← Chapters

အခန်း(၅၉) ခေါင်းဆောင်မင်းသား လင်းဖန်

Vol. 4 Ch. 59

အခန်း(၅၉) ခေါင်းဆောင်မင်းသား လင်းဖန်

Vol. 4 Ch. 59

အခန်း(၅၉) ခေါင်းဆောင်မင်းသား လင်းဖန်

နောက်တစ်နေ့ ယွဲ့ဟွာအင်တာတိန်းမန့်တွင်။

'ဘဝရဲ့ပျော်ရွှင်မှု' ဇာတ်ညွှန်းအတွက် ကုမ္ပဏီက စျေးမြင့်မြင့်ပေးကာ စာချုပ်ချုပ်ခဲ့တယ်ဆိုတာ လျှို့ဝှက်ချက်မဟုတ်ပါ။ ကုမ္ပဏီတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။ ဒါက 'ဘဝရဲ့ပျော်ရွှင်မှု' ဒရမ်မာအပေါ် ကုမ္ပဏီ အလေးထားခြင်းကို ပြသနေပါသည်။

"မနေ့က ဇာတ်ညွှန်းတစ်ခု ဝယ်ဖို့အတွက် ကုမ္ပဏီက ယွမ် ၁၈.၄ သန်း သုံးခဲ့တာ မင်းတို့တွေ သိကြလား။ ဘဝရဲ့ပျော်ရွှင်မှုလို့ ခေါ်တယ်ထင်တယ်"

"လခွမ်း စုစုပေါင်း ၄၆ ပိုင်းဆိုရင် တစ်ပိုင်းကို ယွမ် ၄၀၀,၀၀၀ တောင်ပေါ့။ ကုမ္ပဏီက အဲ့လို ထိပ်တန်း ဇာတ်ညွှန်းရေးဆရာတစ်ယောက်ကို ငှားခဲ့တာလား။"

"ဇာတ်ညွှန်းဆရာနာမည်က လင်းဖန် ထင်တယ်။ သူက ထိပ်တန်း ဇာတ်ညွှန်းရေးဆရာ တစ်ယောက်ပဲ။ ဆရာကြီးထျန်ကျန်းကတောင် သူ့ကိုယ်သူ အဆင့်နိမ့်တယ်လို့ ထင်နေပြီ။"

"ဆရာကြီးထျန်ကျန်းတောင် သူနဲ့မယှဥ်နိုင်ဘူးလား။ ဒါဆို ဒီဒရမ်မာက သေချာပေါက် အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး ရေပန်းတောင် စားလာနိုင်မှာပဲ။ ဒီရုပ်ရှင်အတွက် ခေါင်းဆောင် မင်းသမီးက ဘယ်သူဖြစ်နိုင်မလဲမသိဘူး။ ငါလည်း ပါချင်လိုက်တာ။"

"ကုမ္ပဏီက ဒီလောက်ငွေတွေအများကြီး အကုန်အကျခံထားတာ။ ကုမ္ပဏီက အိုင်ပီ တစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင် အင်တာနက် တစ်ခွင်လုံး ရေပန်းစားလာနိုင်တယ်။ ငါတို့အတွက်တော့ အခွင့်အရေးပဲ။"

ကုမ္ပဏီထဲက နာမည်ကျော်များစွာ ဒီကိစ္စကို စတင်ပြီး အာရုံစိုက်လာခဲ့ကြကပါသည်။

ဇာတ်ညွှန်းကောင်းကောင်းတစ်ခုက သရုပ်ဆောင်တစ်ဦးအပေါ်တွင် အလွန်အရေးပါသော သက်ရောက်မှုတစ်ခုရှိနိုင်သည်။

အမှန်ပင်။ ရိုက်ကူးရေး အသေးစိတ်ကျမှုများကလည်း အလွန်အရေးကြီးပါသည်။ မျှော်လင့်ထားသလောက် မဟုတ်ပါက ပရိတ်သတ်က စိတ်ကျေနပ်မှာ မဟုတ်ပါ။

တစ်ဖက်တွင် ကုမ္ပဏီထဲက နာမည်ကျော် ဇာတ်ညွှန်းဆရာများအာားလုံး အတူတူ ထိုင်နေကြပြီး ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းကို လေ့လာနေကြသည်။

ရုံးထဲတွင် စုစုပေါင်း လူ ၈ ယောက် ရှိ၏။ အစကတော့ သူတို့ကြားထဲ ဆွေးနွေးမှု ရှိသော်လည်း တစ်နေကုန်သွားသောအခါ ဘယ်သူမှ စကားမပြောကြတော့ပါ။

ထျန်ကျန်းအပါအဝင် အားလုံးက ဒီဇာတ်ညွှန်းကို နက်နက်ရှိုင်းရှိုင်း အာရုံစိုက်ထားကြသည့်ပုံပင်။

စုစုပေါင်း ၄၆ ပိုင်း ရှိသည်။ တစ်ပိုင်းချင်းစီ၏ အသေးစိတ်ကို ပြီးပြည့်စုံစွာ ရေးသားထားသည်။ ခေါင်းဆောင်မင်းသားနှင့် မင်းသမီးတို့၏ဇာတ်လမ်းများ၊ မြို့တော်တွင် ခေါင်းဆောင်မင်းသား ကြုံတွေ့ရမည့် စွန့်စားမှုနှင့် ကပ်ဘေးများ၊ အိုင်ကျူမြင့်မားသည့် သူတို့အကြား ပြိုင်ဆိုင်မှုနှင့် အန္တရာယ်မှ လွတ်မြောက်လာသော ခေါင်းဆောင်မင်းသား၏ ပျော်ရွှင်မှုတို့မှာ ဒီရုပ်ရှင်ကို ပိုပြီးတောင် ထင်ရှားသွားစေပါသည်။

တစ်နေကုန်သောအခါ နောက်ဆုံးတော့ တစ်ယောက်ယောက် စကားပြောလိုက်ပြီဖြစ်သည်။

"ဒီဇာတ်ညွှန်းက... အရမ်းမိုက်တာပဲ။ တစ်ပိုင်းကို ယွမ် ၄၀၀,၀၀၀ က အရမ်းတန်တယ်။ ကျုပ် ဒီလောက်ကောင်းတဲ့ ဇာတ်လမ်းမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ဒီလိုဇာတ်လမ်းမျိုးက လက်ရှိ စျေးကွက်နဲ့ ကိုက်ညီမှုရှိတယ်။ ရုပ်ရှင်ရိုက်လိုက်တာနဲ့ ရလဒ်တွေက အရမ်းကောင်းလိမ့်မယ်။"

"လင်းဖန်က တကယ်ပဲ အသက် ၂၀ ဝန်းကျင် ကောင်လေးလား။ သူရေးထားတဲ့ ဇာတ်ညွှန်းက လုံးဝ မာစတာအဆင့်ရှိပြီး ထူးခြားတယ်လို့ ခံစားမိတယ်။ ငါဇာတ်ညွှန်းရေးလာတာ ၁၀ နှစ်ကြာပြီ။ ဒါပေမယ့် လင်းဖန်ရဲ့ အဆင့်ကို မှီဖို့တော့ အဝေးကြီး လိုသေးတယ်။"

"လင်းဖန်ကို ငါကိုးကွယ်ရတော့မယ်။ ငါလင်းဖန်ရဲ့ ဇာတ်ညွှန်းကို နှိုင်းယှဥ်ကြည့်လို့တောင် မရဘူး။ ငါနားမလည်တဲ့ အကြောင်းအရာ တချို့ ဇာတ်ညွှန်းထဲမှာ ရှိသေးတယ်။ လင်းဖန်ကို ငါပြောကြည့်မှဖြစ်မယ်။"

"သူ့ကို လင်းဖန်လို့ခေါ်လို့ရပါ့မလား။ သူ့ကို ဆရာလင်းလို့ ခေါ်သင့်တယ်ထင်တယ်။ ဆရာလင်းရဲ့ အရေးအသားစကေးက ငါ့ထက်မြင့်တာ သေချာတယ်။"

"ဆရာကြီးထျန်ကျန်းကော ဒီဇာတ်ညွှန်းကို ဘယ်လိုသဘောရလဲ။"

ထျန်ကျန်းက မျက်မှန်ကို ပင့်တင်ပြီး ဇာတ်ညွှန်းကို ဂရုတစိုက် ကိုင်ကြည့်လိုက်သည်။ ထို့နောက် စကားတစ်ခွန်းသာ ပြောလိုက်သည်။

"ဂန္တဝင်လက်ရာတစ်ခုပဲ"

ထို့နောက် ထျန်ကျန်းက မတ်တပ်ရပ်ကာ ထွက်သွားတော့သည်။ သူ့မျက်လုံးထဲက စိတ်လှုပ်ရှားမှုများကို ဖော်ပြလို့တောင် မရနိုင်ပါ။

ဒီလိုဇာတ်ညွှန်းမျိုးကို မလိုအပ်သည့် စကားလုံး လှလှလေးများဖြင့် ခြယ်သဖို့ မဖြစ်နိုင်ပါ။

သူ စီအီးအိုလီကို သွားတွေ့ပြီး ဒီဇာတ်ညွှန်းအတွက် ရုပ်ရှင်ပြောင်းလဲရိုက်ကူးဖို့ အစီအစဥ်ကို အမြန်ဆုံး ဆောင်ရွက်ချင်နေပါပြီ။

ထျန်ကျန်း အလျင်လိုနေတာကို တခြား ဇာတ်ညွှန်းဆရာများ မြင်လိုက်သောအခါ သူတို့ သက်ပြင်းချလိုက်မိပါသည်။ "ဆရာကြီး ထျန်ကျန်း ဇာတ်ညွှန်းတစ်ခုကို ဒီလောက်ထိ စိတ်ပါဝင်စားတာကိုမြင်ဖူးတာ ဒါပထမဆုံး အကြိမ်ပဲ"

"ငါ့အမြင်မှာတော့... ငါတို့ကုမ္ပဏီက တကယ်ကြီး နတ်ဘုရားအဆင့်ရှိတဲ့ အိုင်ပီ တစ်ခုကို ဖန်တီးနိုင်တယ်။"

စီအီးအိုလီ၏ ရုံးခန်းထဲတွင်။

စီအီးအိုလီလည်း လင်းဖန်၏ ဇာတ်ညွှန်းကို ဖတ်ရှုပြီးခါစ ဖြစ်သည်။

"စီအီးအိုလီ" ထျန်ကျန်းက စီအီးအိုလီ၏ အရှေ့တွင် ထိုင်လိုက်ပါသည်။

"ချီးကျူးစရာ မလိုတော့ဘူး။ ဒီဇာတ်ညွှန်းရဲ့ နောက်ကွယ်က ဇာတ်လမ်းကလည်း တော်တော်လေး ကောင်းတယ်"

"ကုမ္ပဏီက အခုချက်ချင်းပဲ သရုပ်ဆောင်ရွေးချယ်ဖို့ အစီအစဥ်စတင်ပြီး သရုပ်ဆောင် အားလုံးကို ပစ်မှတ်ထားမယ်။ ကျုပ်တို့ သရုပ်ဆောင်စွမ်းရည်ကောင်းတဲ့ သရုပ်ဆောင် ဟောင်းတွေကို ခေါ်နိုင်ဖို့လည်း အရေးကြီးတယ်နော်" စီအီးအိုလီကပြောလိုက်ပါသည်။

"ဒီရုပ်ရှင်ထဲမှာ မိန်းမချောလေးတွေကို အမျိုးသမီးဇာတ်ကောင်တွေအဖြစ် ထည့်ရမယ်ထင်တယ်။ လင်းဝမ်အာ၊ ဖန်လော့လော့၊ ဟိုင်ထန်၊ သော်သော်နဲ့ ယဲ့လင်အာတို့ပေါ့။ ဒါက လှည့်ကွက်တွေ အကြံအစည်တွေ အများကြီးပါတဲ့ ဒရမ်မာတစ်ခုဆိုပေမယ့် လှပတဲ့ အမျိုးသမီးဇာတ်ကောင်တွေကလည်း ပရိတ်သတ်ရဲ့ အာရုံကို ဖမ်းစားနိုင်လိမ့်မယ်" စီအီးအိုလီက ပြုံးကာ ပြောလိုက်ပါသည်။

အေအဆင့် ကုမ္ပဏီတစ်ခုအနေဖြင့် ယွဲ့ဟွာအင်တာတိန်းမန့်တွင် အမျိုးသမီးသရုပ်ဆောင် နည်းပါးမှု မရှိပါ။

ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့နှစ်ယောက်စလုံးက အလွန်လှပသော ကောင်မလေးများ ဖြစ်ကြသည်။ ထို့အပြင် ကောင်မလေးနှစ်ယောက်က အသက်၂၀ အစောပိုင်းသာ ရှိကြသေးသည်။ ၎င်းတို့၏ ဘဝတွင် အလှပဆုံး အရွယ်တွင် ရှိနေကြ၏။ အမှန်ပင်။ ဒီဒရမ်မာက ကုမ္ပဏီမှ ရှားဝမ်ချွေ့အတွက် သီးသန့် ဝယ်ယူပေးထားသလို ဖြစ်နေပါသည်။

ဒါက ရှားဝမ်ချွေ့၏ ပထမဆုံး အကြင်နာပေးခန်းနှင့် ပထမဆုံး အချစ်ရေးဇာတ်ဝင်ခန်း ဖြစ်ပေလိမ့်မည်။ အနုပညာလောကထဲတွင် ဘယ်လိုတုန့်ပြန်မှုမျိုး ရှိလာမလဲဆိုတာကို ဘယ်သူမှ မပြောနိုင်ကြပေ။

"စီအီးအိုလီ ခေါင်းဆောင်မင်းသားက..." ထျန်ကျန်းက စီအီးအိုလီကိုကြည့်လိုက်ပါသည်။

"ဝမ်ချွေ့မှာ ရွေးချယ်ခွင့်ရှိတယ်။ ဒီကိစ္စကို ဝမ်ချွေ့ပဲ ဆုံးဖြတ်ပါစေ။"

"ဒါပေမယ့် လင်းဖန်ဆိုရင်ကော ဘယ်လို သဘောရလဲ" စီအီးအိုလီက ပြုံးကာ ထျန်ကျန်းကို ကြည့်လိုက်ပါသည်။

ထျန်ကျန်းက ချက်ချင်း နားလည်သွား၏။

"လင်းဖန်က အရမ်းချောမောပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ရှားဝမ်ချွေ့နဲ့ သတင်းတွေတောင် ထွက်ခဲ့သေးတယ်။ သူတို့က အမြဲတမ်း အရမ်းရင်းနှီးခဲ့ကြတာဆိုတော့ လင်းဖန်သာ ခေါင်းဆောင်မင်းသား ဖြစ်သွားရင်..."

စီအီးအိုလီက ခေါင်းငြိမ့်က ပြောလိုက်သည်။ "အရမ်းသင့်တော်သွားမှာပေါ့။ ဒီဒရမ်မာကို လင်းဖန်က ရှားဝမ်ချွေ့အတွက် ရေးပေးထားတာတောင် ဖြစ်နိုင်တယ်။"

ထျန်ကျန်းက သဘောပေါက်သွားပြီး စီအီးအိုလီကို ပို၍ပင် အထင်ကြီးသွားမိပါသည်။

"စီအီုးအိုလီ ဒါဆို လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က အင်တာနက်ပေါ်က ကောလဟာလတွေလိုပဲ မဖြစ်သင့်ဘူးလား။ မဟုတ်ရင် ရှားဝမ်ချွေ့ရဲ့ လုပ်ငန်းနဲ့ ကုမ္ပဏီကို ထိခိုက်မှုရှိလာစေလိမ့်မယ်။"

စီအီးအိုလီက ပြုံးကာ လက်ဖက်ရည်ခွက်ကို နူးညံ့စွာ ကောက်ယူလိုက်ပါသည်။ သူပြောလိုက်၏။ "လင်းဖန်က ယွမ်ရာချီပြီး တန်ဖိုးရှိတဲ့ Bugatti ပြိုင်ကားကြီးစီးပြီး ယွမ်ရာချီတန်ဖိုးရှိတဲ့ နှလုံးသားရေကန်ဗီလာကြီးမှာ နေတာလေ။ ခေတ်သစ်လီရှန်းဟိုတယ်ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်လည်း ဟုတ်တယ်။ နည်းပညာ အဆောက်အဦးရဲ့ အထပ် ၇ ထပ်ကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ ပြီးတော့ ဒီလောက်ထိ လက်ရာမြောက်တဲ့ ဇာတ်ညွှန်းမျိုးကို ရေးနိုင်တယ်ဆိုတော့ သူ့နောက်ကြောင်းက ဘာလို့ သာမန်ဖြစ်ရမှာလဲ။"

"လင်းဖန်က သာမန်လူဖြစ်နေရင်တောင် သူနဲ့ ဝမ်ချွေ့တို့ နီးစပ်တာကို ဘယ်သူတားနိုင်မှာလဲ။ ကျုပ်ပြောချင်တာက ကုမ္ပဏီက သူတို့ရဲ့ ဆက်ဆံရေးကို နှောင့်ယှက်မှာ မဟုတ်ဘူး။ အဲ့ဒီအစား သူတို့အတွက် လမ်းကြောင်းဖောက်ပေးလိုက်မယ်။"

"ဘာလို့လဲဆိုတော့ လင်းဖန်မှာ ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုကို တစ်ယောက်တည်းဖွင့်နိုင်စွမ်းတောင် ရှိနေလို့ပဲ" စီအီးအိုလီက ပြောလိုက်သည်။

ယွဲ့ဟွာအင်တာတိန်းမန့်ရဲ့ မျက်နှာစာတွေက ဘယ်သူတွေလဲ။

အေအဆင့် အမျိုးသားသရုပ်ဆောင် ရှုယန်

အေအဆင့် အမျိုးသမီးသရုပ်ဆောင် ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ ဖြစ်ကြသည်။

ရှားးဝမ်ချွေ့နှင့် စုရှောင်းယွီတို့မှာ လင်းဖန်နှင့် ရင်းနှီးကြ၏။ စီအီးအိုလီက ကောင်းကောင်း သိထားပါသည်။ ကုမ္ပဏီကသာ ရှားဝမ်ချွေ့ကို ဖိအားပေးလိုက်ပါက အကျိုးဆက် ဘယ်လိုဖြစ်လာနိုင်မည်နည်း။

ကုမ္ပဏီက လင်းဖန်လို မာစတာအဆင့်ရှိ ဇာတ်ညွှန်းရေးဆရာကို ဆုံးရှုံးသွားနိုင်ရုံသာ မကသေးဘဲ အေအဆင့်ရှိ အမျိုးသမီးသရုပ်ဆောင် နှစ်ယောက်ကိုပါ ဆုံးရှုံးသွားနိုင်ပါသည်။

ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့က ငယ်သေးသည်။ ၎င်းတို့၏ အနာဂတ်များက အကန့်အသတ်မဲ့လွန်း၏။ အနာဂတ်တွင် သူတို့သေချာပေါက် အခုထက်တောင် ပိုပြီး မြင့်မြင့်မားမား ရပ်တည်နိုင်ပါလိမ့်မည်။

ထျန်ကျန်းက ဒါကိုနားလည်သည်။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဘယ်လိုပဲ ခံစားရပါစေ၊ ကုမ္ပဏီက ဒီ့အတွက် ကြိုတင်ပြင်ဆင်ထားရပါလိမ့်မည်။

"စီအီးအိုလီ ကျုပ်နားလည်ပါပြီ။ တစ်နည်းအားဖြင့် ကုမ္ပဏီက လင်းဖန်လိုပါရမီရှင်မျိုးကို ဆွဲခေါ်ချင်တာပေါ့။"

"အရင်တုန်းက ရှားဝမ်ချွေ့ ဖန်သားပြင်ပေါ်မှာ အချစ်ရေးဇာတ်ဝင်ခန်းကော အကြင်နာ ပေးတဲ့အခန်းကော တစ်ခါမှ ရိုက်ဖို့ ဆန္ဒမရှိခဲ့ဘူး။ ဒါပေမယ့် ဒီတစ်ခေါက်တော့ အကုန်လုံးကို သဘောတူပြီး ခေါင်းဆောင်းမင်းသား ရွေးချယ်ခွင့်ကိုတောင် တောင်းဆိုခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒီဇာတ်ညွှန်းရေးတာ လင်းဖန်ဖြစ်မှန်း အစကတည်းက သူသိနေလို့ပဲ။"

"အဲ့တာကြောင့် အပြင်ပိုင်းက ကြည့်ရင်တော့ ဒီရုပ်ရှင်အတွက် ခေါင်းဆောင်မင်းသားရွေးချယ်စရာတွေ အများကြီးရှိတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ခေါင်းဆောင်မင်းသား လုပ်နိုင်တဲ့ လူတစ်ယောက်ပဲ ရှိတယ်။"

"အဲ့တာ လင်းဖန်ပဲ။"

All Chapters