အခန်း(၆၀) ယွဲ့ဟွာအင်တာတိန်းမန့်ရဲ့ ရက်ရောမှု
Vol. 4 Ch. 60
အခန်း(၆၀) ယွဲ့ဟွာအင်တာတိန်းမန့်ရဲ့ ရက်ရောမှု
စီအီးအိုလီက ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "နောက်ဆုံးတော့လည်း ဝမ်ချွေ့ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်နေတယ်။ ဒီရုပ်ရှင်ထဲမှာ ခေါင်းဆောင်မင်းသားက ဘယ်သူပဲဖြစ်ဖြစ် ရုပ်ရှင်က နာမည်ကြီးမှာပဲ။"
"လင်းဖန်ကို ဆက်သွယ်ဖို့ ကူညီပြီး သူ့မှာ တွေ့ဆုံဖွင့် အချိန်အားဦးမလား မေးကြည့်ပေးပါဦး။ ခင်ဗျားပြောတာမှန်တယ်။ ကုမ္ပဏီက ဒီလို ပါရမီရှင်မျိုးကို ဆွဲခေါ်ပေးရမှာပေါ့" စီအီးအိုလီက ပြုံးကာ ပြောလိုက်ပါသည်။
ဘော့စ်တစ်ယောက်အနေဖြင့် စီအီးအိုလီက အလွန် ထက်မြက်လွန်းပါသည်။
သူ့မျက်လုံးထဲတွင် လင်းဖန်က သူနဲ့ အဆင့်ချင်း တူလောက်သည့် လူမျိုးဖြစ်သည်။
ဒီဇာတ်ညွှန်းကို ကြည့်ခြင်းအားဖြင့် လင်းဖန်က ဒီဇာတ်ညွှန်းကို ရှားဝမ်ချွေ့အတွက် ရေးပေးထားမှန်း စီအီးအိုလီပြောနိုင်ပြီး ရှားဝမ်ချွေ့၏ ရင်ထဲက ခေါင်းဆောင်မင်းသားကလည်း လင်းဖန်ပဲ သေချာပေါက် ဖြစ်နိုင်ပါသည်။
ထို့ကြောင့် လင်းဖန်ကို ခေါ်ယူဖို့ ပထမဆုံး ခြေလှမ်းက ဒီရုပ်ရှင်ထဲမှာ ခေါင်းဆောင်မင်းသားနေရာ ပေးလိုက်ခြင်းဖြစ်ပါသည်။
လင်းဖန်ကို ခေါ်ယူဖို့ ဒုတိယအဆင့်ကတော့ သူ့ကို ရက်ရောမှုတချို့ ပြသဖို့ဖြစ်ပါသည်။
လင်းဖန် စားသောက်ဆိုင်တွင် အလုပ်လုပ်နေစဥ် ထျန်ကျန်းဆီမှ ဖုန်းဝင်လာ၏။
"မစ်စတာလင်း မင်းဒီနေ့ည အချိန်ရမလား စီအီးအိုလီက သီးသန့်ညစာစားပွဲတစ်ခု ကျင်းပပြီး မင်းကို ဖိတ်ကြားချင်လို့ပါ" ထျန်ကျန်းက ပြုံးကာ ပြောလိုက်ပါသည်။
"ရပါတယ်။ ကျွန်တော့်ကို အချိန်နဲ့ တည်နေရာ ပို့ပေးလိုက်နော်" လင်းဖန်က ပြောလိုက်သည်။
"ကောင်းပါပြီ” ထျန်ကျန်းက ပြုံးလုိက်၏။
လင်းဖန် အလုပ်ပြီးသွားသောအခါ ကျောကို ကုတ်လိုက်ပါသည်။
စားသောက်ဆိုင်တစ်ဆိုင်ကို ၂ နာရီလောက် ဖွင့်လိုက်ရုံနဲ့ ယွမ် ၂,၀၀၀ ဝင်ငွေရတာ တကယ်ပဲ ကောင်းမွန်လှပါသည်။
လင်းဖန်က ယွဲ့ဟွာအင်တာတိန်းမန့်ကို ဇာတ်ညွှန်းပေးပြီးသားဖြစ်သည်။ ကျန်တာက သရုပ်ဆောင်နေရာများကို ဆွေးနွေးဖို့ ဖြစ်နိုင်ပါ၏။
ဒီဇာတ်ညွှန်းက အလွန်စိတ်ဝင်စားဖို့ကောင်းသဖြင့် ခေါင်းဆောင်မင်းသမီးက သေချာပေါက် ရှားဝမ်ချွေ့ပဲ ဖြစ်ပါလိမ့်မည်။ ခေါင်းဆောင်မင်းသားအတွက်ကတော့ သူ့ကို ကူညီပေးဖို့ ကြောင်မလေးကို အားကိုးရပါလိမ့်မည်။
ဘာပဲဖြစ်ဖြစ် လင်းဖန်က ယွဲ့ဟွာအင်တာတိန်းမန့်၏ သရုပ်ဆောင် မဟုတ်သေးပါ။ ဒီရုပ်ရှင်အတွက် ခေါင်းဆောင်မင်းသားဖြစ်လာဖို့က ခက်ခဲနိုင်ပါသည်။
ထိုအချိန်တွင် စီအီးအိုလီ၏ ဖိတ်ကြားမှုက အချက်ပြမှုဖြစ်နိုင်ပါသည်။
စားသောက်ဆိုင်ကို ပိတ်ပြီးသွားသောအခါ လင်းဖန် ရှားဝမ်ချွေ့ထံမှ ဝီချက်မက်ဆေ့ချ် တစ်စောင်ရခဲ့ပါသည်။
ရှားဝမ်ချွေ့ : "~~~"
လင်းဖန် : "ဇာတ်ညွှန်းကို ဖတ်ပြီးသွားပြီလား"
ရှားဝမ်ချွေ့ : ...
လင်းဖန် : "ရိုးရိုးတန်းတန်း စကားပြောစမ်းပါ"
ရှားဝမ်ချွေ့ : "အရူးကောင် "
ရှားဝမ်ချွေ့ : "ဟွန်း ငါတကယ်မကြိုက်ဘူး။ ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးအကြားမှာ အကြင်နာပေးခန်းတွေ အများကြီးပဲ။"
လင်းဖန် : "ဇာတ်လမ်းအရ လိုအပ်တယ်လေ။ ငါ့မှာ ရွေးချယ်ခွင့် မရှိဘူး။"
ရှားဝမ်ချွေ့: "အရူးကောင် လင်းဖန် နင် တမင်သက်သက်လုပ်တာ ငါသိတယ်။ နင်ငါ့ကို အနိုင်ကျင့်ချင်လို့လုပ်တာ မဟုတ်လား။"
လင်းဖန် : "ဒီမှာ အချစ်ရေးဇာတ်ဝင်ခန်းတွေက အများကြီးပါတော့ ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးတို့က အချစ်ရေး အပြုအမူတွေ မကြာခဏ လုပ်ရမှာပေါ့။ အိပ်ယာဝင်အခန်းတွေတောင် ပါလောက်တယ်။"
ရှားဝမ်ချွေ့၏ လှပသော မျက်နှာလေးက နီရဲသွားသည်။
"နင်က အိပ်ယာဝင်ခန်းတွေတောင် ရိုက်ချင်သေးတယ်ပေါ့လေ၊ Angry.jpg"
လင်းဖန် : "နောက်ဆိုလည်း ရှိလာမှာပဲကို"
ရှားဝမ်ချွေ့ : ...
လင်းဖန် မက်ဆေ့ချ်တစ်စောင်ကို ပြန်ဖျက်လိုက်ပါသည်။
လင်းဖန် : "တကယ်တော့ ငါခေါင်းဆောင်မင်းသား မလုပ်ဖို့လည်း ရွေးချယ်လို့ရတာပဲ"
ရှားဝမ်ချွေ့ : "အတင့်ရဲလိုက်တာ"
လင်းဖန် "ငါက ယွဲ့ဟွာအင်တာတိန်းမန့်က သရုပ်ဆောင်မှ မဟုတ်တာ။ သရုပ်ဆောင် အတွေ့အကြုံလည်း ဘာမှမရှိဘူး။ နမ်းလည်း မနမ်းတတ်ဘူး။ ငါ ခေါင်းဆောင်မင်းသားလုပ်ဖို့က ပိုခက်နိုင်တယ်။ ပြီးတော့လည်း နင့်ကုမ္ပဏီမှာ ထူးချွန်တဲ့ ယောက်ျားလေးသရုပ်ဆောင်တွေ အများကြီး ရှိနေတာပဲ။"
ရှားဝမ်ချွေ့ "သြော် ငါ့မှာလည်း နမ်းတဲ့ အတွေ့အကြုံမရှိဘူးလေ၊ ဘာမှမဖြစ်ပါဘူး။ ငါ့မှာ ခေါင်းဆောင်းမင်းသားကို ဆုံးဖြတ်ခွင့်ရှိတယ်လေ~"
လင်းဖန် "နင်က ငါ့ကြောင့် အကြင်နာပေးခန်းတွေကို မရိုက်ခဲ့တာလား။"
ရှားဝမ်ချွေ့ "ဘဝင်မြင့်နေတဲ့ကောင်"
ရှားဝမ်ချွေ့ "နင့်ကြောင့် မဟုတ်ဘူး။ နင့်ကြောင့်သာဆို ငါ ဝက်လေး ဖြစ်သွားလိမ့်မယ်။"
လင်းဖန် "ဟုတ်ပါပြီ၊ ငါ့ဝက်ကလေးကို မစတော့ပါဘူး။ ခေါင်းဆောင်မင်းသားနေရာကို လုရဲတဲ့ကောင်ရှိရင် ငါသူနဲ့အတူ တိုက်ခိုက်ပေးမယ်။"
ရှားဝမ်ချွေ့ "~~~"
ရှားဝမ်ချွေ့ "ပြီးတော့လည်း ငါက နင့်ဝက်လေးမဟုတ်ဘူး။ နင်ကမှ ဝက်"
လင်းဖန် "#%$"
ရှားဝမ်ချွေ့ "ဇာတ်ညွှန်းကို ယွမ် ၁၈.၄ သန်းနဲ့ ရောင်းထွက်သွားတယ်ဆို ငါ့ကို နေ့လည်စာ လိုက်ကျွေးဦး~"
လင်းဖန် "နည်းနည်းလေးပါ။ နင့်လစာလောက်တောင် မရှိဘူး။"
ရှားဝမ်ချွေ့ "ဟွန်း ကြောင်တစ်ကောင်ရဲ့ အဆင့်အတန်းက ဝက်တစ်ကောင်ထက် မြင့်တာကိုး။"
ရှားဝမ်ချွေ့ "ငါအရမ်းအလုပ်များတော့မှာ၊ ဒီနေ့ည ငါ့ကို အိမ်လိုက်ပို့ပေးလို့ရမလား။"
လင်းဖန် "ငါနောက်ကျမှ လာနိုင်မယ်ထင်တယ်။"
ရှားဝမ်ချွေ့ "အေး ငါလည်း နောက်ကျမှ အိမ်ပြန်ရမှာ"
စုရှောင်းယွီ "ဆရာရှိနေတာလား။"
စုရှောင်းယွီ "ဆရာ ဘက်မလိုက်ပါနဲ့။ ငါလည်း နေရာကောင်းကောင်းတစ်ခု ရချင်တယ်။ နင်က ဇာတ်ညွှန်းဆရာပဲ။ ငါ့အတွက် သေချာပေါက် လုပေးနိုင်မှာပါ။"
လင်းဖန် "နင်က ဘယ်လိုနေရာက ပါချင်လို့လဲ"
စုရှောင်းယွီ "ငါက ဇာတ်လိုက်ရဲ့ ညီမလေး ဖန်လော့လော့ နေရာက ပါချင်တယ်။ သူက အရမ်းလှပြီး စိတ်ထားလည်း ကောင်းတယ်။"
လင်းဖန် "မရဘူး ဖန်လော့လော့ရဲ့ ဇာတ်ကောင်က အရမ်းတည်ငြိမ်ပြီး ဣန္ဒြေရှိတဲ့ ဇာတ်ကောင်ပဲ။ နင်က အရမ်းချစ်ဖို့ကောင်းတယ် မလိုက်ဖက်ဘူး။"
စုရှောင်းယွီ "အာဝူး ငါ့သရုပ်ဆောင် စွမ်းရည်က အရမ်းကောင်းပါတယ်။"
လင်းဖန် "အေးပါ။ ငါ အကောင်းဆုံး ကြိုးစားကြည့်လိုက်မယ်။ ငါက အကြံပေးခွင့်ပဲရှိတယ်။ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ ကုမ္ပဏီက နင်လိုချင်တဲ့ နေရာကို ပေးနိုင်တယ်မဟုတ်ဘူးလား။"
စုရှောင်းယွီ "ဘာဖြစ်လို့ အဲ့လောက် လွယ်မှာလဲ။ ငါ့နေရာကို လုချင်တဲ့လူတွေက အများကြီးပဲ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ ဆရာ"
ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့၏ ဝီချက်ကိုကြည့်ရင်း လင်းဖန်ပြုံးလိုက်ပါသည်။
သူ ရေးလိုက်သည့် ဇာတ်ညွှန်းမှာ တကယ်ပဲ စိတ်ဝင်စားဖို့ကောင်းပါသည်။ ဖန်လော့လော့က ဘဝရဲ့ပျော်ရွှင်မှုထဲတွင် ခဏခဏပါပြီး ဇာတ်လိုက်၏ လိမ္မာသော ညီမလေး ဖြစ်ပါသည်။
သို့သော်လည်း တိကျသည့် role တစ်ခုအတွက်တော့ သူဆုံးဖြတ်ချက်ချလို့မရပါ။ စီအီးအိုလီသူ့ကို ဒီတစ်ခေါက် ဖိတ်ကြားတာ ဘာကြောင့်လဲဆိုတာကို လင်းဖန်သိချင်နေပါသည်။
ည ၇နာရီထိုးသောအခါ လင်းဖန်က Koenigsegg One ကားကြီးဖြင့် စားသောက်ဆိုင်သို့ မောင်းသွားလိုက်သည်။
ထျန်ကျန်းက လင်းဖန်ကိုကြိုဆိုဖို့အတွက် စားသောက်ဆိုင်၏ ဝင်ပေါက်တွင် ရပ်နေပါသည်။
Koenigsegg One ကလည်း သန်းရာကျော် တန်ဖိုးရှိသည့် ပြိုင်ကားကြီးတစ်စီး ဖြစ်သည်။ ထျန်ကျန်းသည် ထိုကားကြီးကိုမြင်သောအခါ သူ့မျက်လုံးများက ထိတ်လန့်အံ့သြမှုများဖြင့် ပြည့်နှက်သွားခဲ့ရပါသည်။
သူက နှစ်ပေါင်းများစွာကြာအောာင် ဇာတ်ညွှန်းရေးဆရာကြီး လုပ်ခဲ့ပြီး ပိုက်ဆံလည်း များများစားစား မရခဲ့ပါ။ သို့သော် လင်းဖန်၏ ကားများအားလုံးက သန်းရာချီတန်ဖိုးရှိသည့် ပြိုင်ကားများ ဖြစ်ကြပါသည်။
ထျန်ကျန်း၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိ၏။ ဒုတိယမျိုးဆက် သူဌေးသားတွေက ရိုင်းစိုင်းတယ်လို့ ဘယ်သူပြောလဲ။
လင်းဖန်လို ဒုတိယမျိုးဆက် သူဌေးသား တစ်ယောက်တွင် အားကောင်းသည့် အစွမ်းအစများ ရှိရုံတင်မကသေးဘဲ အရည်အသွေးလည်း မြင့်မားကာ အလွန်လည်း ချောမောသည်။ လူတွေကိုလည်း အလွန်သဘောကျစေ၏။
အရေးအကြီးဆုံး လင်းဖန်၏ ဇာတ်ညွှန်းကို ထျန်ကျန်း အထင်ကြီးသွားပါသည်။
ထျန်ကျန်း အနည်းငယ် စိတ်မကောင်းဖြစ်မိတာက လင်းဖန်၏ ဇာတ်ညွှန်း ၄၆ ပိုင်းစလုံး၏ ဇာတ်လမ်းတစ်ခုလုံးကို အပြီးမသတ်ရသေးခြင်းပင်။
လင်းဖန်၏ ဇာတ်ညွှန်းတွင် ကမ္ဘာကြီးအပေါ် ခမ်းနားသော ရှုထောင့်ဖြင့် ကြည့်ရှုခြင်း ပါဝင်ပြီး အနာဂတ် ဇာတ်လမ်းက ဘယ်လိုဖြစ်မလဲဆိုတာ ခန့်မှန်းလို့မရပါ။ ဒါကို ထျန်ကျန်း အလွန်စိတ်ဝင်စားနေမိပါသည်။
တစ်နည်းအားဖြင့် ဘဝရဲ့ပျော်ရွှင်မှုသာ ရေပန်းစားသည့် ရုပ်သံဒရမ်မာတစ်ကားဖြစ်လာနိုင်ပါကက လင်းဖန်နှင့် ယွဲ့ဟွာအင်တာတိန်းမန့်တို့ အချိန်အကြာကြီး အလုပ်တူတူ တွဲလုပ်ကြရမည်ဖြစ်ပါသည်။
ဘဝရဲ့ပျော်ရွှင်မှု ၂
ဘဝရဲ့ပျော်ရွှင်မှု ၃ စသဖြင့်။
အတွဲတိုင်းက ရေပန်းစားလာနိုင်သည်။
"မစ်စတာလင်း" ထျန်ကျန်းက ပြုံးကာ ခေါ်လိုက်ပါသည်။ လင်းဖန်ကို လေစားသော အရိပ်အယောင်ရှိသည့် မျက်လုံးများဖြင့် ကြည့်လိုက်ပါသည်။
"ဟယ်လို ဆရာကြီးထျန်ကျန်း" လင်းဖန်က ပြုံးကာ ပြောလိုက်သည်။ သူရှေ့သို့လျှောက်လာပြီး ထျန်ကျန်းဖြင့် လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။
"စီအီးအိုလီက မင်းကိုစောင့်နေတယ်" ထျန်ကျန်းက ပြုံးလိုက်သည်။ လင်းဖန်က လူတွေနဲ့ ဆက်ဆံတဲ့ပုံစံကို သူ ပိုပိုပြီး သဘောကျလာခဲ့ပါသည်။ လင်းဖန်က အလွန်အစွမ်းအစရှိသည်။ သူ့အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုက သေချာပေါက် သူ့ထက် ပိုကောင်းနိုင်သည်။ သို့သော်လည်း သူ့လိုမျိုး စီနီယာကြီးကို အလွန်လေးစားပါသည်။
"ကျွန်တော် သိပါတယ်။ သြော် ဟုတ်သားပဲ။ ဆရာကြီးကျန်း ကျွန်တော်ရေးထားတဲ့ ဇာတ်ညွှန်းမှာ ပြောင်းလဲစရာ ရှိသေးလား" လင်းဖန်က ကျိုးနွံစွာ မေးလိုက်ပါသည်။
ထိုစကားကိုကြားသောအခါ ထျန်ကျန်းက လက်ခါပြလိုက်ပြီး ပြောလိုက်ပါသည်။
"မစ်စတာလင်း ငါ့မျက်လုံးထဲမှာတော့ မင်းရေးထားတဲ့ ဇာတ်ညွှန်းက ဂန္တဝင်လက်ရာတစ်ခုပဲ။ အသေစိတ်တိုင်းက အရမ်းကောင်းတယ်။ အဲ့တာကြောင့် ဘာပြောင်းလဲစရာ ရှိမှာလဲ။ စိတ်မကောင်းစရာကောင်းတဲ့ တစ်ခုတည်းသောအရာက အတွဲ ၂ မရှိတာပဲ။"
လင်းဖန်က ပြုံးလိုက်ပါသည်။ သူပြောင်းလဲချင်တာ ဘာမှမရှိရင် စိတ်အေးနိုင်ပါပြီ။ သူ့မှာ မာစတာအဆင့် ဇာတ်ညွှန်းရေးစကေးများ ရှိသော်လည်း သူ့စီနီယာကြီးများထံမှ သင်ယူဖို့ အရှုံးမရှိနိုင်ပါ။ သူတံခါးထဲ မဝင်ခင် စီအီးအိုလီက သူ့ကိုနွေးနွေးထွေးထွေး ကြိုဆိုနေတာကို မြင်လိုက်ရပါသည်။
လင်းဖန် ဒါကို မြင်သောအခါ ပြုံးလိုက်ပြီး လျှောက်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် ဒီနေ့ည သူ့ကို ဖိတ်ကြားရခြင်းအတွက် စီအီးအိုလီ၏ ရည်ရွယ်ချက်အစစ်အမှန်ကို သူမြင်နိုင်နေပါပြီ။