်း ရိုက်ကူးသည့်အခါ လင်းဖန်မှာ တောင်းဆိုချက် များများစားစား မရှိပါ။ သက်တော်စောင့် နည်းနည်းလောက်ရှိရင် လုံလောက်ပါပြီ။
ပရိသတ် သန်း ၈၀ စောင့်ကြည့်တာကို ခံနေရသည့် သူ့ပုံရိပ်ကို လင်းဖန်တစ်ယောက် မြင်ယောင်ကြည့်နေမိပါပြီ။ သူမှာ ရွေးချယ်စရာ မရှိပါ။ အကြင်နာပေးခန်းတစ်ခုတွင် အရေးအကြီးဆုံးအရာက ဆက်ဆံရေးကို ရင်းနှီးမြှုပ်နှံထားဖို့ဖြစ်သည်။
လင်းဖန်က တစ်ချိန်တည်းမှာပဲ ဇာတ်ညွှန်း၏ ဇာတ်ဝင်တေးကိုတောင် ရေးသားခဲ့ပြီး သူ့မာစတာအဆင့် အစွမ်းကို အပြည့်အဝ ထုတ်ပြထားပါသည်။ ဇာတ်ဝင်တေးမှာ "ထာဝရ စိတ်ဆန္ဒ" ဖြစ်သည်။
လင်းဖန် အနားယူဖို့ ပြင်လိုက်စဥ် ဖုန်းတစ်ကောဝင်လာ၏။ ယွင်ဟန် နည်းပညာ၏ မန်နေဂျာ ကျန်းကျင်းရှို့ ဖြစ်နေပါသည်။
"ဟယ်လို မစ်စတာလင်း။ ရှင်ဒီနေ့ည အားလားမသိဘူး။ နည်းပညာ အဆောက်အဦးရဲ့ ၇ ထပ်ကို ကျွန်မတို့ကို ငှားခဲ့တဲ့အတွက် ကျွန်မတို့ရဲ့ ဘော့စ်က ရှင့်ကို အပြင်မှာ ကျေးဇူးတင်ချင်တဲ့အနေနဲ့ စားသောက်ပွဲတစ်ခုကို ဖိတ်ကြားချင်လို့ပါါ” ကျန်းကျင်းရှို့က ပြုံးကာ ပြောလိုက်ပါသည်။
ယွင်ဟန် နည်းပညာက ကဏ္ဍမျိုးစုံတွင် ပါဝင်သည်။ သုတေသနနှင့် ဖွံ့ဖြိုးရေး ထုတ်ကုန်များသာ မကဘဲ ရုံးများ၊ ဟိုတယ်များ၊ ဆိုင်များ၊ စားသောက်ဆိုင်များနှင့် တခြားနယ်ပယ်များတွင်လည်း ပါဝင်နေပါသည်။ အမှန်ပင်။ သူတို့မှာ ရွေးချယ်စရာဆိုလို့ နည်းပညာ အဆောက်အဦးတစ်ခုတည်း ရှိတာမဟုတ်ပေ။
သို့သော်လည်း နည်းပညာ အဆောက်အဦးက ယွင်ဟန်၏ စီးပွားရေးတွင် အရေးပါသော ကဏ္ဍမှ ပါဝင်နေပါသည်။ တစ်နှစ်ကို ယွမ်သန်းရာချီပြီး ဝင်သည့် ကြယ်ငါးပွင့် ဟိုတယ်များနှင့် အရေးပါသည့် ဆိုင်တချို့လည်း ရှိပါသည်။
အမှန်ပင်။ ယွင်ဟန်နည်းပညာက ဘယ်လောက်ပဲ ကောင်းမွန်နေပါစေ ကျန်းကျင်းရှို့က လင်းဖန်ကို ဖိတ်ကြားချင်ပါသည်။
ဘာပဲဖြစ်ဖြစ် လင်းဖန်က ယွင်ဟန်နည်းပညာ၏ အိမ်ရှင် မဟုတ်ပါလား။ သူက ယွင်ဟန်နည်းပညာ၏ ဘော့စ်တစ်ယောက်နှင့် ညီမျှသည်။
လင်းဖန်သာ နည်းပညာအဆောက်အဦးကို ယွင်ဟန်နည်းပညာအား မငှားရမ်းခဲ့ပါက သူတို့ အကျိုးအမြတ် အများကြီး ဆုံးရှုံးသွားပါလိမ့်မည်။
လင်းဖန်ကို ဖိတ်ကြားနိုင်ပါက ကျန်းကျင်းရှို့၏ လုပ်ကိုင်နိုင်စွမ်းက အလွန်ကောင်းမွန်သည်ဆိုတာကို သက်သေပြပြီးသားဖြစ်သွားပါလိမ့်မည်။
"ဟုတ်ကဲ့ ရပါတယ်" လင်းဖန်က ခေါင်းငြိမ့်လိုက်ပါသည်။
ရှင်းရှင်းပြောရလျှင်် အဆင့်မြင့် တွေ့ဆုံပွဲတစ်ခုဖြစ်သည်။
အရင်တုန်းကသာဆို လင်းဖန်သေချာပေါက် ဒီလို ပျင်းဖို့ကောင်းသည့် တွေ့ဆုံပွဲများတွင် ပါဝင်မည် မဟုတ်ပါ။
သို့သော်လည်း ဒီတစ်ခေါက်ကတော့ လုံးဝ ခြားနားသည်။ လင်းဖန် ဒီတွေ့ဆုံပွဲကို သွားလိုက်ပါက အဆက်အသွယ်တချို့ ရသွားနိုင်သည်။ အနာဂတ်တွင် အသုံးဝင်လာနိုင်၏။
သူသန်မာလာချင်လျှင် အစွမ်းအစကော အဆက်အသွယ်ကော နှစ်ခုစလုံး ရှိရပါလိမ့်မည်။
"ကောင်းပါပြီ မစ်စတာလင်း၊ ကျွန်မ အချိန်နဲ့ လိပ်စာကို ပို့ပေးလိုက်မယ်နော်။ ကြိုဆိုပါတယ်" ကျန်းကျင်းရှို့က နူးညံ့စွာ ပြုံးလိုက်သည်။ သို့သော် သူမရင်ထဲမှာတော့ အနည်းငယ် ပျော်ရွှင်နေမိပါသည်။
သူမ လင်းဖန်ကို အောင်မြင်စွာ ဖိတ်ကြားနိုင်ခဲ့ပြီ။
ကျန်းကျင်းရှို့၏ မျက်လုံးထဲမှာတော့ လင်းဖန်က ဘော့စ်ကြီးတစ်ယောက်ဖြစ်၏။ နည်းပညာ အဆောက်အဦး၏ အထပ် ၇ ထပ်နဲ့တင် ပိုင်ဆိုင်မှု ၃.၈ ဘီလီယံနှင့် ညီမျှနေပါသည်။
ထို့အပြင် မကြာသေးခင်ကမှ လင်းဖန် အဆောက်အဦး အထပ်များ၏ ပိုင်ရှင်အသစ် ဖြစ်လာခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့် လင်းဖန်က နည်းပညာ အဆောက်အဦးတွင် ယွမ် ၃.၈ ဘီလီယံ သုံးစွဲခဲ့သည်။ ထို့အပြင် လင်းဖန်က ယွမ်သန်းရာကျော်တန်ဖိုးရှိသော Bugatti ပြိုင်ကားတစ်စီးကို မောင်းနေပြီး နှလုံးသားရေကန် ဗီလာတွင် နေထိုင်နေသည်။
လင်းဖန်၏ ပိုင်ဆိုင်မှုနှင့် စွမ်းရည်များက သူမတို့ ကုမ္ပဏီဘော့စ်ထက်ပင် ပိုများနိုင်ပါသေးသည်။
ထို့ကြောင့်လည်း ကျန်းကျင်းရှို့က လင်းဖန်ကို ဖိတ်ကြားချင်ခြင်း ဖြစ်သည်။
လင်းဖန်၏ အဆင့်အတန်းက သူမ၏ ဘော့စ်နှင့် တန်းတူနီးပါးလောက်ရှိနေပါသည်။
တကယ်တော့ လင်းဖန်က သူမ၏ ဘော့စ်ထက်ပင် ပိုသာချင် သာနေနိုင်သည်။
တွေ့ဆုံပွဲမှာ နည်းပညာ အဆောက်အဦး၏ ၃၃ ထပ်မြောက်တွင် ကျင်းပခြင်းဖြစ်သည်။
ည ၇ နာရီထိုးသောအခါ လင်းဖန်က Bugatti La Voiture Noire ကို မောင်းလာခဲ့သည်။ ပုံမှန်အတိုင်း ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ထားပြီး နည်းပညာ အဆောက်အဦး၏ ဝင်ပေါက်သို့ ရောက်လာခဲ့ပါသည်။
ကျန်းကျင်းရှို့က လင်းဖန်ကို စောင့်နေခဲ့သည်။
"ကြိုဆိုပါတယ် မစ်စတာလင်း" ကျန်းကျင်းရှို့က တလေးတစား ပြောလိုက်သည်။ လင်းဖန်ကို ခပ်ပါးပါး အပြုံးဖြင့် ကြည့်လိုက်၏။
"ဟယ်လို" လင်းဖန်က ပြန်ပြုံးပြလိုက်ပါသည်။
၃၃ ထပ်မြောက်သို့ ရောက်သောအခါ စားသောက်ပွဲခန်းမကြီးတစ်ခု ရှိနေသည်။
အပြင်အဆင်များက တန်ဖိုးကြီးမားပြီး တောက်ပသည့် သလင်းကျောက် မီးအိမ်များ ရှိနေသည်။ စားပွဲထိုးများက ယဥ်ကျေးစွာဖြင့် ဘေးမှာရပ်နေကြပြီး ဒီက ဝန်ဆောင်မှုကလည်း အလွန်ကောင်းမွန်ပါသည်။
လူများစွာက စားသောက်ပွဲကြီးတွင် ထိုင်နေကြသည်။ အသက် ၄၀၊ ၅၀ ဝန်းကျင် ဘော့စ်များစွာက ထိုင်နေကြပြီး သောက်ကြရင်း စကားပြောနေကြပါသည်။
လင်းဖန်ရောက်လာသောအခါ လူတချို့၏ အာရုံစိုက်မှုကို ခံခဲ့ရ၏။
ယွင်ဟန် နည်းပညာ၏ မန်နေဂျာ ကျန်းကျင်းရှို့ကိုယ်တိုင် လင်းဖန်ကို ကြိုဆိုခဲ့ခြင်းဖြစ်သည်။ ဒီလောက်ဆို လင်းဖန်ကို သူမ ဘယ်လောက်တန်ဖိုးထားသလဲ ပြသဖို့ လုံလောက်ပါသည်။
ပြီးတော့ သူတို့ မှတ်မိနေပါသည်။
လွန်ခဲ့သော ရက်ပိုင်းလောက်က လင်းဖန်နှင့် စူပါစတား ရှားဝမ်ချွေ့တို့မှာ ရေပန်းစားသော ရှာဖွေမှု စာရင်းတွင် ပါနေပြီး ကောလဟာလများစွာလည်း ထွက်ခဲ့၏။
ကောလဟာလများကို ပြန်ချေဖျက်ခဲ့သော်လည်း လင်းဖန်၏ အဆင့်အတန်းကတော့ သာမန်ထက် ထူးကဲနေပါသည်။
လူတချို့က လင်းဖန်၏ နောက်ကြောင်းရာဇဝင်ကို စုံစမ်းဖို့ ကြိုးစားကြည့်ကြသည်။ သူတို့ မစုံစမ်းလျှင် မသိနိုင်လောက်ပါ။ သို့သော် သူတို့စုံစမ်းလိုက်တာနဲ့ ထိတ်လန့်သွားခဲ့ကြရသည်။
လင်းဖန်က စားသောက်ဆိုင်လေး တစ်ဆိုင်ဖွင့်ထားသည့် သာမန် ဘော့စ်ငယ်လေး မဟုတ်ပါ။ သန်းရာကျော် တန်ဖိုးရှိသည့် ပြိုင်ကားနှစ်စီးကို ပိုင်ဆိုင်ထားသည်။
တစ်စီးက Bugatti La Voiture Noire ဖြစ်ပြီး၊ နောက်တစ်စီးက Koenigsegg One ဖြစ်၏။ နှစ်စီးစလုံးက Limited Edition ပြိုင်ကားများ ဖြစ်ကြပါသည်။
ထို့အပြင် လင်းဖန်တွင် ယွမ် သန်း ၂၀၀ ကျော်တန်ဖိုးရှိသည့် နှလုံးသားရေကန် ဗီလာကြီးတစ်လုံး ပိုင်ဆိုင်ထားသည်။ ဒါတွေက အလွယ်လေး ရှာဖွေနိုင်သော အရာများ ဖြစ်ပါသည်။
အရေးအကြီးဆုံးကတော့ လင်းဖန်မှာ ကြယ်ငါးပွင့် ခေတ်သစ် လီရှန်းဟိုတယ်ကြီး၏ ဒုတိယအများဆုံး ရှယ်ယာဝင်တစ်ယောက်လည်း ဖြစ်ပြီး ရှယ်ယာ ၅ ပုံတစ်ပုံကိုပါ ပိုင်ဆိုင်ထားသည်။
ဒါက အပြင်ပိုင်းမှာ တွေ့နိုင်သော အရာများသာဖြစ်ကြပြီး ဒီနေ့ တွေ့ဆုံလိုက်သောအခါမှ ပို၍ ကြောက်ဖို့ကောင်းသော အမှန်တရားကို သိခဲ့ကြရပါသည်။
လင်းဖန်က ယွင်ဟန်နည်းပညာ၏ ဘော့စ်ကြီးတစ်ယောက်လည်း ဖြစ်နေပါသည်။ နည်းပညာ အဆောက်အဦးက အထပ် ၇ ထပ်ကို ပုံသေစျေးဖြင့် ဝယ်ယူခဲ့၏။ ယွမ် ၃.၈ ဘီလီယံ တန်ကြေးရှိပါသည်။
အပြင်ဘက်က အချက်အလက်များစွာနဲ့တင် အခုရှိနေသော ဘော့စ်ကြီးများကို လင်းဖန်အား လေးစားသွားစေပါသည်။ လင်းဖန်က ငယ်ရွယ်သည်။ သို့သော် အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်တောင် ဖြစ်နေပါပြီ။