← Chapters

အခန်း(၅၃) စားသောက်ပွဲ

Vol. 4 Ch. 53

အခန်း(၅၃) စားသောက်ပွဲ

Vol. 4 Ch. 53

အခန်း(၅၃) စားသောက်ပွဲ

နည်းပညာအဆောက်အဦးမှာ ရှန်ဟိုင်းမြို့တွင် အလွန်အမင်း စျေးကြီးသော နေရာတစ်ခုဖြစ်၏။ ထို့အပြင် ဒီက လာရောက်လာပတ်သူနှုန်းကလည်း အလွန်မြင့်မားပြီး စျေးကွက်လည်း ကျယ်ပြန့်သည်။

နည်းပညာအဆောက်အဦးက အထပ် ၇ ထပ်ကို ဝယ်လိုက်လျှင် စုစုပေါင်း ၃.၈ ဘီလီယံ ကုန်ကျသည်။

ယွင်ဟန်နည်းပညာအပါအဝင် စားသောက်ပွဲမှ လူများက ဘီလီယံများစွာ သို့မဟုတ် ဘီလီယံကျော် တန်ဖိုးရှိသည့် ကုမ္ပဏီများမှ ဖြစ်ကြသော်လည်း ထိုကုမ္ပဏီများ တစ်ခေါက်တည်းနဲ့ ၃.၈ ဘီလီယံကို ထုတ်ဖို့ မဖြစ်နိုင်လှပါ။

ထိုအချိန်တွင် လင်းဖန်က နည်းပညာ အဆောက်အဦး၏ အထပ် ၇ထပ်ကိုပင် ဝယ်ယူနိုင်ခဲ့ပြီး ပိုင်ရှင်သစ် ဖြစ်လာခဲ့သည်။

အားလုံး၏ အမြင်တွင် လင်းဖန်၏ အာဏာနှင့် အဆင့်အတန်းက သူတို့ထက် အများကြီး သာလွန်နေပါပြီ။

အမှန်ပင် လင်းဖန်၏ ပိုင်ဆိုင်မှု အားလုံးကို ပေါင်းလိုက်သောအခါ ၄ ဘီလီယံကျော်သွားပါသည်။

အဓိကအချက်ကတော့ လင်းဖန် ဒီလောာက် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အောင်မြင်မှုတွေရနေတာပင်။

ဖော်ပြဖို့ နည်းလမ်းတစ်ခုခုရှိပါက သူရဲကောင်းဆိုတာ လူငယ်များသာ ဖြစ်တတ်ကြသည်ဟု ဆိုနိုင်ပါသည်။

ကျန်းကျင်းရှို့၏ ဦးဆောင်မှုအောက်တွင် ဒီစားသောက်ပွဲကို ကျင်းပခဲ့သူလည်းဖြစ်၊ ယွင်ဟန်နည်းပညာ၏ ဘော့စ်ကြီးလည်း ဖြစ်သူက လင်းဖန်ဘေးသို့ ရောက်လာခဲ့သည်။

"လင်းဖန် တွေ့ရတာ ဝမ်းသာပါတယ်။ ကျုပ်က ယွင်ချမ့်ပါ။ ယွင်ဟန်နည်းပညာရဲ့ ဥက္ကဌကြီးပေါ့။ ယွင်ဟန်နည်းပညာနဲ့ ပူးပေါင်းဖို့အတွက် ကြိုဆိုပါတယ်ဗျာ" ယွင်ချမ့်က လက်ကမ်းပေးလိုက်သည်။

ယွင်ချမ့်က အသက် ၅၀ ဝန်းကျင် ရှိနေပြီး အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက် ဖြစ်ပါသည်။ ယွင်ဟန်နည်းပညာ၏ စျေးကွက်တန်ဖိုးကလည်း အလွန်မြင့်မားသည်။ ထို့အပြင်း ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှု အမြင်ကလည်း ကျယ်ပြန့်၏။ အားလုံးက ယွင်ချမ့်၏ အစွမ်းအစကြောင့်ပဲ ဖြစ်ပါသည်။

"ဟယ်လို ကျွန်တော်က လင်းဖန်ပါ" လင်းဖန်က လက်ဆွဲနှုတ်ဆက်လိုက်ပြီး ယွင်ချမ့်ကို ကြည့်လိုက်ပါသည်။

ယွင်ချမ့်၏ ပြုမူလှုပ်ရှားပုံက အလွန်တက်ကြွနေပါသည်။ လင်းဖန်ကို ပခုံးပုတ်ပေးလိုက်ပြီး စားသောက်ပွဲက တခြားလူတွေကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "အားလုံးပဲ ဒါက ယွင်ဟန်နည်းပညာက ဖိတ်ကြားထားတဲ့ ဂုဏ်သရေရှိ ဧည့်သည်ပါ။ သူက ကျုပ်တို့ကို နည်းပညာအဆောက်အဦးရဲ့ အထပ် ၇ ထပ်ကိုတောင် ငှားရမ်းပေးခဲ့တဲ့ ဘော့စ်ကြီးတစ်ယောက်ပေါ့။ လင်းဖန်လို့ ခေါ်ပါတယ်"

လူအများစုက ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။ သူတို့ မတ်တပ်ရပ်လိုက်ကြပြီး ဝိုင်ခွက်များကို ကိုင်မြောက်ကာ လင်းဖန်နားသို့ လမ်းလျှောက်လာကြသည်။

"ဟယ်လို မစ်စတာလင်းဖန် ကျုပ်က လျို့ပေါင်းပါ။ ဟွာယွဲ့ရဲ့ ဥက္ကဌပေါ့"

"ဟယ်လို မစ်စတာလင်း ကျွန်တော်က ရွှေခေတ်ကေတီဗီရဲ့ ဥက္ကဌ လင်းဟူပါ"

"ဟယ်လို မစ်စတာလင်း။ ဟွာဝေးနည်းပညာ ဒုဥက္ကဌ လျို့ချမ်းလို့ ခေါ်ပါတယ်"

"ဟယ်လို မစ်စတာလင်း ကျွန်တော်က လင်းပေလို့ခေါ်ပါတယ်...."

"ဟယ်လို မစ်စတာလင်း ကျွန်မက ခေတ်သစ်လီရှန်းဟိုတယ်ရဲ့ ဥက္ကဌ ယန်ရွှယ်ပါ"

ဘော့စ်များစွာက လင်းဖန်နှင့် လက်ဆွဲနှုတ်ဆက်ကြပြီး နွေးထွေးစွာ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးလိုက်ကြပါသည်။

ထိုလူများက ရှန်ဟိုင်းတွင် နာမည်ကြီးသော စီးပွားရေး လုပ်ငန်းရှင်များဖြစ်ကြပြီး နိုင်ငံတစ်ဝှမ်းလုံးမှာတောင် နာမည်ကြီးပါသည်။ ၎င်းတို့၏ ပိုင်ဆိုင်မှုများက ယွမ်သန်း ရာချီပြီး ရှိသည်။

သို့သော်လည်း ထိုစီးပွားရေးလုပ်ငန်းရှင်များက လင်းဖန်၏ အရှေ့မှာတော့ ယဥ်ကျေးစွာ ပြုမူနေကြပါသည်။ သူတို့က လင်းဖန်ကို လျစ်လျူမရှုရဲကြပါ။

လင်းဖန်က အလွန့်ကို သာမန်ဆန်ဆန် ဝတ်စားလာသည်။ သို့သော်လည်း ဒီလိုပွဲတော်မျိုးသို့ တက်ရောက်လာနိုင်သည်ဆိုကတည်းက ဘယ်သူကများ လင်းဖန်ကို အထင်သေးနိုင်မည်နည်း။

နည်းပညာ အဆောက်အဦး၏ အထပ် ၇ ထပ်ဆိုတာ လူတိုင်း ဝယ်ယူနိုင်တာမျိုး မဟုတ်ပါဘူး။

အထူးသဖြင့် ယန်ရွှယ်ဖြစ်ပါသည်။ သူမရှေ့က လင်းဖန်ကို မြင်သောအခါ လေးစားမှုများဖြင့် ပြည့်နှက်နေခဲ့၏။

လင်းဖန်က ခေတ်သစ်လီရှန်းဟိုတယ်ကြီး၏ ဒုတိယအများဆုံး ရှယ်ယာဝင်လည်း ဖြစ်သည်။ သို့သော် လင်းဖန် တစ်ခါမှ ကုမ္ပဏီကို မလာခဲ့ဖူးပါ။ သူမနဲ့ ဆုံတွေ့ဖို့ကိုပင် ငြင်းဆန်ခဲ့ဖူးပါသည်။

ဒီစားသောက်ပွဲကြောင့်သာ မဟုတ်ပါက ယန်ရွှယ်တစ်ယောက် လင်းဖန်ကို တွေ့ရလိမ့်မည်မဟုတ်ပေ။

ယန်ရွှယ်က အနည်းငယ်တော့ ထိတ်လန့်နေသေး၏။ လင်းဖန်တစ်ယောက် ဘာကြောင့် ကုမ္ပဏီကို သွားမကြည့်တာလဲ သူမ နားလည်သွားခဲ့ရပါသည်။

လင်းဖန်က နည်းပညာအဆောက်အဦး၏ အထပ် ၇ ထပ်ကို ဝယ်ယူဖို့ ယွမ် ၃.၈ ဘီလီယံကို ချွေးမထွက်ဘဲ ထုတ်သုံးနိုင်သည့် လူမျိုးဖြစ်ပါသည်။

တစ်နည်းအားဖြင့် လင်းဖန်၏ အိတ်ထဲတွင် ခေတ်သစ်လီရှန်းဟိုတယ်ကြီးတစ်ခုလုံး၏ စုစုပေါင်း စျေးကွက်တန်ဖိုးထက် ပိုမိုများပြားသော ပိုက်ဆံများ ရှိနေလောက်သည်။

လင်းဖန်က ထိုင်လိုက်ပြီး ဝိုင်နည်းနည်း သောက်လိုက်ပါသည်။ ဒီက ဝိုင်နီများက တော်တော်လေး အရသာရှိသည်ဆိုတာကိုတော့ ဝန်ခံရပါမည်။

သို့သော်လည်း လင်းဖန် အာရုံစိုက်မှုများ၏ ဗဟိုဖြစ်လာတာ သိသာပါသည်။

စီးပွားရေးလုပ်ငန်းရှင်များစွာက လင်းဖန်ကို လာကြည့်ကြပြီး ရင်းနှီးအောင် လုပ်ကြသည်။ ဒါက အဆက်အသွယ်များ၏ အလုပ်လုပ်ပုံ ဖြစ်သည်။

ထိုစီးပွားရေး လုပ်ငန်းရှင်များအတွက် ၎င်းတို့၏ အဆက်အသွယ်က ပိုမိုကျယ်ပြန့်လေလေ သူတို့အတွက် အကျိုးကျေးဇူး ပိုရလာလေလေ ဖြစ်သည်။ အမှန်ပင်။ ဒီစားသောက်ပွဲကြီးကလည်း ယဥ်ကျေးမှုအရသာဖြစ်သည်။ ဘော့စ်များစွာက အတူတူ ထိုင်ကြပြီး ပူးပေါင်းလုပ်ဆောင်မှုများ၏ အခွင့်အလမ်းနှင့် ဦးတည်ချက်များကိုသာ ဆွေးနွေးတတ်ကြသည်။

"မစ်စတာလင်း မင်းကငယ်ရွယ်ပေမယ့် အောင်မြင်မှုတွေက ကြီးမားတာပဲ။ မင်းမှာ နည်းပညာအဆောက်အဦးရဲ့ အထပ် ၇ ထပ်ကိုလည်း ပိုင်ဆိုင်ထားတယ်။ မင်းကို မနာလို ဖြစ်နေတဲ့ လူတွေ ဘယ်လောက်များမလဲ ငါမသိတော့ဘူး" ယွင်ချမ့်က ထိုင်လိုက်ပြီး လင်းဖန်ကို ကြည့်ကာ ပြုံးလိုက်ပါသည်။

"မဟုတ်တာ မစ်စတာယွမ် ခင်ဗျားကလည်း အရမ်း အစွမ်းအစရှိတဲ့ လူတစ်ယောက်ပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းကစပြီး ယွင်ဟန်နည်းပညာရဲ့ တိုးတက်မှုက အရမ်းမြန်ဆန်ပါတယ်။”

လင်းဖန်က ယွင်ချမ့်နဲ့ ဖန်ခွက်ချင်းတိုက်ရင်း ပြုံးကာ ပြောလိုက််ပါသည်။

"ဟားဟား အရမ်းယဥ်ကျေးနေပြန်ပါပြီ မစ်စတာလင်းရယ်။ မင်းမှာ လိုအပ်တာရှိရှိ အခက်အခဲပဲရှိရှိ ငါ့ကိုပြောလို့ရပါတယ်"

"ငါလုပ်နိုင်တာဆိုရင် သေချာပေါက် မင်းကို ကူညီပေးဖို့ လုပ်ပေးမယ်" ယွင်ချမ့်က ဝိုင်နှစ်ခွက် သောက်လိုက်ပြီး လင်းဖန်ကို ကြည့်ရင်း ရင်ဘတ်ပုတ်ပြလိုက်ပါသည်။

"ဟုတ်ကဲ့ပါ ဒါဆို ကျွန်တော်အားမနာတော့ဘူး။ ကျွန်တော့်မှာ အခက်အခဲရှိရင် ကျွန်တော် လာရှာပါ့မယ်" လင်းဖန်က ပြုံးပြလိုက်၏။

ဒီလို စိတ်အားထက်သန်မှုရှိသည့် ယွင်ချမ့်နှင့် ရင်ဆိုင်ရသောအခါ လင်းဖန် ငြင်းဆန်နေဖို့ မလိုပါ။ စီးပွားရေးလောကတွင် အရေးအကြီးဆုံးက ရန်သူမတိုးပွားအောင် လုပ်ဖို့ဖြစ်သည်။

လင်းဖန်က မိတ်ဆွေနည်းနည်းလောက် ပိုရလျှင် ဝမ်းသာပါသည်။ ထို့အပြင် ယွင်ဟန်နည်းပညာကလည်း စျေးကွက်တန်ဖိုးမြင့်မားသည့် ကုမ္ပဏီကြီးတစ်ခုဖြစ်ကာ ဖွံ့ဖြိုးတိုးတက်မှုကလည်း မဆိုးလှပေ။

"ဟားဟား ဟုတ်တာပေါ့။ ကျန်တာအားလုံးတော့ အာမမခံနိုင်ပေမယ့် မင်းရဲ့အခက်အခဲတွေကို အကောင်းဆုံးကူညီဖြေရှင်းပေးသွားမှာပါ" ယွင်ချမ့်က နောက်ထပ် ဝိုင်တစ်ငုံ သောက်လိုက်သည်။ လင်းဖန်ရှေ့မှာ သိပ်ပြီး ထိန်းထိန်းသိမ်းသိမ်း မနေပါ။

"လာပါ နောက်တစ်ခွက် သောက်ပါဦး" ယွင်ချမ့်က ပြုံးကာ ပြောလိုက်သည်။

ယွင်ချမ့်၏ မျက်လုံးထဲတွင် လင်းဖန်မှာ သေချာပေါက် ဖားဖို့ တန်ပါသည်။

လင်းဖန်နှင့် နီးအပ်အောင် နေနိုင်ပါက ယွင်ဟန် နည်းပညာအတွက် အလွန် အကျိုးကျေးဇူး ရှိစေပါလိမ့်မည်။

အခက်အခဲတစ်ခုခု ရှိလာခဲ့ပါက သူတို့ အချင်းချင်း ကူညီနိုင်သည်။

နောက်ပိုင်းတွင် ယွင်ဟန်နည်းပညာ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လင်းဖန်၏ အကူအညီကို လိုအပ်လာနိုင်သည်။

သုံးခွက်လောက် သောက်ပြီးသွားသောအခါ လင်းဖန်နှင့် ယွင်ချမ့်တို့ တဖြည်းဖြည်းနဲ့ ရင်းနှီးလာခဲ့ကြပါသည်။

"ငါမင်းကို သူစိမ်းဆန်မနေတော့ပါဘူး။ ငါက မင်းထက် အသက်ကြီးတယ်ဆိုတော့ နောက်ကို ညီလေးလင်းလို့ပဲ ခေါ်တော့မယ်" ယွင်ချမ့်က ပျော်ရွှင်စွာ ပြောလိုက်ပါသည်။

"အစ်ကိုကြီး ဒီလို ပြောမှပဲ ကျွန်တော်မေးစရာရှိတယ် အစ်ကိုကြီးယွင်" လင်းဖန်ကလည်း ယွင်ချမ့်ကို သူစိမ်းလို မဆက်ဆံပါ။

"ဘာဖြစ်လို့လဲ ညီလေး ငါ့ကိုသာ ပြောစမ်းပါ" ယွင်ချမ့်က ရယ်မောလိုက်၏။

"ကျွန်တော် မကြာသေးခင်ကမှ ဇာတ်ညွှန်းတစ်ခု ရေးထားတယ်။ တီဗီဒရမ်မာတစ်ကားအဖြစ် ဇာတ်ညွှန်းတစ်ခုကို ပြန်လည် ပြောင်းလဲရိုက်ကူးတဲ့အခါ ဘာကို ဂရုစိုက်သင့်သလဲ"

လင်းဖန်က ဒီလောကနဲ့ သိပ်ပြီးမရင်းနှီးပါ။ ရှားဝမ်ချွေ့ကို မေးလို့ရသော်လည်း ထိုကြောင်မလေးက အလုပ်များနေသည်။

"ညီလေးလင်း မင်းက ဇာတ်ညွှန်းတောင် ရေးတတ်တယ်လား။ မင်းက တကယ် ထူးချွန်တာပဲ။ မင်းမေးတာ လူမှန်တယ်။ ဇာတ်ညွှန်းတစ်ခုအတွက် ပထမဆုံးနဲ့ အရေးအကြီးဆုံးက မူပိုင်ခွင့်ပဲ။"

"ဒုတိယက မင်းရဲ့ ဇာတ်ညွှန်းတွေကို တင်သွင်းဖို့ အဆက်အသွယ်တွေပဲ။ ကုမ္ပဏီတစ်ခုက မင်းရဲ့ဇာတ်ညွှန်းကို မြင်သွားမယ်ဆိုရင် သူတို့ ပိုက်ဆံပေးဝယ်လိမ့်မယ်။ ငါ့မှာလည်း အဆက်အသွယ်တချို့ရှိတယ်။ ငါမင်းကို နည်းနည်း မိတ်ဆက်ပေးမယ်လေ။ ယွဲ့ဟွာအင်တာတိန်းမန့်၊ ကျားရှင်းအင်တာတိန်းမန့်၊ ဂျွိုင်းမီဒီယာ အဲ့ဒီကုမ္ပဏီသုံးခုက မဆိုးဘူး" ယွင်ချမ့်က ပြုံးကာ ပြောလိုက်ပါသည်။

"ဟုတ်ကဲ့ပါ ဒါဆိုလည်း မူပိုင်ခွင့်စာရင်းသွင်းပြီးရင် အစ်ကိုကြီးကို ဒုက္ခပေးရဦးမှာပေါ့ဗျာ" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

ယွင်ချမ့်သိသည့် ကုမ္ပဏီသုံးခုတွင် ရှားဝမ်ချွေ့ကလည်း ယွဲ့ဟွာတွင်ရှိနေသည်။

လင်းဖန်က ရှားဝမ်ချွေ့ကို တိုက်ရိုက်သွားတွေ့လို့ရသော်လည်း ကုမ္ပဏီထဲတွင် မကောင်းသတင်း ထွက်ရှိနိုင်ပြီး ရှားဝမ်ချွေ့အတွက်ကောင်းမှာ မဟုတ်ပေ။ ထို့အပြင် လင်းဖန်က သူရေးသားထားသည့် ဇာတ်ညွှန်းကို အလွန်ယုံကြည်ချက် ရှိပါသည်။

ထိုကုမ္ပဏီသုံးခုထဲမှ တစ်ခုခုက ဇာတ်ညွှန်းကို ဝယ်ချင်ပြီး အချင်းချင်း ပြိုင်ဆိုင်ကြပါက လင်းဖန် ငွေဆုံးရှုံးမှာ မဟုတ်ပါ။

ကုမ္ပဏီတစ်ခုက ဇာတ်ညွှန်းကို ဝယ်ချင်ပြီဆိုတာနဲ့ ဇာတ်ညွှန်းအတွက် အဓိက အမျိုးသမီး ဇာတ်ဆောင်မှာ ရှားဝမ်ချွေ့ဖြစ်လိမ့်မည်ဆိုတာကို လင်းဖန် ယုံကြည်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ဒီဇာတ်ညွှန်းထဲက အမျိုးသမီးဇာတ်လိုက်မှာ ရှားဝမ်ချွေ့အတွက် သီးသန့်ရေးသားထားသောကြောင့်ဖြစ်ပါသည်။

All Chapters