← Chapters

အခန်း(၅၇) ယွမ် ၁၈.၄ သန်းတန် ဇာတ်ညွှန်း

Vol. 4 Ch. 57

အခန်း(၅၇) ယွမ် ၁၈.၄ သန်းတန် ဇာတ်ညွှန်း

Vol. 4 Ch. 57

အခန်း(၅၇) ယွမ် ၁၈.၄ သန်းတန် ဇာတ်ညွှန်း

ထျန်ကျန်း၏ မျက်လုံးထဲတွင် ဒီဇာတ်ညွှန်းထဲတွင် ရေးသားထားသည့် ဇာတ်လမ်းမှာ စိတ်ဝင်စားဖို့ ကောင်းလွန်းပြီး စျေးကွက်တန်ဖိုးလည်း အလွန်မြင့်မားသည်။

စီအီးအိုလီ၏ မျက်လုံးထဲမှာတော့ ဒီဇာတ်ညွှန်းအပေါ် သုံးသပ်ချက်မှ ထျန်ကျန်းထက်ပင် ပိုမြင့်မားသေးသည်။ ဒီလောက်ထိ စိတ်လှုပ်ရှားဖို့ကောင်းသည့် ဇာတ်ညွှန်းမျိုးမှာ ခေတ်အဆက်ဆက် ရှားပါးခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတွင် ရုပ်သံဒရမ်မာများ၏ တိုးတက်မှုမှာ သိပ်မကောင်းခဲ့ပါ။ အင်တာနက် တစ်ခွင်လုံးတွင် ရေပန်းစားသည့် ရုပ်သံဒရမ်မာ အနည်းငယ်သာ ပေါ်လာခဲ့သည်။ နောက်ဆုံးမှာတော့ ဇာတ်ညွှန်းနဲ့သာ သက်ဆိုင်နေပါသည်။

ထူးချွန်သည့် ဇာတ်ညွှန်းရေးဆရာက ဇာတ်ညွှန်းတစ်ခု၏ ဝိညာဥ်ပဲဖြစ်သည်။

တရုတ်တစ်နိုင်ငံလုံးတွင် ပါရမီက အရေးအကြီးဆုံး အရာဖြစ်ပါသည်။

ပြောင်မြောက်သည့် ပါရမီတစ်ခုက လုပ်ငန်းတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနိုင်ပြီး လုပ်ငန်းတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုက ယဥ်ကျေးမှုတစ်ခုလုံးကို အသီးအပွင့်များ ပွင့်ဖူးစေပါလိမ့်မည်။

လင်းဖန်က ထိုကဲ့သို့ ပါရမီရှင်မျိုးဖြစ်နေပါသည်။

ရှေးလူကြီးများ ပြောခဲ့တာက ဆန်းကြယ်မှုဆိုတာ မရှားပါ။ သို့သော် ဆန်းကြယ်မှုကို အသိအမှတ်ပြု နားလည်နိုင်သူများက ရှားပါးသည်ဟု ဆိုသည်။

ဒီဇာတ်ညွှန်းကို စီအီးအိုလီမြင်လိုက်တော့ လင်းဖန်တွင် အလားအလာရှိကြောင်း သူပြောနိုင်ပါသည်။

ဒီလိုဇာတ်ညွှန်းမျိုးကို ဝယ်ကို ဝယ်ရမည်။

ဒီလိုပါရမီရှင်မျိုးကို သူဆွဲခေါ်ရမည်။

ထို့ကြောင့် ဒီဇာတ်ညွှန်းကို သူအစွမ်းကုန် ဝယ်ယူဖို့ လိုအပ်ပါသည်။

ဒါက စီအီးအိုလီ၏ အမိန့်ဖြစ်ပါသည်။

ဒီလိုအမိန့်မျိုးကို ရရှိပြီးနောက် ယွဲ့ဟွာအင်တာတိန်းမန့်၏ အထက်လူကြီးများက အရေးပေါ် အစည်းအဝေးပွဲတစ်ခုကို အလျှင်အမြန် ကျင်းပခဲ့ပါသည်။

စီအီးအိုလီက စားပွဲ၏ ထိပ်ဆုံးတွင်ထိုင်နေပြီး အားလုံး၏ ပြောစကားများကို နားထောင်နေသည်။ အစည်းအဝေးပွဲထဲတွင် နာမည်ကျော် ဇာတ်ညွှန်းရေးဆရာများစွာနှင့်၊ ရှားဝမ်ချွေ့၊ စုရှောင်းယွီနဲ့ ရှုယန်တို့လိုမျိုး ထိပ်တန်းသရုပ်ဆောင်များလည်းရှိနေပါသည်။

ဒီဇာတ်ညွှန်းကိုရေးသားခဲ့သည့်လူ၏ မျိုးရိုးအမည်မှာ လင်းဖြစ်သည်ဆိုတာကိုသာ သိထားသေးသည်။ ထျန်ကျန်းတောင် လင်းဖန်၏ နာမည်အရင်းကိုမ သိသေးပါ။

"မစ်စတာလင်းရဲ့ ဇာတ်ညွှန်းက တကယ်မဆိုးလှပါဘူး။ ဇာတ်ကောင်တွေရဲ့ စရိုက်က အရမ်းရှင်းလင်းတယ်။ ပြီးတော့လည်း ဝမ်ချွေ့က ခေါင်းဆောင်မင်းသမီးလုပ်ချင်တယ်ဆိုတော့ ကျုပ်တို့ 'ဘဝရဲ့ပျော်ရွှင်မှု' ဇာတ်ညွှန်းမူပိုင်ခွင့်ကို ထိပ်တန်းဇာတ်ညွှန်းရေးဆရာတစ်ယောက်ရဲ့ စျေးနှုန်းမျိုး ပေးပြီး ဝယ်ဖို့ အကြံပေးပါတယ်။"

"အဲ့တာဆိုရင် တစ်ပိုင်းအတွက် စျေးက ယွမ် ၂၈၀,၀၀၀ ဝန်းကျင်လောက် ရှိလိမ့်မယ်။ စုစုပေါင်း ၄၆ ပိုင်းလောက်အတွက်ဆိုရင် စုစုပေါင်း စျေးက ယွမ် ၁၂.၈၈ သန်းလောက်ဖြစ်သွားမယ်ထင်တယ်။ မနည်းဘူးနော်"

"ကျားရှင်းအင်တာတိန်းမန့်က ကျုပ်တို့ရဲ့ပြိုင်ဘက်ပဲ။ ပြီးတော့ ကျုပ်တို့က တစ်ခေါက်ပဲ ကမ်းလှမ်းလို့ရတယ်။ အဲ့တာကြောင့် ဒီဇာတ်ညွှန်းအတွက် မူပိုင်ခွင့်ကို တစ်ပိုင်း ယွမ် ၃၀၀,၀၀၀ နဲ့ ဝယ်ဖို့ အကြံပေးချင်ပါတယ်" ကုမ္ပဏီ၏ အထက်လူကြီးများက အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြသည်။ ၎င်းတို့၏ အမြင်တွင် ဒီလိုစျေးနှုန်းမျိုးက ဒီလောကထဲမှာ အမြင့်ဆုံး ဖြစ်နေပါပြီ။ စီအီးအိုလီက ဒါကိုကြားသောအခါ ဘာမှမပြောခဲ့ပေ။ သူက ရှုယန်၊ ရှားဝမ်ချွေ့နင့် စုရှောင်းယွီတို့ကိုသာ ကြည့်နေခဲ့သည်။

"စီအီးအိုလီ ကျွန်တော်အကြံပေးချင်တာကတော့ တစ်ပိုင်းကို ယွမ် ၃၃၀,၀၀၀ လောက် ထားသင့်ပါတယ်။ ဒီဇာတ်ညွှန်းက အလားအလာရှိတဲ့ ဇာတ်ညွှန်းလို့ထင်လို့ပါ" ရှုယန်က ပြောလိုက်ပါသည်။ အားလုံး၏ အကြံပေးချက်ကို ကြားပြီးသွားသောအခါ စီအီးအိုလီက ထျန်ကျန်းကို ကြည့်လိုက်ပါသည်။

"ကျားရှင်းအင်တာတိန်းမန့်ကလည်း ကျုပ်တို့ တွေ့နိုင်တဲ့ အကျိုးခံစားခွင့်တွေကို တွေ့ပြီးလောက်ပြီ။ ကုမ္ပဏီက ဒီဇာတ်ညွှန်းကို ဝယ်မှကို ဖြစ်မယ်။"

"ကျုပ်ရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကတော့... တစ်ပိုင်းကို ယွမ် ၄၀၀,၀၀၀ နဲ့ ဝယ်ယူမယ်" စီအီးအိုလီက ဆုံးဖြတ်ချက်ချလိုက်ပါသည်။

စီအီးအိုလီ ဆုံးဖြတ်ချက်ချလိုက်သောအခါ ကုမ္ပဏီထဲက လူအားလုံး ထိတ်လန့်သွားခဲ့ရပါသည်။ ဒီလောကထဲက ထိပ်တန်းဇာတ်ညွှန်းရေး ဆရာများအတွက် ဇာတ်ညွှန်းစျေးက တစ်ပိုင်းကို ယွမ် ၂၈၀,၀၀၀ ဖြစ်သည်။ သို့သော်လည်း ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းအတွက် ယွမ် ၄၀၀,၀၀၀ တောင် ပေးချင်နေပါသည်။

စုစုပေါင်း ၄၆ ပိုင်းရှိသဖြင့် စုစုပေါင်း စျေးနှုန်းက...

ယွမ် ၁၈.၄ သန်းတောင်

သူက ယွမ် ၁၈.၄သန်းကို သုံးပြီး ဇာတ်ညွှန်း၏ မူပိုင်ခွင့်ကို ဝယ်လိမ့်မည်။ ဒါက အတော်လေးကို မြင့်မားသည့် ပမာဏဖြစ်နေပါပြီ။ ယွမ် ၁၈.၄ သန်းက ဒီလောကထဲက အများဆုံးဆိုသည့် နှုန်းထားကိုပင် ကျော်သွားလောက်ပါပြီ။

ထျန်ကျန်းက စီအီးအိုလီ၏ ဆုံးဖြတ်ချက်် ပြတ်သမားမှုနှင့် သူ့အပေါ်ယုံကြည်မှုတို့ကို မြင်နိုင်ပါသည်။

ဒီဇာတ်ညွှန်း၏ မူပိုင်ခွင့်ကို ဝယ်ဖို့ ၁၈.၄ သန်းတောင် သုံးချင်နေသည်။ သူဘယ်လောက်တောင် စွန့်စားရမလဲ။

တနည်းအားဖြင့် ကုမ္ပဏီက အွန်လိုင်းပေါ်တွင် အလွန်အမင်းရေပန်းစားသည့် ရုပ်သံဒရမ်မာ တစ်ကားကို ထုတ်လုပ်ချင်နေသည်။

ရှားဝမ်ချွေ့က တစ်ချိန်လုံး အာရုံစိုက်ကာ နားထောင်နေခဲ့သည်။ တစ်ပိုင်းကို ယွမ် ၄၀၀,၀၀၀ ဆိုတာကို ကြားလိုက်ရသောအခါ သူမ အနည်းငယ် ပျော်ရွှင်သွားခဲ့ပါသည်။

လင်းဖန်က ဖြတ်လမ်းမှ ဝင်လာဖို့ သူမကို မတောင်းဆိုခဲ့ပါ။ ထို့အစား သူ့ကိုယ်ပိုင်အစွမ်းအစကို အသုံးပြုကာ ကုမ္ပဏီထဲက ဇာတ်ညွှန်းရေးဆရာ အားလုံး တန်ဖိုးထားသည့် ဇာတ်ညွှန်းတစ်ခုကို ရေးသားခဲ့သည်။

သူမ မသိလိုက်ခင်မှာပဲ လင်းဖန်က အလွန် ထူးချွန်လာခဲ့ပါသည်။

"အစ်မဝမ်ချွေ့က အရမ်းပျော်နေတာပဲ။ မဟုတ်မှလွဲရော၊ ဒီဇာတ်ညွှန်းကို ဆရာရေးထားတာလား" စုရှောင်းယွီက ရှားဝမ်ချွေ့၏ လက်မောင်းကိုကိုင်ကာ နူးညံ့စွာဖြင့် မေးလိုက်ပါသည်။

"ရှူးး~" ရှားဝမ်ချွေ့က ချစ်ဖို့ကောင်းသော အမူအယာလုပ်ပြလိုက်ပါသည်။

"ဝိုးး ဆရာက တကယ်အရမ်းတော်တာပဲ။ အာဝူး ငါသူ့တပည့်လုပ်တာ မှန်သွားပြီ။ တစ်ပိုင်းကို ယွမ် ၄၀၀,၀၀၀ တောင် တန်ကြေးရှိတယ်။ ဒါပေမယ့် အစ်မဝမ်ချွေ့ နင်ရှုယန်နဲ့ အကြင်နာပေးခန်း ရိုက်တော့မှာလား" စုရှောင်းယွီက စပ်စုစွာ မေးလိုက်ပါသည်။

"မရိုက်ပါဘူး" ရှားဝမ်ချွေ့က စိတ်ဆိုးစွာ ဟိုဘက်လှည့်သွားပါသည်။

"အေးပါ မဟုတ်မှလွဲရော ဆရာနဲ့အတူ အကြင်နာပေးခန်း ရိုက်မှာလား"စုရှောင်းယွီက ထပ်မေးသည်။

"ပိုပြီးတောင် မရိုက်ဘူး။ သူက ငါ့ကိုအနိုင်ကျင့်ဖို့ပဲသိတာ" ရှားဝမ်ချွေ့က ရှက်သွေးဖြာသွားသည်။

"ဟီးဟီး ငါမှန်နေတာပဲ။ အစ်မဝမ်ချွေ့ရဲ့ ပထမဆုံး ဖန်သားပြင်ပေါ်က အနမ်းကို မြင်ရတော့မဘ်ကွ" စုရှောင်းယွီက လျှာထုတ်ပြလိုက်ပါသည်။

"ရှောင်းယွီ နင်သေချင်လို့လား" ရှားဝမ်ချွေ့က စုရှောင်းယွီကို ကြမ်းတမ်းစွာ ကြည့်လိုက်ပါသည်။

"နင်ဘယ်လိုလုပ်သိတာလဲ" ရှားဝမ်ချွေ့က ပျော့ပြောင်းစွာ မေးလိုက်ပါသည်။ စုရှောင်းယွီကို သူမ ကြည့်လိုက်၏။ ခုတလော ကုမ္ပဏီက သူမခေါင်းဆောင်မင်းသမီးလုပ်မည်ဆိုသည့် သတင်းကိုပင် ဖုံးကွယ်ထားသည် မဟုတ်ပါလား။

စုရှောင်းယွီက တစ်နေရာရာမှ စုပ်လုံးတစ်လုံးကို ထုတ်ယူလိုက်သည်။

"ငါက ဉာဏ်ကောင်းတာကို။ လင်းဖန်က အရမ်းချောတယ်လေ။ သူသရုပ်ဆောင်ရင် ပရိတ်သတ်တွေ ဘယ်လောက်တောင် များလာမလဲမသိဘူး။ သူက သေချာပေါက် ခေါင်းဆောင် မင်းသားနေရာက ပါနိုင်မှာပါ။၊ ကုမ္ပဏီမှာတော့ ဘယ်သူက ခေါင်းဆောင်မင်းသမီးနေရာကို ငါ့အစ်မဝမ်ချွေ့ဆီကနေ လုယူရဲမှာလဲ။"

"မြောင်မြောင် အရူးမလေး" ရှားဝမ်ချွေ့က စုရှောင်းယွီကို ချက်ချင်း စကုတ်လိုက်ပါသည်။ စုရှောင်းယွီက ချစ်ဖို့ကောင်းသော်လည်း သာမန်လူတွေထက် ပိုထက်မြက်ပြီး ရှားဝမ်ချွေ့နှင့် လင်းဖန်တို့အတွက် အလွန်စဥ်းစားပေးပါသည်။

"အာဝူး ငါလည်း နင့်ကို ကုတ်မှာနော်။ ဆရာလာရင် ခွေးလေးကို နင်အနိုင်ကျင့်တယ်လို့ တိုင်လိုက်မှာ"

"ဟွန်း သူက ငါ့ဘက်မှာပဲ နေမှာ"

"ဘယ်သူပြောလဲ။ သူက င့ါဆရာလေ။ သေချာပေါက် သူ့တပည့်ကို ကာကွယ်ရမှာပေါ့။"

"သူက ငါ့အတန်းဖော်ဟဲ့"

"အစ်မဝမ်ချွေ့ သဝန်တိုနေတာပဲ~"

"ငါစိတ်တိုနေတာ"

ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့က မကြာခဏ တိုက်ခိုက်တတ်ကြသည်။ ၎င်းတို့၏ ဆက်ဆံရေးက အလွန်ကောင်းမွန်သည်။ သို့သော် ကောင်မလေးနှစ်ယောက်အကြားက ခင်မင်မှုက အလွန်အမင်း အားကောင်းလှပါသည်။

တစ်ဖက်တွင် လင်းဖန်က ထျန်ကျန်းထံမှ မက်ဆေ့ချ်တစ်စောင်ရခဲ့ပါသည်။

ယွဲ့ဟွာအင်တာတိန်းမန့်က ဇာတ်ညွှန်း၏ မူပိုင်ခွင့်အတွက် တစ်ပိုင်းကို ယွမ် ၄၀၀,၀၀၀ ပေးချင်နေသည်။

သေချာတာပေါ့။ လင်းဖန် လက်ခံဖို့ ရွေးချယ်လိုက်ပါသည်။

ကျားရှင်းအင်တာတိန်းမန့်က တစ်ပိုင်းကို ယွမ် ၃၀၀,၀၀၀ ကမ်းလှမ်းပြီး ယွဲ့ဟွာအင်တာတိန်းမန့်က တစ်ပိုင်းကို ယွမ် ၁၀၀,၀၀၀ ပိုကမ်းလှမ်းသည်။

စုစုပေါင်း ၄၆ ပိုင်းဖြစ်သဖြင့် ယွမ် ၄.၆သန်း ပိုရလိုက်ခြင်းနှင့် ညီမျှပါသည်။

လင်းဖန်က ဇာတ်ညွှန်းကို ပြောင်းလဲဖို့ ၃ ရက်တောင် ကြိုးစားခဲ့ရသည်။ ဒီဇာတ်ညွှန်းအတွက် မူပိုင်ခွင့်ကြေးကိုပင် ယွမ် ၁၈.၄ သန်းဖြင့် ရောင်းချနိုင်သည်။

သူ့ဘဏ်ကတ်ထဲက သန်း ၈၀ နဲ့ပေါင်းလိုက်သောအခါ လင်းဖန်၏ ပိုင်ဆိုင်မှုက သန်း ၁၀၀ ကျော်သွားခဲ့ပါပြီ။

ထို့အပြင် ဒီဇာတ်ညွှန်းကို ရှားဝမ်ချွေ့အတွက် ပြင်ဆင်ထားခြင်းဖြစ်သည်။

လင်းဖန် အစကတော့ သူ့ဘဝကို အေးအေးချမ်းချမ်းသာ ဖြတ်သန်းချင်ခဲ့သည်။ သို့သော်လည်း အခုဇာတ်ညွှန်းက အလွန်ကောင်းမွန်နေသဖြင့် မတော်တဆ ဘီလျံနာ ဖြစ်လာခဲ့ပါသည်။

လင်းဖန်က စာချုပ်ချုပ်ဖို့ သဘောတူလိုက်ကြောင်း သတင်းကြားရသောအခါ ထျန်ကျန်း ပျော်ရွှင်သွားခဲ့ပါသည်။

ဒီဆိုသာဆို ကုမ္ပဏီက နောက်ဆက်တွဲ လုပ်ငန်းများကို တတ်နိုင်သမျှ မြန်မြန် လုပ်နိုင်ပြီဖြစ်ပြီး အွန်လိုင်းပေါ်တွင် အလွန်အမင်း ရေပန်းစားနေသည့် IP တစ်ခုကို ဝယ်ယူနိုင်ပါသည်။

ထျန်ကျန်း အချိန်ကို ဆွေးနွေးပြီးသွားသောအခါ လင်းဖန်က Bugattti ကားကြီးဖြင့် ယွဲ့ဟွာအင်တာတိန်းမန့်သို့ မောင်းနှင်လာခဲ့ပါသည်။

ယွဲ့ဟွာအင်တာတိန်းမန့်နဲ့ စာချုပ်ချုပ်ဆိုရမယ့် အချိန်ကို ရောက်လာခဲ့ပါပြီ။

All Chapters