အခန်း(၅၅) ရှားဝမ်ချွေ့က အမျိုးသမီးဇာတ်လိုက် လုပ်တော့မယ်
Vol. 4 Ch. 55
အခန်း(၅၅) ရှားဝမ်ချွေ့က အမျိုးသမီးဇာတ်လိုက် လုပ်တော့မယ်
ထျန်ကျန်း : "ကောင်းတာပေါ့ ဝမ်ချွေ့။ ဒီဒရမ်မာထဲမှာ အမျိုးသမီးဇာတ်လိုက်အဖြစ် ရိုက်လိုက်တာနဲ့ အရင်တုန်းကထက် နင်ပိုပြီး နာမည်ကြီးလာလိမ့်မယ်။"
ရှားဝမ်ချွေ့ : "မစ်စတာထျန်ကျန်းကော ဒီဇာတ်ညွှန်းကို ဘယ်လိုသဘောရလဲ"
ထျန်ကျန်း : "ပြောဖို့လိုသေးလား။ ဒီလောက်ထိကောင်းတဲ့ ဇာတ်ညွှန်းကို မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒီဇာတ်ညွှန်းကို ရေးတဲ့လူက သေချာပေါက် မာစတာအဆင့်ရှိတဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ပဲ ဖြစ်ရမယ်။"
ရှားဝမ်ချွေ့ : "ကျွန်မလည်း အဲ့လိုပဲထင်တယ်"
ရှားဝမ်ချွေ့ : "မစ်စတာထျန်ကျန်း ဒီဇာတ်ညွှန်းက တကယ်ကောင်းပါတယ်။ ဒါပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက်မချခင် အမျိုးသားဇာတ်လိုက်ကို ကျွန်မ မြင်ချင်တယ် အဆင်ပြေလား။"
ထျန်ကျန်း : "ဟားဟား ကိစ္စမရှိပါဘူး။ ဘယ်အမျိုးသားဇာတ်လိုက်နဲ့ပဲ ရိုက်ချင်ရိုက်ချင် စီအီးအိုလီက သေချာပေါက် စီစဥ်ပေးပါလိမ့်မယ်။ နင်ရုပ်ရှင်မရိုက်တာ တစ်နှစ်ကျော်နေပြီ။ ဒီဒရမ်မာ အင်တာနက်တစ်ခုလုံးမှာ နာမည်ကြီးလာပါစေဗျာ။"
ရှားဝမ်ချွေ့ : "ကျေးဇူးတင်ပါတယ် မစ်စတာထျန်ကျန်း"
ထျန်ကျန်း : "ဒီသတင်းကို လျှို့ဝှက်ထားမှတော့ ဖြစ်မယ်။ ကုမ္ပဏီက နင့်ကိုဘက်လိုက်တယ်လို့ တခြားသူတွေ ခံစားသွားလို့မဖြစ်ဘူး။ အချိန်ကျရင် လူတွေအများကြီးက အမျိုသမီးဇာတ်လိုက်အတွက် စာရင်းပေးကြလိမ့်မယ်။ ကုမ္ပဏီက လုပ်ငန်းစဥ်တွေများကြီး ကျော်ဖြတ်ပြီးမှ နင့်ကို ရွေးလိမ့်မယ်။ နင်က ဇာတ်ညွှန်းအတွက် တိုက်ခိုက်ဖို့ပဲလိုအပ်တယ်"
ရှားဝမ်ချွေ့ : "ဟုတ်ကဲ့ နားလည်ပါပြီ"
ရှားဝမ်ချွေ့က ထိုင်ခုံကို မှီထိုင်လိုက်ပြီး ရုတ်တရက် စိတ်အေးသွားခဲ့ပါသည်။
နောက်ဆုံးတော့ ဇာတ်ညွှန်းတစ်ခု ရခဲ့ပြီး အမျိုးသားဇာတ်လိုက်ကလည်း လင်းဖန်ဖြစ်လိမ့်မည်။
ရှားဝမ်ချွေ့ မျှော်လင့်နေမိပါသည်။ ထိုငတုံးကောင်က ဘယ်လိုသရုပ်ဆောင်ရမလဲ မသိသေးပါ။ သူမနဲ့ အကြင်နာပေးခန်း ရိုက်ကူးနေတုန်း အမှား ၁၀ ခါလောက် တကယ် လုပ်လိုက်ပါက...
ထိုသို့တွေးမိရင်း ရှားဝမ်ချွေ့ ပြုံးလိုက်မိပါသည်။
သို့သော်လည်း အကြင်နာပေးခန်းတစ်ခန်းကို ဘယ်လိုရိုက်ရသလဲ သူမ မသိသေးပါ။
သူမ၏ သရုပ်ဆောင်စွမ်းရည်များက ဘယ်လောက်ပဲ ကောင်းကောင်း၊ အကြင်နာပေးခန်း တစ်ခန်း ရိုက်ကူးရခြင်းက ခြားနားပါသည်။ အရင်တုန်းက တစ်ခါမှ မတွေ့ကြုံဖူးခဲ့ပါ။
ရှားဝမ်ချွေ့၏ မျက်နှာလေး နီရဲလာပြန်ပါသည်။
လင်းဖန်နမ်းတာကို ၁၀ ကြိမ်ကျော် ခံရနိုင်ပြီး လူအများကြီး၏ ရှေ့မှာလည်း ဖြစ်နေသည်။ ဒါက အလွန် ရှက်ဖို့ကောင်းပါသည်။
တစ်ဖက်တွင် စုရှောင်းယွီလည်း ထိုဇာတ်ညွှန်းကို ရရှိခဲ့ပါသည်။
ထျန်ကျန်း "ရှောင်းယွီ ကြည့်ပါဦး။ ဒီဇာတ်ညွှန်းကို ဘယ်လိုသဘောရလဲ။"
စုရှောင်းယွီ "အာဝူး~ မစ်စတာထျန်ကျန်း ဒီဇာတ်ညွှန်းက အရမ်းကောင်းတာပဲ။ စာရေးဆရာက ဘယ်သူလဲ။"
ထျန်ကျန်း "စာရေးဆရာကိုတော့ မတွေ့ဖူးသေးဘူး။ ကုမ္ပဏီက သူနဲ့ ဆက်သွယ်နေတယ်။"
စုရှောင်းယွီ "မစ်စတာထျန်ကျန်း ဘက်လိုက်လို့မရဘူးနော်။ ကျွန်မလည်း ဇာတ်ကောင်နေရာ လိုချင်တယ်။ အစ်မဝမ်ချွေ့အတွက်ပဲ နေရာချန်ထားပေးလို့ မရဘူး။ အစ်မဝမ်ချွေ့နဲ့ ကျွန်မတို့က ဒရမ်မာ တစ်ကားထဲမှာ အတူတူ ထပ်ပြီး သရုပ်ဆောင်ကြဦးမှာနော်။"
ထျန်ကျန်း "ဟားဟား စိတ်မပူပါနဲ့ ကျန်တဲ့ ဇာတ်ညွှန်းအပိုင်းတွေ ထွက်လာမှ ဆုံးဖြတ်လည်း နောက်မကျလောက်သေးပါဘူး"
စုရှောင်းယွီ "Cute.jpg"
စုရှောင်းယွီ "မစ်စတာထျန်ကျန်းက အတော်ဆုံးပဲ။ ရှောင်းယွီ မစ်စတာထျန်ကျန်းကို ကျေးဇူးတင်ပါတယ်~"
ထျန်ကျန်းက သဘောကောင်းစွာ ပြုံးလိုက်ပါသည်။ ဇာတ်ညွှန်းကောင်းကောင်းကို ရှာဖို့ ယွဲ့ဟွာအင်တာတိန်းမန့်မှာ သူအလုပ်လုပ်နေတာပဲ မဟုတ်လား။
အထူးသဖြင့် ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့မှာ ရှားဝမ်ချွေ့က ရုပ်ရှင်မရိုက်တာ တစ်နှစ်လောက် ရှိနေပြီး စုရှောင်းယွီကလည်း နှစ်ဝက်လောက် ရှိနေပါပြီ။
စုရှောင်းယွီက တီဗီဒရမ်မာတစ်ကားတွင်သာ သရုပ်ဆောင်ခဲ့ဖူးပြီး ရှားဝမ်ချွေ့နဲ့အတူတူ ထိုဒရမ်မာတွင် အတူတူ သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သူမ၏ ရေပန်းစားမှုက ကုမ္ပဏီထဲက အမျိုးသမီးသရုပ်ဆောင်များအကြားတွင် ဒုတိယနေရာကို ရောက်နေပါပြီ။
ဒီဒရမ်မာက ကောင်းလွန်း၏။ ပါဝင်သည့် ဇာတ်ကောင်များကလည်း အလွန်ကောင်းသည်။ ဒီလိုအခွင့်အရေးမျိုးကို သေချာပေါက် စုရှောင်းယွီကိုသာ ပေးသင့်ပါသည်။
ယွဲ့ဟွာအင်တာတိန်းမန့်မှ ထိပ်တန်း အမျိုးသမီးသရုပ်ဆောင်နှစ်ယောက် ပါဝင်နေသည့် ဒရမ်မာတစ်ကားမှာ သေချာပေါက် စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မည်။
ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့၏ သဘောတူမှုကို ရရှိပြီးနောက် ထျန်ကျန်းက ရှုယန်ကိုသွားတွေ့သည်။
ဘာပဲဖြစ်ဖြစ် ထျန်ကျန်း၏ အမြင်မှာတော့ လင်းဖန်ကို မသိသေးပေ။
ဒီရုပ်ရှင်တွင် အမျိုးသားဇာတ်လိုက်အဖြစ် လူများစွာ ရိုက်ကူးနိုင်သည်။
အဓိကဇာတ်လိုက်၏ ဇာတ်ကောင်စရိုက်က ထက်မြက်ပြီး ဖြောင့်မတ်သည်။ အရေးအကြီးဆုံးက ချောမော၏။ စာရေးဆရာလောက် ချောမောသည့်လူဆို အဆင်ပြေပါပြီ။
ရှုယန်က ဒီတောင်းဆိုချက်အား သိသိသာသာ သဘောကျပါသည်။
ရှားဝမ်ချွေ့ နောက်ဆုံးမှာ ငြင်းမလား မငြင်းမလားဆိုတာကတော့ ထျန်ကျန်းနှင့် မသက်ဆိုင်ပေ။
ထျန်ကျန်း "ရှုယန် ဇာတ်ညွှန်းကို ဘယ်လိုသဘောရလဲ"
ရှုယန် "ဇာတ်ညွှန််းက အရမ်းကောင်းပါတယ်။ နှုန်းကလည်း သိသာတယ်။ ဇာတ်ကွက်က မြန်တယ်။ ပဋိပက္ခက အားကောင်းတယ်။ အမျိုးသားနဲ့ အမျိုးသမီးဇာတ်လိုက်တို့ကြားက ဆက်ဆံရေးကလည်း အရမ်းသန်မာတယ်။ လတ်တလော နှစ်တွေထဲ တွေ့ခဲ့သမျှထဲမှာ အကောင်းဆုံးဇာတ်ညွှန်းပါပဲ"
ထျန်ကျန်း "ဒီဒရမ်မာထဲမှာ မင်းသရုပ်ဆောင်ချင်လား။ ကုမ္ပဏီက မကြာခင် ဝယ်တော့မှာ။ ဒီဇာတ်ညွှန်းရဲ့ စာရေးဆရာက စာရေးအရမ်းတော်တာပဲ။ ငါတောင် အံ့သြရတယ်။"
ရှုယန် "မစ်စတာထျန်ကျန်း ခင်ဗျားစီစဥ်ထားတဲ့ ဇာတ်ကောင်တွေက အရမ်းကောင်းတာပဲ။ ဒီဒရမ်မာ သေချာပေါက် ရေပန်းစားလာမှာပါ။"
ထျန်ကျန်း "ဟားဟား မင်းက ကျိုးနွံတတ်လိုက်တာကွာ။ ဇာတ်ညွှန်းက ဘယ်လောက်ပဲ ကောင်းကောင်း မင်းလို ကြိုးစားတဲ့ သရုပ်ဆောင်တွေမရှိရင် တန်ဖိုးကို ပြသနိုင်မှာ မဟုတ်ဘူး။"
ရှုယန် "စကားမစပ် ဒီဒရမ်မာကို ဝမ်ချွေ့ကို ပြကြည့်ပြီးပြီလား။ အမျိိုးသားနဲ့ အမျိုးသမီးဇာတ်လိုက်အကြား အကြင်နာပေးခန်းတွေပါပေမယ့် ဒီဒရမ်မာကို ဝမ်ချွေ့ကို ပေးမှဖြစ်မယ်နော်။ သူက ဒီထဲက အမျိုးသမီးဇာတ်လိုက်နဲ့ အရမ်းလိုက်ဖက်တယ်။ တကယ်အဆင်မပြေရင် အမျိုးသားဇာတ်လိုက်ရဲ့ ညီမလေးနေရာက ရိုက်ခိုင်းလိုက်ပေါ့။ အဲ့တာဆို သူအကြင်နာပေးခန်း ရိုက်စရာမလိုတော့ဘူး။ ဝမ်ချွေ့က ဇာတ်ညွှန်းမရှိဘဲနေလို့ မရတော့ဘူးလေ"
ထျန်ကျန်း "ငါပြောပြီးပါပြီ။ သူက အမျိုးသမီးဇာတ်လိုက်နေရာက ရိုက်ချင်ပါတယ်တဲ့"
ရှုယန် "ဟုတ်ကဲ့ နားလည်ပါပြီ"
ရှားဝမ်ချွေ့ အချစ်ရေးဇာတ်ဝင်ခန်းရိုက်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဇာတ်ဝင်ခန်းတွေလည်း အများကြီး ရိုက်ရမည်။
ဒီဒရမ်မာ၏ ပြောင်မြောက်လှသော ဇာတ်ညွှန်းနှင့် ပေါင်းစပ်လိုက်သောအခါ ဒီဒရမ်မာ အလွန်အမင်း ရေပန်းစားလာမှာ အသေအချာပဲဖြစ်သည်။
ရုပ်ရှင်ရိုက်ကူးခြင်း ပြီးဆုံးသွားတာနဲ့ လူဘယ်လောက်တောင် သဘောကျမလဲ မပြောနိုင်ပါ။
ထို့အပြင် အမျိုးသားနှင့် အမျိုးသမီးဇာတ်လိုက်တို့က အကြင်နာပေးခန်းတစ်ခန်းပင် ရိုက်နိုင်သည်။ ဒါ ရှုယန်မျှော်လင့်စောင့်စားနေတာဖြစ်ပါသည်။
အရေးအကြီးဆုံးက ဒီဒရမ်မာထွက်လာတာနဲ့ ရှားဝမ်ချွေ့တစ်ယောက် ကုမ္ပဏီ၏ ဖိအားပေးမှုကို ခံရမည် မဟုတ်တော့ပေ။
ရှုယန် ပျော်ရွှင်သွား၏။
ရှားဝမ်ချွေ့က အမျိုးသမီးဇာတ်လိုက်ဆိုတော့ သူက...
ဒီဇာတ်ညွှန်းကို ရေးသားသည့် စာရေးဆရာမှာ ဉာဏ်ကြီးရှင်လေးဖြစ်ရမည်။
ရှုယန်က လုံးဝ အံ့အားသင့်ကာ ကျေးဇူးတင်နေပါသည်။
သူသေချာပေါက် ဇာတ်ညွှန်းထဲက အမျိုးသားဇာတ်လိုက်နေရာအတွက် တိုက်ခိုက်နိုင်ပါလိမ့်မည်။
"လင်းဖန် လင်းဖန် အစကတော့ မင်းကို ကုမ္ပဏီလာပြီး အတူတူသရုပ်ဆောင်ခိုင်းချင်တာ။ ဒီရုပ်ရှင်မှာ အမျိုးသားဇာတ်လိုက်နေရာအတွက် ငါနဲ့ပြိုင်ချင်ရင် ပြိုင်လို့ရပါတယ်။ ဒါပေမယ့် မင်းက သရုပ်ဆောင်မှမဟုတ်တာ။ ကူညီချင်ရင်တောင် မင်းကို ကူညီပေးလို့ မရဘူး။"
"မင်းက သာမန်စားသောက်ဆိုင်ပိုင်ရှင်ဆိုတာ ငါမယုံဘူး။ မင်းဒီတိုင်းထွက်လာပြီး ငါ့ဆီကနေ အမျိုးသားဇာတ်လိုက်နေရာကို လုယူသွားလို့ရမယ်ထင်နေလား။ အမျိုးသား ဇာတ်လိုက်နေရာက ငါ့အတွက်ကွ။"
"အချိန်တန်ရင် ရှားဝမ်ချွေ့နဲ့ အကြင်နာပေးခန်းရိုက်တဲ့အခါကျရင် တစ်ကိုယ်တည်းသမားတွေကို နာကျင်အောင် လုပ်ဖို့ ခဏခဏ မှားပြမယ်။"
ရှုယန် ဒီလောက်မပျော်ရတာကြာပြီဖြစ်ပါသည်။
လင်းဖန်နှင့် မျှမျှတတ ယှဥ်ပြိုင်ချင််သော်လည်း လင်းဖန်က ယွဲ့ဟွာအင်တာတိန်းမန့်သို့ လာဖို့ ငြင်းဆန်ခဲ့သည်။ သူ့မှာရွေးချယ်စရာ မရှိတော့ပါ။
ဒီလိုအခွင့်အရေးမျိုးကို မယူဖို့ လင်းဖန်ကို ဘယ်သူ ကတွန်းအားပေးခဲ့လို့လဲ။
ရှားတမ်ချွေ့နဲ့ လင်းဖန်တို့၏ ဆက်ဆံရေးက သာမန်မဟုတ်သော်လည်း ရှားဝမ်ချွေ့နဲ့ အတူတူ အလုပ်လုပ်ပြီး အကြင်နာပေးခန်း ရိုက်နိုင်တာ သူတစ်ယောက်တည်း ဖြစ်သည်၊။
ရှုယန် "မစ်စတာထျန်ကျန်း ကျွန်တော် အမျိုးသား ဇာတ်လိုက်နေရာကို ရဖို့ အကောင်းဆုံးကြိုးစားပါ့မယ်"
ထျန်ကျန်း "ဟုတ်ပါပြီ ဒါပေမယ့် အမျိုးသား ဇာတ်လိုက်နေရာအတွက် ရှားဝမ်ချွေ့မှာရွေးပိုင်ခွင့် ရှိတယ်ဆိုတာတော့ မင်းကိုသတိပေးထားရမယ်။ တစ်နည်းအားဖြင့် အမျိုးသား ဇာတ်လိုက် ဘယ်သူ့ကို ထားမလဲဆိုတာ သူရွေးလို့ရတယ်။ သူသာ သဘောမတူရင်,..."
ရှုယန် "ရပါတယ်။ ဝမ်ချွေ့ရိုက်ကူးစရာ ဒရမ်မာရှိရင် ရပါပြီ။ ကျွန်တော် တခြားနေရာတွေကပါလည်း ရတာပဲ။"
ရှုယန်က ရှားဝမ်ချွေ့ကို သရုပ်ဆောင်ရင်း အခွင့်ကောင်းယူမည့်လူမျိုးမဟုတ်ပါ။ သူက အမြဲလိုလို မျှမျှတတ ပြိုင်ဆိုင်တတ်သူဖြစ်၏။ ရှားဝမ်ချွေ့သာ သူ့ကို အမျိုးသား ဇာတ်လိုက်အဖြစ် မရိုက်ကူးစေချင်ပါက သူဘာမှ ပြောမှာမဟုတ်ပါ။
ဒါပေမယ့် တစ်ခုတော့ သေချာသည်။
ထိုအမျိုးသားဇာတ်လိုက်မှာ လင်းဖန်ဖြစ်လို့မရပါ။
ရှားဝမ်ချွေ့ ဘယ်သူနဲ့ပဲ သရုပ်ဆောင်ပါစေ တစ်ကိုယ်တည်းသမားများကို အနိုင်ကျင့်နိုင်သည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အရင်တစ်ခေါက်က သူ့ကို နှိပ်စက်ခဲ့တာပဲမဟုတ်လား။ ရှားဝမ်ချွေ့နဲ့ အမျိုးသားတစ်ယောက်ယောက်သာ အကြင်နာပေးခန်း ရိုက်လိုက်လျှင် လင်းဖန်ကို သေချာပေါက် နှိပ်စက်နိုင်ပါလိမ့်မည်။
ဘာပဲဖြစ်ဖြစ် အမျိုးသား ဇာတ်လိုက်က ဘယ်သူပဲဖြစ်ဖြစ် သူအရှုံးမရှိနိုင်ဘူး မဟုတ်လား။