← Chapters

အခန်း(၅၈) တရားဝင်လက်မှတ်ထိုးပြီးပြီ

Vol. 4 Ch. 58

အခန်း(၅၈) တရားဝင်လက်မှတ်ထိုးပြီးပြီ

Vol. 4 Ch. 58

အခန်း(၅၈) တရားဝင်လက်မှတ်ထိုးပြီးပြီ

လင်းဖန်၏ Bugatti La Voiture Noire က လမ်းမပေါ်တွင်  ပြိုင်ဘက်ကင်းသော ရှုခင်းတစ်ခုကို ခြယ်သနိုင်ခဲ့သည်။

လီဗာကိုနင်းလိုက်သောအခါ ပြိုင်ကားတစ်စီး၏ အားကောင်းသော တွန်းအားကို ခံစားမိသည်။ လမ်းသွားလမ်းလာများ၏ အံ့အားသင့်သော အကြည့်များအောက်တွင် လင်းဖန် ယွဲ့ဟွာအင်တာတိန်းမန့်သို့ တန်းတန်းမတ်မတ် မောင်းနှင်လာခဲ့ပါသည်။

ယွဲ့ဟွာအင်တာတိန်းမန့်မှာလည်း ထျန်ကျန်းက လင်းဖန်စာချုပ်ချုပ်ဖို့ သဘောတူလိုက်သည့် သတင်းကောင်းကို ကြေညာနေပါသည်။

ဇာတ်ညွှန်းရေးဆရာများစွာတို့က အောင်ပွဲခံလိုက်ကြ၏။

ကုမ္ပဏီက ဒီဇာတ်ညွှန်းကို ဝယ်လိုခြင်းသာ မကဘဲ ထိုဇာတ်ညွှန်းရေးဆရာများတွင်လည်း ဆန္ဒတစ်ခု ရှိနေပါသည်။ သူတို့၏ ဆန္ဒက ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းအပြည့်အစုံကို မြင်ချင်ကြခြင်းဖြစ်သည်။

သူတို့က လုပ်ငန်းထဲတွင် ထိပ်တန်းဇာတ်ညွှန်းရေးဆရာများ ဖြစ်နေကြရင်တောင် လင်းဖန် ဇာတ်ညွှန်း၏ နောက်ထပ် အပိုင်းအနည်းငယ်မှ ဇာတ်လမ်း ဇာတ်ကွက်ကို မှန်းဆနိုင်မှာမဟုတ်ပါ။

ဇာတ်ညွှန်းထဲတွင် ဇာတ်ကောင်တစ်ကောင်ချင်းစီတိုင်း ဒီဇိုင်းများက ထင်ရှားပြီး သုံးဘက်မြင်ဖြစ်ကြသည်။ ထို့အပြင် အဓိက ဇာတ်ဆောင်များနှင့် ဇာတ်ပို့အားလုံးတို့က အိုင်ကျူမြင့်မားကြသော ဇာတ်ညွှန်းမျိုးဖြစ်သည်။

ဒါကို ဖော်ပြဖို့ စကားလုံးသာရှိခဲ့လျှင် ပြီးပြည့်စုံသည် ဆိုတာမျိုးသာ ဖြစ်နိုင်ပါသည်။

ထို့အပြင် ထိုဇာတ်ညွှန်းရေးဆရာများက ဇာတ်ညွှန်းရေးသားသူ ဘယ်လောက်တောင် ပြောင်မြောက်လဲ မြင်ချင်ကြသေးသည်။

ထိုလူများ၏ အမြင်တွင် လင်းဖန်က မာစတာတစ်ယောက်၏ အဆင့်နဲ့ တူညီနေသော ဖြစ်တည်မှုတစ်ခု ဖြစ်ပါသည်။

သူတို့သာ လင်းဖန်ထံမှ သင်ယူနိုင်ကြလျှင် ဇာတ်ညွှန်းရေးဆရာများ၏ ဇာတ်ညွှန်းအပေါ် နားလည်မှုကလည်း နောက်တစ်ဆင့်သို့ ရောက်သွားကြပါလိမ့်မည်။

"ဆရာရှု ဇာတ်ညွှန်းကို အတည်ပြုလိုက်ပါပြီ။ ဇာတ်ညွှန်းရေးဆရာက နေ့လည်ကျရင် စာချုပ်ချုပ်ဖို့အတွက် ကုမ္ပဏီကို လာပါလိမ့်မယ်” မန်နေဂျာက ရှုယန်ကိုကြည့်ကာ လေးစားစွာဖြင့် ပြောလိုက်သည်။

"ငါသိပါတယ်။ ကုမ္ပဏီက တစ်ပိုင်းကို ယွမ် ၄၀၀,၀၀၀ တောင် ကမ်းလှမ်းထားတာ။ ဘယ်လိုဇာတ်ညွှန်းရေးဆရာမျိုးကမှ လက်မှတ်ထိုးဖို့ ငြင်းမှာမဟုတ်ဘူး” ရှုယန်က အေးစက်သော မျက်နှာမျိုးဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။

"ဆရာရှု။ ဒီရုပ်ရှင်ထဲမှာ ခေါင်းဆောင်မင်းသမီးက ဘယ်သူဖြစ်မယ်လို့ထင်လဲဟင်။ ခေါင်းဆောင်မင်းသမီးနေရာအတွက် ပြိုင်ဆိုင်ချင်တဲ့လူတွေ ကုမ္ပဏီထဲမှာ အများကြီး ရှိနေတယ်ထင်တယ်။ ဒီတစ်ခေါက် ရှားဝမ်ချွေ့ ခေါင်းဆောင်မင်းသမီးဖြစ်နိုင်ပါ့မလားမသိဘူး" မန်နေဂျာက ပြောလိုက်ပါသည်။

ရှားဝမ်ချွေ့ ခေါင်းဆောင်မင်းသမီးဖြစ်ရမည် ဆိုသည့်အချက်ကို ကုမ္ပဏီထဲတွင် လျှို့ဝှက်ထားဆဲဖြစ်ပြီး လူအနည်းငယ်သာ သိပါသည်။ ဒီဇာတ်ညွှန်းက အလွန်စိတ်လှုပ်ရှားဖို့ ကောင်းလွန်းသည်။ ကုမ္ပဏီထဲက အမျိုးသမီး သရုပ်ဆောင်တချို့ကလည်း ဇာတ်ညွှန်းကို ဖတ်ကြည့်ပြီး ဒီဒရမ်မာကို ရိုက်ကူးချင်နေပါသည်။

"ဝမ်ချွေ့ ပြိုင်ချင်တယ်ဆိုရင် ဘယ်သူမှ သူ့ကို အနိုင်မရနိုင်ပါဘူး" ရှုယန်က ပြုံးကာ ပြောလိုက်ပါသည်။

"နားလည်ပါပြီ ဆရာရှု။ ကျွန်မ သွားလိုက်ပါဦးမယ်" မန်နေဂျာက အပြုံးလေးဖြင့် ပြောလိုက်ပါသည်။

ရှုယန်က လက်ဖက်ရည်ခွက်ကို ကိုင်ကာ တစ်ငုံသောက်လိုက်၏။သူပျော်ရွှင်နေပြီး စိတ်လှုပ်ရှားနေပါသည်။

"အဲ့ဒီလိုပဲ ငါခေါင်းဆောင်မင်းသား လုပ်ချင်တယ်ဆိုရင် ဘယ်သူမှ ငါ့ကိုအနိုင်မယူနိုင်ဘူး။"

"ဝမ်ချွေ့ မင်းမှာ ဆုံးဖြတ်ခွင့်ရှိနေရင်တောင် ခေါင်းဆောင်မင်းသား လုပ်ဖို့ ကိုယ့်ထက်ပိုပြီး သင့်တော်တဲ့လူ မရှိပါဘူးကွာ။"

"လင်းဖန် အစကတော့ မင်းနဲ့ မျှမျှတတ ယှဥ်ပြိုင်ချင်ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ မင်းက ငါ့ဘဝနဲ့ အဝေးကြီးမှာ ရှိနေသေးတယ်" ရှုယန်၏ အကြည့်က ဂရုမစိုက်သလို ဖြစ်နေသည်။ ရှုယန်က လက်ဖက်ရည်ကို နောက်တစ်ငုံသောက်ရင်း ခေါင်းခါလိုက်ပါသည်။

အတိုချုံးပြောရလျှင် ရှုယန်တွင် မျှော်လင့်ချက် ရှိနေပါသေးသည်။

ဧကန္တ ဒီဒရမ်မာတွင် သူသာ ခေါင်းဆောင်မင်းသား ဖြစ်လာနိုင်ပြီး ရှားဝမ်ချွေ့နဲ့အတူတူ သရုပ်ဆောင်နိုင်လောက်သည်။

"လင်းဖန် ငါမင်းကို အနိုင်ယူပြမယ့်နေ့ရောက်လာလိမ့်မယ်လို့ မထင်ထားဘူးမလား။"

"ခေါင်းဆောင်မင်းသားက ဘယ်သူပဲဖြစ်ဖြစ် ငါ့ကို အနိုင်မယူနိုင်ပါဘူး။ လင်းဖန်က ခေါင်းဆောင် မင်းသားဖြစ်နိုင်လို့လား" ရှုယန်က ယုံကြည်ချက် ပြည့်ဝနေပါသည်။

သို့သော်လည်း လင်းဖန်က ပထမအဆင့်မှာ ရှိနေသေးတာ နှမြောဖို့ ကောင်းပါသည်။ သူကတော့ ဒုတိယအဆင့်လောက် ရောက်နေပါပြီ။

ကုမ္ပဏီကို ဇာတ်ညွှန်းကောင်းကောင်း ဘယ်သူက ဝယ်ခိုင်းလို့လဲ။

လင်းဖန် ကံကြမ္မာစီရင်ချက် ချမယ့်အချိန်ကိုသာ စောင့်နေလိုက်စမ်းပါကွာ။

ထိုသို့စဥ်းစားရင်း ရှုယန်က ကျေနပ်စွာဖြင့် အလုပ်သို့ သွားခဲ့တော့သည်။

ရှုယန် ဒီလောက်တောင် တွေးနေမှန်း လင်းဖန် မသိခဲ့ပါ။ သူ ယွဲ့ဟွာအင်တာတိန်းမန့်ကို ရောက်သွားတော့ ရှုယန်က ရုပ်ရှင်ရိုက်ဖို့ ကားဖြင့်ထွက်သွားပြီဖြစ်သည်။

ပြိုင်ဘက်ကင်းသည့် အင်ဂျင်စက်သံကြိးက သားရဲကြီးတစ်ကောင်၏ ဟိန်းသံလို ပြိုင်ဘက်ကင်းသည့် ဆွဲဆောင်မှုတစ်ခုကို ထုတ်လွှတ်နေသည်။

သန်းရာချီတန်ဖိုးရှိသည့် ပြိုင်ကားကြီး Bugatti La Voiture Noire ကားကြီးကို လှလှပပ ကွေ့ဝိုက်ရင်း ယွဲ့ဟွာအင်တာတိန်းမန့်၏ ဝင်ပေါက်တွင် ရပ်တန့်လိုက်ပါသည်။

ကားက အလွန်လှပပြီး လက်ရာမြောက်သည့် အိတ်ဇောပိုက်ကြီးကို ပိုင်ဆိုင်ထားသည်။ ကားတံခါးများက လိပ်ပြာတောင်ပံလို ဖြည်းညှင်းစွာ ပွင့်လာခဲ့ပါသည်။

ဘေးကလူတွေအားလုံး မနေနိုင်ဘဲ ကုမ္ပဏီဝင်ပေါက်က Bugatti ကားကြီးကို ကြည့်လိုက်ကြပါသည်။

လင်းဖန် ကားထဲမှ ထွက်လာသောအခါ သူ့ဘေးက လေများ စီးဆင်းမှု ရပ်တန့်သွားသလိုပင်။

ဒီတစ်ခေါက် လင်းဖန်က အနည်းငယ် ပိုမိုသပ်ရပ်သည့် အဝတ်အစားများကို ဝတ်လာသည်။ အရပ်ရှည်ရှည် ခန္ဓာကိုယ်နှင့် သူ့အဝတ်အစား၊ ဆံပင်တို့က လေထဲတွင် လွင့်ပျံနေပါသည်။ သူက ချောမောပြီး ပြိုင်ဘက်ကင်းသည့် အရှိန်အဝါမျိုး ရှိနေပါသည်။

သူက Bugatti ပြိုင်ကားတစ်စီးကို မောင်းလာပြီး သပ်ရပ်စွာ ဝတ်ဆင်ထားသည်။ လင်းဖန်၏ အရှိန်အဝါနှင့် ဆွဲဆောင်မှုတို့က အလွန်ထူးခြားပါသည်။

ဘေးပတ်လည် သစ်ပင်များတွင် ရှိနေသော သစ်ရွက်မျာကတောင် လင်းဖန်၏ ချောမောမှုကို ဖြည့်စွက်ပေးနေပါသည်။

"ဝိုး အဲ့တာ ဘယ်လိုပြိုင်ကားမျိုးလဲ။ တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ သူအရမ်းချောမှန်း ပြောနိုင်တယ်။ ပြိုင်ကားကို မောင်းနေရင် ပိုပြီးတော့ ချောသေးတယ်။ သူ့အရှိန်အဝါက ပြိုင်ကားနဲ့ လိုက်ဖက်တယ်လို့ ခံစားမိတယ်..."

"ဟုတ်တယ်။ ငါချစ်မိသွားပြီထင်တယ်..."

"ငါတွေ့ပြီ အဲ့ဒီပြိုင်ကားကြိးက Bugatti La Voiture Noire ပဲ။ Limited Eition ပြိုင်ကားကြီး တစ်စီးပဲ။ ဘုရားရေ ဒီပြိုင်ကားက သန်းရာချီပြီး တန်ဖိုးရှိတယ်ဟ"

"သူ့ကို တခြားလူတွေနဲ့ ယှဥ်ကြည့်လို့တောင် မရဘူး။ ဘာလို့ဒီလောက်ထိချောတဲ့ကောင်လေး ရှိနေပြီး ဘာလို့အရမ်းချမ်းသာနေရတာလဲ...."

ဖြတ်သွားဖြတ်လာများအားလုံး လင်းဖန်၏ ဆွဲဆောင်မှုကိုခံခဲ့ကြရသည်။ ဝင်ပေါက်က လုံခြုံရေးအစောင့် နှစ်ယောက်တောင် ကြောင်သွားခဲ့ရပါသည်။

ဒီလိုအလွန်အမင်း ယောက်ျားပီသသည့် လင်းဖန်ကို သူတို့မှတ်မိကြပါသည်။

အရင်တစ်ခေါက် လင်းဖန် ရောက်လာတုန်းက Rolls-Royce Cullinan ကားကြီးကို စီးလာခဲ့သည်။

သို့သော်လည်း ဒီတစ်ခေါက်မှာတော့ ယွမ်သန်း ရာချီတန်ဖိုးရှိသည့် ပြိုင်ကားတစ်စီးကို မောင်းလာခဲ့သည်။

ဘုရားသခင်... ဒါ... သူဌေးလောကကြီးလား။

လုံခြုံရေးအစောင့်နှစ်ယောက်က လင်းဖန်ကို မတားဆီးခဲ့ပါ။ လင်းဖန်၏ အရှိန်အဝါကြောင့် သူတို့နှစ်ယောက် မတားဆီးရဲခဲ့ပါ။

ထို့အပြင် လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ ဆက်ဆံရေးကြောင့် လုံခြုံရေးအစောင့်နှစ်ယောက်ပင် မနာလိုဖြစ်ခဲ့ရပါသည်။

ထိုအချိန်တွင် ထျန်ကျန်း ထွက်လာခဲ့၏။

"ဟယ်လို မစ်စတာလင်း" ထျန်ကျန်း တံခါးအပြင်ဘက်သို့ ထွက်လာလာချင်းမှာပင် လက်ကို ကမ်းလိုက်ပြီး လင်းဖန်ထံသို့ လျှောက်လာခဲ့ပါသည်။

"ဟယ်လို ဆရာကြီးထျန်ကျန်း" လင်းဖန်က ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။

"မစ်စတာလင်း ကျေးဇူးပြုပြီး ဝင်ခဲ့ပါ။ မင်းကို ဒီလောက်ထိ ငယ်နေလိမ့်မယ်လို့မထင်ထားဘူး။ ဒါပေမယ့် မင်းရဲ့ဇာတ်ညွှန်းက အရမ်းပြောင်မြောက်တာပဲ။ ငါအထင်ကြီးမိပါတယ်” ထျန်ကျန်းက ချီးကျူးလိုက်ပါသည်။ သူ့မျက်လုံးများက လေးစားမှုများဖြင့် ပြည့်ဝနေခဲ့သည်။

"ဆရာကြီးထျန်ကျန်း လာနောက်နေတာပဲ။ ကျွန်တော် နောက်အပိုင်းဇာတ်ညွှန်းတွေကို ယူလာခဲ့တယ်။ ပြင်လို့ရတဲ့ နေရာတွေရှိရင်ရှိဦးမှာပါ" လင်းဖန်က ပြုံးကာ ပြောလိုက်သည်။

ထျန်ကျန်းက ဒီလောကတွင် စီနီယာကြီး တစ်ယောက်ဖြစ်သဖြင့် လင်းဖန် သူ့ကို အလွန်ယဥ်ကျေးစွာ ဆက်ဆံရပါသည်။

စီအီးအိုလီကတောင် ထျန်ကျန်းကို ဆရာကြီးဟု ခေါ်ရ၏။

ထျန်ကျန်းက အသက် ၆၀ နီးပါး ကပ်နေပြီ ဖြစ်သည်။ ဇာတ်ညွှန်းရေးသည့် အဆင့်တွင် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဟု ဆိုနိုင်ပြီး အားလုံး၏ လေးစားမှုနှင့် ထိုက်တန်ပါသည်။

ထိုစကားကိုကြားသောအခါ ထျန်ကျန်း၏ မျက်လုံးများ အရောင်တောက်သွားခဲ့ပါသည်။ သူပြောလိုက်၏။ "ကောင်းတာပေါ့။ ရိုးရိုးသားသားပြောရရင် ကုမ္ပဏီထဲက ဇာတ်ညွှန်းရေးဆရာ အားလုံးက မင်းရဲ့ဇာတ်ညွှန်းကို တော်တော်ကောင်းတယ်လို့ ထင်နေကြတာပါ။"

လင်းဖန်က ပြုံးသာပြုံးပြီး ဘာမှပြန်မပြောတော့ပါ။

သူ ဒီဇာတ်ညွှန်းကို အတည်ပေါက် ရေးသားထားခြင်း ဖြစ်သည်။ ဇာတ်လမ်းဇာတ်ကွက်နှင့် ဇာတ်ညွှန်းထဲက ဇာတ်ကောင်အားလုံးက ပြီးပြည့်စုံလုနီးပါး ဖြစ်ပါသည်။

လင်းဖန်က ပုံမှန်ဆို ငပျင်းတစ်ယောက်ဖြစ်သော်လည်း အလုပ်နဲ့ ပတ်သက်လာရင်တော့ အလွန် တည်ကြက်လေးနက်သူဖြစ်ပါသည်။

သူက ပြီးပြည့်စုံသည့် ဇာတ်ညွှန်းနှင့် ပြီးပြည့်စုံသည့် ရုပ်သံဒရမ်မာတစ်ခုကို ဖန်တီးချင်နေသည်။

ဝင်ပေါက်က လုံခြုံရေးအစောင့်များ မျက်လုံးများ ကျယ်သွားကြပါသည်။

ဇာတ်ညွှန်းလောက၏ သခင်ကြီး ထျန်ကျန်းက လင်းဖန်ကို ကိုယ်တိုင်ထွက်ကြိုဆိုသည်။

အေအဆင့် သရုပ်ဆောင် ရှုယန်တောင် ဒီလို အကျိုးခံစားခွင့်မျိုးကိုမရပါ။

ယွဲ့ဟွာအင်တာတိန်းမန့်ထဲမှာ လင်းဖန် ဘယ်တုန်းက ဒီလိုအဆင့်အတန်းမျိုးကို ရသွားခဲ့တာလ်။

ထိုလုံခြုံရေးအစောင့်များ၏ မျက်လုံးထဲတွင် လင်းဖန်က၏ အရေးပါမှုက အဆင့်ပေါင်းများစွာ တိုးမြင့်သွားခဲ့သည်။

ရုံးထဲဝင်လိုက်သောအခါ ထျန်ကျန်းက လင်းဖန်ကို ထိုင်ခိုင်းလိုက်ပြီး သူ့အတွက်လက်ဖက်ရည် တစ်ခွက်ကို ကိုယ်တိုင်ဖျော်ပေးလိုက်ပါသည်။

"မစ်စတာလင်း စာချုပ်ကို ပြင်ဆင်ထားပြီးပါပြီ။ ပြဿနာမရှိရင် စာချုပ်လက်မှတ်ထိုးနိုင်ပါပြီ" ထျန်ကျန်းက ပြောလိုက်သည်။

လင်းဖန်က စာချုပ်ကို ဖတ်ကြည့်လိုက်၏။ ပြဿနာမရှိကြောင်း အတည်ပြုပြီးသောအခါ သူ့နာမည်နဲ့ သက်ဆိုင်ရာ အချက်အလက်များကို ရေးထိုးလိုက်ပါသည်။

"လုပ်ငန်းအတူတူ တွဲလုပ်ရတာ ဝမ်းသာပါတယ်" လင်းဖန််က ပြုံးကာ ထျန်ကျန်းနှင့် လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။

"မစ်စတာလင်းနဲ့ လုပ်ငန်းတွဲလုပ်ရတာလည်း ဝမ်းသာပါတယ်" ထျန်ကျန်းလည်း ပြုံးလိုက်ပါသည်။

ဒါဆို လင်းဖန်နှင့် ယွဲ့ဟွာအင်တာတိန်းမန့်တို့၏ ပူးပေါင်းမှုအား တရားဝင် အတည်ပြုလိုက်ပြီ ဆိုသည့် သဘောဖြစ်သည်။

ဒီအချိန်တောအတွင်း ရှားဝမ်ချွေ့မှာ ဇာတ်ညွှန်းကောင်းကောင်း လိုအပ်နေခဲ့ပြီး လင်းဖန်က သူမ၏ ပြဿနာကို ဖြေရှင်းဖို့အတွက် ပြည့်စုံစွာ ကူညီနိုင်ခဲ့ပါသည်။

သူနဲ့ ရှားဝမ်ချွေ့တို့ အင်တာနက်ပေါ်မှာ ရေပန်းအစားဆုံး ရုပ်သံဒရမ်မာကို ရိုက်ကူးကြတော့မည်။

စာချုပ်ကို လက်မှတ်ထိုးပြီး သိပ်မကြာလိုက်။ လင်းဖန် ဖုန်းထဲတွင် မက်ဆေ့ချ်တစ်စောင် ဝင်လာခဲ့ပါသည်။

ဇာတ်ညွှန်းအတွက် မူပိုင်ခွင့်ကြေး ယွမ် ၁၈.၄ သန်း သူ့လက်ထဲ ရောက်လာခဲ့ပါပြီ။

All Chapters